Tuesday, November 4, 2014

ကွန်ဆာဗေးတစ်လက်သစ်တွေရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီလား

အမေရိကန်ရာစုသစ်အတွက်ပရောဂျက် ( Project for New American Century) အပါအဝင် ကွန်ဆာဗေးတစ်လက်သစ်တွေရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီလား လို့ မေးခွန်းမေးခဲ့သူတွေရှိတယ်။ ကမ္ဘာကြီးကို အမေရိကန်တွေက ဦးဆောင်မယ်ဆိုတဲ့ အယူအဆ က ပြီးဆုံးသွားမှာ မဟုတ်သေးပါဘူး။ အမေရိကန် ဒုတိယ သမ္မတဟောင်း ဒစ်ချင်နီ ရဲ့ သမီး ကလည်း လူငယ်မျိုးဆက်သစ်တွေ နဲ့ ပေါင်းပြီး အမေရိကန်အနာဂတ်အတွက် ဆွေးနွေးပွဲတွေမှာတွေ့နိုင်သလို၊ သမ္မတအဆက်ဆက် ရဲ့ သားသမီးတွေ၊ ဆီနိတ်တာ၊ ကွန်ဂယက်အမတ်တွေ နဲ့ ဆက်နွယ်နေသူတွေ ကလည်း နိုင်ငံရေးစင်မြင့်ကို နေရာယူဖို့ ပြင်ဆင်နေကြတယ် မို့လား။
ဒီလိုပါပဲ။ အမေရိကန်နိုင်ငံရေးမှာ ကော်ပိုရေးရှင်းတွေ ရဲ့ သြဇာအာဏာ ကလည်း ကြီးမားသထက် ကြီးမားလာခဲ့တယ် မို့လား။
အမေရိကန်ဒီမိုကရေစီကို ကော်ပိုရေးရှင်းဒီမိုကရေစီ လို့ ဝေဖန်တဲ့သူတွေ ရှိနေတယ်။ ဒါပေမယ့် မကြာသေးခင်က စစ်တမ်းတခုအရ ထိပ်ပိုင်း

(၁) ကော်ပိုရေးရှင်းကြီးတွေရဲ့ အခွန်ဆောင်မှုဟာ အရင်ကထက်ပိုမိုများပြားလာခဲ့တယ် လို့ ဆိုကြတယ်။ ဝေဖန်မှုတွေနဲ့ အတူ အရင်းရှင်ကမ္ဘာဟာ လမ်းကြောင်းသစ်တခုကို ရှာကြံနေခဲ့တယ်။

(၂) Walmart အပါအဝင် အမေရိကန်ကော်ပိုရေးရှင်းကြီးတွေအကြောင်းရေးတဲ့အခါ၊
တချို့က အဲ့ဒီကုမ္မဏီရဲ့ အနိုင်ကျင့်မှုတွေကို ထောက်ပြကြတယ်။ တချို့ကလည်း Walmart ကို ဝေဖန်ထားတဲ့ လင့်တွေကို ကွန့်မန့်တွေမှာ ပေးကြတယ်။
ခက်တော့ခက်နေပြီ။ နေ့စဉ်သတင်းစာတွေမှာ Walmart အပါအဝင် အလုပ်ခွင်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ၊ ဆန္ဒပြပွဲတွေ၊ လိင်ခွဲခြားမှုတွေကို ဖတ်နေရတဲ့နိုင်ငံပါ။ ဒီမိုကရေစီရှိတဲ့နိုင်ငံမှာ လစ်ဘရယ်အမြင်၊ တိုးတက်တဲ့အမြင်၊ ဆိုရှယ်လစ်အမြင် ဆိုတာတွေက စာတမ်းတင်တိုင်း ထည့်သွင်းပြရတဲ့နိုင်ငံပါ။
ကော်ပိုရေးရှင်းကြီးတွေကို ကြောက်စရာလိုလို့လား။
တရုပ်က သူ့နိုင်ငံအတွက် ဘယ်လို အသုံးချခဲ့သလဲ။ ကိုယ့်နိုင်ငံက ပြည်သူလည်း ကြီးပွားမယ်။ အတတ်ပညာတွေရမယ်။ လူလတ်တန်းစားတွေများလာမယ်။ ကော်ပိုရေးရှင်းကြီးတွေလည်း အကျိုးအမြတ်ကောင်းကောင်းရမယ် ဆိုရင် ဘာကြောက်စရာလိုလို့လဲ။
ကိုယ့်နိုင်ငံက သုံညအနေအထားက ပြန်စနေရတဲ့ဘဝ။ အရာရာကို သံသယနဲ့ လူတောမတိုးတဲ့အမြင်နဲ့ ကြောက်နေမယ်ဆိုရင် ဒီတသက် လူဖြစ်ဖို့ လွယ်မယ်မထင်ဘူး။ ကမ္ဘာမှာကြည့်လိုက်ပါ။ ကိုယ့်ဘာသာ ယုံကြည်မှုရှိတဲ့လူမျိုးကသာ ကြီးပွားချမ်းသာလေ့ရှိပါတယ်။

(၃) စီးပွားရေးလုပ်ငန်းတွေ နဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို ဆက်စပ်ကြည့်ပါ။
ဆိုဗီယက်ကွန်မြူနစ်တွေရဲ့ အောက်တိုဘာတော်လှန်ရေးစစ်ဆင်ရေးမှာ အဓိက ဗိသုကာတဦးဖြစ်သူ ထရော့စကီး က “ရေရှည်တည်တံ့ခိုင်မြဲတဲ့တော်လှန်ရေး” တခုအကြောင်း တင်ပြခဲ့တယ်။ အရင်းရှင်နိုင်ငံတွေမှာရှိတဲ့ အလုပ်သမားလူတန်းစားတွေကို ပုန်ကန်ထကြွအောင်လုပ်ရမယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်သမားလူတန်းစား ဟာ စည်းလုံးညီညွတ်ပြီး ချိတ်ဆက်လှုပ်ရှားကြရမယ် လို့ ဆိုတယ်။ တဘက်မှာတော့ သူက အရင်းရှင်ကမ္ဘာဆီက ပြန်လည်တုန့်ပြန်နိုင်တဲ့ အန္တရာယ်ကို လည်း သတိကြီးကြီး တွက်ချက်ပြခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အယူအဆဟာ နယ်ချဲ့သမား နဲ့ ပူးပေါင်းလိုတဲ့ ဖောက်ပြန်တဲ့ အယူအဆ တရပ်ဖြစ်တယ် ဆိုပြီး မအောင်မြင်ခဲ့ဘူး။
ထူးခြားတာက ထရော့စကီးရဲ့ အယူအဆကို အရင်းအရှင်းကမ္ဘာက အသုံးချပစ်လိုက်တယ်။ ကွန်မြူနစ်နိုင်ငံတွင်းမှာရှိတဲ့ လစ်ဘရယ်ဝါဒီတွေနဲ့ အဆက်အသွယ်လုပ်ပြီး နိုင်ငံတကာ လစ်ဘရယ်တော်လှန်ရေးတွေကို စတင်လှုံ့ဆော်လိုက်တယ်။ ပြင်သစ်တော်လှန်ရေး ၂၀၀ ပြည့်နှစ် (၁၉၈၉) မှာတော့ အာဏာရှင်နိုင်ငံတွေမှာ နိုင်ငံတကာ လစ်ဘရယ်တော်လှန်ရေးတွေ တဝုန်းဝုန်းပေါက်ကွဲလာခဲ့တယ်။

(၄) လစ်ဘရယ်တော်လှန်ရေးက အရှိန်ပြင်းစွာစီးဆင်းနေတုံးပါပဲ။
ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ် လို ဘဏ္ဍာရေးအဆောက်အဦတွေ အပါအဝင် နိုင်ငံတကာ ကော်ပိုးရေးရှင်းကြီးတွေရဲ့ စိမ့်ဝင်ထိုးဖောက်မှုတွေဆိုတာ လစ်ဘရယ်တော်လှန်ရေးအဆက်ပါ။
Walmart အပါအဝင် ကော်ပိုရေးရှင်းကြီးတွေက ဘာကြောင့် သူတို့ထက် ပစ္စည်းအရည်အသွေးကောင်းမွန်စွာထုတ်လုပ်နိုင်တဲ့ ကုမ္မဏီတွေကို အကျိုးအမြတ်ကိန်းကဏ္ဍန်းမှာ ဘာကြောင့် ကျော်တက်သွားသလဲ။ အခြေခံလူတန်းစားတွေပေါ်မှာ အမှီပြုပြီး၊ သူတို့ရဲ့ ရောင်းအားကို ဘာကြောင့်မြှင့်တင်နိုင်သလဲ။
ကမ္ဘာကြီးမှာ မပြေလည်တဲ့သူတွေများတယ် ဆိုတာ သူတို့က သဘောပေါက်တယ်။ အဲ့ဒီလူတွေကို ဘယ်လိုအသုံးချရမလဲ ဆိုတာသိတယ်။
ထရော့စကီး ရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့တော်လှန်ရေးဆိုတာ နေရာအနှံ့မှာ တော်လှန်ရေးအတွက် အသုံးချလုပ်ကိုင်လို့ရမယ့်သူတွေ နဲ့ ပေါင်းစည်းရေးပဲဖြစ်တယ်။
သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။ ကမ္ဘာကြီးမှာ အုပ်စုတိုင်း အုပ်စုတိုင်းဟာ အကျိုးစီးပွားပေါ်မှာ အခြေခံပြီး လုပ်ကြပါတယ်။ ဒါဟာ သဘာဝတရားပါ။ ဘယ်လိုရည်ရွယ်ချက် နဲ့ တော်လှန်ရေးတွေလုပ်လုပ်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူ့အဖွဲ့အစည်းအတွက် အကျိုးရှိအောင် လုပ်တတ်ဖို့ပါပဲ။
တရုပ်ပြည် နဲ့ ဗီယက်နမ် ကို အတုယူနိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...