Wednesday, November 26, 2014

ကျွန်တော်နေချင်သောတိုင်းပြည် (အပိုင်း ၃)

(မနက်စာမစားရသေးသော်လည်း ကျွန်တော်စိတ်မပူပါ။ကုမ္ပဏီ ကနံနက်စာနွားနို့
နှင့်ကိတ်မုန့် အပြင်နေ့လည်စာပါတာဝန်ယူထားသဖြင့် ရုံးရောက်ရင်တော့စားရပါ
မည်။ဖယ်ရီမရှိသော်လည်း အိုင်ပေးကဒ်များထုတ်ပေးထားသဖြင့် ရုံးကိုတော့အ
လွယ်တကူသွားနိုင်ပါသည်။)စာဖတ်သူအထင်မကြီးနဲ့နော် အဲ့ဒါမျိုးကုမ္ပ္ပဏီမြန်မာ
နိုင်ငံမှာမရှိသေးပါဘူး အိမ်မက်ထဲကတိုင်းပြည်ကိုပြောတာပါ။အခုဆူလေကို ရွှေပြည်
သာကနေ အထူးကားကို တစ်နာရီကျော်စီးရပါတော့မည်။ကုမ္ပဏီတွင် ဒီနေ့အရေးတ
ကြီးဆွေနွေးပွဲရှိနေသဖြင့်လူကြီးတွေခေါင်းချင်းရိုက်နေကြပါသည်။ အမေရီးကား၏ အ
ထင်ကရမြို့တော် နယူယော့သို့ ရက်တိုပညာသင်လေ့လာရန်ဖြစ်ပါသည်။ ထူးချွန်
သောဝန်ထမ်း ၃ ယောက်ရွေးချယ်လွှတ်မည်ဖြစ်ပါသည်။ ကျွန်တော်ကတော့ရင်ခုန်
စွာဖြင့်ငါပါမှပါပမလားဟု့ တထိတ်ထိတ်ဖြင့်မျှော်လင့်နေမိရာ နံနက်စာမစားရသေး
ကြောင်းကိုသတိမရဘဲ ရေကြည့်ပဲဖိသောက်နေမိပါသည်။

ကျွန်တော်ကံကောင်းသည်
ဟု့ပြောရမလားဘဲ ၃ ယောက်မဟုတ်တော့ဘဲ ၄ ယောက်ဖြစ်သွားပြီး ကျွန်တော့ကို
ဂျိုကာအဖြစ် ၄ ယောက်မြောက်ထည့်လိုက်မှာဖြစ်ကြောင်းသိရသည်။စည်းဝေးပွဲလဲ
ပြီးပြီမို့ ကျွန်တော်တို့မှာခရီးထွက်ဖို့ပြင်ဆင်ကြ ကုမ္ပ္ပဏီဝန်ထမ်းများမှာလည်းစည်း
ဝေးပွဲတစ်ခုထွက်ရမည်မို့ ဖုန်းစောင့်ရန်အောက်ဆုံးဝန်ထမ်းတစ်ယောက်သာထား
ခဲ့ကြမည်ဖြစ်ပါသည်။တစ်ကယ်တန်းတွင်မူလူကြီးများမှာ ယနေ့သွားရမည်မို့လိုအပ်
တာများဖြည့်စွတ်ဆွေးနွေးနေကြခြင်းဖြစ်ပါသည်။လွှတ်မည့်သူများကိုလဲတံခါးပိတ်
တိုင်ပင်ရွေးချယ်ပြီးသားဖြစ်ကြောင်းနောက်မှသိရပါသည်။အိုးငါအမေရီးကားကိုသွား
ရပါတော့မှာပါလား။ငါပြန်လာရင်မြန်မာနိုင်ငံအတွက်ဘာသယ်လာရင်ကောင်းမလဲ
အမေရီကန်လူမျိုးတွေရဲ့စိတ်ဓါတ်လား ၊နည်းပညာများလား ၊အမေရီကန်နိုင်ငံရဲ့
စနစ်လား လားပေါင်းများစွာတွေးကာလေယဉ်ကြီး လေဆိပ်ကိုအ၀င်မှာတော့ရင်
ဘတ်များတစ်ဒိန်းဒိန်းဖြင့်ခုန်နေပါတော့သည်။တစ်ခါမှမရောက်ဖူးသောနေရာကိုး
သို့သော်လည်းလေဆိပ်မှဆင်းလိုက်သည်နှင့် မျက်စိယဉ်နေသောကနုပ်များနှင့်လေ
ဆိပ်အဆောက်အဦးကြီးကိုတွေ့လိုက်ရသဖြင့် မရိုးမရွဖြစ်မိပါသည်။ခေတ်မီဆန်းသစ်
သောအဆောက်အဦးဖြစ်မည်ဟု့ထင်ထားသော်လည်း ပန်းတမော့လတ်ရာများဖြင့်
ဗိမာန်ကြီးကိုမြင်တွေ့လိုက်ရပါသည်။အနီးအနားမှခရီးသည်တစ်ဦးကိုမေးကြည့်ရာ
ဟုတ်ပါတယ် ဒီအဆောက်အဦးကပြန်ဆောက်ထားတာမကြာသေးပါဘူး အရှေ့
တောင်အာရှကအနုပညာရှင်များခေါ်ယူအလုပ်အပ်တာဖြစ်ကြောင်း ဘယ်နိုင်ငံလဲ
တော့သေသေခြာခြာမသိကြောင်းပြောသဖြင့် မြန်မာလူမျိုးများ၏လက်ရာဖြစ်နိုင်
ကြောင်းတွေးမိပြီးဂုဏ်ယူမိပါသည်။လေဆိပ်အပြင်ရောက်သည်နှင့်ကျွန်တော်အံ့
သြသွားရပါတော့သည်။မြန်မာ့ရိုးရာဝတ်စုံများဝတ်ဆင်ထားသောလူများကိုတွေ့ရ သောကြောင့်ဖြစ်ပါသည်။
အဖော်ကိုအရေးတကြီးမေးမိရာ ဟုတ်တယ်ဒီနေရာမှာ
မြန်မာလူမျိုးအများအပြားရှိကြောင်း အလုပ်လုပ်ကိုင်နေကြကြောင်း ဒီမှာမြန်မာဝတ်
စုံဝတ်သော်လည်းဖမ်းစီးမည့်သူမရှိကြောင်း တလေးတစားပင်အကြည့်ခံရကြောင်း
ဟု့ဆိုသဖြင့် တော်သေးတာပေါ့ မလေးရှား၊စင်ကာပူ ၊ထိုင်းမှာဆိုရင်တော့တော်
တော်မလွယ်တဲ့ကိစ္စပဲဟု့တွေးမိပါသည်။မြန်မာဝတ်စုံနှင့်မြန်မာလူမျိုးများသာတွေ့
နေရသဖြင့် လာကြိုသောကားပေါ်မှဂုဏ်ယူစွာလက်ပြနှုတ်ဆက်နေမိပါသည်။ကျွန်
တော်တို့ကိုဖိတ်ခေါ်သောအဖွဲ့အစည်းနှင့်လေယဉ်ကွင်းသည်မဝေးကြောင်းသိရပါ
သည်။အဆောက်အဦးအပေါ်ထပ်မှလှမ်းကြည့်ရင်ပင်လေယဉ်ကွင်းကိုပင်မြင်နိုင်
သည့်အပြင် မြန်မာတွေနေသောနေရာအတွင်းတွင်ရှိသဖြင့်မြန်မာတစ်ယောက်ဖြစ်
သောကျွန်တော့်ကိုနွေးထွေးစေပါသည်။အထပ်၈၀ ခန့်ရှိသော တိုက်မြင့်ကြီးတွင်
မှန်ဓါတ်လှေခါးများမှာဆင်းလိုက်တက်လိုက်ဖြင့်အလုပ်ရှုပ်နေကြပါသည်။၎င်းဓါတ်
လှေခါးကြီးစီးပြီးအပေါ်တက်ရမည်ဆိုသဖြင့် ရင်ခုန်မိပါသည်။မြန်မာတွေနေသော
အမေရီးကားမှရပ်ကွက်ကြီးကို အပေါ်စီးမှကြည့်ရပါဦးမည်။ ပတ်ဝန်းကျင့်ရှု့ခင်းများ
ကိုရှင်းရှင်းလင်းလင်းတွေ့မြင်ရပါတော့မည်။မကြာမီပင် ဓါတ်လှေခါးဝန်ထမ်းက
ကျွန်တော်တို့သွားမည့် အထပ် ၆၀ ရှိရာသို့လိုက်ပို့ပေးပါသည်။ဓါတ်လှေကားမှာ
တဖြည်းဖြည်းမြင့်တက်လာရာကျွန်တော်လည်း ရင်တွေတဖြေးဖြေးခုန်ရာမှ မြန်လာ
ပြီးတဒိုင်းဒိုင်းခုန်လာပါသည် လုံခြုံစိတ်ချရသောနေရာမှာနေနေရသော်လည်းထို
လောက်အမြင့်ကို ရှင်းရှင်းလင်းလင်းမရောက်ဖူးသဖြင့်ရင်ခုန်တာကတစ်ကြောင်း
မြန်မာတွေနေသောရပ်ကွက်မှာ စီစီရီရီမြင့်မြင့်မားမားသပ်သပ်ရပ်ရပ်ဖြင့် ကုဗတုံး
ကလေးများဖြင့်တည်ဆောက်ထားသောပန်ချီကားတစ်ချပ်ကြည့်ရသလို ရင်မှာ
တလျှပ်လျှပ်ဖြင့်ခုန်နေခြင်းဖြစ်ပါသည်။အမြင့်သို့ရောက်လေ ပိုကြည့်ကောင်းလေ
လေယဉ်ကွင်းကြီးကိုလည်းမြင်ရပါပြီး လေယဉ်ကွင်းနောက်တွင်တော့ ရွှေရောင်
တ၀င်းဝင်းလက်နေသော တြိဂံလိုအရာကိုလှမ်းမြင်လိုက်ရသဖြင့် စိတ်ထဲမှမြန်မာ
တွေတည်ထားသော ဘုရားများလားဟုတွေးမိပြီးဓါတ်လှေခါးမောင်းသူကိုမေးကြည့်
ရာထိုသူ့စကားကြောင့်အင်မတန်အံ့သြသွားရပါသည်။

(ဆက်လက်ဖော်ပြပါမည်)
လမ်းပြသူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...