Tuesday, November 25, 2014

ကျွန်တော်နေချင်သောတိုင်းပြည် (အပိုင်း ၂)

မနေ့ကအိမ်မက်တွေ မတ်နေသဖြင့်ကောင်းကောင်းအိပ်မပျော်ပါ။ ကျွန်တော့စိတ်ထဲမှာ
ဘယ်တုံးထဲကရောက်ရှိနေမှန်းမသိသောစိတ်ကူးများလဲ ပွင့်ကျလာသည်ဟု့ထင်ပါသည်။
အိမ်မက်တောင်မတ်လာပြီဆိုတော့မြန်မာပြည်ကိုတော်တော်လွမ်းဆွတ်မိပါသည်။ မုန့်ဟင်းခါးကိုလဲသတိရပါသည်။ မလူးရတာကြာပြီဖြစ်သော အုန်းဆီရနံ့ကိုလည်းမ မှတ်မိတော့ပါ။ ဒီနေ့ပိုကောင်းတဲ့အလုပ်ကိုချိန်းထားသဖြင့် ၂ နာရီ လောက်စောစော ထွက်ရပါဦးမည်။ ဒီမှာကတော့ထုံးစံအတိုင်း ကိုယ်ပိုင်ကားများကိုသိတ်မသုံးဖြစ်ပါ။ မိုးပျံ
ဘူတာရုံများမှာ အနီးအနားတွင်ပင် ရှိကြသဖြင့် ရထားစီးသွားသူကများပါသည်။ ဒုတိယ
အသုံးများတာက နှစ်ထပ်ကားရထားများဖြစ်ကြပါသည်။ ကားရထားများမှာ မှတ်တိုင် တိုင်းမရပ်ကြပါတစ်မှတ်တိုင်ကျော်ရပ်ကြပါသည်။ မှတ်တိုင်တိုင်းကိုတော့ကားရထား
များစီစဉ်ပေးထားပါသည်။ မှတ်တိုင်တိုင်းရပ်သော ဘတ်စ်ကားများမှာ နည်းနည်းကြာ
သော်လဲသက်တောင့်သတ်သာစွာဖြင့် ထိုင်စီးနိုင်ပါသည်။
လူအများမှာ လမ်းပေါ်နှင့်
အိမ်များတွင် ရိုးရာစကားသာပြောသော်လည်း ရုံးများကျောင်းများတွင်မူ အင်္ဂလိပ်စ ကားကိုသာ ပြောဆိုကြရန်အမိန့်ထုတ်ပြန်ထားပါသည်။ ရုံးများတွင် ရိုးရာစကားပြော ပြီး အိမ်တွင်အင်္ဂင်္လိပ်စကားပြောပါက ဒဏ်တပ်ခံရမည့်ဥပဒေများလဲပြဌာန်းထားပါ သည်။ ၁၀ နှစ်ကျော်ကလေးတိုင်းအင်္ဂလိပ်စကားများပြောနိုင်ကြပါသည်။ကျောင်းများ ကလည်း  အင်္ဂလိပ်ဘာသာရယ် ရိုးရာဘာသာရယ် ကိုအဓိကထားပြီး သိပ္ပံဘာသာ
ဝိဇ္ပ္ဇ္ဇာဘာသာများကို စုစည်းပြီး ဘာသာခွဲများနည်းအောင်ပြု့လုပ်ထားသဖြင့် အခြေခံ
ဘာသာများဖြစ်သော ရိုးရာဘာသာ အင်္ဂလိပ်ဘာသာ သင်္ချာဘာသာ အထူးပြု့ဘာ
သာများတွင်ထူးချွန်ကြကြောင်းသိရပါသည်။ကျောင်းသားများမှာ ကျူရှင်စနစ်လဲမရှိ
သဖြင့် အချိန်ပိုများရကာ စာကြည့်တိုက်များမှာလဲတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည့်စုံလုံလောက်စွာထားပေးထားကြောင်း
သိရပါသည်။ကျောင်းတက်ရသောနေ့
တွင်ပင် စာကြည့်တိုက်သွားနိုင်ကြ။အားကစားရုံသွားနိုင်ကြ ။လူမှု့ကူညီအဖွဲ့များသို့
သွားရောက်ပြီးကုသိုလ်ယူနိုင်ကြကြောင်းတွေ့ရပါသည်။ထို့ကြောင့်လူငယ်များကို
ကြည့်လိုက်ပါက ရွှင်လန်းတက်ကြွနေကြကြောင်းတွေ့ရပါသည်။လူအများမှာ အလုပ်
ဝင် ကျောင်းတက်သူများမှလွဲ၍ ရိုးရာဝတ်စုံကိုဝတ်ဆင်ကြကြောင်းတွေ့ရပါသည်။
မြေလွတ်မြေရိုင်းတိုင်းတွင် သရက်ပင် မလကာပင်ကဲ့သို့သော စားပင်ကြီးများကို
စိုက်ပျိုးထားကြသဖြင့် နေရောင်ခြည်အပူကိုအနည်းငယ်မျှသာခံစားကြရပြီး စိုပြေ
သောအသားအရည်များပိုင်ဆိုင်ထားကြပါသည်။ကျွန်တော်သွားမည့်နေရာသို့ မိုး
ပျံရထားစီးရင်တန်းရောက်ပါသည်။သို့သော်မြန်မာလူမျိုးပီပီ အနည်းငယ်လမ်း လျှောက်ရသော နှစ်ထပ်ကားကိုသာစီးသွားရန်ဆုံးဖြတ်လိုက်ခြင်းဖြင့် ပိုက်ဆံကို
ချွေတာလိုက်ပါသည်။လူတော်တော်များများမှာ နှစ်ထပ်ကားစီးရင်အပေါ်ထပ်သို့တက်
စီးကြပြီး ရှု့ခင်းများကြည့်ကြသော်လည်း ကျွန်တော်ကတော့ထုံးစံအတိုင်း မြန်မာပီပီ
ဆင်းရလွယ်ကူစေရန် အပေါက်ဝနားမှထိုင်ခုံကိုသာရွေးချယ်ခဲ့ပါသည်။အိုင်ပေးကဒ်လို
မျိုးကဒ်များ ကုမ္ပဏီကထုတ်ပေးထားသဖြင့် ခရီးသည်တင်ကားစီးရတာလွန်စွာလွယ်ကူလှပါသည်။
သွားရမည့်နေရာကိုရောက်ပြီမို့ဆင်းလိုက်ပါသည်။မီးပွိုင့်တွင်ဓါတ်လှေခါးများတက်
ဆင်ထားပါသည်။ခုံးကျော်တံတားကိုဖြတ်ပြီးဓါတ်လှေကားဖြင့်ပြန်ဆင်းနိုင်ပါသည်။မီး
ပွိုင့်အောက်တွင်တော့ လူများအလွယ်တကူစည်းကမ်းမဲ့စွာမကူးနိုင်ရန် လူတားခြံစည်း
ရိုးလေးတွေ့ရပါသည်။ကုမ္ပဏီထဲကိုဝင်လိုက်သည်နှင့်မအေးသွားပါ ကိုယ်တွင်းအပူ ရှိန်ကိုချိန်ညှိပေးရန်စီစဉ်ထားပါသည်။အထဲသို့ပိုဝင် ပိုကြာလာမှသာအဲကွန်း၏အရ
သာကိုခံစားနိုင်ပါသည်။ကုမဏီထဲရောက်သွားသော်လဲ သွားလိုသည့်နေရာကိုမည်သူ့
မျှမေးစရာမလိုပါ။လမ်းညွှန်ဆိုင်းဘုတ်များနောက်လိုက်သွားယုံနှင့်ပင် ကိုယ်သွားလို
ရာကိုရောက်ရန်စီစဉ်ထားပါသည်။ကုမ္ပဏီတွင်အလုပ်လာလျှောက်သော်လည်း ဘာ
ထောက်ခံစာမှမလိုပါ။အုပ်ချူပ်ရေးဌာနနှင့်ဆက်သွယ်ထားသဖြင့် ဘယ်နိုင်ငံသား
ဘာလူမျိုး တက်ကြွမ်းသည့်ပညာ ကိုယ်ရေးရာဇ၀င်မှာကျွန်တော့အရင်ရောက်နှင့်နေ
ပါသည်။ပြည်သူဗဟိုပြု့သောစနစ်ဟု့လဲထင်ပါသည်။အင်တာဗျူးဆိုသော်လည်း များ
များစားစားမေးမည်မဟုတ်ပါ လက်တွေ့ခိုင်းပြီး ကျွမ်းကျင်မှု့အရ လခသတ်မှတ်ပေး
ကာလုပ်ငန်းခွင်ဝင်ရန်သာဖြစ်ပါသည်။သို့သော်လည်း ကျွန်တော်က မြန်မာလူမျိုးပီပီ
အကပ်မရှိသဖြင့်စိုးရိမ်စိတ်လေးတော့မသိမသာဖြစ်ပေါ်နေပါသည်။ရင်ခုန်စွာနှင့်ပင်
ဘဲလ်တီးလိုက်သောအခါ(မစ္စတာလမ်းပြသူကြိုဆိုပါတယ်) ဆိုသောအသံဖြင့်တံခါးမှာ
ပွင့်သွားပါသည်။တံခါးပွင့်၍တွေ့လိုက်ရသောမြင်ကွင်းကို လွန်စွာအံ့သြမိပါသည်။မြန်
မာ့ရိုးရာဝတ်ဆုံအပြည့်အစုံဖြင့် လူကြီးများကိုတွေ့လိုက်ရပါသည်။အဲ့ဒိထဲမှအမျိုးသမီး
တစ်ယောက်မှာထွက်လာပြီး မင်းဒီနေ့လဲနောက်ကျပြန်ပြီဆိုသဖြင့် ကျွန်တော်က လက်မှနာရီကိုမကြည့်ရန်ဟန်ပြင်လိုက်ရာ ကျွန်တော့မိခင်နှင့်တူသော၎င်းအမျိုးသမီး
က သားနောက်နေ့အိပ်ယာစောစောဝင်စမ်း ဒီနေ့လဲအလုပ်နောက်ကျဦးမယ်မြန်မြန်
လုပ်ဆိုပြီးလှုပ်ရမ်းနေသဖြင့် စာရေးသူလည်းလန့်ဖြန့်ပြီးအိပ်ယာမှနိုးလာရပါသည်။
အမေ့ကိုအားနာစွာကြည့်ရင်း အင်းငါမနေ့ကမတ်ခဲ့တဲ့အိမ်မက်ကို ဆက်မက်နေပါ
လား အိမ်မက်ကြီးရယ်ဘယ်တော့မှမနိုးရပါစေနဲ့လို့စိတ်ထဲကဆုတောင်းမိရင်း ဒါကြောင့်အိမ်
မက်ထဲမှရိုးရာဝတ်စုံများမှာ ပုဆိုး၊ လုံချည်၊ လယ်ကတုံး၊ ရင်ဖုံးများဖြစ်နေကြောင်းကို အမှတ်ရမိသော်လဲ
အလုပ်ချိန်မှီရန် အမြန်စီစဉ်ရသဖြင့် မနက်စာကိုတော့ကြည့်ရှင်းရပါတော့မည်။

လမ်းပြသူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...