Sunday, November 16, 2014

အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြသည့်ကျောင်းသားများ ရန်ကုန်တက္ကသိုလ်အတွင်းသို့ ကျော်ဝင်ဆန္ဒပြ

 
တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ကျောင်းသားနှစ်ရာခန့်သည် အမျိုးသားပညာရေးဥပဒေကြမ်းကို ဒုတိယနေ့အဖြစ် ဆန္ဒပြခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားရာ သက်ဆိုင်ရာက တံခါးဖွင့်မပေးသဖြင့် ကျော်ဝင်ကာ ကျောင်းသးသမဂ္ဂမြေနေရာတွင် ဂါရဝပြုခဲ့ပြီးနောက် ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြသည်။
အဆိုပါကျောင်းသားများသည် နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်က သမိုင်းလမ်းဆုံမှ အင်းစိန်လမ်းမအတိုင်း ချီတက်လာခဲ့ခြင်းဖြစ်သည်။
ကျောင်းသားသမဂ္ဂအဆောက်အအုံမြေနေရာကို ဂါရဝပြုပြီးနောက် ကျောင်းသားများသည် လှည်းတန်းတွင် သပိတ်စခန်းဖွင့်ရန် ရန်ကုန်တက္ကသိုလ်အတွင်းမှ ပြန်လည်ထွက်ခွာလာကြသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...