Friday, October 3, 2014
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (၂)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (ကေအင်ယူစစ်သားတဦး သတ်ဖြတ်ခံရသည့် မှုခင်းအပေါ် ဥပဒေကြောင်းအရ အမြန်ဆုံး   အရေးယူဆောင်ရွက်ရန် တောင်းဆိုခြင်း  
ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) နှင့် စစ်အစိုးရတို့ ၏ အပစ်အခတ်ရပ်စဲရေး သက်တမ်း (၁၇) နှစ်အတွင်းတွင် ကချင်အရပ်သားအချို့ အပါအ၀င် ကေအိုင်အို စစ်သားများ အစုလိုက် အသတ်ခံခဲ့ကြ ရသည်။ ၂၀၀၁ ခုနှစ်တွင် ၁၁ ဦး၊ ၂၀၀၂ ခုနှစ်တွင် ၄ ဦး နှင့် ၂၀၀၇ ခုနှစ်တွင် ၆ ဦးတို့ ဖြစ် သည်။ ယင်းသတ်ဖြတ်မှုများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် ကေအိုင်အို တို့ ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်၌ အကယ်၍ ဘက်တဘက်ဘက်၏ အရပ်သားအမှုထမ်းကဖြစ်စေ၊ စစ်သည်တဦးဦးက ဖြစ်စေ ပြင်းထန်သော လူ့ အခွင့်အရေး ချိုးဖေါက်မှု သို့ မဟုတ် ပြစ်မှု တခုခုကို ကျူးလွန်ခဲ့သည်ရှိသော် ဥပဒေကြောင်း အရ အရေး ယူဆောင်ရွက်နိုင်ရေးနှင့် ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်စီရင်နိုင်ရေး တို့ အတွက် အကြပ်အတည်း စီမံခန့် ခွဲ ရေး ဘုတ်အဖွဲ့ (သို့ မဟုတ်) တရားစီရင်ရေးပိုင်းဆိုင်ရာ ဖွဲ့ စည်းမှု တခုခုကဲ့သို့ အဖွဲ့ အစည်း မျိုးအား စာချုပ် အရ တရားဝင်ဖွဲ့ စည်းတည်ထောင် ထားခဲ့ခြင်း မရှိပါ။ 
သို့ ဖြစ်၍ ကေအိုင်အိုသည် ပြစ်မှုကျူးလွန်ခံခဲ့ရသည့် မိမိ၏ စစ်သားနှင့်လူထုများအတွက် တရား မျှတမှု ရှာဖွေနိုင်ခဲ့ခြင်းမရှိ။ အဖွဲ့ အစည်းနှင့် မိမိတပ်အတွင်း၌မကြေနပ်မှုများ ရှိခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး မပျက်စီးစေရန် အလို့ ငှာ ယင်းကဲ့သို့ တရားမ၀င် ပြစ်မှုကျူးလွန်မှုများအား အကြမ်းဘက်မှုဖြင့် တုန့် ပြန်ခဲ့ခြင်း မရှိကြောင်း လေ့လာရသည်။
သို့ ရာတွင် ကေအိုင်အို စစ်သားတဦးဖြစ်သူ ဒုတပ်ကြပ် ချမ်းယိမ်းအား မြန်မာ့တပ်မတော်က ထပ်မံ နှိပ်စက်၊ သတ်ဖြတ်ခြင်းပြုပြီး နောက်တွင်မူ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ မှစ၍ အပစ်အခတ်ရပ်စဲရေး အား ဆက်လက်ထိမ်း သိမ်းထားခြင်းမပြုတော့သဖြင့် ခုခံစစ်ကိုဆင်နွှဲရင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ အကျိုးဆက်အနေဖြင့် အခြားလူ့ အခွင့်အရေးချိုးဖေါက်မှုကြီးများအပြင် ပြည်တွင်းအခြေတကျမနေထိုင်နိုင်သူ လူထုဦးရေ တသိန်းနှစ်သောင်း ကျော် ရှိလာခဲ့သည်။ ယုံကြည်လောက်ဖွယ် အစီရင်ခံချက် တခုအရ ပြင်းထန်သည့် တိုက်ပွဲကြီးများအတွင်း မြန်မာ့ တပ်မတ်ာဘက်မှ စစ်သည်ဦးရေ ၅၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ ကြောင်း[1] သိရသည်။             နည်းလမ်းတကျ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်းတွင် ပြင်းထန်သည့် ရာဇ၀တ်မှု နှင့် လူ့  အခွင့်အရေးချိုးဖေါက်မှုကြီးများအား လက်နက်ကိုင်ပဋိပက္ခ၏ မည်သည့်ဘက်ကဖြစ်စေ ကျူးလွန်ကြလျှင် အဆိုပါ ကျူးလွန်သူများအပေါ် အရေးယူဆောင်ရွက်နိုင်မည့် ယန္တယားတည်ဆောက်ထားခြင်းမရှိပါက ဆိုးဝါးသည့် အကျိုး သက်ရောက်မှုများကို ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း အထက်ပါ အတွေ့ အကြုံက သက်သေပြလျှက်ရှိသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ(၁၂) ရက်နေ့ က စစ်အစိုးရနှင့် အပစ်ရပ်စဲထားခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတခုဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) သည် ယခုအချိန်တွင် အလားတူ ပြသနာနှင့် ရင်ဆိုင်ကြုံတွေ့ ရလျှက်ရှိသည်။ ၂၀၁၄ ခုနှစ်စက်တင်္ဘာလ ၁၆ ရက်နေ့ တွင် ကရင်ပြည်နယ် မြ၀တီမြို့ ၌ ကေအင်ယူမှ လက်နက်မပါ အရပ်ဝတ်နှင့် စောတာနိ ဆိုသူ စစ်သားတဦးအား မြန်မာ့တပ်မတော်၏ တိုက်ရိုက်အမိန့် ပေးမှု အောက်တွင် ဖွဲ့ စည်းထားသော နယ်ခြားစောင့်တပ်က ဖမ်းဆီး စစ်ဆေးခဲ့သည်။ ထို့ နေ့ မှစ၍ ၄င်းမှာ ပျောက်ဆုံးသွားခဲ့သည်။ ထို့ နောက် စက်တင်္ဘာလ ၂၂ ရက်နေ့ တွင် သောင်ရင်းမြစ်အတွင်း၌ ၄င်း၏ အလောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့သည်။
            ကချင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့်  လူ့ အခွင့်အရေးချိုးဖေါက်မှုကြီးများနှင့် ပြင်းထန် ဆိုးဝါးသည့် အကျိုး သက်ရောက်မှုကြီးများ ကရင်ပြည်နယ်တွင် အလားတူ ဖြစ်ပေါ်မလာစေ၇န် ရှောင်လွှဲနိုင်ရေးအတွက် ကေအင်ယူ စစ်သား သတ်ဖြတ်ခံရသည့် ယခုမှုခင်းအပေါ် အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ရုံးတင်တရားစွဲဆို ပြစ်ဒဏ်စီရင်ရန် လိုအပ် သည်။ သို့ ရာတွင် မြန်မာနိုင်ငံ၌ လက်ရှိတည်ရှိနေသော တရားစီရင်ရေးမှာ လွတ်လပ်မှုမရှိ၊ ဘက်လိုက်လျှက်ရှိပြီး အုပ်ချုပ်ရေးအာဏာပိုင်များကိုဦးညွှတ်နေရဆဲဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းကြီး များသည် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံကိုလက်မခံနိုင်ကြောင်း လူသိရှင်ကြားကြေငြာခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ ၄င်းဖွဲ့ စည်း ပုံ အရ တရားစီရင်ရေး ယန္တယားကို ဗဟိုပြုပြီး တည်ဆောက်ထားသည့် တည်ဆဲ ဥပဒေဘောင်တခုလုံးအား လက်မခံ ခြင်း ကို ဆိုလိုသည်။
            ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃ (က) နှင့် ၃၄၃ တို့ အရ စစ်ဘက်ဆိုင်ရာတရားစီရင် ရေး သည် အရပ်ဘက်ဆိုင်ရာ တရားစီရင်ရေး၏ကြီးကြပ်မှုမှ လုံးဝလွတ်ကင်းနေသည့်အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အယူခံစီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးထားသောကြောင့်ဖြစ်သည်။
            အထက်ပါတို့ လက်တွေ့ ဖြစ်မလာမီ ဒေသဆိုင်၇ာအရဖြစ်စေ၊ တပြည်လုံးလက္ခဏာ ဆောင်သည် ဖြစ်စေ နည်းလမ်းတကျ အပစ်ရပ်ထားမှုအောက်တွင် ပြသနာဖြေရှင်းရေး ယန္တယားကို တပ်ဆင်ရပါမည်။ အကြောင်းမလှ စွာပင် ၁၉၉၄ ခုနှစ်၌ ကေအိုင်အိုနှင့် အစိုးရတို့ ချုပ်ဆိုခဲ့သည့်စာချုပ်တွင်သာမက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက် နေ့ ၌ ကေအင်ယူနှင့် အစိုးရတို့ ချုပ်ဆိုခဲ့သည့် စာချုပ်တွင်ပါ အထက်ပါ ယန္တယား တပ်ဆင်မှု မပါရှိချေ။ အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည့် သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများသည် ဆက်ဆန်ရေးထိခိုက်မည် စိုးရိမ်ကြောင်းဖြင့် နိုင်ငံရေးအရအကြောင်းပြချက်ယူကာ အဆိုပါ ပြစ်မှုကြီးများ ကျူးလွန်မှုကို ဥပက္ခာပြုမထားသင့်ချေ။ ယင်းသို့ ပြုထားမည်ဆိုပါက ပြစ်မှုမည်မျှပင် ကျူးလွန်သော်လည်း လွတ်ငြိမ်းခွင့်ရသည့် အခြေအနေကြီးမှာ တပြည်လုံး ၌ ဆက်လက်လွှမ်းခြုံနေမည်၊ ပြစ်မှုကျူးလွန်ခံရသူများ အတွက်တရားမျှတမှု ပျောက်ဆုံးနေမည်၊ ပြစ်မှုကျူးလွန်သူများ သည် အတင့်ရဲကာ နောက်ထပ်ပြစ်မှုကြီးများ ဆက်လက်ကျူးလွန်ကြ လိမ့်မည်၊ လူ့ အခွင့်အရေးချိုးဖေါက်မှုကြီးများ ဆက်လက်ဖြစ်ပွားနေမည်၊ လူ့ အဖွဲ့ အစည်းတည်ငြိမ်မှုကို ဆက်လက်ခြိမ်းခြောက်ခံနေရမည် ဖြစ်သည်။ အကျိုးဆက် အနေဖြင့် စီးပွားရေး တိုးတက်မှုနှင့် တပြိုင်တည်း စစ်မှန်သည့်ငြိမ်းချမ်းမှုကို ပြည်သူများခံစားနိုင်ရန် ဟူသည်မှာ ဒဏ္ဍာရီ ပုံပြင်သဘွယ်သာ ဖြစ်ပါမည်။
            ယင်းကိုအဖြေရှာရာတွင် ပံ့ပိုးနိုင်စေရေးအတွက် မြန်မာနိုင်ငံအတွင်း၌ လက်ရှိ ငြိမ်းချမ်းမှုရှာဖွေသည့်ဖြစ်စဉ် များနှင့် ဆက်စပ်ကာ ဥပဒေအထောက်အကူပြုကွန်ရက်အနေဖြင့် အောက်ပါ လုပ်ငန်းသုံးရပ်ကို အဆိုပြုပါသည်။
(၁) ငြိမ်းချမ်းမှုကို ရှာဖွေတည်ဆောက်သည့် ဖြစ်စဉ်များ အားလုံးတွင် နိုင်ငံတကာက အသိအမှတ်ပြုထား သော လူ့ အခွင့်အရေးများအား ကာကွယ်ခြင်းနှင့် တိုးမြှင့်အောင်လုပ်ဆောင်ခြင်းတို့ မှာ လုပ်ငန်းအားလုံး၏ ဗဟိုချက်မ နေရာတွင် ထားသင့်သည်။ အစိုးရအနေဖြင့် မိမိကိုယ်တိုင် လူ့ အခွင့်အရေးချိုးဖေါက်မှုများ မကျုးလွန်ရုံသာမက ချိုးဖေါက်မှုများမဖြစ်ပွားစေရေးအတွက် ကာကွယ်တားဆီးစောင့်ရှောက်ရန် တာဝန်ရှိ ကြောင်းဖြင့် အခွင့်အေ၇းများကို တန်ဘိုးထား မြတ်နိုးမှုကို ရည်ညွှန်းသည့် ညီညွတ်ပေါင်းစည်းသော ပြဌာန်းချက်တရပ်အား နှစ်ဘက်ချုပ်ဆိုကြသည့် စာချုပ်တွင် ထည့်သွင်းသင့်သည်။
(၂) တပြည်လုံးအပစ်အခတ်ရပ်စဲရေးမှာ အရေးကြီးသောအစိပ်အပိုင်းအနေဖြင့် ပါဝင်သည့် လာမည့် ငြိမ်းချမ်းရေး စာချုပ် Peace Agreement တွင် အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့ နှင့် (အင်ဒိုနီးရှား နိုင်ငံတွင် ဖွဲ့ စည်းခဲ့ သကဲ့သို့ သော) အကြပ်အတည်းစီမံခန့် ခွဲရေး ဘုတ်အဖွဲ့ တို့ အပြင် တရားမျှတမှု ရှာဖွေရေး ဆိုင်ရာ ယန္တယား တရပ်ကိုလည်း ပါဝင် ဖွဲ့ စည်းတည်ထောင်သင့်သည်။ http://www.acehpeaceprocess.net/pdf/mou_final.pdf, ယင်းရည်မှန်းချက်အတွက် အသင့်မြတ်ဆုံးမှာ ပဋိပက္ခ ဖြစ်ပွားနေသော ဘက်နှစ်ဘက်မှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းထားသည့် အထူးတရားရုံး တခုကို ဖွဲ့ စည်းသွားစေ၇န်ဖြစ်သည်။ ယင်းကို ဖေါ်ဆောင် နိုင်ရန်မှာ ဘက်နှစ်ဘက်လုံးက အဆိုပါ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို သဘောတူ အသိအမှတ်ပြုရပါမည်။ နိုင်ငံတကာ လူ့ အခွင့်အရေးဥပဒေတွင် ʻ ဥပဒေနှင့် အညီတည်ထောင်ထားသောʼ[2] ဟူသည့် ပြဌာန်းချက်ကို ဖြည့်ဆည်းနိုင်ရန် အထူးတရားရုံးဖွဲ့ စည်းပေးနိုင်ေ၇းအတွက် ပြည်တွင်းဥပဒေတရပ် ပြဌာန်းပေးရန် လိုပါမည်။
လက်နက်ကိုင်ပဋိပက္ခ၏ ဘက်နှစ်ဘက်အနေဖြင့် အစိုးရ အာဏာပိုင်အဖွဲ့ အစည်းများနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများအကြားဆွေးနွေးကြပြီးနောက် ယခုချုပ်ဆိုမည့် စာချုပ်မှာ ဥပဒေအသွင်လက္ခဏာ ဆောင်ကြောင်း ပိုမိုကောက်ယူနိုင်သည့် ယေဘုယျသဘောတူညီချက်ဖြစ်သည်။ ၄င်းယေဘုယျ သဘောတူညီချက်[3] အရ ဖွဲ့ စည်းပေါ်ပေါက်လာမည့် အထူးတရားရုံးဟူသည်မှာမူ သီးသန့် မှုခင်း တခုခု သို့ မဟုတ် သီးသန့် မှုခင်းများကို သာ စစ်ဆေးစီရင်သွားရန်ဖြစ်သည်။
(၃) ဤပြသနာကို နိုင်ငံတကာ လူ့ အခွင့်အရေးဥပဒေရှုဒေါင့်မှ ချဉ်းကပ်ရာတွင် ပြစ်မှုကျူးလွန်ခံရသူများ အတွက် တရားမျှတမှုကို ရှာဖွေရုံသာမက ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရသည့် ပုဂ္ဂိုလ်များအတွက်ကိုပါ တရားမျှတသော စစ်ဆေးစီရင်မှု အယူအဆ[4] ရှုဒေါင့်မှ ချဉ်းကပ်သွားစေသင့်သည်။ ယင်းနှင့် စပ်လျှဉ်း၍ ကေအင်ယူမှ စစ်သား စောတာနိ သတ်ဖြတ်ခံရသည့် ယခုမှုခင်းတွင် ပြစ်မှုကျူးလွန်သူများအဖြစ် စွပ်စွဲခံရသူ နယ်ခြားစောင့်တပ်သား ၅ ဦး အား ရည်ညွှန်းသည်။
နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် ပုဒ်မ ၁၄ တွင်[5]  “ပြစ်မှုကြောင်း အရ စွဲဆိုခြင်း ခံရသည့် ပုဂ္ဂိုလ်များသည် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်ပြီး ဥပဒေနှင့် အညီတည်ထောင်ထား သော တရားရုံးများမှနေ၍ အများပြည်သူရှေ့ မှောက်တွင် တရားမျှတသော စစ်ဆေးစီရင်မှုကို ရယူပိုင်ခွင့်ရှိစေရမည်။” ဖြစ်ကြောင်း ပြဌာန်းထားသည်။ အဆိုပါ ပုဒ်မတွင် အမှုစစ်ဆေးပုံ ဖြစ်စဉ်အဆင့်ဆင့်တွင် အနိမ့်ဆုံးအားဖြင့် ခံစားခွင့်ရှိ သင့်သည့် ပြဌာန်းချက်များ ကိုလည်း ထည့်သွင်းထားသည်။ နိုင်ငံတကာ သဘောတူညီချက်ကို အခြေခံထား သည့် လူ့ အခွင့်အရေးကော်မတီက အဆိုပါ ပုဒ်မ ၁၄ အပေါ်အဓိပ္ပါယ်ဖွင့် ဆို ချက်အရ တရားမျှတသော စစ်ဆေးစီရင် မှု ခံစားပိုင်ခွင့်မှာ အရပ်ဘက်တရားရုံးများအတွက်သာမက စစ်ဘက်ဆိုင်ရာ ခုံရုံးများနှင့်လည်း သက်ဆိုင်သည်။ ပုဒ်မ (၃) အထွေထွေမှတ်ချက် အမှတ်၃၂ တွင် ရှုပါ။ http://www1.umn.edu/humanrts/gencomm/hrcom32.html
မြန်မာနိုင်ငံသည် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုး အတည်ပြုထားသည့် စာချုပ်ဝင်နိုင်ငံမဟုတ်သော်လည်း ပုဒ်မ၁၄ တွင်ဖေါ်ပြထားသည့် တရားမျှတသော စစ်ဆေး စီရင်မှု ခံစားပိုင်ခွင့်မှာ နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေသဘွယ်သဘောသက်ရောက်လွှမ်းခြုံသည်။ သို့ ဖြစ်၍ စာချုပ် ကို လက်မှတ်ရေးထိုး အတည်ပြုခြင်း မပြုသေးသည့်နိုင်ငံများအပေါ်သို့ ပါ စည်းနှောင်မှုရှိလာသည်။ အလားတူ ပြဌာန်း ချက်မျိုးအား အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေငြာစာတမ်း အပုဒ် (၁၀)နှင့် (၁၁) တို့ တွင် လည်းတွေ့ နိုင်သည်။ သို့ ဖြစ်၍ ကေအင်ယူ စစ်သားအား သတ်ဖြတ်မှုဖြင့် သံသယဖြစ်ခံရသည့် နယ်ခြားစောင့် တပ်မှ စစ်သားငါးဦးအား အရပ်ဘက်ဆိုင်ရာ သို့ မဟုတ် စစ်ဘက်ဆိုင်ရာ မည်သည့် တရားရုံးတွင် တင်သည်ဖြစ်စေ၊ အမှုစစ်ဆေးပုံ ဖြစ်စဉ် အဆင့်ဆင့်တွင် အနိမ့်ဆုံးအားဖြင့် ခံစားခွင့်ရှိသင့်သည့် ပြဌာန်းချက်များအပါအ၀င်တရားမျှတသောစစ်ဆေး စီရင်မှု ခံစားပိုင်ခွင့်ကို ရထိုက်စေရမည်ဖြစ်သည်။
ဤသည်ကို အမြန်ဆုံးနှင့် ပထမဆုံး လက်တွေ့ ကျင့်သုံးရန်မှာ ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ [6] တခုဖွဲ့ စည်းပြီး အမှု၏ အစ ကနဦး မှနေ၍ တရားရုံးတင်သည့် အဆင့်ရောက်သည်အထိ စုံစမ်းစစ်ဆေးမှုဖြစ်စဉ်အားလုံးအား ဤအဖွဲ့  က ဦးစီးကာ လုပ်ဆောင်သွားသင့်သည်။
ဥပဒေအထောက်အကူပြုကွန်ရက်       Legal Aid Network (LAN)
အသေးစိပ်သိလိုလျှင် မေးမြန်းရန်
ဒေါက်တာ ဒေးဗစ်ဖစ်ရှာ၊ ဥပဒေအထောက်အကူပြုကွန်ရက် နိုင်ငံတကာ အကြံပေးဘုတ် အဖွဲ့ ၏ အဖွဲ့ ဝင်၊          နိုင်ငံတကာဥပဒေပါမောက္ခ၊ ဥပဒေပညာဌာန၊ စတော့ဟုမ်း တက္ကသိုလ်၊ စတော့ဟုမ်းမြို့ ၊ ဆွီဒင်နိုင်ငံ (အင်္ဂလိပ်နှင့် ဆွီဒင်ဘာသာ) David.Fisher@juridicum.su.se
ဦးအောင်ထူး (ရှေ့ နေ) ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ     (မြန်မာ နှင့် အင်္ဂလိပ်ဘာသာ) ဖုံး ၄၆ (၀) ၇၆ ၁၁၅၆ ၂၁၅ 
 ဒေါ်အဲလစ်ဇဘက်ခေါန်ဘူး (မဟာဥပဒေ)  စီစဉ်ရေးမှုးနှင့် လက်ထောက်သုတေသနမှုး ဥပဒေအထောက်အကူပြုကွန်ရက်ရုံး                                                         (ကချင် နှင့် မြန်မာဘာသာ) ဖုံး ၉၅ (၀) ၉ ၄၇၁ ၂၅၉ ၆၈
ဒေါ်နန်းမြင့်မြင့်အေး (မဟာဥပဒေ) လက်ထောက်သုတေသနမှုး ဥပဒေအထောက်အကူပြုကွန်ရက်ရုံး       (ရှမ်း နှင့် မြန်မာဘာသာ)  ဖုံး ၉၅ (၀) ၉ ၄၇၁ ၂၅၉ ၆၈
ဒေါ်နော်ခူး   ဥပဒေအထောက်အကူပြုကွန်ရက် လူထုဆက်သွယ်ရေးတာဝန်ခံ      (ကရင် နှင့် မြန်မာဘာသာ) ဖုံး ၄၆ (၀) ၇၃ ၈၄၁ ၁၆၃၂
နေ့ စွဲ။ အောက်တိုဘာလ (၁) ရက် ၂၀၁၄ ခုနှစ်
 [1] http://www.irrawaddy.org/burma/army-lost-2-helicopters-suffered-heavy-personnel-losses-past-kachin-offensive-report.html.
[2] “established by law”
[3] General Agreement
[4] The concept of a fair trial
[5] Art. 14 of the International Covenant on Civil & Political Rights (ICCPR)
[6] Joint Investigation Team
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...