Tuesday, November 4, 2014

Hkawa; Kala; Kawa; Lawa; Va ('o' လူမျိုးများ တကယ်ပဲ လူခေါင်းဖြတ် နတ်ပူဇော်ခဲ့ပါသလား ။ (၁))

  • အမှောင်ကမ္ဘာ 
           မျက်မှောက်ခောတ် မြန်မာ နိုင်ငံဟု ခေါ်ဝေါ် အသိအမှတ်ပြု သတ်မှတ်ထားသော နိုင်ငံတကာ နယ်နိမိတ်မျဉ်းအတွင်းရှိ ဒေသကြီးအတွင်းသို့ ပထမ မွန် ၊ ခမာလူမျိုးအုပ်စု၊ ဒုတိယ တိဗက် ၊ မြန်မာလူမျိုး အုပ်စု နှင့် တတိယ ထိုင်း ၊ တရုတ် နွယ်လူမျိုး အုပ်စု တို့ ရှေ့ဆင့် နောက်ဆင့် အသီးသီး ၀င်ရောက်လာ ကြပြီးဖြစ်သော်လည်း လူဦးရေမှာမူ နည်းပါးလှသေး၏ ။ လူဦးရေ နှင့် နှိုင်းစာသော် ဒေသ ကြီးက ကျယ်ဝန်းလှချေ၏ ။
နောင် တွင်  ‘ ၀ ’ တောင်တန်း ဟု အမည် သည ခေါ်တွင်လာမည့် တောင်တန်းဒေသ တောရိုင်းကြီး အတွင်းသို့ ချင်းနင်းဝင်ရောက် ကနဦးအစ ထူထပ်လှသော တောင်တန်း ၊ တောအုပ်ကြီးအတွင်း ၀င်သွားသည်နှင့် ပျောက်သွားတော့၏ ။ လူဟူ၍  ‘ o ’များသာရှိ၏ ။
          ဤနေရာ ၊ ဤဒေသကြီး အတွင်းသို့ေ၇ာက်ရှိအခြေချလာကြသော ‘၀’ များက လည်း ကြိုတင်စဉ်းစား ထွက်ချက်၍ အေးအေးလူလူ ရောက်ရှိလာကြရသူများမဟုတ်ကြ ၊ ကျိုင်းတုံ မှ ထွက်ခွာခဲ့ရစည်ကတည်းက စစ်ပြေး ဘ၀ဖြင့် ကိုယ့်မိသားစု နှင့်ကိုယ် ၊ ကိုယ့်ဆွေမျိုးအုပ်စု နှင့် ကိုယ် ၊ တစ်နှိုင်ပစ္စည်းကို ထမ်းနှိင်သူက ထမ်းပိုး ၊ လမ်းမလျှောက်နိုင်သူကလေးကို ချီပိုးနိုင်သူ က ချီပိုး ၊ သက်ကြီး ရွယ်အို ဘိုးဘွားတို့ကို တွဲနှိင်သူက တွဲဖြင့် ရန်သူ စစ်ဘေးအန္တာရာယ်မှ လွတ်ရေးသာ အဓိကဖြစ်သောကြောင့် စားရေး ရိက္ခာအပြည့်အစုံ မပါလာနိုင်ခဲ့ကြပေ ၊၊ စိုက်ပျိုး စားသောက်ရန်မျိုးစပါး ၊ မျိုးသီးနှံ ဆိုသည်ကို သယ်ယူလာရေး စဉ်းစားရန်ပင် အချိန်မရခဲ့ကြ ၊၊ သို့နှင့် အချို့သော မိသားစု၊ အချို့သော မျိုးအုပ်စု တို့တွင် ခရီးရှည်လာ ၊ ရက်ကြာလာသည် နှင့်အမျှ ရိက္ခာခည်း ပြတ် ၊ေ၇လည်းငတ် ဖြစ်လာကြ၇လေတော့သည် ၊၊
          လမ်းခရီး ကား ရေကြောင်းခရီး  မဟုတ် ၊ ကုန်းလမ်းခရီးဖြစ်၏ ၊။ တောတွင်း ၊ တောင်ပေါ် ခရီးဖြစ်သော်လည်း
ခရီးလမ်းတစ်လျှောက်နေရချိန်တွင် သစ်သီး ၊ သစ်ဥရှာဖွေ စားသောက်နေရချိန်တွင် ခရီးလမ်းလျှောက် ၍ မရတော့ပေ ။ ဤ တွင် ရိက္ခာလည်း ပြတ် သွားကြ့သောသူများ ရိက္ခာ အနည်းငယ်သာ ကျန်တော့သည့် သူများ မိသားစုအလိုက် ကိုယ့်ဆွေမျိုးအုပ်စု နှင့်ကိုယ် ၊ ကိုယ်နှစ်သက်ရာ အရပ် ၊ ဒေသတို့တွင် ချန်ရစ်ခဲ့ကြလေတော့သည် ၊။ သို့ဖြင့်ပင် နောင်သောအခါ ခေါ်တွင်လာတော့မည့်  ‘ ၀’  တောင်တန်းကြီးပေါ်တွင် မိသားစုဆွေမျိုး အုပ်စု အလိုက် အုပ်စုငယ် များ အဖြစ် များအဖြစ် နေထိုင်မူ စတင်ပေါ်ထွန်း လာခဲ့လေတော့သည် ။
 
      ဆွေမျိုးသားချင်းများသာ စုဖွဲ့နေထိုင်ခြင်း ၊ ‘၀’  တစ်မျိုးသားတည်းသာဖြစ်ခြင်း ၊ လူဦးေ၇ အလွန်နည်းပါးသေးခြင်း ၊ အန္တာရာယ် ပြုမည့်ရန်သူဟူ ၍ မရှိ ၊ ငြိမ်းချမ်းစွာနေထိုင်နိုင်သြော အခြေအနေဖြစ်သည် ။ ဒေသပတ်ဝန်းကျင် ငြိမ်းချမ်းသော်လည်း ၀မ်းစာရှာဖွေ စားသေက်ရသည်ကား ၊ မငြိမ်းချင်းချေ ။ တောတွင်းဝင် ၊ တောင်ခြေဆင်း သစ်သီးသစ်ဥ ၇ှာဖွေရ၏ ။ တောလိုက် ၊ သားဖမ်း မုဆိုး အလုပ်ကိုလည်း လုပ်ရ၏ ။ တစ်ဦးချင်း သားကောင်ရှာ ၊ ဒူးလေး ၊ လေးမြှားတို့ဖြင့် ပစ်ခတ်ဖမ်းဆီးရသည်လည်း ရှိ၏ ။ တိရစ္ဆာန်အငယ် အကောင်သေး ကြက်၊ ဌက် တို့ကို ပစ်ခတ်ဖမ်းသည်ဖြစ်စေ ၊ ထောင်ချောက် ၊ ကျော့ကွင်း ဖြင့် ဖမ်းသည်ဖြစ်စေ ၊ တစ်ဦး တစ်ယောက်တည်းဖြင့် ဖမ်းဆီး နှိင်သော်လည်း ၊ ပို၍ အရွယ်ကြီး အားသန် ၊ အပြေးမြန်သော ဆတ် ၊ စိုင်း ၊ ချေ ၊ သမင် တို့ကို ဖမ်းဆီးရာတွင် ဖြစ်စေ ၊ အန္တာရာယ်ပြန်ပြုနှိင်သော ၀က်ဝံ ၊ သစ်ကျား ၊ တောဝက် ကဲ့သို့ တောကောင် တို့ကို ဖမ်းဆီးရာတွင်ဖြစ်စေ ၊ လူစု လူဝေး ဖြင့်သာ ဖမ်းဆီး ကြရသည် ။ ထိုအခါများတွင် မိသားစုအတွင်းရှိသမျှလူ ၊ အုပ်စုအတွင်း ရှိသမျှလူ အားလုံး ပါဝင်ရသည်။ မသန်စွန်းတော့သည့် ဘိုးဘွားအို ၊ အရွယ်မရောက်သေးသည့်ကလေး နှင့် ဖျားနာသူများသာ ကျန်ရစ်ရတော့သည်။တောကောင်ကြီးများ ၊ ဖမ်းဆီးမူကို နေ့စဉ်မလုပ်နိုင်သော်လည်း ၊ သစ်သီး သစ်ဥ ရှာဖွေရမူမှာ နေ့စဉ်အလုပ်ဖြစ်၏ ။ နေ့စဉ် စားယောက် အသက်ရှင်ရေးသည်ပင် ခက်ခဲ ပင်ပန်း သည်မဟုတ် ။ အရှက်လုံရန် ရာသီဥတု ဒဏ်ကို ကာကွယ်ရန် အ၀တ်အထည်သည်လည်း ခက်ခဲကြမ်းတမ်း၏ ။  ၀ါဖြင့် ရက်လုပ်သော အ၀တ်ကို မ၀တ်နှိင်ကြတော့ပေ ။ တောတွင်းမှ ရှာဖွေ ရရှိသော လျှောပင်ကို အခွံခွာ၍ အ၀တ်အဖြစ် ရက်လုပ် ၀တ်ဆင်ကြရ၏ ။ ယောက်ျား ကြီးများက ခန္တာကိုယ်အထက်ပိုင်းဗလာ ၊ အောက်ပိုင်းတွင် အရှက်ဖုံးရုံ ( လံကွတ်တီ ) အင်္ဂါ များကို သာ ၀တ်ဆင်နိုင်ကြတော့သည် ။ မိန်းမပျိုလေးများပင် ဘ၀ အကျတွင် အလှအပကို မစဉ်းစားနိုင်ကြတော့ ၊။ အရှက်လုံရုံ ခန္တာကိုယ် အောက်ပိုင်းကိုသာ ကာကွယ် နိုင်ကြတော့သည်။
           တစ်ရက် စားရန် တစ်ရက် ရှာရသောဘ၀ ၊ နေထွက်မှ နေ၀င် တစ်နေကုန် ခက်ခဲ ပင်ပန်းစွာရှာဖွေ ကြရသော်လည်း ၀မ်းစာဖူလုံသည် ဟူသော စကားကို ကလေးသူငယ်များမကြားရဖူးသော ကာလ ၊ တောတောင်သဘာဝ၏ ခက်ခဲမူနှင့် ကြမ်းတမ်းသော ရာသီဥတု ရှိရာ ၀န်းကျင်ဒေသတွင် နေ့စဉ် စားရေး အတွက်သာ အားသွန်လုံးပမ်းနေသောအချိန်သည် ရက်ကို လစား ၊ လကို နှစ်စား တစ်နှစ်ပြီး တစ်နှစ် နှစ်ပေါင်းများစွာ ကုန်မှန်း မသိကုန်ဆုံးကျော်လွန်သွားခဲ့ ကြသည် ။ အတူပါလာသော  ၊ ဘိုးဘွားများ ၊ မိဘ များလည်း ကွယ်လွန်ခဲ့ကြပြီ ။ တစ်တောင်ကို ကျော် ၊ တစ်တောကိုပြောင်းေ၇ွှ့ခဲ့ကြရသည်မှာလည်း မနည်းလှတော့ ။ မပြောင်းလဲ နိုင်ကြသေးသည်မှာ တစ်ရက်ပြီးတစ်ရက် အသက်ဆက်လက်ရှင်သန်နိုင်ရန် စားဝတ် နေရေး ကို ဖြေရှင်း နေရသည့် အတွင်း နှစ်မြုပ် လုံးချာ လိုက်နေရသည့် ဘ၀ဖြစ်သည် ။

    
   သို့နှင့် မြန်မာပြည်အလယ်ပိုင်း ၊ ကျောက်ဆည် ၊ ပုဂံ ၊ စစ်ကိုင်း ၊ အင်းဝ အရပ်တို့တွင် အခြေချ နေထိုင် ကြသော ကိုယ့်အမျိုးတူ ‘၀’ များနှင့် လည်းကောင်း ၊ မြန်မာပြည် တောင်ပိုင်း ပဲခူး ၊ မုတ္တမ ၊ မော်လမြိုင် ၊ ရေး ၊ ထားဝယ် ဒေသ တို့တွင် အခြေချ နေကြသော ကိုယ့်အမျိုးတူ ‘၀’ များ နှင့်လည်းကောင်း ၊ ကိုယ့်ဘိုးဘွား ၊ မိဘ များကိုယ်တိုင် တည်ဆောက်ထူထောင်ခဲ့သော နောက်ဆုံး စွန့်ခွာခဲ့ ရာ ကျိုင်းတုံ ဒေသတွင် ကျန်ရှိသည့် ကိုယ့်လူမျိုး ၊ ကိုယ့်ဆွေ မျိုးများ နှင့် လည်းကောင်း အလှမ်းကွာသည်ထက် ကွာဝေးခဲ့ကြရသည် ၊၊ ရန်သူ့ဘေး မှ ရှောင်ပြေး ပုန်းအောင်းနေရသဖြင့်လည်း အကြောင်းမကြားနိုင် ၊ အသိမပေးနိုင် ၊ အဆက်အသွယ်များ လုံးဝ ပြတ်တောက်သွားကြလေတော့သည် ။ ကျိုင်းတုံ လူ့အဖွဲ့ အစည်းအတွင်း တတ်မြောက် ထားကြသော စာပေ အရေးအသား ကိုလည်း ပြန်လည်လေ့ကျင့်သင်ယူခွင့် မရ ၊ အသုံးချရမည့် နေရာလည်းမရှိတော့ သဖြင့် စာပေ အရေးအသား သည် လုံးဝ ပျောက်ဆုံးကုန်တော့သည် ။ အူမ မတောင့်ကြလေတော့ သီလမစောင့် နိုင်ကြတော့သဖြင့် ၊ မူလယုံကြည်ခဲ့ကြသော ဗုဒ္ဓဘာသာ ကိုးကွယ်မူ သည်လည်း တဖြည်းဖြည်း မှေးမှိန် သွားခဲ့လေတော့သည် ။
ဆက်လက်ထိန်းသိမ်းထားနိုင်သည်မှာ ကျိုင်းတုံသား ၀ လူမျိုး ၊ မျိုးဆက်သာဖြစ်သည် ။ ထိုအချိန်က ‘၀ ‘တောင်တန်းရောက် ‘၀’ တို့တွင် တောတွင်း လှည့်လည် သစ်သီး သစ်ဥ ၇ှာဖွေစားသောက်ခြင်း အသိ နှင့် အမဲလိုက် ခြင်း အတတ်ပညာသာ ကျန်ရစ်တော့သည် ။
           ‘၀’ တောင်တန်းရောက် ‘၀’ တို့အတွက် အခက်ခဲဆုံး ရာသီသည် မိုးရာသီ ဖြစ်သည် ။ ‘၀’ တောင်တန်းတွင် မိုးကောင်း ၊ မိုးသည်းထန်စွာ ရွာသွန်းတတ်သကဲ့သို့ ရက်ဆက် လည်း ရွာတတ်၏ ။ ရက်ဆက်မိုးရွာသော နေ့များတွင် အစာရှာရန်လည်းခက် ၊ အ၀တ်မလုံ ၊ ခြုံရန်စောင်လည်း ၇ှားပါးလှသဖြင့် ထင်းမီး၏ အပူဓါတ်ကို အားကိုး ၊ မီးဖိုပတ်လည် တွင် စုပြုံအိပ်စက် ကြ၍ မိုးတိတ်သွားမည့် အချိန်ကိုသာ စောင့်စားလျက်အချိနန်များကို ကုန်လွန်သွားစေကြ ရလေတော့သည် ။
          ရွာကျလာသော မိုးရေသည် ကျရောက်ရာနေရာတွင် ရပ်တန့် မနေ မိုးရေစက်များစုပေါင်း၍ စမ်းရေဖြစ်လာသည် ။ စမ်ေးရမှသည် ရေစီးမြောင်း ၊ မြောင်းမှသည် ချောင်း ၊ ချောင်းမှ သည် မြစ် အဖြစ်သို့ ကြီးမားကျယ်ပြန့်လာသည် ၊၊ ကျယ်ပြန့်လာသော မြစ်ကြီး သည်လည်း ရပ်တန့် ၍ မနေ မြစ်မကြီးမှ တဆင့် ပင်လယ်မှသည် သမုဒ္ဒရာကြီး အတွင်းသို့ အရောက်ခရီးပေါက် မရပ်မနေစီးဝင်သွားလေတော့သည် ။ သမုဒ္ဒရာကြီးသည် ကျယ်ဝန်းလှ၏ ။ တစ်ဘက်ကမ်းမှ တစ်ဘက်ကမ်း သို့ လှမ်းမျှော၍မျှ မမြင်နိုင် ။ ကမ်းကိုလည်း မမြင် ၊ လမ်းကိုလည်း မမြင် ၊ ဝေးကွာလွန်းလှပါတကား။
'
          မှတ်ချက် ။ '၀' သမိုင်းစာအုပ် ( စာမျက်နှာ ၁၁၄ ) မှ ကောက်နှတ်ထားပါသည်။ မသိသေးသော ညီအစ်ကို မောင်နှမ များ နှင့် google ထဲမှ တစ်ဆင့် '၀' သမိုင်းကို    ရှာဖတ်ဖို့ အချိန်မရ ရှိတဲ့ ညီအစ်ကို များအတွက်သာ ရည်ရွယ်ပြီး တင်ထားခြင်း ဖြစ်ပါသည် ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...