Tuesday, November 18, 2014

အရှည်ကြီး (ကိုငွေထွန်းမြင့် ခေါ် ထွန်းထွန်း)

- အရှည်ကြီး (ကိုငွေထွန်းမြင့် ခေါ် ထွန်းထွန်း) က ထမင်းမစားနိုင်တာ အတော်ကြာပြီလို့သိရပါတယ်၊ သူက အမေရိကန်နိုင်ငံ၊ ယူထ ပြည်နယ်၊ Salt Lake City နဲ့ မိုင် ၈၀ လောက်ဝေးတဲ့ Logan မြို့လေးမှာ ဆူရှီး လိပ်နေတာ တလလောက်ရှိပါပြီ။ တနေ့က (၂၀၁၄ နိုဝင်္ဘာ ၁၃) အလုပ်ထဲမှာ လဲကျလို့၊ သူ့အလုပ်ရှင်က အိမ်မှာဘဲ နားခိုင်းထားပါ တယ်၊ ဆေးရုံသွားဖို့ သူ့အလုပ်ရှင်ကပြောတာ မသွားဘူး၊
ရတယ်ဆိုပြီးနေတယ်တဲ့။ နောက် တနေ့(နိုဝင်္ဘာ ၁၄)သူတဦးတည်း အိမ်မှာနားနေပါတယ်။ အလုပ်မသွားပါ။ အလုပ်ရှင် အိမ်ပြန်လာတော့ အိမ်သာထဲမှာ လဲကျနေတာ ခေါ်လို့မရတော့ဘူးလို့ သိရပါတယ်။ အလုပ်ရှင်က အရေးပေါ် ဖုန်းနံပါတ် 911 ခေါ်ပြီး ဆေးရုံပို့ပါတယ်၊ ဆေးရုံရောက်တော့ ဆုံးတာပါဘဲ။

- အရှည်ကြီးက အစာအိမ်ရောဂါဖြစ်နေတာကြာပြီလို့ သိရပါတယ်။ ဆေးမကုဘဲနေ နေ တာ သွေးဝမ်းတွေသွားပြီး၊ အစာအိမ် သွေးကြောပေါက်သွားတာဖြစ်မယ် ထင်ပါတယ်။
- သူနေတဲ့မြို့မှာက မြန်မာမိသားစုတွေ နေထိုင်တာ အလွန်နည်းပါး ပါတယ်။ မြန်မာကွန်မြူ နတီလည်း မရှိဆိုတော့ အလောင်းကို ပိုင်ရှင်မဲ့အလောင်းအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာမြို့ အာဏာပိုင်များက စီစဉ်မြုပ်နှံဖို့ ဖြစ်နေပါတယ်။ အဲဒီမြို့နဲ့ မိုင် ၈၀ လောက်ဝေးတဲ့ Salt Lake City မှာတော့ မြန်မာလူမျိုးများနေထိုင်ပြီး မြန်မာ ကွန်မြူနတီလည်းရှိတယ်ဆိုတော့ သူ့အလောင်းကို အဲဒီမြို့ကို သယ်ယူမြုပ်နှံဖို့တော့ ကျနော်တို့ စီစဉ်နေပါတယ်။ အဲဒီမြို့နဲ့ အခြားနီးစပ်တဲ့ ပြည်နယ်က မိတ်ဆွေ/ရဲဘော်များနဲ့ ကျနော်တို့ တိုင်ပင်နေပါတယ်။
- သူ့ဖြစ်စဉ်ကို တာဝန်ယူထားတဲ့ ရဲအရာရှိအမည်က (Sean Marshall) ဖြစ်ပါတယ်။ ရဲအရာရှိရဲ့ ဖုန်းနံပါတ်က(၄၃၅ - ၇၁၆ ၉၃၄၉)ပါ။
- သဂြိုစရိုက်ကလည်း(အမေရိကန်အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်ခံရမှု တရားဝင် မရှိရင်)ဈေးအလွန်ကြီးပါတယ်။ ဒါကြောင့် Salt Lake City က မြန်မာကွန်မြူနတီက တာဝန်ယူ စီစဉ်ပေးဖို့ အကူညီတောင်းနေဆဲပါ။
- အရှည်ကြီးမှာ ညီအကိုတွေရှိပါတယ်။ ပြည်မြို့မှာ နေထိုင်ပါတယ်။ နီးစပ်ရာ ရဲဘော်များက သူ့ညီများထံ ဆက်သွယ်အကြောင်းကြားထားပြီးပါပြီ။
- ကိုငွေကျော်မြင့် က အရှည်ကြီးရဲ့ ညီအရင်းပါ ဖုန်းနံပါတ် (၉ ၄၂၃၇ ၁၀၆၅၁)ဖြစ်ပါတယ်။
- ကိုငွေကျော်လွင် က ၀မ်းကွဲညီပါ၊ ဖုန်းနံပါတ်(၉ ၄၂၃၆ ၆၂၂၀၄)ဖြစ်ပါတယ်။
- ထပ်မံရရှိတဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြပေးပါဦးမယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...