Saturday, August 1, 2015

တရားအားထုတ်နေသောအစိုးရ။


တရားအားထုတ်နေတယ်ဆိုလို့ သူတော်ကောင်းတွေ အုပ်ချုပ်နေတဲ့ အစိုးရလို့မထင်လိုက်ပါနဲ့။ တရုတ်ကိုအားထားပြီး အရာရာကို ခါးကိုင်းပေးနေတဲ့ အစိုးရလို့ ပြောချင်တာပါ။ အကျဉ်းသား ၇ ထောင်နီးပါး လွှတ်ပေးလိုက်တာ ကြားရတော့ ပြည်သူတွေအပေါ် ကြင်နာလှချီလားလို့ ထင်စရာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့တပတ် ၈ရက်လောက်ကမှ နိုင်ငံပိုင်သစ်တောတွေကို ပြောင်ပြောင်တင်းတင်း ၈ဘီးကားကြီးတွေရာနဲ့ချီပြီး အသုံးပြု ဝင်ရောက်ခုတ်ယူတဲ့ သစ်ခိုးတရုတ် ၁၅၅ ယောက် ကို ထောင်ဒါဏ်တသက်တကျွန်းချလိုက်တော့ တယ်ဟုတ်ပါလား။
တိုင်းပြည်သစ်တောပြုန်းတီးတာတွေ ရပ်တော့မယ်လို့ လက်ခမောင်းခတ်မလို့ပြင်နေတုံး ဒီလွတ်ငြိမ်းချမ်းသာခွင့်က ပူပူနွေးနွေးထောင်ချလိုက်တဲ့ တရုတ်တွေကိုလွှတ်ပေးလိုက်တယ်ဆိုတော့ အမယ်မင်း ဒီယုံမြင်လို့ဒီခြုံထွင်တာဘဲလို့ ဒက်ကနဲသိလိုက်ပါတယ်။
တရုတ်အစိုးရသူတို့သစ်သခိုးတွေကို အပြစ်ဒဏ်ပေးတာ ပြင်းလွန်းတယ်ဆိုပြီး မြန်မာသံအမတ်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးက ခေါ်တွေ့ပြီး ကြိမ်းလိုက်ပုံရတယ်။ တခါတည်း ကြောက်ချီးပါပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်တော့တာပဲ။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ သစ်သူခိုးတရုတ် ၁၅၅ ယောက်အတွက် အဓိကရည်ရွယ်ပြီး ထုတ်ပြန်လိုက်တာလို့ လုံးဝယုံကြည်တယ်။ တရုတ်ကို ကြောက်တာမှ တလလောက်တောင် မအောင့်နိုင်ရှာဘူး အပြစ်ဒဏ်ချပြပြီးတာနဲ့ တပတ်အတွင်း ချက်ချင်းကို လွှတ်ပေးလိုက်တာ အတော်စောက်ရှက်နဲတာဘဲ။ တရုတ်တွေမပါဘဲ လွှတ်ပေးရင် အတော်သိက္ခာရှိမှာ။ အခုတော့ ယိုသူမရှက်မြင်သူရှက်တဲ့ လုပ်ရပ်ဘဲ။
မြန်မာနိုင်ငံသားရှမ်းလူမျိုး နော်ခမ်းက ဦးဆောင်တဲ့အဖွဲ့ဟာ တရုပ်သဘောင်္သား ၁၅ယောက်ကို မဲခေါင်မြစ် ရွှေတိရိဂံနယ်မြေမှာ သတ်လိုက်တယ်။
ဒါကြောင့်တရုတ်ထောက်လှန်းရေးတွေက မြန်မာနဲ့လာအို အာဏာပိုင်တွေကို ဖိအားပေးပြီးနောက်ဆုံးနော်ခမ်းနဲ့အဖွဲ့ကို လာအိုနိုင်ငံထဲမှာဖမ်းပြီး တရုတ်ပြည်ကိုခေါ် နောက် သေဒဏ်ပေးလိုက်တယ်။
နော်ခမ်းအပါအဝင် ၄ ဦး ကို တရားရုံးမှာ ရှေ့နေမပေးဘဲ စစ်ပြီး လက်ပြန်ကြိုးကို တင်းနေအောင်တုတ်ပြီး ဆေးထိုးသတ်လိုက်ကြတယ်။ ဗမာအစိုးရက မိမိနိုင်ငံသားကို ပြန်မတောင်းရဲဘူး၊ မိမိနိုင်ငံငသားအတွက် ရှေ့နေရှေ့ရပ်တွေ မစီစဉ်ပေးရဲဘူး ရေငုံနှုတ်ပိတ်နေခဲ့တယ်။
အင်ဒိုနီးရှားအစိုးရက သြစတြေးလျှနိုင်ငံသားနှစ်ဦးကို မူးယစ်ဆေးမှုနဲ့ သေဒဏ်ပေးတော့ သြစတြေးလျနိုင်ငံက သူ့နိုင်ငံသားတွေကို မသတ်ဖို့ အပြင်းအထန်ကန့်ကွက်ပြီး သူတို့နိုင်ငံကိုပြန်ပို့ဖို့ အထူးကြိုးစား တောင်းဆိုခဲ့တယ်။ အခု တရုတ်သစ်ခိုးသမားတွေကိုလဲ သူများနိုင်ငံမှာ သစ်ခိုးတာ ငါတို့နိုင်ငံအတွက်လုပ်တာပဲလို့ တရုတ်အစိုးရ အပြစ်မမြင်ဘူး။ သူတို့လူကို လွတ်အောင်လုပ်တယ်။
ဒါကြောင့်သစ်တောတွေပြုန်းတီးပြီး ဒီနေ့မှာရွာလာတဲ့မိုးရေတွေကို စုစည်းထားဖို့ထိန်းထားဖို့ သစ်ပင်တွေမရှိတော့တဲ့အခါ တောင်ကျရေတွေ ဒလဟောကျလာပြီး ရေကြီးတော့တာပေါ့။
ထိုင်းနိုင်ငံမှာသစ်တောတွေပြုံးတီးလာလို့ ရေတွေကြီးပြီး လူတွေဒုက္ခရောက်တော့ ရေမကြီးအောင် သစ်တောတွေ ခုတ်တာပိတ်ပင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ လိုတာကို လာခုတ်တယ်။ အစိုးရက ထုတ်ရောင်းတယ်။ အခုရေကြီးနေတဲ့ရလဒ်ကအဲဒါပဲ။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...