Tuesday, May 19, 2015

ဖုန်းကဒ် အခွန်နဲ့ ပတ်သက်၍ ...

"ဖုန်းကဒ်ကနေ အခွန် ဆောင်ရမတဲ့လား"
ကျနော့်မက်ဆေ့ခ်ျဘောက်စ် ထဲမှာ ဖုန်းကနေ အခွန်ဆောင်ရမှာတွေ ပလူပျံနေတယ်။
ကိုချို သိပြီးပြီလား၊ အမေရိကားမှာကော အဲလိုပဲ မသုံးရခင်ကတည်းက ဆောင်ရလား။ ဒါ မျှတရဲ့လား။ ရေးပါဦး တဲ့။
အမေရိကား ရဲ့ အခွန်ဆောင်ရမှုက မြန်မာပြည်ထက် ကြမ်းပါတယ်။ များပါတယ်။
ဆိုပါတော့ လူပျိုလူလွတ်အိမ်ထောင်တာဝန်၊ သားသမီးတာဝန်မရှိသူတွေဟာ တနှစ်ကို ၁သောင်းခွဲ လောက်(ဒါအတော်နည်းတာပါ) ၀င်ရင်ကို၊ အနည်းဆုံး ၃ ထောင်လောက်ဆောင်ရတယ်ဗျ။
လခစားသမားက လစဉ် လခထဲက ဖြတ်ခံရတယ်။
အစားအသောက်၊ အ၀တ်အစား၊ ဘာဝယ်ဝယ်၊ အခွန်တွေဆောင်ရတယ်။
ဖုန်းဘီလ်မှာလဲ အခွန်ခ ပေါင်းဆောင်ရတယ်။
အခွန်ဆောင်ရတာ အမေရိကန်မှာလဲ ဆောင်ရပါတယ်။
တခုပဲ အမေရိကန်တွေက သူတို့ဆောင်လိုက်တဲ့ အခွန်အခတွေ ကို အစိုးရ က ဘယ်လိုသုံးတယ်၊ ဘယ်မှာသုံးတယ် ဆိုတာ သိကြတယ်ဗျ။
ဒီမှာ အမေရိကန်တွေက အစိုးရ ၂ ရပ်အောက်မှာ နေရတာ။ ဖက်ဒရယ်အစိုးရ ပြည်ထောင်စုအစိုးရ နဲ့ ပြည်နယ်အစိုးရ ပါ။ အစိုးရ ၂ ရပ်လုံးကို အခွန် ခွဲဆောင်ရတာပါ။
ဒါပေမယ့် ၀င်ငွေ အတိုင်းဆောင်ရတာတော့ မဟုတ်ပါဘူး။
ခင်ဗျားရဲ့ အသုံးစရိတ်တွေနဲ့ ပြန်ပြီး ထုချေ(claim) ခွင့်ရှိတယ်။
အ၀တ်အစားဝယ်တာကအစ၊
အစားအသောက်ဝယ်တာကအစ၊
ဘတ်စ်ကားခ၊ ရထားခ က အစ၊ အကုန် အသုံးစရိတ်တွေ တင်ပြလို့ရတယ်။
နောက် သားသမီးရှိရင် အခွန်ကောက်နှုန်းလျှော့ချပေးတယ်။
မိအို ဘအို၊ မိမိကို မှီခိုသူရှိရင် လျှော့ချပေးတယ်။
ဒီလိုပဲ အစိုးရ ဟာ ခင်ဗျားမွေးလာတဲ့ကလေးက မသန်စွမ်းကလေး ဖြစ်နေရင်၊ မွေးချိန်က စ ပြီး၊ သေတဲ့အချိန်အထိ အဲဒီကလေး၊ ၀ါ အဲဒီနိုင်ငံသားကို သေတပန်သက်တဆုံး ထောက်ပံ့ကြေးပေးတယ်။
အသက်ကြီးရွယ်အိုတွေကို အခမဲ့ အစားအသောက်ဝယ်ယူခွင့်၊ တလ ကို အနည်းဆုံး ၂၀၀ လောက်ပေးတယ်။ ၂၀၀ ဆိုတာ ဗိုက်ရိုက်စားလို့ရတယ်။ နောက် အခမဲ့ ဘတ်စ်ကားစီးခွင့်၊ ၀ါ အထူးလျှော့ဈေးနဲ့ ဘတ်စ်ကားစီးခွင့်၊ ဒါ့အပြင် စီနီယာခံစားခွင့်မှာ သက်ကြီးရွယ်အိုတွေ အပြင်သွားချင် လည်ချင်ရင် အခမဲ့ ပို့ဆောင်ကြိုပို့လုပ်ပေးတာမျိုးတွေလဲ ရှိတယ်။ တသက်လုံး ကိုယ်ဆောင်လာတဲ့အခွန်တွေဟာ အသက်ကြီးရင် ပြန်ခံစားခွင့်ရတဲ့သဘောပါပဲ။ ပင်စင်ဆိုပါတော့။ ပင်စင်ဆိုတာ အစိုးရ အမှုထမ်းမှ ရ တာမဟုတ်ဘူး။ သက်ကြီးသူတိုင်းကို ပေးတာ။ ကုမ္ပဏီဝန်ထမ်းလဲ ရတယ်။
ပြောရရင် မြန်မာပြည်ကနေ အသက်ကြီးမှ ရောက်လာတဲ့သူတွေလဲ ရတယ်။
ကွယ်လွန်သူ ဆရာကြီးဦးတင်မိုး က သူပင်စင်ရတော့၊ ငါတသက်လုံး စာသင်လာခဲ့၊ တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တာ၊ မြန်မာပြည်က စစ်အစိုးရ က ငါ့ကို ထောင်ချတယ်။ အမေရိကန်အစိုးရ က ပင်စင်ပေးတယ် လို့ ပြောခဲ့တယ် လို့ ပြန်ကြားရဖူးတယ်။
ဒီတော့ အခွန်ဆောင်ရတာ
နိုင်ငံသားတွေက ငွေစု တယ် လို့ သဘောထားတယ်။
ကျေကျေနပ်နပ် ဆောင်ကြတယ်။
သြော်ပြောရဦးမယ်။ ၀င်ငွေနည်းတဲ့သူတွေ ထုချေတာ များသောအားဖြင့် ရီဖန်းတွေ ရ ကြတယ်။
ဒါကြောင့်အမေရိကန်တွေဟာ အခွန်ဆောင်ရာသီမှာ ပိုအူစို ကြတယ်။
ဆိုပါတော့ တနှစ်လုံး လခ ကနေ၊ အခွန်တွေ ဖြတ်ခံလာရတယ်။ နှစ်ကုန်ရင် ငါ အင်ကျီဘယ်နှထည်ဝယ်တယ်။ ငါ့သားသမီးကျောင်းစရိတ်က ဘယ်လို၊ ငါ ဘာတွေ ၀ယ်စားတယ်။ ဘာမှ မကန့်သတ်ထားဘူးနော်။ ခင်ဗျားဖါသာ ဘာစားစား၊ ဘာဝယ်ဝယ်။ ငါ့လခ ဘာမှ မကျန်ဘူးလို့ ထုချေ ထားတာ အချက်အလက်တွေကြည့်ပြီး၊ အစိုးရ က ပြန်အမ်းသဗျ။
ဒါကြောင့် အခွန်ဆောင်ရာသီ ဆို ပျော်ကြတယ်။ အစိုးရ က နှစ်စဉ် ဒေါ်လာသန်းချီ ပြန်အမ်းပါတယ်။
အစိုးရ က ဘယ်လောက် နိုင်ငံသားတွေကို တာဝန်ယူတဲ့အစိုးရ လဲ ဆိုတော့ တမြန်နှစ်က စန္ဒီ ဆိုတဲ့ မုန်တိုင်း နယူးယောက်ခ် ကို ၀င်တော့၊ တချို့ရပ်ကွက်တွေ မီးပျက်သွားတယ်။ ၂ ရက်လောက်။ အဲဒါ အစိုးရ က မီးပျက်တဲ့ရပ်ကွက်တွေမှာ အစားအသောက်ဖိုး တအိမ်ထောင်ကို ၂၀၀ ကျော်စီ ထုတ်ပေးတယ်။ ရေခဲသေတ္တာထဲက အစားအသောက်တွေ ပျက်စီးကြေး တဲ့။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်တာနော်။
အရေးအကြီးဆုံး အချက်ကတော့
အမေရိကန်တွေဟာ သူတို့ဆောင်တဲ့ အခွန်ငွေတွေ ဘယ်ရောက်သွားတယ် ဆိုတာ
သိကြတယ်။
အစိုးရတွေ(ဖက်ဒရယ်ကော၊ ပြည်နယ်ကော) က သူတို့သဘောမတူတဲ့ နေရာမှာ
အဲဒီလို အခွန်ငွေတွေကို သုံးရင် သူတို့မှာ ကန့်ကွက်ပိုင်ခွင့် ရှိပါတယ်။
တလောက ကျနော်က အစိုးရ ကို အခွန်မဆောင်ပါနဲ့ သပိတ်မှောက်ပါ လို့
ရေးတော့ အောက်က ကွန်မန့်မှာ Institution ချင်း မိုးမွှန်အောင်ပြောပြီး၊ ကျနော့်ကို အနုပညာသမားဆိုတော့ ဘာမှ နားလည်မှာ မဟုတ်ဘူး လို့ မဟာပညာတတ်တယောက်က ၀င်မန့်တယ်။
ကျနော်က သူ့ကို ဘာမှ ပြန်မပြောဘူး။ သေချာတာကတော့ ဒီလူ့မှာ တော်လှန်ရေး ဆိုတာ ဘာလဲ အခြေခံသိစိတ် မရှိတာပါပဲ။
ဘာ အင်စတီကျူးရှင်း ကိစ္စ မှ ပြောနေတာမဟုတ်ဘူး။
လက်ရှိအစိုးရ ဟာ ခင်ဗျားတို့ စိတ်တိုင်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်မချင်း
ဘာအခွန်မှ တရားတယ် လို့မအောင့်မေ့ပါနဲ့၊ ဒါဟာ အေးဓါးပြတိုက်ခံရတာ၊ ဆက်ကြေးပေးရတာ။
ပြည်သူအစိုးရ ဆိုရင်တော့ ဒါရပ်ထဲရွာထဲ သာရေးနာရေး တအိမ်ဘယ်လောက် ၀ိုင်းပြီး စုထည့် လုပ်ကြတဲ့သဘောပါပဲ။ ဒါကို ပြောတာ သူနားလည်ဟန်မတူဘူး။ မတူဆို သူက အစိုးရ နဲ့ မကင်းရာ မကင်းကြောင်း သတ္တ၀ါတကောင်ပဲ ဖြစ်မယ် ထင်ပါရဲ့။
ချိုတူးဇော်

အစိုးရက နိုင်ငံရေးမလုပ်တတ်တာလား...တမင်လုပ်တာ
လား မသိဘူး...။ ရွေးကောက်ပွဲ ဒီလောက်နီးနေချိန်မှာ
ဘယ်နိုင်ငံရေးသမားကမှ အခွန်တိုးကောက်ဖို့ ပြောလေ့
မရှိဘူး...။ဒီမိုကရေစီနိုင်ငံအတော်များများမှာရွေးကောက်
ပွဲ နီးရင် အခွန်လျှော့ကောက်လေ့ရှိကြတယ်...။

ပြည်သူလုထုက အခွန်ပေးခြင်းကြောင့် ဘာအကျိုးကျေး
ဇူး ရမယ်ဆိုတာ သိချင်တာမဟုတ်ဘူး...။ အခွန်မပေးရ
လေ၊ ကောင်းလေပဲ တွေးတာ...။
အခု ဖုန်းဘေလ်က ရမယ့် အခွန် ၅% ကလည်း၊ လက်ရှိ
အစိုးရစားရမယ့်အခွန်မဟုတ်ပါဘူး...။၂၀၁၅ရွေးကောက်
ပွဲအပြီးမှာ တက်လာမယ့်အစိုးရ စားရမယ့် အခွန်ပါ...။
ကိုယ်နိုင်ဖို့ ရာနှုန်းပြည့်နီးပါးသေချာနေရင်တော့ အခွန်
ကောက်တာ ပြဿနာမရှိပါဘူး...။ မသေချာဘူးဆိုရင်က
တော့ နောက်လင်နဲ့စားဖို့ ကုန်းရုန်းရှာပေးထားခဲ့တဲ့သေခါ
နီး မသာလောင်း လင်ယောက်က်ျားလို၊ အဆဲလည်းခံရ၊
ကိုယ်တိုင်လည်း မစားရပဲ နောက်လူက မိန့်မိန့်ကြီး ထိုင်
စားခွင့်ရသွားမယ့် အရေးပါပဲ...။
အံ့သြပါပေတယ် ကိုရွှေအစိုးရရယ်...။ ဘယ်မဟာပညာရှိ
ကများ ရွှေဥာဏ်တော်စူးရောက်ပြီး အကြံပေးလိုက်တာပါ
လိမ့်ဗျာ...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...