Friday, July 24, 2015

ဂီတခံစားမှု


ရုပ်ရှင်ပြခါနီး နိုင်ငံတော်အလံ အလေးပြုလို့ "ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ..." သီချင်းသံကြားတိုင်း ဖောက်ဖောက်ပြီး သွားသွားစဉ်းစားမိတာ တစ်ခုရှိတယ်။
"ဒီခေတ်မှာ ပိုပြီးအန္တရာယ်ကြီးတာနဲ့ ပိုပြီး အရေးတကြီး ကာကွယ်ဖို့သင့်တာက အိမ်နီးချင်းတိုင်းတပါးသားတို့၊ နယ်ချဲ့ဗြိတသျှတို့၊ ကွန်မြူနစ်တို့လို အပြင်ကရန်သူတွေထက် ဒီမြေ၊ ဒီပိုင်နက်အတွင်းမှာပဲ ရှင်သန်ပေါက်ဖွား၊ အုပ်စုဖွဲ့၊ ရောဂါပိုး ဖြန့်ချီ... လုပ်နေကြတဲ့ ယင်ကောင်၊ လောက်ကောင်တွေ ပိုဖြစ်နိုင်လေမလား..." လို့။
ရာစုနှစ်ဝက်ကျော်အတွင်း ဒါ... တို့ပြေ၊ ဒါ... တို့မြေကြီးကို ဆိုင်သာဆိုင် မပိုင်၊ လုပ်သာလုပ် ဘာကောင်းကျိုးမှ မရ၊ မွေးသာမွေး ဘာအခွင့်အရေးမှ မရ..(လူတချို့ ဒီအတွင်းမွေးပြီး ဒီအတွင်းသေသွားကြရ.)၊ လူတစ်စု စိတ်ရူးပေါက်သလို ခြယ်လှယ်၊ အပိုင်စီး၊ သူတို့သတ်မှတ်ချက်မှာ သာမန်လူအားလုံး သတ်မှတ်ခံကြရ... ဒါတွေ ဖြစ်နေတာ
အထက်ပါ ပြည်ပရန်တွေထက် ပြည်တွင်းဖွား လောက်ကောင်တွေကြောင့်လို့ ခံစားရမိလို့လေ။
ကမ္ဘာကြီး မကြေမွ၊ မပျက်ဆီးခင်ကာလအထိ ဒီတော၊ ဒီတောင်၊ ဒီမြေ၊ ဒီရေ၊ဒီကထွက်တဲ့သစ်၊ ဒီမှာမွေးတဲ့တိရစ္ဆာန်၊ ဒီကရမယ့်သယံဇာတတွေအပါအဝင် ဒီမြေမှာ အခြေချခွင့်၊ ဒီမြေကထွက်သမျှ မျှဝေသုံးစွဲခွင့်၊ ဒီမြေမှာ ထွန်ယက်စိုက်ပျိုးခွင့်၊ လုပ်ကိုင်စားသောက်ခွင့်၊ အသက်ရှူခွင့်၊ အသစ်ထွင်ခွင့်၊ တွေးခွင့်ခေါ်ခွင့်၊ ဝေဖန်ပိုင်းခြားပိုင်ခွင့်... စသည် အားလုံးကို ဒီမြေဒီနယ်နိမိတ်အတွင်းမှာ ဘိုးဘွားစဉ်ဆက် လက်ထက်တွေကတည်းက မှီတင်းနေထိုင်ခဲ့ကြသူတွေအားလုံး ညီတူမျှတူ အပြည့်အဝ ပိုင်ဆိုင်ကြသတဲ့။
အခု... ခင်ဗျားတို့... အဲဒီလို ခံစားရလို့လား???။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...