Tuesday, November 11, 2014

"ဗိုင်းကောင်းကျောက်ဖိ ဒီမိုကရေစီ"


- ဒီမိုကရေစီဆိုတာ လူထုကို စွမ်းအားမြှင့်တင်ပေး တာပဲ empowerment ။ မိမိတို့ ရဲ့ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို အစိုးရက အာဏာအားကိုးနဲ့  တားဆီးကန့် သတ်လာရင် ဒါဟာ လူမှု ပဋိညဉ်ကို အာဏာပိုင်ဖက်က ကျူးလွန်ဖေါက်ဖျက်တယ်လို့ အဓိပါယ်ထွက်တယ်။ အာဏာဟူသည် လူထုကပဲ စီးဆင်းရမယ်လို့ ဆိုတယ်မဟုတ်လား။ ဒီအခြေအနေမှာ ဒီအစိုးရဟာလည်း တရားနည်းလမ်းတကျအုပ်စိုးမှု မဟုတ်တော့အတွက် လူထုဟာ ကန့် ကွက်ခွင့်၊ ဆန္ဒပြခွင့် သပိတ်မှောက်ခွင့် ဖီဆန်ခွင့် ရှိကိုရှိရမယ်။ ဒါဟာ ဒီမိုကရေစီ ရဲ့  အခြေခံအုတ်မြစ်ပဲ။ အနှစ်သာရ ပဲ။ တရားနည်းလမ်းကျတဲ့အခွင့်အရေးပဲ။ right to rebellion ပဲ။
- ၂၀၁၅ နားနီးလာတော့ ကျည်တောက်ကျွတ်သွားတဲ့ အစိတ်သားရဲ့ အမြီကောက်တွေကလည်း တနန့် နန့် ပေါ်လာ။ မင်းသားခေါင်းစွပ် ဘောင်းဘီချွတ် ပြောင်ကြီးတို့ သရုပ်ကလည်း မဖုံးနိုင်မဖိနိုင်ဖြစ်လာ။ ဒီ အခင်းအကျင်းမှာ- လူတွေလမ်းပေါ်ထွက်လာအောင် မလုပ်နဲ့ တို့  ..ဒီနည်းက ခေတ်ကုန်နေပြီ တို့ ....ဆိုတဲ့ စကားတွေ ကလည်း လှို င်လှို င်ကြားလာနေရပြန်ရော။

- ထုံးစံအတိုင်း Pro-military နဲ့  Anti-su အုပ်စုတွေဆီကပဲ ဒီအသံတွေထွက်လာနေတာပဲ။ မောင်မင်းကြီးသား မယ်မင်းကြီးမတို့ အလိုအရ ဒီမိုကရေစီမှန်က ဗိုင်းကောင်းကျောက်ဖိဖြစ်ရမယ်ဆိုတဲ့သဘော။ ရူးကြောင်ကြောင် ခြေဥ ရယ်....လက်ရှိအစိုးရနဲ့ စစ်တပ်ရယ် ကို ပဲ လူထုဟာ သားကိုသခင်၊ လင်ကိုဘုရား ကိုးကွယ်ထားရမယ့် သဘော။ "ထားရာနေ၊ စေရာသွား၊ ကျွေးတာစား၊ ခံ မပြောနဲ့ " ဆိုတဲ့ ဘူးတောင်းကျဉ်း ဒီမိုကရေစီ။ သွားလေသူကြီးတွေရဲ့  "စည်းကမ်းပြည့်ဝဒီမိုကရေစီ" ဆိုတာကိုပဲ ဘုရားဟော မုခ်ပါဠ်လို ကိုးကွယ်ရမယ် ပေါ့လေ။ အတိုင်းအတိုင်းအပြည်ပြည်မှာ မတွေ့ ရ မကြားရတဲ့ Burmese way to democracy ပေါ့လေ။
- မကျေနပ်မှု တစ်ခုရှိလာရင် ဒါမှမဟုတ် အစိုးရရဲ့ လုပ်ရပ်ဟာ တရားနည်းလမ်းမကျတဲ့ လုပ်ရပ်လို့ သိမြင်လာရင် လူတွေလမ်းပေါ်ထွက်လာတာဟာ နည်းလမ်းတကျလုပ်ရပ်ပဲ။ လူထုဘက်မှာ စည်းကမ်းတကျ ထုတ်ဖေါ်ဖို့ ၊ ကန့် ကွက်ဖို့ ၊ နဲ့ ဆန့် ကျင်ဖို့ သာ လိုအပ်တယ်။ ဒါကိုပဲ ကွန်မြူနစ် အကြောက်လွန်ရောဂါသည် တွေက ရှစ်လေးလုံးလို ပစ်သတ်ခံရမယ်လို့ ခြိမ်းခြောက်နေခြင်းဟာ အာဏာရှင်စရိုက်မကုန်တာကို ပြနေတာပဲ။ ဒီလူတွေ လိုချင်တဲ့ ဒီမိုကရေစီ ဆိုတာ ဒစ္စကို ရွှေ ထက်မပို။ လူမှု အကူးအပြောင်း social mobility ကိုကြောက်နေရင် ဒီမိုကရေစီဆိုတဲ့စကားကို အော်မနေနဲ့ တော့။
- လက်ရှိမှာ လိုနေတာက လူထုကို အမှားနဲ့ အမှန် ခွဲတတ်အောင်၊ ကိုယ့်အခွင့်အရေးတွေဟာ ဘာတွေလည်း သိလာအောင် အသိပညာပေးရေး၊ နှိုးဆော်ရေးအစီအစဉ် တွေလိုနေတာ။ စံနစ်တကျ ဆန္ဒထုတ်ဖေါ်တတ်အောင်နဲ့ အရပ်ဖက်ဆန့် ကျင်ရေးလှုပ်ရှားမှု တွေကို ထိထိရောက်ရောက်လုပ်ဖို့  ဦးဆောင်မယ့် ခေါင်းဆောင်တွေလိုနေတာ။ ခြေဥနဲ့ အစိတ်သား၊ ၄၃၆ နဲ့ ၅၉ စတာတွေ ဟာ ဘာကြောင့် ဘယ်လိုကြောင့် လိုလားဖွယ်မဟုတ်ကြောင်း ပညာပေး အစီအစဉ်တွေ ခုထက် ပိုလုပ်ဖို့ လိုနေတာ။ တချိန်တည်းမှာပဲ ဆန္ဒပြ ကန့် ကွက်ပွဲတွေ အဆက်မပြတ် နေရာ အနှ့ံလုပ်ဖို့ လိုနေတာ။ တရားနည်းလမ်းမကျ တာကို နည်းလမ်းမကျ မှန်းသိစေမယ့် ပညာပေးလှုံ့ ဆော်မှုတွေလိုနေတာ။ ဒီလို လှု ပ်လှု ပ်ရှားရှားနဲ့ ဆူဆူပူပူ ဖြစ်လာတယ့် ဖြစ်စဉ်ကိုပဲ Development as Social Progress လို့ ခေါ်တယ်မဟုတ်လား။
-ဒီမိုကရေစီမှန်ရင် ဆူပူလိမ့်မယ်၊ အပြန်အလှန်ဖိအားပေး mutually coercive ထိန်းကျောင်းလိမ့်မယ်။ ဒါကိုမကြို က် ဆင်မယဉ်သာပဲ လျှောက်လှမ်းလိုတယ်ဆိုရင်တော့ နိုင်ငံရေးလုပ်တာထက် တရားရိပ်သာဝင်တာဟာ အကောင်းဆုံးပါဘဲ။ ပါရမီပါရင် တမဂ် တဖိုလ် တောင် ရနိုင်သေးမင့်မဟုတ်လား။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...