Monday, January 12, 2015

၁၈+ ဆဲထားသည်၊ မဖတ်လိုက မဖတ်ပဲ နေနိုင်ရန် သတိပေးပါသည်.

တရုတ်ကို ကြောက်ရတယ်ဆိုတာ သူရို့ ပါးစပ်ကပဲ ထွက်တာပါ၊ ကိုယ်ကတော့ တရုတ်ဘောမ အစိုးရလို့ တခါမှ မဆဲဘူးသေးပါဘူး၊
ဆန်ရှင်လည်းလုပ်ရော စီးပွားရေးပိတ်ဆို့တာ တို့မမှုပါဆိုတဲ့ သီချင်းကြီးကို အကော်ဒီယံအုန်းကျော်ဆိုခိုင်းပြီး တရုတ်ကို ပြေးကပ်ကြတယ်၊ တရုတ်မှာ မိတ်ဆွေဆိုတာ မရှိဘူး၊ သူတို့အကျိုးစီးပွားပဲ ရှိတယ်၊ ဒါကို မသိလောက်အောင် တုံးတာတော့ မဖြစ်နိုင်ဘူး၊ ကိုယ်လည်း အရိုးအရင်းကိုက်ရလို့ပဲဖြစ်မယ်
လက်ပတောင်း မူလစာချုပ်မှာ အကျိုးအမြတ်ခွဲဝေမှုဟာ ဝမ်ပေါင် ၅၅% ဦးပိုင် ၄၁% နဲ့ အစိုးရ ၄% ဆိုတာကို ပြန်ကြည့်ပါ၊ အစိုးရဆိုတာ ပြည်သူအတွက်သုံးဖို့ ယူရတဲ့ ငွေက ၄% ဆိုတာ ဘယ်တုန်းက ကြားဖူးလို့လဲ
ဟုတ်ပြီ နိုင်ငံတော် ကာကွယ်ဖို့အတွက် တကယ်သုံးရင်မပြောလိုဘူး၊ ရာထူးကြီးကြီး ရသွားတဲ့ အဲဒီအဖွဲ့အစည်းက ၉၉% သော အရာရှိကြီးတွေ မည်သို့မည်ပုံမသိ ချမ်းသာသွားကြပီး အောက်ခြေက စစ်သားလေးတွေ ယူနီဖောင်းတောင် အဟုတ်ဆင်နေရတာကျ ထည့်မပြောကြပါ့လား

တပ်သား ၄၀ ဗိုလ်ခြောက်ဆယ် ဖြစ်နေတဲ့ ဖွဲ့စည်းပုံ အပျက်ကြီးကို မပြင်၊ ဘီတွေ စီတွေ နာမည်တပ်ပြီး အရပ်ဖက်ထိုးထည့်၊ လုပ်ချင်တိုင်းလုပ်၊ ဒါတွေကျ မပြင်ဆင်တော့ဘူးလား
တကယ်တမ်းပြည်ပရန်ကာကွယ်ဖို့ ပြင်ထားခဲ့ပါသလားဆိုတာ မေးခွန်းထုတ်တဲ့အချိန်မှာ ဒီလက်နက် ဒီလက်နက် ဝယ်ပြီးပြီဆိုတာ မပြောပဲ အရာရှိကြီးတွေ ပိုင်ဆိုင်မှုပါ ကြေညာမှ ပွင့်လင်းမြင်သာမှုရှိပါလိမ့်မယ်
နို့မို့ရင် လက်နက်ဝယ်တာ ပြည်ပရန်ကာဖို့ထက် ငါအမြတ်ရလို့ ကုန်သွယ်တာ ဖြစ်နေပါလိမ့်မယ်
ဦးပိုင် ဦးပိုင်နဲ့ တောက်လျောက်လုပ်လာသမျှ အမြတ်လေးပြပါ၊ တရုတ်ဆီကို မသိအောင်တမျိုး သိအောင်တမျိုး တစ်ထောင်တန်ပစ္စည်းကို တစ်ရာနဲ့ ပြည်လုံးကျွတ်ရောင်းလိုက်တာတွေ တို့မပါဘူးလို့ ပြောချင်နေပါသလား
ကိုယ့်မြေ ကိုယ့်ရေကို မတရားသဖြင့်ရောင်းစားလို့ မရောင်းချင်တဲ့ ပြည်သူကို စောက်ပစ်ပြောချင်ရင် နင်တို့ ယီးမို့ ရောင်းတာလားလို့ အရင်မေးရမယ်
ပြည်သူ့အတွက် တစ်စက်မှ မပါပဲ နိုင်ငံခြားမှာ ကြိတ်စုဖို့ သူများမြေ လုတဲ့ကောင်က အပြစ်မရှိပဲ ကိုယ့်လယ်လေး ဈေးပိုလိုချင်တဲ့ လယ်သမားကို လာအပြစ်တင်မလို့လား
မြှောက်ပေးတဲ့ကောင်တွေ မှန်တယ်လို့ မပြောဘူး၊ သူတို့မှားတာနဲ့ ငါတို့က အမှန်ဆိုပြီး ပဏာဝင်ယူချင်နေသလား
ကန်တော့ပါရဲ့၊ ခါတိုင်း မဆဲဘူးပါဘူး
တခါမှလည်း တရုတ်ဘောမ အစိုးရလို့ မဆဲဘူးပါဘူး
အခု ဘောမတဲ့ သူတွေဘော ဆက်ရက်တဲ့ မီးရထားတွဲ ဘောရက်ပွဲ ကို အမြင်မတော်လို့ ထဆဲပါတယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...