Tuesday, April 14, 2015

ဖာသည်ဟာ ငါ့နှမ - လင်းထင်


သင်္ကြန် ပုံရိပ်ကို ရိုးရာယဉ်ကျေးမှုလိုင်းပေါ် ဆွဲတင်ဝေဖန်တာ အလွန် ကျပ်မပြည့်တာပဲ။
သင်္ကြန်ဟာ ခရိုနီတို့ရဲ့ ရာသီစာ စီးပွားရေး ဖြစ်တယ်။ ကျနော်တို့ နိုင်ငံခြားမှာ တစ်နှစ်ကျွန်ခံ ရှာရတဲ့ငွေထက် အဆများစွာ မဏ္ဍပ် လေလံကြေး ပါမစ်ကြေး စပွန်ဆာကြေးတို့နဲ့ ပွင့်တဲ့ ပိတောက် မညှိုးခင်မှာ ငွေရတဲ့ လူတန်းစားတို့ အာဏာကို အရင်းတည်ပြီး ဓနကို အေးဓားပြ တိုက်ပွဲကြီး ဖြစ်တယ်။
တစ်နှစ်ပတ်လုံး အနှိပ်ခန်း ကာရာအိုကေခန်း နိုက်ကလပ်နဲ့ ဟိုတယ်ခန်းတွေမှာ အမှောင်တွင်း နက်နေရတဲ့ လိင်အလုပ်သမတွေ မြေတွင်းထဲ ရေ၀င်တဲ့အခါ ထွက်လာရတဲ့ ကြွက်တွေလိုပဲ သင်္ကြန်တွင်း စင်ပေါ်ရောက်ပြီး လူသားဂုဏ်သိက္ခာ အဖျက်ဆီးခံထားရလို့ ကိုယ့်ကိုယ်ကိုယ် မကြည်ညိုနိုင်ဘဲ ကော့ကော်ကန်ကား လုပ်ကြတာ အဆန်းလားလို့ ဓနကိုအားကိုးပြီး လိင်အရသာ အမြတ်ထုတ်ရတာအပေါ် ဘယ်တော့မှ နှစ်ခါပြန် မစဉ်းစားခဲ့တဲ့ ယောက်ျား ဘသားကြီးများကို မေးချင်ပါတယ်။
ကဗျာဆရာပေါ ဖာပေါတဲ့ အမှောင်ခေတ်မှာ ကဗျာရေးတဲ့ကောင် ဖြစ်လာရတာမို့ အဲဒီ့ဖာတွေဟာ ငါ့အတွက်တော့ ခေတ်ရဲ့ မချိုသောနို့ကို စို့ရင်း အတူကြီးလာရတဲ့ ငါ့နှမတွေပဲ။

လင်းထင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...