Sunday, February 8, 2015

သပိတ်မှောက် ကျောင်းသားတွေထဲမှာ ထူးချွန်တဲ့သူ ဘယ်နှစ်ယောက်ပါသလဲ မေးနေသူများအတွက်ပါ

ကျွန်တော် ဆယ်တန်းကို အင်္ဂလိပ် ဓာတု ဇီဝ သုံးဘာသာဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။
အဲဒီနှစ်က ဧရာဝတီတိုင်းမှာ အမှတ်ပေးစည်းမျဉ်း အရမ်းတင်းကျပ်ပြီး ဖြေဆိုသူအားလုံး အမှတ်တွေ နည်းနေတဲ့ကြားက ကျွန်တော် ၄၆၅ မှတ်ရခဲ့ပါတယ်။
ဆေးတက္ကသိုလ်ကို သုံးမှတ်နဲ့ ကပ်ပြုတ်ပြီး ကွန်ပျူတာတက္ကသိုလ်ကို Roll 2 နဲ့ဝင်ခွင့်ရခဲ့ပါတယ်။

နောက် Roll 1 ကျောင်းပြောင်းသွားတဲ့အတွက် ကျွန်တော် Roll 1 ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဆယ်တန်းမှာ ကျွန်တော် ကျူရှင်လုံးဝ မယူခဲ့ပါဘူး။
အခုကျွန်တော်တက်နေတဲ့ကျောင်းမှာ ကြိုက်တဲ့သူကို သွားမေးလိုက်ပါ။
အကြောင်းကြောင်းကြောင့် နောက်နှစ်တွေမှာ Roll 1 ဆက်မရတော့ပေမယ့် ကျွန်တော့်ကို အရည်အချင်းမမှီိဘူး မထူးချွန်ဘူးဆိုပြီးပြောတဲ့သူ ဘယ်နှစ်ယောက်ရှိမလဲလို့ သွားမေးကြည့်လိုက်ကြပါ။
ထက်မြတ်လှိုင်
သပိတ်မှောက်ကျောင်းသား
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...