Thursday, January 1, 2015

LETTERS TO THE EDITOR = တရားပွဲနှင့်ဘီယာဆိုင်

သို့
အယ်ဒီတာရှင့် -
ကျွန်မသည် ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်တွင်နေထိုင်သူ တစ်ဦးဖြစ်ပါသည်။ ရပ်ကွက်တွင်း ဒီဇင်ဘာ၁၉ရက်မှ၂၄ရက်အထိ ကျင်းပသော ဓမ္မပူဇာသဘင် တရားပွဲကျင်းပမည့်တရားပွဲတွင် ဆရာ တော်နှစ်ပါးအား ခရိုင်သာသနာရေးမှူးမှ တရားဟောခွင့်မပေးနိုင် ကြောင်းကိုအကြောင်း ကြားလာသည်ဟုသိရပါသည်။
ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ တရား ပွဲများတွင် မည်သည့်ကိုယ်တော်မှ တရားဟောသည်ဖြစ်စေ ကန့်သတ် ချက်များမထားဘဲ လွတ်လွတ်လပ်လပ်တရားဟောခွင့်ပေးစေလိုပြီး လမ်းပေါ်တက်ရောင်းနေသော အရက်ဆိုင်၊ ဘီယာဆိုင်များကိုသာ ထိ ရောက်စွာအရေးယူပေးစေလိုပါသည်။
ဆရာတော်များ သည်လည်း နိုင်ငံရေးဆိုင်ရာ များနှင့် ရပ်ကွက်ငြိမ်ဝပ်ပိပြား ရေးကို ထိခိုက်စေမည့်တရားတော်များဟောကြားမည်မဟုတ်ဟုယုံကြည်မိသလို တရားအစဉ် ဓမ္မ အမြင်များဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားမျာကိုသာ ဟောကြားမည် ဟု မိမိအနေဖြင့် ယုံကြည်မိပါသည်။

ယင်းသို့တရားဟောမည့်ဆရာတော်များကို တရားဟောခွင့် ပိတ်ပင်မည့်အစား ၂၄နာရီအချိန်ပြည့်ဆူဆူညံညံဖြစ်နေသော လူသွား လမ်းပလက်ဖောင်းပေါ်တွင်မက ကားလမ်းများပေါ်တွင်ပါ စားပွဲများ ချကာရောင်းချနေသော အရက်ဆိုင်၊ ဘီယာဆိုင်များကို ထိရောက်စွာ အရေးယူပေးစေလိုပါသည်။
တရားပွဲများကြောင့်လမ်းပိတ်လျှင် အလွန်ဆုံးတစ်ပတ်သာ ကြာမည်။ ထိုလမ်းများသည်လည်း အဓိကလမ်းမများမဟုတ် ပါ။ ရပ်ကွက်လမ်းကြားများသာဖြစ်သည်။
ဘီယာဆိုင်များ ကြောင့်လမ်းပိတ်သည်မှာ တစ်ပတ်နှင့်မပြီး အမြဲတမ်းဖြစ် သည်။ လမ်းပိတ်သည့်နေရာမှာလည်း အဓိက လှည်းတန်း လမ်းမကြီးတို့လို လမ်းမကြီးများသာဖြစ်သည်။
ရန်ကုန်မြို့၏ယာဉ်ကြောပိတ်ရခြင်းမှာ လမ်းဘေးဈေးသည်များ လည်းအကြောင်းအရင်း တစ်ချက်ဖြစ်သည်။ ဘီယာဆိုင်များသည် လမ်း ဘေးဈေးသည်မဟုတ်ပါ။ သို့သော် လမ်းဘေးဈေးသည်နှင့်ထူးမခြား နားဖြစ်နေသည်။ လမ်းပေါ်တက်ရောင်းချနေသောဘီယာဆိုင်များကို အရေးယူမည်ဆိုပါကလည်း လမ်းဘေးဈေးသည်များကဲ့သို့ မိသားစုအ ရေး စိုးရိမ်စရာလိုမည်မထင်ပါ။ တရားပွဲများသည် လူများစိတ်ကိုငြိမ်း အေးစေသည်။
အရက်၊ဘီယာများသည် မူးယစ်စေ၍စိတ်ကိုကြွစေပြီး မကောင်းမှုပြုရန် ပိုမိုလွယ်ကူစေသည်ဟုထင်ပါသည်။
အမြင်မတော်သူ
|───────────Yangon Media Group ──────────|

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...