Sunday, July 5, 2015

NLD အစိုးရဖွဲ့နိုင်ဖို့ လိုအပ်ချက် (ရွေးကောက်ပွဲသာ တရားမျှတခဲ့ရင်)


ပြည်သူ့လွှတ်တော် = ၂၂၁ နေရာရရန်လို (၄၄၀ နေရာရှိ)
အမျိုးသားလွှတ်တော် = ၁၁၃ နေရာရရန်လို (၂၂၄ နေရာရှိ)
စုစုပေါင်း = ၃၃၄ နေရာရမှ အစိုးဖွဲ့နိုင်။

ပြည်သူ့လွှတ်တော်
လက်ကျန်နေရာ = ၄၄၀ - ၁၁၀ (တပ်မတော်) = ၃၃၀
လက်ကျန် ၃၃၀ = ၂၀၇ (တိုင်း) + ၁၂၃ (ပြည်နယ်)
(တိုင်း ၇တိုင်း) မှာ ၂၀၇ နေရာ အကုန်ရရင်တောင်မှ (ပြည်နယ် ၇ ပြည်နယ်) က ၁၄ နေရာ ရရန်လို။
ပြည်နယ်အလိုက် တိုင်းရင်းသားပါတီ ၃၂ ပါတီရှိ။ ၁၄ နေရာ ရရန်မလွယ်။
အမျိုးသားလွှတ်တော် လက်ကျန်နေရာ = ၂၂၄ - ၅၆ (တပ်မတော်)= ၁၆၈
လက်ကျန် ၁၆၈ = ၈၄ (တိုင်း) + ၈၄ (ပြည်နယ်)
(တိုင်း ၇တိုင်း) မှာ ၈၄ နေရာ အကုန်ရရင်တောင်မှ (ပြည်နယ် ၇ ပြည်နယ်) က ၂၉ နေရာ ရရန်လို။
ပြည်နယ်အလိုက် တိုင်းရင်းသားပါတီ ၃၂ ပါတီရှိ။ ၂၉ နေရာ ရရန်မလွယ်။

NLDအစိုးရဖွဲ့နိုင်ဖို့ဘာတွေလိုအပ်လဲ။ NLD ကို ၁၉၉၀ တုန်းကလို အင်တိုက်အားတိုက် မဲပေးရမယ်။ တိုင်းရင်းသားပါတီတွေနဲ့ NLD မဟာမိတ်လုပ်ရမယ်။
ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ပါအုန်းမလား။
ဖြစ်နိုင်တယ်။ လွှတ်တော်မှာ NLD က အသာစီးရခဲ့ရင် ဥပဒေကြောင်းအရ အထူးဥပဒေပြဌာန်းတာမျိုးလုပ်လို့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေကို အမွေပြတ်စွန့်လွှတ်လိုက်ရင်ကော သမ္မတဖြစ်ဖို့ ဘောင်ဝင်မသွားနိုင်ဘူးလား။
မြန်မာ့ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာဥပဒေအရ ဘောင်မ၀င်ပါ။ ဗိုလ်ခင်ညွန့်လုပ်ခဲ့ဖူးပါတယ်။
အချုပ်ပြောရရင် ဒီရွေးကောက်ပွဲဟာ အဆင့်ဆင့်တိုက်ဖျက်ဖို့ အချိန်မကျန်တော့ဘူး။ NLD ကလဲ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီးသား။ ပြည်သူတွေအနေနဲ့ NLD ကို ပြတ်ပြတ်သားသား ထောက်ခံမဲပေးကြဖို့ပဲလိုတယ်။
မဘသ လဲ နားယောင်စရာမလိုဘူး။ မအလ လဲ နားထောင်စရာမလိုဘူး။ လိမ်တာညာတာ သူတို့အလုပ်။ ရင်ထဲကဆန္ဒအမှန်ကို မကြောက်မ၀ံ့ဖော်ထုတ်ရမှာ ငါတို့အလုပ်လို့မှတ်ပါ။
အလိမ်ခံရတာတောင်မှ ကမ္ဘာသိအောင် ပြောပြကြပါ။ မီးလာတုန်းမှာ တယ်လီဖုန်းတွေ အားသွင်းကြပါ။ စိတ်ဓါတ်တွေ အားသွင်းကြပါ။ ချာချင် (Charging) အပြည့်ရှိနေဖို့လိုတယ်။
(ဆရာဦးကိုနီနဲ့ RFA တွေ့ဆုံမေးမြန်းခန်းက အချက်အလက်များ ရယူပါသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...