Saturday, October 4, 2014

ဖြူ နှင်းထွေး လွတ်မြောက်ရေးနဲ့ ဒီမိုက်ရက်တစ် ဘလက်လစ်များ ကိုကိုဦး ( သူပုန် မျိုးဆက် )

ဖြူ နှင်းထွေး လွတ်မြောက်ရေးနဲ့ ဒီမိုက်ရက်တစ် ဘလက်လစ်များ

ကိုကိုဦး ( သူပုန် မျိုးဆက် )

ဒီလို မိန်းကလေးငယ်တွေကို တရားစွဲတဲ့ ရဲတွေ မြို့နယ်မှူးတွေ စစ် အလိုတော်ရိ ၊ တရားသူကြီးတွေ ရှိနေသ၍ စစ်ခေါင်းဆောင်တွေ အာဏာ တည်မြဲ နေဦးမှာပါ ။ ဒီ အလိုတော်ရိ ဒေါက်တိုင်တွေကို အရင် ဦးဆုံး မဖြိုဖျက်နိုင်ဘဲ ငြိမ်းချမ်းရေး စကားကို ပြော ၊ အပေးအယူ လုပ်နေကြ သူတွေဟာ နိုင်ငံရေး အဝေးမှုန် ဖြစ်နေတဲ့ နိုင်ငံသမားတွေ ရရစားစား နိုင်ငံသမားတွေဘဲ ဖြစ်လိမ့်မယ် ။

ဦးအောင်မင်း ငြိမ်းချမ်းရေး ဇာတ်အဖွဲ့မှာ ကန့်လန့်ကာ ကြိုးဆွဲ အာဏာရှင် နဖါးကြိုး ထိုးခံ ထားရတဲ့ ဒေါက်တာ ဆိုတဲ့ ကောင်တွေနဲ့ စာရင် ဒီ ကလေးမလေးရဲ့ စိတ်ဓါတ်က အများကြီး သာတယ် ။ ဦး အောင်မင်း ဓါတ်ပုံတွေကို အဆက်မပြတ် တင်နေတဲ့ လခစား ဖေါ်လံဖါးတွေက ဒီလို ကိစ္စတွေမှာ ဘာဖြစ်လို့ အသံ မထွက်ကြ တာလဲ ။ ဒီကောင်တွေ ကိုယ်တိုင်က တရုတ် အလိုတော်ရိ ဖြစ်နေ ကြပြီ ထင်တယ် ။

အခု ဒီလို ကိစ္စမှာ ပြု ပြင်ပြောင်းလဲရေးကို လုပ်နေပြီလို့ ပြောပြောနေတဲ့ သိန်းစိန် အစိုးရကို လှောင်ပြောင် နေသလို ဘဲ ။ နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့ဘူး ဆိုပြီး ပြန်ပေးမှုနဲ့ တရားစွဲနေတာဟာ အတော့်ကို ယုတ်မာတဲ့ အစိုးရယုတ်ရဲ့ ပထမ ခြေလှမ်းဘဲ ဖြစ်တယ်။ နောင်ဆို နိုင်ငံရေး လှုပ်ရှား သူတွေကို သူခိုးဂျပိုးလို ဖြစ်အောင် လုပ်ပြီး အလိုတော်ရိတွေက နည်းမျိုးစုံနဲ့ တရားစွဲဆို လာပါတော့ မယ် ။

ဒီလို စိတ်ယုတ်မာ စိတ်တွေ ရှိနေဆဲ ဖြစ်တဲ့ စစ် အစိုးရနဲ့ အပေးအယူ လုပ်မယ့် ငြိမ်းချမ်းရေး ဆိုတာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်သလို ဘယ်တော့မှလည်း တည်မြဲမှာ မဟုတ်ဘူး ။
အာဏာရှင် ဆိုတာ အပြတ် တိုက်ထုတ်မှာ ရမယ် ဆိုတာကို လက်မခံကြတဲ့ ကနေ့ လက်ရှိ နိုင်ငံခေါင်းဆောင်တွေကို အမှန်တကယ် ပြောရရင် စိတ်ပျက် နေခဲ့တာ ကြာပြီ ။

လွှတ်တော် နိုင်ငံရေးဆိုတာ မလွတ်လပ်ဘဲနဲ့ အောက်ကြေးနဲ့ လုပ်နေ ရသ၍ ခရိုနီဆိုတဲ့ လူတန်းစားတွေ ဦးပိုင်လို ချစ်တီးတွေက လူပါး ၀မြဲ ၀နေ ကြဦးမှာ ဘဲ ။ ပွင့်လင်း ဆိုပြီး ခရိုနီတွေနဲ့ ကြိတ်ကြိတ် ပုန်းတွဲ ခုတ်နေတဲ့ ကောင်တွေ ပညာ တတ်ပြီး ဖေါက်ပြန် နေတဲ့ ဦးအောင်မင်းရဲ့ အိတ်ဆွဲ ဖိနပ်တိုက် ဇက်ကြောဆွဲ ပေးနေတဲ့ ကောင်တွေကိုလည်း ဒီမိုကရေစီ Black list ထဲကို ထည့်ထား ရတော့မယ် ။ ဘာဖြစ်လည်း ဆိုတော့ သူတို့ဟာ ခြစားနေတဲ့ နိုင်ငံရေးသမားတွေ ဖြစ်နေ ကြပြီ ။ ဖြူ နှင်းထွေး လွတ်မြောက်ရေးကို သူတို့ ပါးစပ်က ယောင်လို့တောင် မအော်ရဲဘူး ဆိုရင် သူတို့ကိုလည်း စစ် အာဏာရှင် အုပ်စုထဲကို ထည့်ပြီး စဉ်းစား ရတော့ မယ် ။

PHOTO - Zaw Ko Ko Naing 

BY - Ko Oo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...