Saturday, May 2, 2015

.. မျက်စိသိပ်နောက်လာလို့ပါ။ ..


 တချို့ ခပ်ပေါပေါ ငကြောင်တွေ၊ ငကြောင်မလေးတွေ .. အမေရိကန်မှာ ဆန္ဒပြသူတွေကို ရဲတွေက ကိုင်တွယ်တာကို ဘယ်လို ကြမ်းတယ်၊ ဘာကြောင့် မပြောလဲ ဆိုတာမျိုးတွေကို ဓါတ်ပုံလေးတွေ လာလာ ယှဉ်ပြနေကြတယ်။
၁။ အမေရိကန်ရဲ့ အခြေအနေဟာ ဆန္ဒပြတာကို ကျော်လွန်ပြီး အကြမ်းဖက်ဖျက်ဆီးတဲ့ အခြေအနေကို ရောက်နေတာတွေကြောင့် အကြမ်းဖက် ဖျက်ဆီးသူတွေကို မဖျက်ဆီးနိုင်အောင် ဖမ်းဆီးရတာ ဖြစ်တယ်။ မြန်မာပြည်မှာ “ငြိမ်းချမ်းစွာ“ ဆန္ဒထုတ်ဖေါ်တဲ့ ကျောင်းသားတွေ၊ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖမ်းဆီးတာ ဖြစ်တယ်။ မြန်မာပြည်မှာ ဆန္ဒပြသူတွေကြောင့် ပျက်စီးသွားတယ် ဆိုတဲ့ အရာဝတ္ထု ဘယ်နှစ်ခုရှိခဲ့သလဲ။

၂။ အမေရိကန်မှာ အကြမ်းဖက် ဖျက်ဆီးနေသူတွေကို ဖမ်းဆီးရာမှာတောင် လိုအပ်တဲ့ အင်အားထက် ပိုမိုသုံးခဲ့တယ် ဆိုရင် .. သုံးတဲ့ ရဲကို အကြမ်းဖက်ခံရသူက ပြန်လည် တရားစွဲ အရေးယူလို့ရတယ်။
၃။ အခုလည်း ရဲတပ်ဖွဲ့ကနေ ကိုင်တွယ်လုပ်ဆောင်ပုံတွေဟာ တရားမမျှတတာတွေ ရှိတာကြောင့်ဆိုပြီး အခုဆို တရားစွဲအရေးယူနေတာတွေ လုပ်နေပြီ
၎။ အများပိုင်၊ ပြည်သူပိုင် ပစ္စည်းတွေကို ဘယ်သူက ဖျက်ဖျက် ဖျက်သူကို သက်သေခံတွေနဲ့ အရေးယူ တရားစွဲခွင့်ရှိတယ်။
၅။ အခု ဖြစ်ရပ်တွေ ပြီးသွားခဲ့ရင် ရဲတပ်ဖွဲ့ထဲက မတရားလုပ်ဆောင်သူတွေကို ဘယ်လို အရေးယူသလဲ၊ တာဝန်ရှိသူ ဘယ်သူက တာဝန်ခံ လုပ်ဆောင်သလဲ ဆိုတာ မြင်ရလိမ့်မယ်။
... မြန်မာပြည်မှာလို ... ဘယ်က ခွေးသူတောင်းစားတွေမှန်း မသိတဲ့ ကလေကချေတွေက လက်ပတ်ဝတ်ပြီး “ငြိမ်းချမ်းစွာ“ ဆန္ဒပြသူတွေကို ဝင်ဖမ်းတာ မဟုတ်ဘူး။ အဲဒီလို လုပ်လို့ကတော့ ... လုပ်တဲ့ ခွေးသူတောင်းစားတွေရော၊ တာဝန်ပေးတဲ့ အရာရှိရော ... ထောင်ထဲ သွားပဲ။
..မြန်မာပြည်မှာလို ငြိမ်သက်စွာ အဖမ်းခံသူတွေကို ရိုက်နှက်တာ၊ အကြမ်းဖက်တာ လုပ်လို့ကတော့ လုပ်တဲ့ ရဲဟာ ထောင်ထဲသွားပဲ။
.. ငြိမ်သက်စွာ အဖမ်းမခံသူကို လိုအပ်ရင် အင်အားသုံးဖမ်းဆီးခွင့်ရှိတယ်။ ဒီလို ဖမ်းဆီးရင်တောင် “လိုအပ်တဲ့ အင်အား“ ထက် ပိုသုံးတယ်လို့ သံသယရှိရင် အကြမ်းဖက် ဖမ်းသူတွေ တရားရင်ဆိုင်ပဲ။ ဆိုလိုတာက ခုခံထွက်ပြေးပေမယ့် မပြေးနိုင်တော့တဲ့ အချိန်မှာ ဖမ်းဆီးတာ မလုပ်ဘဲ .. တုတ်တွေနဲ့ ဝိုင်းရိုက်နေတာ၊ လက်နက်မပါတဲ့ လူတစ်ယောက်ကို တုတ်တွေနဲ့ ရဲ ၁၀ ယောက်လောက်က ဝိုင်းရိုက်နေတာ၊ လဲကျနေသူကို ဝိုင်းထိုးတာ၊ လက်နက် မပါသူကို သေနတ်နဲ့ ပစ်သတ်တာ .. အဲဒါတွေ လုပ်လို့ကတော့ .. လုပ်သူဟာ ထောင်ထဲသွားပဲ။
ရူးသလိုလို ကြောင်သလိုလို ... ဆေးကြောင်သလိုလို ... အပေါ်ယံ ဓါတ်ပုံတွေ ယှဉ်ပြနေသူတွေကို မျက်စိနောက်လို့ပြောတာ။
.. နောက်ဆုံး ကုန်ကုန်ပြောရရင် ... အမေရိကန် ရဲတွေက တရားဥပဒေမဲ့ ပြုလုပ်ခဲ့ရင်တောင် ... မြန်မာပြည်မှာ မလုပ်ရဘူးဆိုတဲ့ ... အဆင့်မြင့်မြင့် စိတ်ဓါတ်မွေးဖို့လိုမယ်။ အမေရိကန်မှာ ရဲတွေ အကျင့်ပျက်ရင်တောင် .. မြန်မာပြည်က ရဲက အကျင့်ပျက်စရာ မလိုဘူးဆိုတဲ့ ... သိက္ခာရှိ လူပီသတဲ့ စရိုက်တွေ ရှိဖို့ လိုမယ်။
အခုက အဲဒီလို မဟုတ်ဘဲ .. အောက်တန်းကျတဲ့ စိတ်ဓါတ်တွေနဲ့.. သူများလုပ်နေတာ .. ငါတို့လည်း လုပ်မယ် .. သူများခိုးလို့၊ ငါတို့လည်း ခိုးမယ်။ သူများ မုဒိန်းကျင့်လို့ ငါတို့လည်း ကျင့်တာ ဘာဖြစ်လဲ ဆိုတဲ့ ... ကလေကချေ စိတ်ဓါတ်တွေမွေးနေတာ မြင်ရတာ ... ရွံမိလို့ အခုလိုစာကို ရေးလိုက်ရတာ။
စိတ်ဓါတ်တွေ ပြင်စမ်းပါ။
ကိုထိုက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...