Tuesday, October 7, 2014

ကူညီဖို့သွားတာ ကလေးတွေကိုကြိုးစင်ပေါ်တွန်းပို့သလို မဖြစ်ပါစေနဲ့ ။


၁။ လူသတ်မှုဖြစ်တဲ့နေရာမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ မြန်မာ အလုပ်သမား စောလင်း နဲ့ ၀င်းဇော်ထွန်းကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ သွားရောက်တွေ့ဆုံလို့ ရလာခဲ့တဲ့ အချက်အလက်အပေါ် ဦးကျော်သောင်းရဲ့ပြောဆိုချက် (စောင့်ကြည့်ဂျာနယ်) ကို ဖတ်ရှုကြည့်စေ လိုပါတယ်။ ဦးကျော်သောင်းစကားပြောမှားသလား၊ဂျာနယ်က အဓိပ္ပါယ်ကောက်ယူချက်လွဲရော့သလား။
"အကျဉ်းထောင်မှာ ကလေးနှစ်ယောက်ကို သွားတွေ့ခဲ့ပါတယ်။ တွေ့ခွင့်ရပါတယ်။ အရက်မူးမူးနဲ့ဖြစ်သွားတယ်လို့ပြောတယ်။ မင်းတို့ ဘာလက်နက်နဲ့အသုံးပြုလဲမေးတော့ ပေါက်တူးခေါင်း ဖက်နဲ့ တစ်ယောက်စီ တစ်ချက် နှစ်ချက်စီ ရိုက်လိုက်တယ်လို့လည်းပြောတယ်။ ကျွန်တော်တို့ရိုက်တာ သေလောက်အောင် မဖြစ်လောက်ဘူးလို့လည်း ပြောတယ်။ အခန်းမှာ ဖိနပ်သွားယူတော့ အင်္ဂလိပ်က ထိုင်နေပြီး ကောင်မလေးက ငိုနေတာကို မြင်ခဲ့တယ်လို့လည်း ပြောတယ်။ သူပြောနေတဲ့ပုံစံက အိပ်မက်နဲ့ယောင်သလိုပြောနေတာမျိုး ဖြစ်နေတယ်။နောက်ပြီး အင်္ဂလိပ်မလေးကို အင်္ဂလိပ်က မတရားလုပ်လို့ အော်ဟစ်တဲ့ပုံမျိုးကို ကူညီချင်လို့ လိုက်သွားတာကနေ လူသတ်မှု ဖြစ်တဲ့ ပုံစံမျိုး ပြောတယ်။"လို့ သူကဆိုပါတယ်"
၂။ အောက်ပါအသံဖိုင်မှာ တဖွဲ့တည်းအတူလိုက်ပါသွားခဲ့တဲ့ ဗမာရှေ့နေ ဦးအောင်မျိုးသန့်ရဲ့ အင်တာဗျူးးကိုနားထောင်ကြည့်နိုင်ပါတယ်။
https://soundcloud.com/bbcburmese/thai_case_6_oct
၃။ တဖွဲ့တည်းသွားပြီးအသံနှစ်သံ၊အဓိပ္ပါယ်နှစ်မျိုးထွက်နေတာထင်ရှားပါတယ်။ ဦးကျော်သောင်းရဲ့အဖြေစကားဟာ ရှုပ်ထွေးနေပြီး ဦးအောင်မျိုးသန့်ရဲ့ ရှင်းလင်းချက်ဟာ တိကျတာကို တွေ့ရပါတယ်။ စကားကိုအတတ်နိုင်ဆုံးအစွန်းမထွက်အောင် ထိန်းသိမ်းပြီးပြောနိုင်တာ တွေ့ရပါတယ်။
၎။ ဒီအမှုဟာ မြန်မာလူမျိုးတွေရင်မနေရတဲ့အမှု။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အမှု၊ ဖြစ်တာကြောင့် ဒီကလေးတွေရဲ့အမှုကိစ္စကို သတင်းထုတ်ပြန်ရာမှာ တစ်ဦးတည်းတာဝန်ပေးထုတ်ပြန်ဖို့ အကြံပြုလိုပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...