Monday, November 10, 2014

အပိုင်း(၁) “အိုဘားမား၊မြန်မာထိပ်သီးများနှင့်၊ တရားမျှတ၍ လွတ်လပ်သော (၂၀၁၅) ဆီသို့”

၉၊နိုဝင်ဘာ၊၂၀၁၄နေ့ထုတ် ၊မက်ဆင်ဂျာ၊ဂျာနယ် မျက်နှာဖုံးဆောင်းပါးရှည်။ ။

- အိုဘားမားခရီးစဉ်အပေါ်၊မြန်မာ့သမိုင်းနှင့်ယှဉ်၍ စာရေးသူမြင်သမျှ၊သုံးသပ်ချက်ဖြစ်ပါသည်။ အပိုင်းလေးပိုင်းခွဲ၍ တင်ပေးပါမည်။

အပိုင်း(၁)

“အိုဘားမား၊မြန်မာထိပ်သီးများနှင့်၊တရားမျှတ၍လွတ်လပ်သော(၂၀၁၅)ဆီသို့”

(မင်းဒင်)

(၁) ပန်းစပယ်နန်းအလယ်မပေါ်ခိုက်ဟာမို့

“နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၁)တွင် လာမည့် နိုဝင်ဘာ (၁၁ )နှင့် (၁၂) ရက်များ၌ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ အိုဘားမားတက်ရောက်မည်” ဟူသောသတင်းအပေါ်၊မြန်မာလူထု၏ ခံစားချက်ကို အလင်္ကာဆင်၍စကားဆိုရလျှင်၊ကမ္ဘာဦးလူတို့နေလကိုမျှော်တကြသည့်အဖြစ်ကိုပင်သတိရ
စရာကောင်းသေးတော့၏။

ထူးမခြားနားစစ်ဝါဒီဇာတ်မျောရှည်ကြီးဖြင့် မတိုးသာမဆုတ်သာ၊အီခံနေသော မြန်မာ့နိုင်ငံရေးသည် “အိုဘားမားမြန်မာပြည်လာဦး မည်”ဟူသော သတင်းကြောင့် လှုတ်ခတ်ဆူညံသွားရပြန်လေပြီ။
 (၂၀၁၂)ခုနှစ်၊ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်၊ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတဘားရက်အိုဘားမား၏ခရီးစဉ်သည်၊ မြန်မာ့နိုင်ငံရေးရှေ့ခရီးအတွက် များမြောင်လှသောနောက်ဆက်တွဲရလာဒ်တို့ကို ဖြစ်ပေါ်စေခဲ့၏။ထိုရလာဒ်တို့သည် မြန်မာ့အတိုက် အခံတို့ထက် စစ်ဝါဒီမျိုးဆက်မြန်မာအစိုးရကိုသာ အကျိုးများစေခဲ့သည်ဖြစ်ရာ၊ အိုဘားမား၏ ဒုတိယမ္ပိ ခရီးစဉ် အပေါ်၊စနစ်ဆိုးဒုက္ခ တောထဲမှ မလွတ်မြောက်နိုင်သေးသည့်၊မြန်မာလူထုအဖို့၊ မျှော်လင့်ချက်ကြီး ရပြန်လေသည်။

သည်တကြိမ်တွင်လည်း အိုဘားမားရောက်မလာမီမှာပင် စိတ်လှုပ်ရှားဖွယ်၊မြန်မာ့နိုင်ငံရေးအလှုပ်အခတ်ဖြစ်ရပ်တို့တသီတတန်းကြီး ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရပြန်သည်။ မြန်မာ့ဒီမိုကရေစီရေးအရွေ့သည်၊ကျေနပ်အားရစရာမရှိဟု အိုဘားမားက သတိပေးလာသည်။ သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်၏။မည်သူမည်သို့ရွေးချယ်သည်ဟုရေရေရာရာ မဖော်ပြနိုင် သည့်၊မြန်မာ့နိုင်ငံရေးထိပ်သီး(၁၄)ဦးတို့ ၊နေပြည်တော်ရှိသမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးကြသည်။မြန်မာပြည်သို့အိုဘားမား ရောက်ရှိမည့်ရက်ပိုင်းအတွင်းမှာပင်၊တရုတ်သမ္မတဇီကျင်းပင်နှင့် မြန်မာသမ္မတတို့၊တရုပ်နိုင်ငံတွင်၊အချိန်ကိုက် တွေ့ဆုံရန်ရှိသည် ဟုလည်း သတင်းများက ဆိုသည်။ထိုမျှမက လာမည့်ဒီဇင်ဘာအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည် သည်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည်ဟုဆိုပြန်၏။

ထိုမျှလောက်လှုပ်လှုပ်ရွရွဖြစ်ရသည့် မူလဘူတအကြောင်းရင်းခံကားအဘယ်အရာပေနည်း။
ကမ္ဘာ့အင်အားအကြီးဆုံးနံပတ်တစ်နိုင်ငံစာရင်းဝင်သောအမေရိကန်နိုင်ငံ၏ခေါင်းဆောင်ကြီး မည်သည့်နိုင်ငံသို့မဆို ခရီးနှင်သည် ဖြစ်စေ၊ကမ္ဘာနှင့်အဝှမ်းစိတ်ဝင်စားမှုရှိကြသည်ချည်းဖြစ်သော်ငြား၊ မြန်မာပြည် ခရီးစဉ်အား ထို့ထက်ပို၍အာရုံစိုက်လျက်ရှိကြခြင်း၏ အကြောင်းရင်းကား မြန်မာစစ်ဗိုလ်ချုပ်တို့အနေဖြင့်၊ နှစ်ပေါင်းငါးဆယ်နီးပါးမျှ အမေရိကန်အား  “အနောက်အုပ်စု အင်အားကြီးနိုင်ငံ တစ်ခု”ဟူ၍ စောင်းပါးရိပ်ခြည်အမည်တပ်ကာ အစဉ်မပြတ်ရန်သူစာရင်းသွင်းခဲ့ရာမှ မြစ်ဖျားခံလေ၏။ 

ထိုမှသည် လွန်ခဲ့သောလေးနှစ် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်သို့အကူးအပြောင်းတွင် အမေရိကန်ပါဝင်ပတ်သက်ခဲ့ပြန်သော်ငြား ဒီမိုကရေစီခရီးသည်ကျေနပ် ဖွယ်ရာအရွေ့မပြခဲ့ချေ။ ဤခရီးစဉ်သည် အမေရိကန်နိုင်ငံ၏မြန်မာနိုင်ငံဒီမိုကရေစီအရွေ့အပေါ် ဒုတိယအကြိမ်မြောက်အားစိုက်မှုဟု လည်းဆိုနိုင်သည်။
 မြန်မာ့မြေနန်းမဟီဝယ်၊ဒီမိုကရေစီစံပယ်ပင်သည်၊၊အဘယ်ကြောင့်လွယ်လင့်တကူမရှင်သန်နိုင်ရပါသနည်းဟူသောအချက်သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်ဖြစ်ရာ နောက်ခံသမိုင်းရာဇဝင်တို့နှင့်ချိန်ထိုးသုံးသပ်လိုသည်။

(၂) အတိတ်သမိုင်းဆီမှလွမ်းစရာ့၊ မြန်မာတို့ဂုဏ်တေဇာ

တိုင်းပြည်နှင့်လူမျိုးတိုင်းလိုလို ကိုယ့်လူမျိုးကိုယ့်သမိုင်းအတွက် နည်းမျိုးစုံဖြင့်ဇန်းတင်ကြသည်ချည်းဖြစ်၏။ချဲ့ကားသည်လည်းရှိ၏။အ မှန်တကယ်ရှိခဲ့သလောက်မဖော်ထုတ်နိုင်သည်လည်းရှိ၏။ပျူခေတ်ကတည်းကပင် လက်အောက်ခံနိုင်ငံများကို သိမ်းကျုံးစုရုံးကာ အင်ပါယာကြီးအဆင့်အထိ တန်ခိုးကြီးမားခဲ့သောမြန်မာ့သမိုင်းကား မည်သည့်နည်းနှင့်မျှ နိမ့်ပါးသေးသိမ်သည်ဟုမဆိုနိုင်ချေ။ ပဒေသရာဇ်နိုင်ငံများ အဆင့်၊မြန်မာဘုရင်တို့၏လက်ထက်တွင်လည်း အာရှတိုက်တလွှားတန်ခိုးရှိန်စော်ကြီးခဲ့သည်မှာ ကုန်းဘောင်ဆက် တိုင်အောင်ဖြစ်၏။
ကုန်းဘောင်ခေတ်၊ ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက် ၊ခရစ်နှစ် (၁၈၂၄)ခုနှစ်တွင်၊ရှင်မဖြူကျွန်းကိစ္စနှင့်ပတ်သက်၍ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲစတင်ဖြစ်ပွားကာ၊မြန်မာပြည်အောက်ပိုင်းကိုဆုံးရှုံးလက်လွတ်ခဲ့ရသည်။

ထိုအချိန်တွင် မြန်မာနိုင်ငံသည်ကမ္ဘာကြီးနှင့် အဆက် အသွယ်ပြတ်တောက်သွားခဲ့ပြီး၊(၁၈၃၀)ခုနှစ်၊ အင်္ဂလန်၌ပေါ်ပေါက်လာခဲ့သည့်၊စက်မှုတော်လှန်ရေးကိုမျက်ခြေပြတ်ကာ၊ဖွံ့ဖြိုးမှုတွင် နောက်ကျကျန်ရစ်ခဲ့ရသည်။
အင်္ဂလိပ်တို့နှင့်နှစ်ကြိမ်တိုင်တိုင်စစ်မက်ဖြစ်ပွားခဲ့ပြီး၊တိုင်းပြည်တဝက်ကျော်လက်လွှတ်ထားရသည့်၊မင်းတုန်းမင်းလက်ထက်(၁၈၅၂-၁၈၇၈)မှာပင် ကင်းဝန်မင်းကြီးဦးဆောင်သောမြန်မာ သံအဖွဲ့သည် ပြင်သစ်တို့နှင့်မဟာမိတ်ဖွဲ့လျက်၊ပါရီမြို့တိုင်ခရီးဆန့်ကာ စက်မှုတော် လှန်ရေးကို အမှီလိုက်နိုင်ရန်ကြိုးပမ်းခဲ့သော်ငြား၊မြင်ကွန်းမြင်းခုံတိုင်အရေးတွင်ကနောင်မင်းသားကြီးကံကုန်
ရသည်မှ လုံးဝအဆက်ပြတ် နောက်ကျကျန်ရစ်တော့သည်။ အာရှတိုက်တွင်ဂျပန်နိုင်ငံသည်ကား၊မီဂျီခေတ်(၁၈၆၈-၁၉၁၂)ပြုပြင်ပြောင်းလဲရေးဖြင့် စက်မှုတော်လှန် ရေးကိုမျက်ခြေမပြတ်ခဲ့သောကြောင့် အာရှတိုက်၏တစ်ခုတည်းသော ကမ္ဘာထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်လာခဲ့လေသည်။

လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်ကိုကျော်ဖြတ်ပြီး(၁၉၄၈)ခုနှစ်တွင်၊လွတ်လပ်ရေးရရှိရာ၊အင်္ဂလိပ်တို့ကျင့်သုံးခဲ့သော စီးပွားရေး၊ ရေခံ မြေခံကို အမွေဆက်ခံ၍၊ဒီမိုကရေစီစနစ်ဖြင့် ခေတ်မီနိုင်ငံအဖြစ်သို့ဦးတည်ခဲ့ပြန်သော်လည်း စစ်တပ်၏အာဏာသိမ်းမှုကြောင့် (၁၉၆၂) ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီအရေးသည်လှေလှော်ရင်းတက်ကျိုးခဲ့ရပြန်သည်။
အနှစ်ချုပ်ဆိုရပါမူ မြန်မာပြည်သည်ဖွံ့ဖြိုးတိုးတက်မှုတွင် ဓားမနောက်ပိတ်ခွေးဘဝရောက်ခဲ့ရခြင်းမှာ စက်မှုတော်လှန်ရေးကိုမျက်ခြေ ပြတ်ကျန်ရစ်ခြင်းနှင့်ဒီမိုကရေစီစနစ်မဖွံ့ဖြိုးခဲ့ခြင်းကြောင့်ဖြစ်လေရာ ဒီမိုကရေစီဆိတ်သုဉ်းခဲ့ခြင်း၏အဓိကလက်သည်တရားခံမှာ ဆင်ခြင်တုံတရားကင်းမဲ့သော မြန်မာစစ်ခေါင်းဆောင်များကြောင့်ဖြစ်ကြောင်းသမိုင်းတွင်မြင်သာလျက်ရှိသည်။

(၃) မြန်မာတပြည်လုံးသရောကြီးခိုင်းခဲ့သော နဝတ၊နအဖခေတ်

တပ်မတော်အစိုးရအဆက်ဆက်သည် အာဏာ၊လက်နက်တို့ဖြင့်၊တိုင်းပြည်၏အနာဂတ်အပါအဝင် အရာရာကိုအကောင်း အတိုင်း ဖြစ်စေမည်ဟုမျှော်လင့်ယုံကြည်ခဲ့ကြသည်။စစ်ဗိုလ်တို့သည် တရားဥပဒေ၏အထက်တွင် အမြိန့်သားနေရာယူခဲ့ကြကာ၊ပဒေသရာဇ် ခေတ်နယ်ပိုင်နယ်စားများကဲ့သို့၊ရုံးတစ်ရုံးဓားတစ်စင်းလုပ်ပိုင်ခွင့်ရခဲ့ကြသည်။ 

ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ယုံကြည်ချက်မှာ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဖြင့် ဗြဟ္မစိုရ်တရားထွန်းကားသည့်၊ သာယာဝပြောသောလူ့ဘောင်သစ်ကြီးဆီသို့ချီတက်ရေးဟုဆို၏။(၁၉၈၈)ခုနှစ်သို့တိုင်သော် တစ်ကမ္ဘာ လုံးတွင် အမွဲတေဆုံးစာရင်းဝင်လျက် လူထုအုံကြွမှုကြီးဖြင့် မဆလခေတ်ဇာတ်သိမ်းခဲ့ရာ၊မြန်မာ့တပ်မတော်ကပင် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမည်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်ကြပြန်သည်။ထိုမှသည် နိုင်ငံတော်အေးချမ်း သာယာရေးကောင်စီဟူ၍ အမည်သာပြောင်း လူမပြောင်းသည့်ကိုသာဆိုးတို့ခေတ်ဆီသို့ ရောက်လာတော့သည်။

ယင်းအဖွဲ့တို့သည် တိုင်းပြည်လူစဉ်မီရေးကို လုံးလုံးမစွမ်းဆောင်နိုင်သော်ငြား ကိုယ်ကျိုးရှာမှုအရာတွင် မဆလဗိုလ်ချုပ်များက အဘပြန်ခေါ် ရလောက်အောင် ထူးချွန်ထက်မြက်ခဲ့ကြ၏။လူမဆန်စွာဖိနှိပ်ရာတွင် နယ်ချဲ့အင်္ဂလိပ်နှင့်ဖက်ဆစ်ဝါဒီဂျပန်တို့ ကပင်သြချ ရလောက်အောင် လက်သံပြောင်ခဲ့ကြသည်။သူတို့ကိုင်စွဲသောမူမှာ အာဏာလက်မလွတ်ရေးမူဖြစ်၍၊၎င်းတို့အာဏာရနေစဉ်အတွင်း၊ အတိုက်အခံခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ကို နည်းမျိုးစုံသုံး၍ ဖိနှိပ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ 

စစ်မှုထမ်းအဆင့်ဆင့် တို့သည်၊ အရပ်ဖက်ရုံးဌာနအသီးသီးသို့ မိုးကျ ရွှေကိုယ်များအဖြစ်ရောက်ရှိလာကြကာ၊ထင်တိုင်းကြဲနိုင်ခဲ့ပြီး ယင်းတို့သည် နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟုဆိုကာ ယင်းတို့နှင့် ဆန့် ကျင်ဖက်အမြင်ရှိသူတို့သည် နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပုန်ကန်သူများဟု သတ်မှတ် ခဲ့ကြသည်။
သူတို့သည်အမှန်တရားကိုရင်ဆိုင်ရန် ကြောက်ရွံ့၍စစ်ဗိုလ်တို့သည်တိုင်းပြည်ကို၊စည်ပင်ဖွံ့ဖြိုးအောင်ထူထောင်နိုင်သည် ဟူသော အယူအဆကို သက်သေပြနိုင်ရန်ကြိုးစားခဲ့ကြ၏။စစ်ဗိုလ်သည်အရာအားလုံးအကုန်တတ်၏ဟူသော အယူအစွဲပြင်းထန်ခဲ့သည်။

နိုင်ငံတော်စီမံကိန်းများအားနီးစပ်ရာလုပ်ငန်းရှင်များသို့လက်သိပ်ထိုးခွဲဝေပေးကာ၊ထိုလုပ်ငန်းများ၏အကျိုးအမြတ်ကို ပြောင်ပြောင်တင်း တင်း ဝေစားမျှစား လုပ်ခဲ့ကြရာမြန်မာပြည်တွင်ခေတ်ပျက်သူဌေး(ခရိုနီ)များပေါ်ပေါက်လာစေခဲ့သည်။တချိန်တည်းမှာပင် ပြည်သူလူထု အများစုမှာ ဆင်းရဲတွင်းနက်သထက်နက်ခဲ့ကြသည်။စစ်ဗိုလ်ချုပ်များကို မျက်နှာချိုသွေးခေါ်ဝေါ်သည့် အဘ၊အဘကြီးဟူသော အသုံးအ နှုံးခေတ်စားတွင်ကျယ်ခဲ့ရာ ထိုခေတ်ကို အဘတို့ခေတ်ဟုသမုတ်နိုင်၏။

(ဆက်လက်ဖော်ပြပါမည်။)

(၁) ပန်းစပယ်နန်းအလယ်မပေါ်ခိုက်ဟာမို့
“နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၁)တွင် လာမည့် နိုဝင်ဘာ (၁၁ )နှင့် (၁၂) ရက်များ၌ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ အိုဘားမား တက်ရောက်မည်” ဟူသောသတင်းအပေါ်၊မြန်မာလူထု၏ ခံစားချက်ကို အလင်္ကာဆင်၍ စကားဆိုရလျှင်၊ ကမ္ဘာဦးလူတို့နေလကိုမျှော်တကြသည့်အဖြစ်ကိုပင် သတိရစရာကောင်းသေးတော့၏။
ထူးမခြားနားစစ်ဝါဒီဇာတ်မျောရှည်ကြီးဖြင့် မတိုးသာမဆုတ်သာ၊အီခံနေသော မြန်မာ့နိုင်ငံရေးသည် “အိုဘားမားမြန်မာပြည်လာဦး မည်”ဟူသော သတင်းကြောင့် လှုတ်ခတ်ဆူညံသွားရပြန်လေပြီ။
(၂၀၁၂)ခုနှစ်၊ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်၊ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတဘားရက်အိုဘားမား၏ခရီးစဉ်သည်၊ မြန်မာ့နိုင်ငံရေးရှေ့ခရီးအတွက် များမြောင်လှသောနောက်ဆက်တွဲရလာဒ်တို့ကို ဖြစ်ပေါ်စေခဲ့၏။ထိုရလာဒ်တို့သည် မြန်မာ့အတိုက် အခံတို့ထက် စစ်ဝါဒီမျိုးဆက်မြန်မာအစိုးရကိုသာ အကျိုးများစေခဲ့သည်ဖြစ်ရာ၊ အိုဘားမား၏ ဒုတိယမ္ပိ ခရီးစဉ် အပေါ်၊စနစ်ဆိုးဒုက္ခ တောထဲမှ မလွတ်မြောက်နိုင်သေးသည့်၊မြန်မာလူထုအဖို့၊ မျှော်လင့်ချက်ကြီး ရပြန်လေသည်။
သည်တကြိမ်တွင်လည်း အိုဘားမားရောက်မလာမီမှာပင် စိတ်လှုပ်ရှားဖွယ်၊မြန်မာ့နိုင်ငံရေးအလှုပ်အခတ်ဖြစ်ရပ်တို့တသီတတန်းကြီး ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရပြန်သည်။ မြန်မာ့ဒီမိုကရေစီရေးအရွေ့သည်၊ကျေနပ်အားရစရာမရှိဟု အိုဘားမားက သတိပေးလာသည်။ သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်၏။မည်သူမည်သို့ရွေးချယ်သည်ဟုရေရေရာရာ မဖော်ပြနိုင် သည့်၊မြန်မာ့နိုင်ငံရေးထိပ်သီး(၁၄)ဦးတို့ ၊နေပြည်တော်ရှိသမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးကြသည်။မြန်မာပြည်သို့အိုဘားမား ရောက်ရှိမည့်ရက်ပိုင်းအတွင်းမှာပင်၊တရုတ်သမ္မတဇီကျင်းပင်နှင့် မြန်မာသမ္မတတို့၊တရုပ်နိုင်ငံတွင်၊အချိန်ကိုက် တွေ့ဆုံရန်ရှိသည် ဟုလည်း သတင်းများက ဆိုသည်။ထိုမျှမက လာမည့်ဒီဇင်ဘာအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည် သည်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည်ဟုဆိုပြန်၏။
ထိုမျှလောက်လှုပ်လှုပ်ရွရွဖြစ်ရသည့် မူလဘူတအကြောင်းရင်းခံကားအဘယ်အရာပေနည်း။
ကမ္ဘာ့အင်အားအကြီးဆုံးနံပတ်တစ်နိုင်ငံစာရင်းဝင်သောအမေရိကန်နိုင်ငံ၏ခေါင်းဆောင်ကြီး မည်သည့်နိုင်ငံသို့မဆို ခရီးနှင်သည် ဖြစ်စေ၊ကမ္ဘာနှင့်အဝှမ်းစိတ်ဝင်စားမှုရှိကြသည်ချည်းဖြစ်သော်ငြား၊ မြန်မာပြည် ခရီးစဉ်အား ထို့ထက်ပို၍အာရုံစိုက်လျက်ရှိကြခြင်း၏ အကြောင်းရင်းကား မြန်မာစစ်ဗိုလ်ချုပ်တို့အနေဖြင့်၊ နှစ်ပေါင်းငါးဆယ်နီးပါးမျှ အမေရိကန်အား “အနောက်အုပ်စု အင်အားကြီးနိုင်ငံ တစ်ခု”ဟူ၍ စောင်းပါးရိပ်ခြည်အမည်တပ်ကာ အစဉ်မပြတ်ရန်သူစာရင်းသွင်းခဲ့ရာမှ မြစ်ဖျားခံလေ၏။
ထိုမှသည် လွန်ခဲ့သောလေးနှစ် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်သို့အကူးအပြောင်းတွင် အမေရိကန်ပါဝင်ပတ်သက်ခဲ့ပြန်သော်ငြား ဒီမိုကရေစီခရီးသည်ကျေနပ် ဖွယ်ရာအရွေ့မပြခဲ့ချေ။ ဤခရီးစဉ်သည် အမေရိကန်နိုင်ငံ၏မြန်မာနိုင်ငံဒီမိုကရေစီအရွေ့အပေါ် ဒုတိယအကြိမ်မြောက်အားစိုက်မှုဟု လည်းဆိုနိုင်သည်။
မြန်မာ့မြေနန်းမဟီဝယ်၊ဒီမိုကရေစီစံပယ်ပင်သည်၊၊အဘယ်ကြောင့်လွယ်လင့်တကူမရှင်သန်နိုင်ရပါသနည်း
ဟူသောအချက်သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်ဖြစ်ရာ နောက်ခံသမိုင်းရာဇဝင်တို့နှင့် ချိန်ထိုးသုံးသပ်လိုသည်။

(၂) အတိတ်သမိုင်းဆီမှလွမ်းစရာ့၊ မြန်မာတို့ဂုဏ်တေဇာ
တိုင်းပြည်နှင့်လူမျိုးတိုင်းလိုလို ကိုယ့်လူမျိုးကိုယ့်သမိုင်းအတွက် နည်းမျိုးစုံဖြင့်ဇန်းတင်ကြသည်ချည်းဖြစ်၏။ချဲ့ကားသည်လည်းရှိ၏။အ မှန်တကယ်ရှိခဲ့သလောက်မဖော်ထုတ်နိုင်သည်လည်းရှိ၏။ပျူခေတ်ကတည်းကပင် လက်အောက်ခံနိုင်ငံများကို သိမ်းကျုံးစုရုံးကာ အင်ပါယာကြီးအဆင့်အထိ တန်ခိုးကြီးမားခဲ့သောမြန်မာ့သမိုင်းကား မည်သည့်နည်းနှင့်မျှ နိမ့်ပါးသေးသိမ်သည်ဟုမဆိုနိုင်ချေ။ ပဒေသရာဇ်နိုင်ငံများ အဆင့်၊မြန်မာဘုရင်တို့၏လက်ထက်တွင်လည်း အာရှတိုက်တလွှားတန်ခိုးရှိန်စော်ကြီးခဲ့သည်မှာ ကုန်းဘောင်ဆက် တိုင်အောင်ဖြစ်၏။
ကုန်းဘောင်ခေတ်၊ ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက် ၊ခရစ်နှစ် (၁၈၂၄)ခုနှစ်တွင်၊ရှင်မဖြူကျွန်းကိစ္စနှင့်ပတ်သက်၍ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲစတင်ဖြစ်ပွားကာ၊မြန်မာပြည်အောက်ပိုင်းကိုဆုံးရှုံးလက်လွတ်ခဲ့ရသည်။
ထိုအချိန်တွင် မြန်မာနိုင်ငံသည်ကမ္ဘာကြီးနှင့် အဆက် အသွယ်ပြတ်တောက်သွားခဲ့ပြီး၊(၁၈၃၀)ခုနှစ်၊ အင်္ဂလန်၌ပေါ်ပေါက်လာခဲ့သည့်၊စက်မှုတော်လှန်ရေးကိုမျက်ခြေပြတ်ကာ၊ဖွံ့ဖြိုးမှုတွင် နောက်ကျကျန်ရစ်ခဲ့ရသည်။
အင်္ဂလိပ်တို့နှင့်နှစ်ကြိမ်တိုင်တိုင်စစ်မက်ဖြစ်ပွားခဲ့ပြီး၊တိုင်းပြည်တဝက်ကျော်လက်လွှတ်ထားရသည့်၊မင်းတုန်းမင်းလက်ထက်(၁၈၅၂-၁၈၇၈)မှာပင် ကင်းဝန်မင်းကြီးဦးဆောင်သောမြန်မာ သံအဖွဲ့သည် ပြင်သစ်တို့နှင့်မဟာမိတ်ဖွဲ့လျက်၊ပါရီမြို့တိုင်ခရီးဆန့်ကာ စက်မှုတော် လှန်ရေးကို အမှီလိုက်နိုင်ရန်ကြိုးပမ်းခဲ့သော်ငြား၊မြင်ကွန်းမြင်းခုံတိုင်အရေးတွင်ကနောင်မင်းသားကြီးကံကုန်
ရသည်မှ လုံးဝအဆက်ပြတ် နောက်ကျကျန်ရစ်တော့သည်။ အာရှတိုက်တွင်ဂျပန်နိုင်ငံသည်ကား၊မီဂျီခေတ်(၁၈၆၈-၁၉၁၂)ပြုပြင်ပြောင်းလဲရေးဖြင့် စက်မှုတော်လှန် ရေးကိုမျက်ခြေမပြတ်ခဲ့သောကြောင့် အာရှတိုက်၏တစ်ခုတည်းသော ကမ္ဘာထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်လာခဲ့လေသည်။
လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်ကိုကျော်ဖြတ်ပြီး(၁၉၄၈)ခုနှစ်တွင်၊လွတ်လပ်ရေးရရှိရာ၊အင်္ဂလိပ်တို့ကျင့်သုံးခဲ့သော စီးပွားရေး၊ ရေခံ မြေခံကို အမွေဆက်ခံ၍၊ဒီမိုကရေစီစနစ်ဖြင့် ခေတ်မီနိုင်ငံအဖြစ်သို့ဦးတည်ခဲ့ပြန်သော်လည်း စစ်တပ်၏အာဏာသိမ်းမှုကြောင့် (၁၉၆၂) ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီအရေးသည်လှေလှော်ရင်းတက်ကျိုးခဲ့ရပြန်သည်။
အနှစ်ချုပ်ဆိုရပါမူ မြန်မာပြည်သည်ဖွံ့ဖြိုးတိုးတက်မှုတွင် ဓားမနောက်ပိတ်ခွေးဘဝရောက်ခဲ့ရခြင်းမှာ စက်မှုတော်လှန်ရေးကိုမျက်ခြေ ပြတ်ကျန်ရစ်ခြင်းနှင့်ဒီမိုကရေစီစနစ်မဖွံ့ဖြိုးခဲ့ခြင်းကြောင့်ဖြစ်လေရာ ဒီမိုကရေစီဆိတ်သုဉ်းခဲ့ခြင်း၏အဓိကလက်သည်တရားခံမှာ ဆင်ခြင်တုံတရားကင်းမဲ့သော မြန်မာစစ်ခေါင်းဆောင်များကြောင့်ဖြစ်ကြောင်းသမိုင်းတွင်မြင်သာလျက်ရှိသည်။
(၃) မြန်မာတပြည်လုံးသရောကြီးခိုင်းခဲ့သော နဝတ၊နအဖခေတ်
တပ်မတော်အစိုးရအဆက်ဆက်သည် အာဏာ၊လက်နက်တို့ဖြင့်၊တိုင်းပြည်၏အနာဂတ်အပါအဝင် အရာရာကိုအကောင်း အတိုင်း ဖြစ်စေမည်ဟုမျှော်လင့်ယုံကြည်ခဲ့ကြသည်။စစ်ဗိုလ်တို့သည် တရားဥပဒေ၏အထက်တွင် အမြိန့်သားနေရာယူခဲ့ကြကာ၊ပဒေသရာဇ် ခေတ်နယ်ပိုင်နယ်စားများကဲ့သို့၊ရုံးတစ်ရုံးဓားတစ်စင်းလုပ်ပိုင်ခွင့်ရခဲ့ကြသည်။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ယုံကြည်ချက်မှာ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဖြင့် ဗြဟ္မစိုရ်တရားထွန်းကားသည့်၊ သာယာဝပြောသောလူ့ဘောင်သစ်ကြီးဆီသို့ချီတက်ရေးဟုဆို၏။(၁၉၈၈)ခုနှစ်သို့တိုင်သော် တစ်ကမ္ဘာ လုံးတွင် အမွဲတေဆုံးစာရင်းဝင်လျက် လူထုအုံကြွမှုကြီးဖြင့် မဆလခေတ်ဇာတ်သိမ်းခဲ့ရာ၊မြန်မာ့တပ်မတော်ကပင် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမည်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်ကြပြန်သည်။ထိုမှသည် နိုင်ငံတော်အေးချမ်း သာယာရေးကောင်စီဟူ၍ အမည်သာပြောင်း လူမပြောင်းသည့်ကိုသာဆိုးတို့ခေတ်ဆီသို့ ရောက်လာတော့သည်။
ယင်းအဖွဲ့တို့သည် တိုင်းပြည်လူစဉ်မီရေးကို လုံးလုံးမစွမ်းဆောင်နိုင်သော်ငြား ကိုယ်ကျိုးရှာမှုအရာတွင် မဆလဗိုလ်ချုပ်များက အဘပြန်ခေါ် ရလောက်အောင် ထူးချွန်ထက်မြက်ခဲ့ကြ၏။လူမဆန်စွာဖိနှိပ်ရာတွင် နယ်ချဲ့အင်္ဂလိပ်နှင့်ဖက်ဆစ်ဝါဒီဂျပန်တို့ ကပင်သြချ ရလောက်အောင် လက်သံပြောင်ခဲ့ကြသည်။သူတို့ကိုင်စွဲသောမူမှာ အာဏာလက်မလွတ်ရေးမူဖြစ်၍၊၎င်းတို့အာဏာရနေစဉ်အတွင်း၊ အတိုက်အခံခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ကို နည်းမျိုးစုံသုံး၍ ဖိနှိပ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။
စစ်မှုထမ်းအဆင့်ဆင့် တို့သည်၊ အရပ်ဖက်ရုံးဌာနအသီးသီးသို့ မိုးကျ ရွှေကိုယ်များအဖြစ်ရောက်ရှိလာကြကာ၊ထင်တိုင်းကြဲနိုင်ခဲ့ပြီး ယင်းတို့သည် နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟုဆိုကာ ယင်းတို့နှင့် ဆန့် ကျင်ဖက်အမြင်ရှိသူတို့သည် နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပုန်ကန်သူများဟု သတ်မှတ် ခဲ့ကြသည်။
သူတို့သည်အမှန်တရားကိုရင်ဆိုင်ရန် ကြောက်ရွံ့၍စစ်ဗိုလ်တို့သည်တိုင်းပြည်ကို၊စည်ပင်ဖွံ့ဖြိုးအောင်ထူထောင်နိုင်သည် ဟူသော အယူအဆကို သက်သေပြနိုင်ရန်ကြိုးစားခဲ့ကြ၏။ စစ်ဗိုလ်သည်အရာအားလုံးအကုန်တတ်၏ဟူသော အယူအစွဲပြင်းထန်ခဲ့သည်။
နိုင်ငံတော်စီမံကိန်းများအားနီးစပ်ရာလုပ်ငန်းရှင်များသို့လက်သိပ်ထိုးခွဲဝေပေးကာ၊ ထိုလုပ်ငန်းများ၏အကျိုးအမြတ်ကို ပြောင်ပြောင်တင်း တင်း ဝေစားမျှစား လုပ်ခဲ့ကြရာမြန်မာပြည်တွင်ခေတ်ပျက်သူဌေး(ခရိုနီ)များပေါ်ပေါက်လာစေခဲ့သည်။တချိန်တည်းမှာပင်
 ပြည်သူလူထု အများစုမှာ ဆင်းရဲတွင်းနက်သထက်နက်ခဲ့ကြသည်။ စစ်ဗိုလ်ချုပ်များကို မျက်နှာချိုသွေးခေါ်ဝေါ်သည့် အဘ၊အဘကြီးဟူသော အသုံးအ နှုံးခေတ်စားတွင်ကျယ်ခဲ့ရာ ထိုခေတ်ကို အဘတို့ခေတ်ဟုသမုတ်နိုင်၏။
(ဆက်လက်ဖော်ပြပါမည်။)

၉၊နိုဝင်ဘာ၊၂၀၁၄နေ့ထုတ် ၊မက်ဆင်ဂျာ၊ဂျာနယ် မျက်နှာဖုံးဆောင်းပါးရှည်။ ။
- အိုဘားမားခရီးစဉ်အပေါ်၊မြန်မာ့သမိုင်းနှင့်ယှဉ်၍ စာရေးသူမြင်သမျှ၊သုံးသပ်ချက်ဖြစ်ပါသည်။ အပိုင်းလေးပိုင်းခွဲ၍ တင်ပေးပါမည်။

မင်းဒင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...