Friday, December 5, 2014
၂ဝဝ၈ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စံနစ်
မြန်မာနိုင်ငံမှာဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကနှစ်ပေါင်းခြောက်ဆယ်လောက်
တစိုက်မတ်မတ်တောင်းဆိုလာခဲ့ကြတဲ့ဖက်ဒရယ်စံနစ်ကိုလက်ရှိအစိုးရဘက်ကလက်ခံ
လိုက်ပြီးတဲ့နောက်ပိုင်းလက်ရှိ၂ဝဝ၈ အခြေခံဥပဒေကိုဘယ်လိုသဘောထားရမလဲဆိုတာနဲ့ 
ပါတ်သက်ပြီးစဉ်းစားစရာတစ်ခုရလာပါတယ်။
ဒါနဲ့ ပါတ်သက်ပြီးကျနော့် ရဲ့ပုဂ္ဂလိကအမြင်ကိုဒဲ့ဒိုးပြောရရင်တော့ ၂ဝဝ၈ အခြေခံဥပဒေဟာ
အသွင်သဏ္ဍန်(structure) အားဖြင့်ဖက်ဒရယ်တစ်ပိုင်းဖြစ်နေပြီးသားလို့ ပြောချင်ပါတယ်။
ကြားနေဖတ်နေရတဲ့သတင်းတွေအရရှေ့ လာမဲ့၂ဝ၁၅ နှစ်ထည်းမှာတိုင်းရင်းသား
လက်နက်ကိုင်တွေနဲ့ ခိုင်မာ တဲ့အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခုလက်မှတ်ရေးထိုးနိုင်
လိမ့်မယ်လို့ ယူဆရတယ်။
သမိုင်းဝင်လောက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးတစ်ခုဖြစ်လာမှာ
ကိုမျှော်ကိုးပြီးခုကတည်းကဥပဒေတွင်းရှိနိုင်ငံရေးပါတီတွေတူရာစုဝေးပြီးပြင်ဆင်နေကြပါပြီ။
အဲဒီဆွေးနွေးပွဲရဲ့ agenda ကတော့ဖက်ဒရယ်စနစ်နဲ့ တိုင်းပြည်ကိုပြည်လည်ဖွဲ့ စည်းရေး
ကိစ္စဖြစ်ပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေးခရီးမှာ“The next big thing” လို့ ပြောရမှာပါ။
အရင်စီစစ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။
တိုင်းပြည်ကိုဖက်ဒရယ်စံနစ်နဲ့ ပြန်လည်ဖွဲ့ စည်းမယ်လို့ ပြောတာဟာလက်ရှိ
၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုအကြီးစားသော်၎င်း၊လိုသလောက်သော်
၎င်းပြင်ဆင်မယ်လို့ ကျနော်အဓိပ္ပါယ်ကောက်ပါတယ်။
၂ဝဝ၈ ဥပဒေနဲ့ အစားထိုးပြဌန်းခဲ့တာမျိုးမဟုတ်လောက်ဘူးလို့ ကျနော်ယူဆပါတယ်။
ဒါတောင်မှ ၁၉၇၄ အခြေခံဥပဒေဟာတစ်ပါတီစံနစ်နဲ့လွှတ်တော်တစ်ရပ်ထည်းထားရှိတဲ့အတွက်
ဖက်ဒရယ်နဲ့ မနီးစပ်ခဲ့ပေမဲ့နိုင်ငံတော်ကိုပြည်နယ်အသစ်သုံးခုအပါအဝင်တိုင်းနဲ့ပြည်နယ်ဆယ့်လေးခု
မည်သို့ ဖြစ်စေဆိုရှယ်လစ်တစ်ပါတီစံနစ်အခြေခံဥပဒေနဲ့ပါတီစုံဒီမိုကရေစီအခြေခံဥပဒေတို့ 
သဘာဝချင်းခြား နားချက်ရှိလို့ အပြီးတိုင်ဖျက်သိမ်းအစားထိုးခဲ့ပါတယ်။
အခုတစ်ခါမှာတော့ (၂၀၀၈)ဥပဒေရဲ့ဖက်ဒရယ်အနှစ်သာရကိုပိုပြီးပြည့်စုံအောင်ထပ်
တိုးဖြည့်စွက်ရမှာဖြစ်တယ်လို့ ကျနော်ယူဆမိပါတယ်။
ဒီ၂ဝဝ၈ အခြေခံဥပဒေဟာသက်တမ်း ၆ နှစ်ရှိလာပေမဲ့ဒီဥပဒေဟာလူအများအတွက်
ကာကွယ်ဘို့ အတွက်အဓိကထားရေးဆွဲသွားတယ်လို့ နိုင်ငံရေးအတိုက်အခံတွေက
စွပ်စွဲပုတ်ခတ်ခဲ့ယုံသာမက“နာဂစ်”ဥပဒေလို့ တောင်နာမည်ဆိုးပေးကာချောက်လှန့် ထားခဲ့တာ
အတော်အသင့်ထိရောက်ခဲ့လို့ ဖြစ်တယ်။
သို့ သော်လည်းဒီပုတ်ခတ်မှုတွေကိုကျော်လွှားပြီးသမာသမတ်ကျတဲ့အမြင်နဲ့လေ့လာနိုင်မယ်ဆိုရင်
အာဏာခွဲဝေပေးထားပုံ၊လည်ပါတ်ပုံတွေဟာအတော်အတန်ဖက်ဒရယ်သဘာဝ
ဒီဥပဒေကိုရေးဆွဲသူတွေဟာနောင်တချိန်ချိန်မှာဖက်ဒရယ်စံနစ်ကိုအလွယ်တကူမွေးစားယူ
(adopt)ယူနိုင်အောင်မသိမသာကြိုတင်လမ်းခင်းပေးထားခဲ့လေသလားလို့ ယူဆနိုင်တယ်။
၁၉၈၈ ခုနှစ်အရေးအခင်းနောက်ပိုင်းမှစပီးအာဏာသိမ်းထားခဲ့တဲ့စစ်အစိုးရဟာ၁၉၉၄ ခုနှစ်မှစတင်ကာ
ဆယ့်လေးနှစ်ကြာအချိန်ယူကျင်းပခဲ့တဲ့အမျိုးသားညီလာခံအားဖြင့်ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်ရဲ့အခြေခံမူ
ကြမ်းပြင်မှာဖက်ဒရယ်စံနစ်အကြောင်းထည့်သွင်းဆွေးနွေးရန်အားထုတ်မှုများရှိခဲ့ပါတယ်။
ထိုအချိန်ကတည်းက ဖက်ဒရယ်ဆိုသည့်စကားလုံးကိုမသုံးဘဲဖက်ဒရယ်ဆန်သောအချက်များကို
ထည့်သွင်းပြဌန်းပေးရန်ဆန္ဒရှိခဲ့ကြောင်း၊ ဖက်ဒရယ်ဆိုသောစကားလုံးကိုမူလက်မခံကြောင်းသိရပါတယ်။
၂ဝဝ၈အခြေခံဥပဒေအရတိုင်းပြည်ကိုဖွဲ့ စည်းထားပုံ (structure) ကိုကြည့်ရင်ပြည်ထောင်စုလွှတ်တော်
ဥပဒေပြဌန်းခွင့်များ၊၄င်းတို့ အတွက်သီးခြားရွေးကောက်ပွဲများစတဲ့ဖက်ဒရယ်အသွင်ဖြင့်
တည်ဆောက်ထားပုံတွေအတော်အတန်ပါဝင်လာတယ်။
[ဥပမာ၊လိုအပ်ခဲ့ရင်စစ်တပ်ကအာဏာသိမ်းခွင့်၊လွှတ်တော်အတွင်း ၂၅% နေရာယူထားခွင့်၊
အာဏာရဲ့အချက်အချာဝန်ကြီးဌာနသုံးခုကိုဆက်လက်ကိုင်ထားခွင့်စသည်တို့ ဖြစ်တယ်။
ဘာဘဲဖြစ်ဖြစ်ပါ၊ ဥပဒေဆိုတာလူကလုပ်ထားတာဖြစ်တယ်။တပ်မတော်ကအမျိုးသားနိုင်ငံရေးတွင်
ဦးဆောင်အခဏ်းကဆက်လက်ပါဝင်နေနိုင်ရေးကိစ္စကိုအာဏာ
ရှင်ဆန်တဲ့
hard power သုံးမဲ့အစား soft power သုံးလို့ ရနိုင်နေတာဘဲ။]   
အမှန်အတိုင်းပြောရယင်ပုဒ်မပေါင်း ၄၅၀ကျော်ရှိတဲ့၂၀၀၈အခြေခံဥပဒေကိုတစ်ကြိမ်မက
ဖတ်ဘူးသော်လည်းရှည်လွန်းလို့ စိတ်မရှည်ဘဲတပိုင်းတစနဲ့ ရပ်ပစ်လိုက်တာချည်းဖြစ်ခဲ့တယ်။
ဆိုလိုတာကတော့ကြေညက်နေတယ်လို့ ဝန်မခံတာသာဖြစ်ပါတယ်။
ဒီ ၂၀၀၈ ဥပဒေကိုပြု စုရာမှာနှစ်ပေါင်းများစွာအစ-အဆုံး(မူကြမ်းရေးဆွဲတဲ့အမျိုးသားညီလာခံအဆင့်
ကနေဥပဒေရေးဆွဲရေးကော်မရှင်အထိပါဝင်လုပ်ကိုင်ပေးခဲ့တဲ့ကေအိုင်အေခေါင်းဆောင်ဟောင်းဒေါက်တာ
မနန်တူးဂျာတို့ ဆိုရင်တော့အလွတ်ရလောက်ကောင်းပါရဲ့(နောက်တစ်ကြိမ်လူချင်းဆုံမိမှမေးကြည့်ပါဦးမယ်)။
သို့ သော်အရေးကြီးတဲ့နိုင်ငံတော်ကိုဖွဲ့ စည်းတည်ဆောက်ပုံအခဏ်းကိုတော့အမိအရဖတ်ထား
တဲ့အတွက်ဖက်ဒရယ်ပုံစံကိုသတိထားမိခဲ့ပါတယ်။ ဒါပေမဲ့လဲဒီအချက်ကိုထုတ်ပြောလိုက်
ရင်နိုင်ငံရေးလောကတစ်ခုလုံးနဲ့ ရင်ဆိုင်ရမဲ့အခြေအနေကြောင့်မထုတ်ဖေါ်မိခဲ့ဘူး။
အခုအခါမှာတော့အချိန်ကျလာပြီလို့ ယူဆပါတယ်။ကံကောင်းတာက၂၀၀၈ ဥပဒေရဲ့
တပိုင်းတစဖက်ဒရယ်သွင်ပြင်ကိုသတိထားမိယုံမကအဲဒီတပိုင်းတစအပေါ်ကိုအခြေခံပြီး
အပြည့်အ၀ဖြစ်ပေါ်လာအောင်ဆက်လက်တည်ဆောက်ယူကြဘို့ စံနစ်တကျအကြံပြုထားတဲ့ပညာရှင်
တစ်ဦးရဲ့စာတမ်းတစ်စောင်ကိုခုရက်ပိုင်းအတွင်းအမှတ်မထင်ရှာဖွေတွေ့ ရှိမိတာဘဲ။
ခံစားချက်ချင်းတူယုံသာမကလေးစားလောက်တဲ့တင်ပြချက်လဲဖြစ်နေတယ်။
ဒါ့အပြင်ဖက်ဒရယ်နဲ့ စံနစ်ပါတ်သက်လို့ သာမန်ပြည်သူအများယဉ်ပါးနေအောင်နိုင်ငံတကာကရေးသား
တာတွေထည်းကသင့်လျှော်တာတွေကိုတင်ပြလိုတဲ့အတွက်လဲယခုဆောင်းပါးကိုရွေးချယ်လိုက်ပါတယ်။
ဘာသာပြန်တဲ့လေသံကိုလဲနေရာအတော်များများမှာ၊အရပ်သားနားပေါက်အောင်
(Colloquial style) သုံး ထားပါတယ်။
စာတမ်းကိုပြုစုသူပညာရှင်ဟာမြန်မာနိုင်ငံရဲ့လက်ရှိအစိုးရသစ်လက်ထက်မှာUNDP ရဲ့အမှုထမ်း
ဧည့်ကထိကအဖြစ်နဲ့ ပါဆောင် ရွက်သွားခဲ့ဘူးတဲ့အတွက်မြန်မာ့နိုင်ငံရေးအခြေအနေမှန်ကို
ကိုယ်တိုင်ကိုယ်ကျလက်တွေ့ ထိတွေ့ သိတဲ့သူဖြစ်ပါတယ်။ သူရဲ့မိခင်တက္ကသိုလ်ကဗီယင်နာ
အလည်ပိုင်းအာရှဒေသကော- ကိုဆိုဗို -မက်ဆိဒိုးနီးယားအစရှိတဲ့ဒေသတွေမှာဒီမိုကရေစီ
အုပ်ချုပ်ရေးသို့ ကူးပြောင်းရေးနဲ့ စီးပွားရေးတိုးတက်မှုဆက်နွယ်ပုံတွေကိုအထူးပြုလေ့လာ
သူနှံ့ စပ်သူတစ်ဦးဖြစ်တယ်။ သူဟာ ၂၀၀၈ အခြေခံဥပဒေကိုဖက်ဒရယ်စံနစ်ရှုဒေါင့်ကနေ
ကြည့်ပြီးသုံးသပ်တဲ့စာတမ်းနှစ်စောင်ရေးခဲ့ပါတယ်။
ပထမစာတမ်းကို(၂၀၁၂)မှာရေးခဲ့ပြီးစာမျက်နှာ(၅၀)ရှိတယ်။နောက်၂ နှစ်အကြာ၂၀၁၄ဖေဖေါ်ဝါရီ
မှာပြုစုတဲ့ဒုတိယစာတမ်းကလဲစင်စစ်ပထမစာတမ်းကိုအကျဉ်းချုံးပြီး
Update လုပ်ထားတာဖြစ်လို့နှစ်ခုစလုံးအနှစ်သာရအားဖြင့်အတူတူပါဘဲ။
ယခုဘာသာပြန်ချက်ကတော့ပိုတိုတောင်းတဲ့(၂၈မျက်နှာရှိ)
ဒုတိယစာတမ်းကိုဘာသာပြန်တာဖြစ်ပါတယ်။
ဒီစာတမ်းတွေရှိနေကြောင်းမြန်မာစာဖတ်ပရိသတ်သိချင်မှာသိကြမှာပါ။
ဘာဘဲဖြစ်ဖြစ်အစိုးရသစ်ကဖက်ဒရယ်စံနစ်ကိုပြောင်းဘို့ လက်ခံသဘောတူလိုက်တဲ့
အခုလိုအချိန်မှာရှာဖွေဖတ်ရှုစရာကိုးကားစရာတစ်ခုလွယ်လင့်တကူရနိုင်ကြဘို့ အပြင်
အင်္ဂလိပ်လိုဖတ်ဘို့ အဖက်အခဲရှိတဲ့မျိုးဆက်သစ်လူငယ်စာသင်သားတွေအတွက်ပါ
အထောက်အကူဖြစ်စေရန်အတွက်ဖြစ်ပါတယ်။
ရွှေမြင့်မောင်
စစ်မှန်သောဖက်ဒရယ်စံနစ်ဆီသို့ -  
အခြေခံဥပဒေအရအာဏာခွဲဝေပေးရေးနှင့်ဗဟိုချုပ်ကိုင်မှုအဆုံးသပ်ရေး
ဆီသို့  ဦးတည်သောခဲရာခဲဆစ်ခရီးလမ်း -
[Towards “genuine federalism ”? Myanmar’s inexorable path towards constitutional
devolution and decentralized governance - Marcus Brand]
Venue - Constitutional and Legal Change in Myanmar
Workshop, 13-14, Feb. 2014 Singapore
(Summary / Abstract)
စာတမ်းအနှစ်ချုပ် -
ယခုစာတမ်းတွင်၂၀၀၈ အခြေခံဥပဒေ၏ဖက်ဒရယ်(ဆန်သော)အသွင်သဏ္ဍန်(federal pattern)
ကိုသရုပ် ခွဲစီစစ်သကဲ့ သို့ မြန်မာနိုင်ငံကဖြတ်သန်းနေသောဗဟိုချုပ်ကိုင်မှုလျှော့ချရေး
ဖြစ်စဉ်ကိုနောက်ခံထားလျှက်ယင်းဥပဒေအားပြင်ဆင်ရေးကိုလည်းဆွေးနွေးထားပါသည်။
ရှေးဦးစွာဖက်ဒရယ်စံနစ်(တစ်ခု၏အထွေထွေ)အခြေခံလက္ခဏာသွင်ပြင်များကိုဖေါ်ပြထားပါသည်။
ထို့ နောက် မြန်မာနိုင်ငံ၏လက်ရှိအခြေခံဥပဒေကိုတည်ဆောက်ထားသောအချက်များ
(constitutive elements)ကိုစီစစ်ပါသည်။
ဤသို့ ပြုလုပ်ရာတွင်တွေ့ ရသည့်အရေးကြီးသော(ဖက်ဒရယ်သဘောရှိသော)သွင်ပြင်တစ်ချို့
ကိုပါစာရင်းပြု၍တင်ပြထားပါသည်။စင်စစ် ၂၀၀၈ အခြေခံဥပဒေကိုသဘောကျထောက်ခံနေသူများရော
ကြပုံမပေါ်ပါ။ နိုင်ငံတော်အစိုးရဘက်ကသူရင်ဆိုင်ခဲ့ရသောနိုင်ငံရေးခရီးအတွေ့ အကြုံကြောင့်
“ဖက်ဒရယ်” ကိုစကားလုံးအရပင်လက်မခံသလို၊တိုင်းရင်းသားလူနည်းစုများဘက်ကလည်း
ဖက်ဒရယ်အောက်ယုတ်လျော့မည့်အခြားဘယ်အရာမျှမလိုချင်ဖြစ်နေခဲ့ကြသည်။
သို့ သော်ယခုအခါတွင်ကား(၂၀၀၈)ဥပဒေ၏ဖက်ဒရယ်သဘောသဘာဝကိုသတိထားမိလာကြသဖြင့်
အခြေခံဥပဒေမူဘောင်(basic legal framework)အဖြစ်(ထား၍ဆက်လက်ဆွေးနွေးသွားကြရန်
အားလုံးက)လက်ခံကြသလောက်လုနီးနီးဖြစ်လာပေပြီ။
၂၀၀၈ ဥပဒေထည်းတွင်ဌာပနာအဖြစ်ထည့်သွင်းပေးထားပြီးသောအာဏာဖြန့် ဝေပေးရေး (Devolution)
အသစ်တစ်ခု(a new concept of center-periphery relation)အပေါ်အခြေခံသောဥပဒေသစ်တစ်ခုဖြင့်
အစားထိုးရန်ကားမဟုတ်နိုင်လောက်ပေ။
သို့ ဖြစ်သောကြောင့်ယခုတိုင်မပြီးပြတ်သေးသသော၊ ရလဒ်ကမည်သို့ ဖြစ်လာမည်သေချာပေါက်မပြောနိုင်သော
အချိန်မရွေးလမ်းကြောင်းပေါ်မှချော်ကျနိုင်သည့်အန္တရယ်များဖြင့်လည်းပြီးသောကိစ္စတစ်ခုပင်ဖြစ်နေ
လင့်ကစားဖြစ်နိုင်တာကိုအားထုတ်မှု(pragmatism)ကသာလျှင်ဆွေးနွေးပွဲကိုအသက်ဆက်ပေးနေခြင်း
အားဖြင့်မြန်မာနိုင်ငံတွင်မျိုးဆက်ပေါင်းများစွာတိုင်ဆက်တိုက်ရှာဖွေနေကြသည့်ရေရှည်ခံရလဒ်တစ်ခုရရှိရေး
အတွက်အကောင်းဆုံးခွင့်အရေးတစ်ခုကိုရရှိလာစေပါလိမ့်မည်။ (မားကပ်စ် ဘရန်း)
***************************************************************************
ဆက်ရန် --
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...