Monday, October 13, 2014

ပေါင်းစည်းရန်လိုအပ်သော စစ်ကြောင်းနှစ်ခု


မျက်မှောက်ဗမာ့လူနေမှုဘ၀တရပ်လုံးမှာ ဆင်းရဲမွဲပြာကျ၊ ခေတ်နောက်ကျ၊ နိုင်ငံခြားပေါ် မှီခိုနေရ၊ နိုင်ငံခြားနှင့် ပြည်တွင်းအရင်းရှင်မြေရှင်တို့ ၏ ဖိနှိပ်သွေးစုပ်မှု စီးပွားရေးစနစ်ဒဏ်ကို ကြာရှည်စွာခံစားနေရ၏။ အာဏာပိုင်များ၏ ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေနှင့် တည်ဆဲဥပဒေဆိုသည် များအောက် တိုင်းရင်းသားပြည်သူတရပ်လုံး ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးများ ဆုံးရှုံးခံနေရသော အခြေအနေဆိုးများကိုခါးစည်းခံနေရပေသည်။
ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဘက်စုံကျဆင်းနေ
ပေသည်။
ဗမာပြည်နိုင်ငံရေးတွင် အသွင်အားဖြင့် နိုင်ငံရေးအင်အားစုသုံးရပ်သာရှိသည်။
(၁) အစိုးရ၊ လွှတ်တော်၊ စစ်တပ်အသွင်ယူထားသော စစ်အုပ်စု (၂) တိုင်းရင်းသား
လူမျိုးများ၏ တော်လှန်ရေးလက်နက်ကိုင် နိုင်ငံရေးအစု (၃) မြို့ ပြဒေသ ဒီမိုကရေစီ
လိုလားသော နိုင်ငံရေးအင်အားစု။ ပြည်သူလူထုတရပ်လုံးသည် အဆိုပါအင်အားစု
သုံးရပ်နှင့် ဆက်စပ်ရပ်တည်နေကြသည်။
အာဏာရစစ်အုပ်စုသည် ၁၉၆၂ ခုနှစ်မှစ၍ရေတွက်သော် ရာစုနှစ်တ၀က်ကျော်
ဗမာ့နိုင်ငံရေးတွင် စိုးမိုးခြယ်လှယ်နိုင်စွမ်း ရှိခဲ့ပေသည်။ ထိုအုပ်စုသည် စစ်တပ်ကို
ဗဟိုပြု၍ အာဏာရယူခဲ့သည်။ ထိုအားဖြင့်ပင် နိုင်ငံတော်အာဏာ အဆောက်အအုံများ
ဖြစ်သော အစိုးရယန္တရားကို လည်ပတ်စေသည်။ အုပ်ချုပ်ရေးယန္တရား၊ ဥပဒေပြုရေး
ယန္တရား၊ တရားစီရင်ရေးယန္တရားဆိုသော အစိုးရအာဏာ ယန္တရားများကို
ချုပ်ကိုင်ထားခဲ့သည်။
မိမိစစ်အုပ်စု အသိုင်းအ၀ိုင်းအား ဘဏ္ဍာရေးအရ ကျောထောက်နောက်ခံ အခိုင်အမာ
ပြုထားသော စီးပွားရေးအဖွဲ့ အစည်းကား မြန်မာ့ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေး
ကော်ပိုရေးရှင်းတို့ ဖြစ်၏။ အာဏာနှင့်ဓနဥစ္စာ ဆက်စပ်ပြီး နိုင်ငံတော်လက်ဝါးကြီးအုပ်
အရင်းရှင်စနစ်ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်ကို ဗျူရိုကရက်အရင်းရှင်
စီးပွားရေးစနစ်ဟု၎င်း၊ စစ်အုပ်စု၏ လက်ဝေခံခရိုနီစီးပွားရေးဟူ၍၄င်း ခေါ်ဝေါ်
သမုတ်ကြသေးသည်။
ဖော်ပြပါ စစ်တပ်၊ နိုင်ငံတော်အစိုးရနှင့် စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင်
စီးပွားရေးစနစ် သုံးခုပေါင်းပြီး အုပ်ချုပ်ရေးအာဏာ (အစိုးရအဖွဲ့ )၊ စီးပွားရေး
လက်ဝါးကြီးအုပ် အရင်းရှင်စနစ် (ဦးပိုင် + မြန်မာ့စီးပွားရေးကောက်ပိုရေးရှင်း)နှင့်
စက်ယန္တရားထောက်ပံ့ရေးတို့ ကို ကောင်းစွာစောင့်ရှောက်ထားနိုင်ပေသည်။
တနည်းပြောရလျှင် စစ်တပ်၊ စီးပွားရေးအုပ်စုနှင့် အစိုးရယန္တရားတို့ သည်
ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ ဖိနှိပ်၊ စိုးမိုးထားသော ရဲတိုက်ကြီးသုံးခုဖြစ်သည်။
ပြည်သူများသည် အဆိုပါရဲတိုက်ကြီးသုံးခုနှင့် ပဋိပက္ခဖြစ်နေရ၏။
ဤသည် ဗမာပြည်နိုင်ငံရေး၌ အရေးပါစွာ ဖြေရှင်းရမည့် အဓိကပဋိပက္ခဖြစ်သည်။
စစ်တပ်၊ စီးပွားရေး ဦးပိုင်လက်ဝါးကြီးအုပ်အဖွဲ့ နှင့် အစိုးရတို့ ကတစ်ဖက်၊ ဗမာပြည်
လူမျိုးပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံ ပြည်သူတို့ ကတစ်ဖက် ဖြစ်နေသော
အဓိကပဋိပက္ခပင် မဟုတ်ပါလော။
ဝံသာနုရက္ခိတနိုင်ငံရေးလှုပ်ရှားမှုသော်မှသည် မျက်မှောက်ကာလ ငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေး၊ လူထုလူတန်းစားသပိတ်တိုက်ပွဲများသည် အထက်၌ဖော်ပြခဲ့သော
တိုင်းရင်းသားပြည်သူများ တန်းတူအခွင့်အရေးရရှိရေး၊ သွေးစုပ်ခံ အလုပ်သမား
လယ်သမားတို့  ရုန်းကန်တိုက်ပွဲဝင်ရေး၊ အမျိုးသားလွတ်လပ်ရေး ထိန်းသိမ်း
ကာကွယ်ရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးရရှိရေး။ အမျိုးသားစီးပွားရေး
ဖွံ့ ဖြိုးတိုးတက်ရေးများ၏အဆက်သာဖြစ်ကြောင်း အလေးအနက်သတိပြုရမည်။
အထက်ပါ အလေးအနက် သတိပြုအပ်သည့်အချက်ကို မျက်မှောက်နိုင်ငံရေးတိုက်ပွဲ
ပုံသဏ္ဍာန်အဖြစ် ဖော်ပြပါဆိုလျှင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့်
တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် တန်းတူအခွင့်အရေးရှိသော
ဒီမိုကရေစီကျသော ပြည်ထောင်စုစနစ်တည်ဆောက်ရေးပင်ဖြစ်သည်။
လက်ရှိအနေအထားမှာ လက်နက်ကိုင်တော်လှန်တိုင်းရင်းသားများစစ်ကြောင်း၊
ဒီမိုကရေစီတော်လှန်အင်အားစုစစ်ကြောင်း နှစ်ခုပေါင်းစုံ ထိုးတိုက်ပြီး
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက် ပေါင်းစည်းရန်
လိုအပ်ပါကြောင်း။
ခမ်းဝင်း
(THE earth ဂျာနယ် အတွဲ ၂၊ အမှတ် ၁၈ မှ ထုတ်နုတ်ဖော်ပြပါသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...