Monday, July 27, 2015

ချိုမိုင်မိုင်ကသူ


နာဂစ်ဒါဏ်
ခံစားမပြေပျောက်နိုင်ပေမယ့်
သဘာဝလူသတ်ကောင်ကြီးရဲ့
ကမ္ဘာကျော်ရက်စက်မှုက
အသက်များစွာ…
ဘဝများစွာ…
မိသားစုများစွာရဲ့
ကြေအက်စိတ်အနာတွေကို
မကုသနိုင်ပေမယ့်
ပေါလောမျောခန္ဓာတွေကို
ငပူတင်းငါးတွေက
ဝါးမျိုနိုင်စေဖို့
အားပေးကူညီ
အကယ်ဒမီယူသွားသူလေ ။


မြန်မာ့စပါးကျီစင်ပေါ်က
ပြက်လုံးအပေါစားတွေအခါခါထုတ်
ပွဲကြည့်သူတွေကိုအရုပ်လိုထင်
လိုရာကို"က"ကြိုးဆင်
အနောက်က နေဝင်ပေမယ့်
အရှေ့ကနေပြန်ထွက်အောင်
ချက်ကျကျပြောတတ်
ကုလားဖန်ထိုးတတ်သူလေ ။
အသက်သာ ကြီး
အချိန်ဘယ်လောက်စီးမလည်း
မသည်းကွဲပေမယ့်
လူပြိန်းကြိုက်စကားလုံးတွေရေလဲသုံး
စင်္ကာပူလိုမျိုးဖြစ်အောင်
ဥုံဖွမန်းမှုတ်
အဟုတ်…လုပ်ပေးနိုင်သူလေ။
အခုလည်းလေ
"ခြေလှုပ်လက်စား"
ဆိုက်ကားနင်းသူ
ပညာယူလိုက
ဘဝချမ်းသာနည်းနဲ့
ကြီးပွားတိုးတက်
မခက်ခဲရလေအောင်
ဘိုးဘိုးအောင်အစွမ်းနဲ့"မ"လိုက်မယ်
ကဲ…………
ရမ်း သမ်း
ချမ်းသာကြပေရော့ ။ ။
(ကိုရွှေကေဇာ)
22-7-2015
11:00pm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...