Saturday, November 22, 2014

ကျွန်တော်နေချင်သောတိုင်းပြည် ( အပိုင်း ၁ )


လမ်းပြသူ
လမ်းဘေးတိုင်းတွင်သစ်ပင်များဖြင့် စီစီရီရီအပင်ဖြောင့်များက ထိုးထိုးထောင်ထောင် အပင်နိပ်များက အုပ်အုပ်ဆိုင်းဆိုင်း နေရိပ်အောက် ၊ရောက်တဲ့လမ်းဘေးခြေပစ်လက်ပစ်ထိုင်ချလို့ရနိုင်ပါသည်။ လမ်းပေါ်တွင်လဲ ထိုင်ခုံလွတ်နေသောလိုင်းကားများက  တစ်စီးပြီးတစ်စီးဖြတ်သွားကြပါသည်။ ယူနီဖောင်းသပ်သပ်ရပ်ရပ်ဝတ်ထားသော ကားစပါယ်ရာများကိုလည်း ပြုံးရွှင်စွာဖြင့်တွေ့လိုက်ရပါသည်။ ကားမောင်းသူများမှာလဲ လူတင်ချရုံသာပြု့လုပ်ပြီးပုံမှန်သာမောင်းနှင်သွားကြပါသည်။ အစိုးရကယဉ် နှင့်စက်သုံးဆီများကို လုံလောက်စွာအခမဲ့ဝေထားသဖြင့် ဒရိုင်ဘာနှင့်စပါယ်ယာမှာ လုံလောက်သာ လုပ်အားခများရကြ မည်ဟု့လဲတွေးမိပါသည်။ နှစ်ထပ်ကားရထားများကိုလည်း တစ်စီးပြီး တစ်စီးတွေ့ ရပြန်ပါသည်။ လမ်းပေါ်နှင့်လမ်းဘေးများတွင်ရှင်းသန့်၍ အမှိုက်ပုံးများကိုလဲ မကြာခဏတွေ့ရပါသည်။

ကွမ်းစားသူများက
ကားလမ်းပေါ်တွင် ကွမ်းတတွေးမထွေးဘဲ လမ်းဘေးကိုသာထွေးသွားလေ့ရှိတာ
ကိုလဲသတိပြု့မိပါသည်။လမ်းသွားရင်းဆေးလိပ်သောက်သူများကိုမတွေ့မိသဖြင့်
မြန်မာတွေဆေးလိပ်မသောက်တော့ဘူးလားဟု့ ထင်မိပြီးလိုက်ရှာကြည့်ရာ ဆေး
လိပ်သောက်ရန်သီးသန့်ပြု့လုပ်ထားသော အဆောက်အအုံများကိုလဲ ခပ်လှမ်းလှမ်း
တိုင်းတွင်တွေ့ရသဖြင့် လမ်းသွားရင်းဆေးလိပ်သောက် လူကြားထဲဆေးလိပ်သောက်
သူထက်တော့သာသည်ဟု့တွေးမိပါသည်။ကားစောင့်နေသူများကိုလဲ မှတ်တိုင်တိုင်း
တွင်စုစုစည်းစည်းတွေ့ရပါသည်။အေးပေါ့လမ်းဘေးသစ်ပင်ကအရိပ်ရပြီး ကားတွေက
လဲမှတ်တိုင်မှာပဲရပ်ကြတာကိုးလို့တွေးမိပါသည်။ကားတွေပိတ်ဆို့ခြင်းမတွေ့ရသဖြင့်
အံ့သြမိပါသည်။အဲ့ဒိအခါမှ ဖြတ်သွားသောကားအများဆုံးမှာ ဖယ်ရီကားများဖြစ်နေ
ကြောင်းတွေ့ရပါသည်။မိုးပျံတွဲလောင်းရထားများမှာလဲတစ်ချက်တစ်ချက်ဝေါကနည်း
ဝေါကနည်း ဖြတ်သွားသဖြင့်မျက်စိတစ်ဆုံးလိုက်ကြည့်မိပြန်ပါသည်။သက်ဆိုင်ရာဌာန
ကတာဝန်ရှိသူများကလဲ မှတ်တိုင်များတွင် ပြည်သူများ၏ နေရေးသွားရေး စီးပွားရေး
များကိုစစ်တမ်းကောက်ယူနေကြသည်ကိုလဲတွေ့ရပါသည်။အရှေ့ကတိုက်နံရံမှာမြှုပ်
ထားသည့် အယ်စီဒီ ဘုတ်ကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ကြီးများနှင့်
၎င်းဝန်ကြီးများကို ပြည်သူတွေရဲ့ထောက်ခံမှု့ဘယ်လောက်ရှိတယ် မရှိဘူးဆိုတဲ့ဒေ
တာများမှာအတိုးအလျှော့ဖြစ်နေသည်ကိုတွေ့ရပါသည်။တစ်ရိပ်ရိပ်ကျနေသော
အောက်ဆုံးမှဝန်ကြီးသည် မကြာမီပင်အများပြည်သူများ၏ဆန္ဒအရ နေရာဖယ်ပေးရ
ပါဦးမည်။အယ်စီဒီတပ်ထားသော တိုက်ကြီး၏အထပ်အရည်အတွက်ကိုရည်တွက်
ကြည့်မိပါသည်။ရေတွက်ရင်းဖြင့်ခေါင်းနောက်လာရပြန်ပါသည်။အထပ်က ၉၀ ကျော်
လားမကျော်လား ရေတွက်ရင်းဖြင့်မှားမှားသွားပါသည်။၎င်းအထပ်မြင့်တိုက်ကြီးမှာ ၂၄
နာရီမီးဖြင့် ဓါတ်ရထား ၈ ခုလောက်မှာ မနားမနေအတက်အဆင်းလုပ်နေကြကြောင်း
တွေ့ရသည်။အခြေခံလူတန်းစားများနေထိုင်ကြသော ၎င်းတိုက်ကြီးများမှာမရမတွက်
နိုင်လောက်အောင် မြန်မာနိုင်ငံအနှံအပြားတွင်ရှိကြောင်းလည်းသိရပါသည်။မြို့ဟု့ဆို
သော်လည်း စိမ်းစိုနေသော သရက်တော လိမ္မော်တောများကို ဟိုနားတစ်ကွက် ဒီနား
တစ်ကွက်မကြာခဏတွေ့ရပြန်ပါသည်။အပင်အုပ်များကဟိုတစ်စုဒီတစ်စုနှင့် တိုက်
များကလဲစီစီရီရီ မြို့လားတောလားမခွဲခြားတက်တော့ပါ။မြေလွတ်မြေရိုင်းများကိုမ
တွေ့ရဘဲ ငါးကန်ပုဇွန်ကန်များကိုသာတွေ့ရပါသည်။မိုးမျှာ်မီးရထားကြီးစီးချင်လာသ
ဖြင့် ကားမှတ်တိုင်အနီးနားမှ ရထားဘူတာရုံသို့ သွားမိပါသည်။ မိုးပျံရထားကြီးစီးရင်တော့ဖြင့် ခေတ်မီလှပသောစက်ရုံအလုပ်ရုံကြီးများ ၊သူဌေးများနေသော လူကုံထန်အသိုင်းအ၀ိုင်းများနေထိုင်ရာ ခြံကျယ်ကြီးများနှင့် အဆောက် အဦးကြီး များကိုတွေ့မြင်နိုင်ရန်
အလို့ငှာ စိတ်ဆန္ဒစောမိသော်လဲ မိမိနေထိုင်ရာသို့ပြန်မည့် တစ်စီးတည်းသောခြင်
ထောင်ကားကြီးကိုတွေ့လိုက်ရသဖြင့် ရုတ်တရတ်သတိဝင်ကာ တက်လိုက်လာမိပါ
သည်။သို့သော်ကားမှာတစ်စုံတစ်ဦးကဆွဲထားသဖြင့်ရုတ်တရက်မထွက်နိုင်ဖြစ်နေရာ
ကျွန်တော်လည်းရုန်းကန်ရင်း လန့်နိုးမိပါတော့သည်။ရောက်သွားသောအိမ်မက်မြန်မာ
ပြည်ကို လေ့လာဖို့များစွာကျန်သေးသော်လည်း စမြုံ့မပြန်အားပါ အလုပ်သွားဖို့အ ချိန်မီရောက်ရန်၂ နာရီလောက်ကြိုထွက်ရပါဦးမည်။နောက်တစ်ကြိမ်၎င်းတိုင်းပြည်သို့ထပ်ရောက်ခဲ့ပါက စာဖတ်သူများကို ထက်မံဖောက်သည်ချပါဦးမည်။ 


လမ်းပြသူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...