Sunday, November 2, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁၁)

သစ်ထူးလွင်


Posted: 02 Nov 2014 04:55 AM PST
မြန်မာ အစိုးရ စစ်တပ် ဖမ်းဆီး ထားတဲ့ အချိန်မှာ သေဆုံး သွား ခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို အာဏာပိုင် တွေက ပြန်ဖေါ် ခွင့် ပြု တော့မှာ ဖြစ်ပါတယ်။ ရွှေဝါချောင် ကျေးရွာ မှာ မြှုပ်ထားတဲ့ ကိုပါကြီး အလောင်း ကို လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပြန်ဖေါ်မှာ ဖြစ်တယ်လို့ ဇနီး ဖြစ်သူ မသန္တာကို ကျိုက် မရော ရဲ စခန်း က အကြောင်း ကြားလာ တာ ဖြစ်ပါတယ်။ အခုလို အချိန် ကပ်ပြီး
Posted: 02 Nov 2014 04:45 AM PST
လူငယ် ၁ ဦးကို အ၀တ်အစားတွေ ချွတ်ပြီး ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က စစ်ဆေးမှုနဲ့ ပတ်သက်လို့ စစ်ဆေးရေး ခုံရုံးဖွဲ့စည်း ဆောင်ရွက်နေပြီး ဥပဒေအရ အရေးယူ သွားမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ Facebook လူမှုကွန်ယက် စာမျက်နှာတွေမှာ  ရွှေပြည်သာမြို့က လူငယ်တဦးကို “လူ့ကျင့်ဝတ်နဲ့မညီတဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့ စစ်ဆေးမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့အပေါ် အခုလို
Posted: 02 Nov 2014 04:35 AM PST
ရန်ကုန် နိုဝင်ဘာ ၁ ရက်ပိုင်းအတွင်း အတက် အကျတည်ငြိမ်မှု မရှိသည့်ပြည်တွင်း ရွှေဈေးနှုန်းများ အောက်တိုဘာ ၃၁ ရက်တွင်အခေါက်ရွှေဈေး တစ်ကျပ် သားလျှင် ကျပ် ၆၄၈၅ဝဝ ဖြင့် ဈေးနှုန်းများ အကျဘက်သို့ ဦး တည်လာခဲ့ကြောင်း ရွှေလုပ်ငန်း ရှင်များထံမှ သိရသည်။ အောက်တိုဘာ ပထမပတ်မှ စတင်၍ ပြည်တွင်းအခေါက်ရွှေ ဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၆၇ဝဝဝဝ ကျော်ဖြင့် ဈေးနှုန်းများ တက်ရိပ်ပြနေရာမှ ဒုတိယပတ် တွင်ေ
Posted: 02 Nov 2014 04:27 AM PST
ကွန်ဂို နိုဝင်ဘာ ၁ ကွန်ဂိုနိုင်ငံတွင် ဒေါသ ထွက်နေသော လူအုပ်က အစ္စလာမ္မစ် နိုင်ငံတော် (IS) အဖွဲ့ ဝင်ဟု ယူဆရသူ တစ်ဦးကို ခဲများဖြင့် ဝိုင်းဝန်းထုသတ်ကာ အလောင်းကို မီးရှို့ပြီးကြော် စားခဲ့ကြကြောင်း သိရသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းမှာ ကွန်ဂိုတွင် IS အဖွဲ့၏တိုက်ခိုက် မှုကြောင့် လူ ၁ဝဝခန့်သေဆုံးခဲ့ခြင်းအပေါ် ပြန်လည်လက်စား ချေရန်ဖြစ်ကြောင်းလည်း သိရသည်။ လိုင်းကားတစ်စီးပေါ်တွင် မသင်္ကာဖွယ်ရာလူတစ်ဦးကို
Posted: 02 Nov 2014 12:39 AM PDT
မြန်မာ့ရှေးဟောင်း အမွေအနှစ်ပုဂံမြို့က တချို့ဟိုတယ်ဝင်း တွေထဲမှာ ဘုရားစေတီ ပုထိုးတွေ ရှိနေတာ ဟာ ကမ္ဘာ့ ရှေးဟောင်း အမွေ အနှစ်အဖြစ် သတ်မှတ်မှု ရဖို့ အတွက် အခက်အခဲ ဖြစ်နေကြောင်း "ပုဂံချစ်သူများအဖွဲ့"က ဒီနေ့ ပြောပါတယ်။ ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ပုဂံချစ်သူများ အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပုဂံ ချစ်သူများ အဖွဲ့က ကိုဝင်းမောင်က ပြောပါတယ်။ "ယူနက်စကိုဝင်ဖို့ အတွက်ကတော့ ဒီနှစ်ကတော့
Posted: 02 Nov 2014 12:37 AM PDT
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ ထောင်ဒဏ်တွေ ထည့်သွင်းပေးဖို့ ရန်ကုန်တိုင်း ဒေသကြီးက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၂၀၀ ကျော်က တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ လူထုဟစ်တိုင်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။ ဆန္ဒပြ အလုပ်သမားတွေက ပြည်ထောင်စု လွှတ်တော်က အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပြီး ထောင်ဒဏ်တွေ ထည့်သွင်းပေးဖို့ ၊ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေကိုေ
Posted: 01 Nov 2014 11:38 PM PDT
တောင်ကြီး ၊ ၂-၁၁-၂၀၁၄ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရှိ နာမည် ကျော်ကြား လှသော တောင်ကြီး တန်ဆောင်တိုင် ပွဲတော်သို့ ပြည်တွင်း ပြည်ပ ခရီးသွားများ နှင့် ဒေသတွင်း ဧည့်သည်များ လာရောက် လည်ပတ်မှု များပြားသဖြင့် တည်းခိုဆောင်၊ အင်း၊ မိုတယ်၊ သာမန် ဟိုတယ် နှင့် အထင်ကရ ဟိုတယ်ကြီး များ၌ နေရာလွတ် မကျန် ခန်းလုံးပြည့် ငှားခဲ့ရသည့် အပြင် လွန်ခဲ့သည့် တစ်လ ခန့်မှစ၍ အခန်း အော်ဒါများ ပြည့်ခဲ့ပြီး အခန်းခေ
Posted: 01 Nov 2014 11:35 PM PDT
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်အသီးသီးက မြေဧက ၄၀၀၀ ကျော်မှာ မြေကွက်ယူထားပြီး အလုပ်မစရင် ပြန်သိမ်းမယ်လို့ တိုင်းစက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် ၂၉ ခုက စက်မှုမြေကွက်လွတ်ပေါင်း ၂၀၀၀ ကျော်နဲ့ အလုပ်မလုပ်တဲ့ ဂိုဒေါင်ပေါင်း ၁၂၀၀ ကျော် စုစုပေါင်း မြေဧက ၄၀၀၀ ကျော်မှာ ဒီဇင်ဘာ ၁ ရက်ကစပြီး ဘာလုပ်မယ်ဆို တာ တင်ပြရမယ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ
Posted: 01 Nov 2014 11:28 PM PDT
ရန်ကုန်၊ နိုဝင်ဘာ ၂ ၁.၁၁.၂၀၁၄ရက်နေ့ ၂၂၀၀ အချိန် ဗဟန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အမျိုးသားတစ်ဦး ဓါတ်လိုက်ခံ ရသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။ ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သုံးခွမြို့နယ်နေ ကိုဖိုးကျော် (၂၉)နှစ်ဖြစ်ပြီး ၎င်းအလုပ် လုပ်ကိုင်သည့် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)
Posted: 01 Nov 2014 11:23 PM PDT
အခုရက်ပိုင်း လွှတ်တော် အစည်းအဝေးတွေမှာ အစိုးရ ဝန်ကြီးဌာန တချို့က ပြည်ထောင်စု လွှတ်တော်ရဲ့ ခွင့်ပြုချက်မရသေးပဲ ဌာနဆိုင်ရာ စီမံကိန်းတွေ အတွက် ကြိုတင်သုံးစွဲတာတွေ ရှိနေကြောင်း သိရပါတယ်။ အဲ့ဒီလို ခွင့်ပြုချက်မရပဲ သုံးစွဲနေတာတွေဟာ မသင့်တော်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန် ထောက်ပြနေကြ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်း တင်ပြ ထားပါတယ်။ RFA Burmese
Posted: 01 Nov 2014 11:17 PM PDT
Virgin လုပ်ငန်း အုပ်စုကို တည်ထောင်သူ ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် Sir Richard Branson က ခရီးသည်တွေကို အာကာသထဲ ခေါ်သွားမယ့် အစီအစဉ်တွေ အပေါ် သူ့ အနေနဲ့ အတင်း ရှေ့ဆက်ဖို့ တွန်းအားပေး မှာ မဟုတ်ဘူး လို့ ဆိုလာပါ တယ်။ ပုဂ္ဂလိက အာကာသ ခရီးသွား လုပ်ငန်း ဆောင်ရွက်ဖို့ ပြင်ဆင်နေ တဲ့ Virgin Galactic ရဲ့ အာကာသ ယာဉ်ဟာ အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ်မှာ စမ်းသပ် မောင်းနှင်စဉ် ပျက်ကျ ခဲ့တဲ့နောက် Sir Richard က
Posted: 01 Nov 2014 11:17 PM PDT
နိုင်ဂျီးရီးယား ဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင်က အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူထားတယ် ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆန်လိုက်သလို၊ လွန်ခဲ့တဲ့ ၆ လက သူတို့ ဖမ်းသွားတဲ့ ကျောင်းသူ အားလုံးကိုလည်း တိုက်ခိုက်ရေးသမားတွေနဲ့ ပေးစားလိုက်ပြီလို့ ပြောပါတယ်။ ဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင် အဘူဘာကာ ရှိကူးရဲ့ ဒီပြောဆိုချက်ဟာ နိုင်ဂျီးရီးယား အစိုးရရဲ့ ပြောဆိုချက်နဲ့ ကွဲလွဲနေပါတယ်။ အခုလို ပြောဆိုချက်ကြောင့် ကျောင်းသူတွေ
Posted: 01 Nov 2014 11:15 PM PDT
One Battle of Lions လို့အမည်ပေးထားတဲ့ ခြင်္သေ့များရဲ့တိုက်ပွဲ ချန်ပီယံပြိုင်ပွဲကို စင်ကာပူနိုင်ငံ Indoor Stadium မှာ လာမယ့် နိုဝင်ဘာ ၇ ရက် ည ၇ နာရီ ကျင်းပ ပြုလုပ်ဖို့ ရှိပါတယ်။ အဲဒီပြိုင်ပွဲမှာ မြန်မာစပါးအုံးမြွေကြီးလို့ လူသိများတဲ့ ကချင်သားလေး အောင်လအန်ဆန်း ပါဝင်ပြီး ၀ိတ်တန်းတွဲဆိုင်းတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။ မစ်ဒယ်လ်ဝိတ်တန်းအတွဲမှာ မြန်မာပြည်သား အောင်လအန်ဆန်းဟာ ဂျပန်နိုင်ငံသား တက်ဆုယာ
Posted: 01 Nov 2014 06:05 PM PDT
အနောက် အာဖရိက ဒေသမှာ ရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံ ဘာကီနာ ဖာဆို မှာ တိုင်းပြည် အာဏာ ကို စစ်တပ်က လွှဲပြောင်း ယူလိုက်တဲ့ အပေါ် အတိုက်အခံ တွေက လက်မခံကြောင်း နဲ့ ဒီနေ့ တနင်္ဂနွေ နိုဝင်ဘာ ၂ ရက်နေ့ မှာလည်း လမ်းပေါ်ထွက် ဆန္ဒပြမှု တွေ လုပ်သွားမယ် ဆိုပြီး ပြောလိုက်ပါ တယ်။ အာဏာကို ၂၇ နှစ် ရယူထားခဲ့တဲ့ သမ္မတ ကွန်မ်ပါအိုရေး နှုတ်ထွက်သွားအောင် လူထုက ဆန္ဒပြ ခဲ့ကြတဲ့ အောင်မြင်မှု ဟာ စစ်တပ်က ကြားထဲက အာဏာယူဖို့ မဟုတ်ဘူး
Posted: 01 Nov 2014 06:00 PM PDT
နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ဖို့ သင့်တော်မှု ရှိ မရှိ စစ်တမ်း ကောက်ယူပြီး ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ရာ မှာ မြန်မာ နိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ အဆင့် မှာသာ ရှိနေ ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် အစီရင် ခံစာထဲက အဆင့် သတ်မှတ်ချက် ထက် တဆင့် တက်လာတာ ဖြစ်ပြီး၊ သွင်းကုန် ထုတ်ကုန် ကုန်သွယ်ရေး ကဏ္ဍဍတွေမှာ တိုးတက်မှု တွေ ရှိခဲ့တယ် လို့ ဖော်ပြ ထားပါတယ်။ မြန်မာ ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုး
Posted: 01 Nov 2014 05:54 PM PDT
အီရတ်နိုင်ငံမှာ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့က သူ့ကို ခုခံသူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေရာမှာ Anbar ခရိုင်မှာတော့ ဒေသခံ တိုင်းရင်းသား အနည်းဆုံး  ၅၀ ကျော်ကို ကွပ်မျက်ပစ်ခဲ့ပါတယ်။ အဲဒီဒေသက Albu Nimr ဆူနီမွတ်ဆလင်တွေကို သောကြာနေ့က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအရင် ရက်သိပ်မကြာခင်တုန်းကလည်း မြို့တော် Baghdad အနောက်ဘက်က IS အစ္စလာမ်စစ်သွေးကြွတွေသိမ်းခဲ့တဲ့  Ramadi မြို့နားမှာ
Posted: 01 Nov 2014 02:49 PM PDT
ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့မှာ မနေ့ညက (31-10-2014) အောက်တို ဘာလ ၃၁ရက်နေ့ သောကြာနေ့ ည (၈) နာရီကျော် အချိန် နယ်မြေခံ တပ်ရင်း ခမရ(၄၂၄)က ဗိုလ်နိုင်ချမ်းသာနဲ့ တပည့် စစ်သားနှစ်ယောက် အရက်ဆိုင်မှာ အရက်သောက်ရင်း အရပ်သား သုံးယောက်နဲ့ ရန်ဖြစ်ခဲ့ ကြကြောင်း သိရပါတယ်။ အဲဒီနောက် တပ်ရင်းကို ပြန်ပြီး ကျန်ရှိသော စစ်သားများကို တပ်ရင်းမှ faw ကားဖြင့် ခေါ်လာပြီးြ
Posted: 01 Nov 2014 02:27 PM PDT
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ မနေ့ညက အမှတ် ၄၂၄ ခြေမြန်တပ်ရင်းက စစ်သား ၄၀ လောက်က မြို့ထဲမှာ ရိုက်နှက်ခဲ့တဲ့အတွက် လူတစ်ချို့ ဒဏ်ရာရခဲ့ပြီး ၃ ယောက်က ဆီဆိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မျက်မြင်တွေကက ပြောပါတယ်။ မနေ့ည ကိုးနာရီခွဲလောက်က ဆီဆိုင်မြို့လယ်ခေါင်က မိုးပြာတည်းခိုခန်းအနီးမှာ စစ်သားတွေက လမ်းပေါ်မှာ တွေ့တဲ့သူတွေကို ရိုက်နှက်ခဲ့သလို တစ်ချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး
Posted: 01 Nov 2014 02:20 PM PDT
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းတို့ တင်ပြထားတဲ့ ၂၀၁၃ခုနှစ်အတွင်း နောက်ဆုံး ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၃၀ စာရင်းထဲက ၃ဦး ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ ကျန်တဲ့ ၂၇ဦးဟာ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ပဲ တခြားပြစ်မှု ကျူးလွန်သူတွေ ဖြစ်ကြောင်း ဒီကနေ့ စနေနေ့ထုတ် သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် နိုင်ငံရေး
Posted: 01 Nov 2014 02:20 PM PDT
အလွတ်တမ်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှန်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဆောင်တဲ့ အထူးစုံစမ်းရေး အဖွဲ့ အမှုဖြစ်ပွား ခဲ့ရာ မွန်ပြည်နယ်ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အထူး အစီရင်ခံ စာကို နိုင်ငံတော် သမ္မတဆီ တိုက်ရိုက်ပေးပို့ တင်ပြရမှာ ဖြစ်ပါတယ်။ ကိုပါကြီးရဲ့
Posted: 01 Nov 2014 02:20 PM PDT
ရန်ကုန် နိုဝင်ဘာ ၁ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၆)ရပ်ကွက်နှင့်အမှတ် (၃)ရပ်ကွက်အကြား မင်းဓမ္မလမ်းမ ပေါ်၌ အောက်တိုဘာ ၃ဝ ရက် ည ၇ နာရီကျော်ခန့်က ယာဉ်တစ်စီးမီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ(7D/----) မာစီးဒီး ဆလွန်း (Micko Bus) ခဲရောင်ကိုယ် ပိုင်မော်တော်ယာဉ်သည် မင်းဓမ္မလမ်း အတိုင်း မြောက်မှတောင်သို့ မောင်း နှင်လာစဉ် မင်းဓမ္မလမ်း မီးပွိုင့်အလွန် အမျိုးသားြ
Posted: 01 Nov 2014 02:10 PM PDT
သမ္မတရာထူးကနေ ဆင်းပေး သွားတဲ့ Burkina Faso နိုင်ငံမှာ စစ်တပ်ထောက်ခံတဲ့ ခေါင်းဆောင်သစ် တက်လာပုံ ရပါတယ်။ သမ္မတ အစောင့်တပ်က ဒုတိယဗိုလ်မှူးကြီး Yacouba Issac Zida က တိုင်းပြည် တာဝန် တွေကို ယူလိုက်ပြီလို့ ဒီကနေ့မှာ ကြေညာခဲ့ပါတယ်။ သောကြာနေ့တုန်းကပဲ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Honore Traore က နိုင်ငံတော် အကြီးအကဲတာဝန်ကို ယူလိုက်ပြီလို့ ကြေညာခဲ့တဲ့ အတွက် Burkina Faso ရဲ့ နိုင်ငံ့ခေါင်းဆောင်
Posted: 01 Nov 2014 02:10 PM PDT
ဘကီနာ ဖာဆို နိုင်ငံမှာ သမ္မတ ဘလေ့စ် ကွန်ပေါင်ရေး ရာထူးက နှုတ်ထွက် သွားပြီး တဲ့နောက် သူ့နေရာ ကို ဘယ်သူ ဆက်ခံမလဲ ဆိုတာ စစ်တပ်ထဲ မှာအငြင်းပွား နေခဲ့ရာ ကနေ အခုတော့ သမ္မတ အစောင့်တပ် အရာရှိ တဦးက အာဏာရယူ လိုက်ပြီလို့ ကြေညာ လိုက်ပါတယ်။ ဒုတိယ ဗိုလ်မှူးကြီး အိုက်ဆက် ဇီဒါ က နိုင်ငံ ခေါင်းဆောင် တာဝန်ကို သူရယူ လိုက်ပြီလို့ သောကြာနေ့ ညတုန်းက ရုပ်မြင်သံကြား ကနေ ကိုယ် တိုင်ထွက် ပြောခဲ့ ပါတယ်။ သူက နိုင်ငံရေး
Posted: 01 Nov 2014 01:05 PM PDT
တိုင်းဒေသကြီးတွေမှာ ကျင့်သုံးမယ်ဆိုပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လူအင်အား နှစ်ရာလောက်က ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္က လာပမြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။ PR စနစ် လွှတ်တော်မှာ တင်သွင်းစဉ်က ပြည်သူတွေရဲ့ သဘောထား ဆန္ဒမပါပဲ တင်သွင်းခဲ့ တာကြောင့် ကန့်ကွက်ဆန္ဒပြ ရတာဖြစ်ကြောင်း ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ြေ
Posted: 01 Nov 2014 01:02 PM PDT
ရန်ကုန် နိုဝင်ဘာ ၁ ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မြို့သစ်( က+ခ) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမပေါ်တွင် အောက်တိုဘာ ၃၁ ရက် ည ၇ နာရီ မိနစ် ၄ဝ ခန့်က ကွန်တိန်နာ ၁ဝ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ ခ/၆ လမ်းထိပ်ရှိ ဓာတ်တိုင်၊ အငှားယာဉ်၊ ကွမ်းယာဆိုင်နှင့် ကားဝပ်ရှော့ဆိုင်တို့ ကို ဝင်ရောက်တိုက်မိခဲ့သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ ဘုရင့်နောင်လမ်းမ ကြီးအတိုင်း ရန်ကုန်ဘက်မှ ေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...