Saturday, October 25, 2014

တစ်မြို့လုံး အသိမို့ ရေးမိတယ်

တစ်မြို့လုံး အသိမို့ ရေးမိတယ်
=============================

- အောင်ဘညို (ကွတ်ခိုင်)

"သုံးစွဲပြီးဆေးထိုးအပ် တစ်ချောင်းကို ငွေတစ်ရာနှင့် (MANA) ကကောက်ယူတယ်။ ၁ဝ ချောင်းရှာ တွေ့လို့ရှိရင် ငွေတစ်ထောင်ရတာပေါ့ဗျာ''

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျွန်တော်တို့မြို့လေး၏ မြို့လယ်တံတားနှင့် အနီးစပ် ဆုံးလမ်းကြားလေးရှိပါသည်။ ထိုလမ်းကြားလေးရှိ ချောင်း စပ်တစ်လျှောက် လမ်းဘေးဝဲယာရှိ ချုံ၊ မြက် ထူထူ ကြားတွင် ကြွပ်ကြွပ်အိတ်တစ်လုံးဖြင့် ဆေးထိုးအပ် လိုက်လံရှာဖွေသူအား မေးမြန်းကြည့်ရာမှ အထက်ပါ အကြောင်းရင်းကို သိရပါသည်။

ထိုလူ၏လက်ထဲမှ ကြွပ် ကြွပ်အိတ်ထဲတွင် ဆေးထိုးအပ်များသည်လည်း နေ့ တွက်ကိုက်လှချေ၏။ မနက်ကတစ်ကြိမ်ကောက်ယူ သွား၍ သိပ်ပင် မကျန်ရှိတော့ကြောင်းကိုလည်း စိတ်ဝင် စားဟန်ရှိသော ကျွန်တော့်အား ပြောပြပါသေးသည်။

ဗုဒ္ဓေါ။ ကျွန်တော့်နှုတ်ဖျားမှ အာမေဋိတ်သံ ကြောင့် ကောက်ယူသူပင် နားမလည်ဟန်ကြောင်အမ်း အမ်းကြည့်ကာ ခေါင်းကုတ်လိုက်ပြီးခဏပင် သူ့အလုပ် သူရှာဖွေရေးဆက်လက်လုပ်နေပါတော့သည်။

သည်မြို့ ကျဉ်းကျဉ်းလေးက သည်လောက်တောင် မူးယစ်ဆေး ဝါးသုံးစွဲသူ တွင်ကျယ်ပါဘိကော။ ဖြစ်လည်း ဖြစ်နိုင် သည်။ သည်လမ်းကျဉ်းလေးအပါအဝင် လမ်းကြိုလမ်း ကြားတိုင်းလိုလိုပင် လူသွားလူလာမရှောင် မူးယစ်ဆေး ဝါးကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ခန္ဓာကိုယ်သွေးကြော အနှံ့အပြားထဲကို ဆေးထိုးအပ်ကြီးကိုင် ထိုးသွင်းသုံးစွဲ လိုသုံးစွဲ၊ နှစ်ယောက်အထက် လေး၊ ငါး၊ ခြောက်ယောက် ရောင်းဝယ်ဖောက်ကားလို ဖောက်ကား၊ တရားဝင်ဈေး ကွက်ရှိသယောင်ယောင်။ ဒါတွေကို တစ်မြို့လုံးက လမ်းကြို၊ လမ်းကြား ရှိတဲ့အိမ်ပတ်ဝန်းကျင်အားလုံးအသိ။ စိတ်မညစ်ဘဲ ဘယ်နေကြမည်နည်း။ နှင်ထုတ်တော့ လည်း မချေမငံဂျစ်ပေါက်ပေါက်။ လူတောင် ရန်ရှာ ချင်သလိုလို။ မမြင်ချင်အဆုံး သူတို့ကိုတောင် ရှောင် ကွင်းသွားနေရသည်။ ထားလိုက်ပါ။ ဒါသည် လမ်းကြို၊ လမ်းကြားလေးများမို့ မမြင်ကွယ်ရာ သူတို့နေရာမဟုတ် လော။

ထိုထက်မျှမကအဆင့်တက်လာပေပြီ။ ထင်သာမြင် သာရှိလောက်အောင် သရုပ်အပျက်ဆုံး၊ ရုပ်ဆိုးအကျည်း တန်ဆုံးကို ညွှန်ပြပါဆိုလျှင် မြို့ရဲ့ဗဟိုအချက်အချာ အထင်ကရနေရာ၊ မြို့မဈေး၏မြောက်ဘက်ထောင့်၊ စည် ပင်သာယာလမ်း၊ ယခင် ထရန်စဖော်မာအထိုင်ဟောင်း ဘေးရှိ ကင်းတဲလေးပင် ဆိုချင်ပါသည်။

၎င်းကင်းတဲ လေးသည် ယခင်က ကုန်တင်၊ ကုန်ချအလုပ်သမားများ ၏ခေတ္တအလုပ်နားနေရာဖြစ်ခဲ့သော်လည်း ယခုမူမူးယစ် ဆေးဝါးသုံးစွဲသူတို့၏ ခိုနားရာဂေဟာတစ်ခုသဖွယ်ဖြစ် လာသည်။ နေ့တိုင်းအချိန်တိုင်းလိုလိုပင် ထိုကင်းတဲ လေးပေါ်တွင် မျက်လုံးငေါင်းစင်းစင်းဖြင့် ဘိန်းမှိန်းမှိန်း နေခြင်း၊ ငုတ်တုတ်ထိုင်ငိုက်နေခြင်း၊ ကင်းတဲပေါ်ပင် ရောင်းသူ၊ ဝယ်သူတို့ဖြင့် မြို့နေပြည်သူလူထု၊ ဈေးသွား ဈေးပြန်များက မြင်ရဖန်များလာ၍ မဆန်းပြားတော့ သောမြင်ကွင်းမျိုးပင်ဖြစ်နေပေပြီ။ နေ့နေ့ညညအိပ်ချင် လျှင်ပင် ထိုကင်းတဲလေးပေါ်ထိုးအိပ်ကြသည်မှာလည်း မြို့ခံပြည်သူအားလုံး အသိပင်ဖြစ်သည်။

''ကလေးကျောပိုးထားတဲ့ အသားမည်းမည်းအမျိုး သမီးတစ်ယောက်၊ မနက်၊ နေ့လယ်၊ ညနေ တစ်နေ့ သုံးခါ ဘိန်းလာလာရောင်းတယ်။ နောက်နှစ်ဦးသုံးဦး ရှိသေးတယ်။ မနေ့က နေ့ခင်းကြောင်တောင်ကြီးတောင် ကင်းတဲပေါ်ခြေဆင်းပြီး ပေါ်တင်ကြီးဆေးထိုးနေလို့ အော်ငေါက်မောင်းထုတ် လိုက်ရသေးတယ်''ဟု ကင်းတဲ လေးနှင့်အနီးရှိ ဈေးသည်တစ်ဦး၏ပြောဆိုသံကြားရ ပါသည်။

ကင်းတဲ၏နံဘေး၊ ပြည်ထောင်စုလမ်းမကြီးရှိ ဆိုင် ကယ် Taxi ဂိတ်သည် မူးယစ်ဆေးဝါးသုံးစွဲသူများစုဝေး ရာနေရာဖြစ်သည်။ ထိုနေရာ၌ပင် အုပ်စုဖွဲ့၍ထိုင်ခြင်း၊ အချင်းချင်းအရောင်းအဝယ်ပြုလုပ်ခြင်းသည်လည်း ကျွန်တော်၏အရေးအသားမဟုတ်ပါ။ မြို့နေပြည်သူ လူထုအသိ၊ ပြည်သူလူထုအမြင်ပင်ဖြစ်သည်။

မှောင်ရီပျိုးစအချိန်မျိုးများတွင် ထိုဘက်ခြမ်းပလက်ဖောင်းမှ ဖြတ်လျှောက်လျှင်ပင် ယူဦးမလား၊ရှိတယ်ဟူ၍ ဖောက် သည်ခေါ်ယူမှုကိုလည်း ကျွန်တော် ကိုယ်တွေ့၊ ကျွန် တော်ကိုယ်တိုင်ကြုံဖူးပါသည်။ ထိုကင်းတဲအနီးတစ် ဝိုက်နှင့် လမ်းကြိုလမ်းကြားများတွင် အတင့်ရဲစွာလှည့် လည်ရောင်းချနေမှု၊ သုံးစွဲနေမှုတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ တားဆီး ပိတ်ပင်အရေးယူမှုများ ကျွန် တော်နှင့်တကွ မြို့ခံပြည်သူလူထုမှ မျှော်လင့်လျက်ရှိ ပါသည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၉ရက် အင်္ဂါနေ့ထုတ် Democracy Today သတင်းစာ၌ပါရှိသည့် ဆရာကို ရွှေအောင်၏ သမ္မတပြောတုန်းလေးဆေးပြားဖမ်းရုံနဲ့ ပြီးမလား ဟူသောခေါင်းစီးဖြင့် ဆောင်းပါး၌ မူးယစ်ဆေး ဝါးဖမ်းဆီးရမှုတွေထဲမှာ မူးယစ်ဆေးသယ်ဆောင်သူ တွေပဲတွေ့ရပြီး အမှန်တကယ်ဖြန့်ဖြူးသူ၊ လက်ကား ရောင်းဝယ်သူ၊ ထုတ်လုပ်သူတွေကို ဖမ်းဆီးရမိသည့် သတင်းမကြားမိသေးကြောင်း၊ ဘယ်လောက်ပဲသယ် ဆောင်သူတွေဖမ်းမိ ဖမ်းမိ၊ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ လက်ကားရောင်းဝယ်သူတွေကို မနှိမ်နင်း၊ မဖမ်းဆီးနိုင် သရွေ့မြန်မာပြည်အနှံ့အပြားကို မူးယစ်ဆေးဝါးတွေပျံ့ နှံ့ရောက်ရှိနေဦးမည်ဖြစ်သည့်အကြောင်း ထောက်ပြရေး သားချက်ကြောင့် ကျွန်တော့်စိတ်၌ မခံချိမခံသာဖြစ်မိပါ သည်။

အဘယ့်ကြောင့်မဖမ်းဆီးသနည်း။

အဘယ့်ကြောင့် မနှိမ်နင်းသနည်း။

အကောင်အထည်ဖော်မဖမ်းဆီး၊ မနှိမ် နင်းသရွေ့ ကျွန်တော်တို့မြို့လေးနှင့်ကျွန်တော်တို့တစ်နိုင်ငံ လုံးနောက်ထပ်မည်မျှလောက် မူးယစ်ဆေးဝါးသုံးစွဲသူ တွေ၊ လူငယ်၊ လူရွယ်တွေ ပိုမိုတိုးမြင့်လာမည်နည်း။

ကျွန်တော်တို့မြို့လေးနှင့်တကွ နိုင်ငံအဝန်းမြို့အ လီလီရှိ လမ်းမှားမရောက်သေးသော တက်သစ်စလူငယ် လူရွယ်လေးများအတွက် ကျွန်တော်အမှန်တကယ်ပင် ရင်လေးတွေးပူမိပါသည်။

လမ်းမှားပြီးသော လူငယ်လူ ရွယ်များသည်လည်း ယခုကဲ့သို့ ပျက်စီးချင်၍ ပျက်စီးရ ခြင်းမျိုးမဟုတ်နိုင်ပေ။ ခေတ်၏၊ စနစ်၏၊ ဖိအား၊ တင်း အားနှင့် အခြေအနေတစ်စုံတစ်ခု၏ ရိုက်ခတ်မှုဒဏ်ကို ခံစားရပြီး ထိုဖိစီးမှု၊ နှိပ်ကွပ်မှု၊ ကျပ်တည်းမှုတွေကို မခံ ရပ်နိုင်တော့၍ ရုန်းထွက်ပေါက်ကွဲရာမှ လမ်းမှားရောက် ပျက်စီးရသကဲ့သို့ အပေါင်းအသင်းစုံမက်၍လည်း ဖြစ် နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ မူးယစ်ဆေးဝါးနှင့်ပတ် သက်၍ နှိမ်နင်းမှု၊ အရေးယူမှု၊ ထိန်းသိမ်းမှုလျော့ရဲခြင်း သည် မြန်မာတစ်နိုင်ငံလုံးရှိမြို့များထက် ကျွန်တော်တို့ မြို့လေးသည် ပိုမိုလိမ့်မည်ဟုလည်း ခံစားရပါသည်။

အဆိုးထဲမှအကောင်းတစ်ကွက်ပြရမည်ဆိုသော် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ဆေးရုံ ကြီးနှင့်တကွ အရပ်ဘက် NGO လူမှုအဖွဲ့အစည်းများ ၏ ပူးပေါင်းစီမံကိန်းတစ်ရပ်ဖြစ်ပါသည်။ မူးယစ်ဆေး စွဲသူလူငယ်လူရွယ်များအား စုပေါင်းခေါ်ယူ၍ မက်သ တုန်း (Methadone) ခေါ်ဆေးဝါးဖြင့် ဘိန်းအစားထိုး ၍ ဆေးဖြတ်နိုင်ရန် နေ့စဉ် ပုံမှန်တိုက်ကျွေးစောင့်ရှောက် ခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါမက်သတုန်းအား ဆေးရုံတွင် ပြေးသောက်လိုက်၊ မူးယစ်ဆေးဝါးပြန်သုံးစွဲ လိုက်ဖြင့် ဒုံရင်းဒုံရင်းလုံးချာလည်နေဆဲဖြစ်နေသည်။

မူးယစ်ဆေးဝါးမည်သောအဆိပ်ပင်အား အမြစ် မပြတ်နိုင်သေးသမျှ ကာလပတ်လုံး အခက်လေးပင်ခြွေ နေရုံသည် အဆိပ်ပင်သည်ကား ပိုမိုအမြစ်တွယ်ရှင် သန်ကြီးထွားနေဦးမည်သာ။

အချုပ်အားဖြင့်ဆိုရသော် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်၂ ရက် ဗုဒ္ဓဟူးနေ့ထုတ် 7 Day Nes ဂျာနယ်၌ဆရာ အောင်သစ်လွင်၏ နည်းနည်းရှို့၊ သေးသေးဖမ်း၊ များ များထုတ်ဆိုသည့် ခေါင်းကြီးပိုင်းဆောင်းပါးအား ဖတ် ရှုလိုက်မိပါသည်။

ပြည်တွင်းစစ်ဖြစ်ဆဲ မြန်မာနိုင်ငံ၌ ခေါင်းစဉ်အမျိုး မျိုးတပ်နေကြသော ဆိုင်ရာအကျိုးစီးပွားအတွက် အ ကောင်းဆုံးအထောက်အပံ့ပေးနိုင်သည့် မူးယစ်ဆေး ဝါးဖောက်ကားမှုနှင့် ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့ အချို့၏ စနစ်တကျဖျက်ဆီးခံထားရသည့် လူသား အရင်းအမြစ်တို့ရှိရာဒေသမှ မူးယစ်ဆေးဝါးလွှမ်းမိုး မှုကား တစ်နေ့တခြားကြီးမားလာလျက်ရှိသည်။

သက် ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တို့၏ အဆင့်ဆင့်သော အခက် အခဲများကို ကျွန်တော်နှင့်တကွ မြို့ခံပြည်သူလူထုမှ ကိုယ်ချင်းစာ နားလည်ပေးနိုင်သော်လည်း ကျွန်တော် တို့မြို့လေးရှိ ပြည်သူလူထုအား ဥပဒေမစိုးမိုးရာကျသ ကဲ့သို့ မထီမဲ့မြင်ပြုကျင့်လာသော ရောင်းချသူများနှင့် မြို့လယ်ကောင်တွင် သရုပ်ပျက်ဖြစ်ပေါ်နေသော မူး ယစ်ဆေးဝါးသုံးစွဲသူများ အား တင်းကျပ်စွာ ထိန်းသိမ်း အရေးယူပေးစေလိုကြောင်း ရေးသားလိုက် ရပါသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)



"သုံးစွဲပြီးဆေးထိုးအပ် တစ်ချောင်းကို ငွေတစ်ရာနှင့် (MANA) ကကောက်ယူတယ်။ ၁ဝ ချောင်းရှာ တွေ့လို့ရှိရင် ငွေတစ်ထောင်ရတာပေါ့ဗျာ''
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျွန်တော်တို့မြို့လေး၏ မြို့လယ်တံတားနှင့် အနီးစပ် ဆုံးလမ်းကြားလေးရှိပါသည်။
ထိုလမ်းကြားလေးရှိ ချောင်း စပ်တစ်လျှောက် လမ်းဘေးဝဲယာရှိ ချုံ၊ မြက် ထူထူ ကြားတွင် ကြွပ်ကြွပ်အိတ်တစ်လုံးဖြင့် ဆေးထိုးအပ် လိုက်လံရှာဖွေသူအား မေးမြန်းကြည့်ရာမှ အထက်ပါ အကြောင်းရင်းကို သိရပါသည်။ ထိုလူ၏လက်ထဲမှ ကြွပ် ကြွပ်အိတ်ထဲတွင် ဆေးထိုးအပ်များသည်လည်း နေ့ တွက်ကိုက်လှချေ၏။ မနက်ကတစ်ကြိမ်ကောက်ယူ သွား၍ သိပ်ပင် မကျန်ရှိတော့ကြောင်းကိုလည်း စိတ်ဝင် စားဟန်ရှိသော ကျွန်တော့်အား ပြောပြပါသေးသည်။
ဗုဒ္ဓေါ။ ကျွန်တော့်နှုတ်ဖျားမှ အာမေဋိတ်သံ ကြောင့် ကောက်ယူသူပင် နားမလည်ဟန်ကြောင်အမ်း အမ်းကြည့်ကာ ခေါင်းကုတ်လိုက်ပြီးခဏပင် သူ့အလုပ် သူရှာဖွေရေးဆက်လက်လုပ်နေပါတော့သည်။
သည်မြို့ ကျဉ်းကျဉ်းလေးက သည်လောက်တောင် မူးယစ်ဆေး ဝါးသုံးစွဲသူ တွင်ကျယ်ပါဘိကော။ ဖြစ်လည်း ဖြစ်နိုင် သည်။ သည်လမ်းကျဉ်းလေးအပါအဝင် လမ်းကြိုလမ်း ကြားတိုင်းလိုလိုပင် လူသွားလူလာမရှောင် မူးယစ်ဆေး ဝါးကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ခန္ဓာကိုယ်သွေးကြော အနှံ့အပြားထဲကို ဆေးထိုးအပ်ကြီးကိုင် ထိုးသွင်းသုံးစွဲ လိုသုံးစွဲ၊ နှစ်ယောက်အထက် လေး၊ ငါး၊ ခြောက်ယောက် ရောင်းဝယ်ဖောက်ကားလို ဖောက်ကား၊ တရားဝင်ဈေး ကွက်ရှိသယောင်ယောင်။ ဒါတွေကို တစ်မြို့လုံးက လမ်းကြို၊ လမ်းကြား ရှိတဲ့အိမ်ပတ်ဝန်းကျင်အားလုံးအသိ။ စိတ်မညစ်ဘဲ ဘယ်နေကြမည်နည်း။ နှင်ထုတ်တော့ လည်း မချေမငံဂျစ်ပေါက်ပေါက်။ လူတောင် ရန်ရှာ ချင်သလိုလို။ မမြင်ချင်အဆုံး သူတို့ကိုတောင် ရှောင် ကွင်းသွားနေရသည်။ ထားလိုက်ပါ။ ဒါသည် လမ်းကြို၊ လမ်းကြားလေးများမို့ မမြင်ကွယ်ရာ သူတို့နေရာမဟုတ် လော။
ထိုထက်မျှမကအဆင့်တက်လာပေပြီ။ ထင်သာမြင် သာရှိလောက်အောင် သရုပ်အပျက်ဆုံး၊ ရုပ်ဆိုးအကျည်း တန်ဆုံးကို ညွှန်ပြပါဆိုလျှင် မြို့ရဲ့ဗဟိုအချက်အချာ အထင်ကရနေရာ၊ မြို့မဈေး၏မြောက်ဘက်ထောင့်၊ စည် ပင်သာယာလမ်း၊ ယခင် ထရန်စဖော်မာအထိုင်ဟောင်း ဘေးရှိ ကင်းတဲလေးပင် ဆိုချင်ပါသည်။
၎င်းကင်းတဲ လေးသည် ယခင်က ကုန်တင်၊ ကုန်ချအလုပ်သမားများ ၏ခေတ္တအလုပ်နားနေရာဖြစ်ခဲ့သော်လည်း ယခုမူမူးယစ် ဆေးဝါးသုံးစွဲသူတို့၏ ခိုနားရာဂေဟာတစ်ခုသဖွယ်ဖြစ် လာသည်။ နေ့တိုင်းအချိန်တိုင်းလိုလိုပင် ထိုကင်းတဲ လေးပေါ်တွင် မျက်လုံးငေါင်းစင်းစင်းဖြင့် ဘိန်းမှိန်းမှိန်း နေခြင်း၊ ငုတ်တုတ်ထိုင်ငိုက်နေခြင်း၊ ကင်းတဲပေါ်ပင် ရောင်းသူ၊ ဝယ်သူတို့ဖြင့် မြို့နေပြည်သူလူထု၊ ဈေးသွား ဈေးပြန်များက မြင်ရဖန်များလာ၍ မဆန်းပြားတော့ သောမြင်ကွင်းမျိုးပင်ဖြစ်နေပေပြီ။ နေ့နေ့ညညအိပ်ချင် လျှင်ပင် ထိုကင်းတဲလေးပေါ်ထိုးအိပ်ကြသည်မှာလည်း မြို့ခံပြည်သူအားလုံး အသိပင်ဖြစ်သည်။
''ကလေးကျောပိုးထားတဲ့ အသားမည်းမည်းအမျိုး သမီးတစ်ယောက်၊ မနက်၊ နေ့လယ်၊ ညနေ တစ်နေ့ သုံးခါ ဘိန်းလာလာရောင်းတယ်။ နောက်နှစ်ဦးသုံးဦး ရှိသေးတယ်။ မနေ့က နေ့ခင်းကြောင်တောင်ကြီးတောင် ကင်းတဲပေါ်ခြေဆင်းပြီး ပေါ်တင်ကြီးဆေးထိုးနေလို့ အော်ငေါက်မောင်းထုတ် လိုက်ရသေးတယ်''ဟု ကင်းတဲ လေးနှင့်အနီးရှိ ဈေးသည်တစ်ဦး၏ပြောဆိုသံကြားရ ပါသည်။
ကင်းတဲ၏နံဘေး၊ ပြည်ထောင်စုလမ်းမကြီးရှိ ဆိုင် ကယ် Taxi ဂိတ်သည် မူးယစ်ဆေးဝါးသုံးစွဲသူများစုဝေး ရာနေရာဖြစ်သည်။ ထိုနေရာ၌ပင် အုပ်စုဖွဲ့၍ထိုင်ခြင်း၊ အချင်းချင်းအရောင်းအဝယ်ပြုလုပ်ခြင်းသည်လည်း ကျွန်တော်၏အရေးအသားမဟုတ်ပါ။ မြို့နေပြည်သူ လူထုအသိ၊ ပြည်သူလူထုအမြင်ပင်ဖြစ်သည်။
မှောင်ရီပျိုးစအချိန်မျိုးများတွင် ထိုဘက်ခြမ်းပလက်ဖောင်းမှ ဖြတ်လျှောက်လျှင်ပင် ယူဦးမလား၊ရှိတယ်ဟူ၍ ဖောက် သည်ခေါ်ယူမှုကိုလည်း ကျွန်တော် ကိုယ်တွေ့၊ ကျွန် တော်ကိုယ်တိုင်ကြုံဖူးပါသည်။ ထိုကင်းတဲအနီးတစ် ဝိုက်နှင့် လမ်းကြိုလမ်းကြားများတွင် အတင့်ရဲစွာလှည့် လည်ရောင်းချနေမှု၊ သုံးစွဲနေမှုတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ တားဆီး ပိတ်ပင်အရေးယူမှုများ ကျွန် တော်နှင့်တကွ မြို့ခံပြည်သူလူထုမှ မျှော်လင့်လျက်ရှိ ပါသည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၉ရက် အင်္ဂါနေ့ထုတ် Democracy Today သတင်းစာ၌ပါရှိသည့် ဆရာကို ရွှေအောင်၏ သမ္မတပြောတုန်းလေးဆေးပြားဖမ်းရုံနဲ့ ပြီးမလား ဟူသောခေါင်းစီးဖြင့် ဆောင်းပါး၌ မူးယစ်ဆေး ဝါးဖမ်းဆီးရမှုတွေထဲမှာ မူးယစ်ဆေးသယ်ဆောင်သူ တွေပဲတွေ့ရပြီး အမှန်တကယ်ဖြန့်ဖြူးသူ၊ လက်ကား ရောင်းဝယ်သူ၊ ထုတ်လုပ်သူတွေကို ဖမ်းဆီးရမိသည့် သတင်းမကြားမိသေးကြောင်း၊ ဘယ်လောက်ပဲသယ် ဆောင်သူတွေဖမ်းမိ ဖမ်းမိ၊ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ လက်ကားရောင်းဝယ်သူတွေကို မနှိမ်နင်း၊ မဖမ်းဆီးနိုင် သရွေ့မြန်မာပြည်အနှံ့အပြားကို မူးယစ်ဆေးဝါးတွေပျံ့ နှံ့ရောက်ရှိနေဦးမည်ဖြစ်သည့်အကြောင်း ထောက်ပြရေး သားချက်ကြောင့် ကျွန်တော့်စိတ်၌ မခံချိမခံသာဖြစ်မိပါ သည်။
အဘယ့်ကြောင့်မဖမ်းဆီးသနည်း။
အဘယ့်ကြောင့် မနှိမ်နင်းသနည်း။
အကောင်အထည်ဖော်မဖမ်းဆီး၊ မနှိမ် နင်းသရွေ့ ကျွန်တော်တို့မြို့လေးနှင့်ကျွန်တော်တို့တစ်နိုင်ငံ လုံးနောက်ထပ်မည်မျှလောက် မူးယစ်ဆေးဝါးသုံးစွဲသူ တွေ၊ လူငယ်၊ လူရွယ်တွေ ပိုမိုတိုးမြင့်လာမည်နည်း။
ကျွန်တော်တို့မြို့လေးနှင့်တကွ နိုင်ငံအဝန်းမြို့အ လီလီရှိ လမ်းမှားမရောက်သေးသော တက်သစ်စလူငယ် လူရွယ်လေးများအတွက် ကျွန်တော်အမှန်တကယ်ပင် ရင်လေးတွေးပူမိပါသည်။
လမ်းမှားပြီးသော လူငယ်လူ ရွယ်များသည်လည်း ယခုကဲ့သို့ ပျက်စီးချင်၍ ပျက်စီးရ ခြင်းမျိုးမဟုတ်နိုင်ပေ။ ခေတ်၏၊ စနစ်၏၊ ဖိအား၊ တင်း အားနှင့် အခြေအနေတစ်စုံတစ်ခု၏ ရိုက်ခတ်မှုဒဏ်ကို ခံစားရပြီး ထိုဖိစီးမှု၊ နှိပ်ကွပ်မှု၊ ကျပ်တည်းမှုတွေကို မခံ ရပ်နိုင်တော့၍ ရုန်းထွက်ပေါက်ကွဲရာမှ လမ်းမှားရောက် ပျက်စီးရသကဲ့သို့ အပေါင်းအသင်းစုံမက်၍လည်း ဖြစ် နိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ၊ မူးယစ်ဆေးဝါးနှင့်ပတ် သက်၍ နှိမ်နင်းမှု၊ အရေးယူမှု၊ ထိန်းသိမ်းမှုလျော့ရဲခြင်း သည် မြန်မာတစ်နိုင်ငံလုံးရှိမြို့များထက် ကျွန်တော်တို့ မြို့လေးသည် ပိုမိုလိမ့်မည်ဟုလည်း ခံစားရပါသည်။
အဆိုးထဲမှအကောင်းတစ်ကွက်ပြရမည်ဆိုသော် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ဆေးရုံ ကြီးနှင့်တကွ အရပ်ဘက် NGO လူမှုအဖွဲ့အစည်းများ ၏ ပူးပေါင်းစီမံကိန်းတစ်ရပ်ဖြစ်ပါသည်။ မူးယစ်ဆေး စွဲသူလူငယ်လူရွယ်များအား စုပေါင်းခေါ်ယူ၍ မက်သ တုန်း (Methadone) ခေါ်ဆေးဝါးဖြင့် ဘိန်းအစားထိုး ၍ ဆေးဖြတ်နိုင်ရန် နေ့စဉ် ပုံမှန်တိုက်ကျွေးစောင့်ရှောက် ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါမက်သတုန်းအား ဆေးရုံတွင် ပြေးသောက်လိုက်၊ မူးယစ်ဆေးဝါးပြန်သုံးစွဲ လိုက်ဖြင့် ဒုံရင်းဒုံရင်းလုံးချာလည်နေဆဲဖြစ်နေသည်။
မူးယစ်ဆေးဝါးမည်သောအဆိပ်ပင်အား အမြစ် မပြတ်နိုင်သေးသမျှ ကာလပတ်လုံး အခက်လေးပင်ခြွေ နေရုံသည် အဆိပ်ပင်သည်ကား ပိုမိုအမြစ်တွယ်ရှင် သန်ကြီးထွားနေဦးမည်သာ။
အချုပ်အားဖြင့်ဆိုရသော် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်၂ ရက် ဗုဒ္ဓဟူးနေ့ထုတ် 7 Day Nes ဂျာနယ်၌ဆရာ အောင်သစ်လွင်၏ နည်းနည်းရှို့၊ သေးသေးဖမ်း၊ များ များထုတ်ဆိုသည့် ခေါင်းကြီးပိုင်းဆောင်းပါးအား ဖတ် ရှုလိုက်မိပါသည်။
ပြည်တွင်းစစ်ဖြစ်ဆဲ မြန်မာနိုင်ငံ၌ ခေါင်းစဉ်အမျိုး မျိုးတပ်နေကြသော ဆိုင်ရာအကျိုးစီးပွားအတွက် အ ကောင်းဆုံးအထောက်အပံ့ပေးနိုင်သည့် မူးယစ်ဆေး ဝါးဖောက်ကားမှုနှင့် ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့ အချို့၏ စနစ်တကျဖျက်ဆီးခံထားရသည့် လူသား အရင်းအမြစ်တို့ရှိရာဒေသမှ မူးယစ်ဆေးဝါးလွှမ်းမိုး မှုကား တစ်နေ့တခြားကြီးမားလာလျက်ရှိသည်။
သက် ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တို့၏ အဆင့်ဆင့်သော အခက် အခဲများကို ကျွန်တော်နှင့်တကွ မြို့ခံပြည်သူလူထုမှ ကိုယ်ချင်းစာ နားလည်ပေးနိုင်သော်လည်း ကျွန်တော် တို့မြို့လေးရှိ ပြည်သူလူထုအား ဥပဒေမစိုးမိုးရာကျသ ကဲ့သို့ မထီမဲ့မြင်ပြုကျင့်လာသော ရောင်းချသူများနှင့် မြို့လယ်ကောင်တွင် သရုပ်ပျက်ဖြစ်ပေါ်နေသော မူး ယစ်ဆေးဝါးသုံးစွဲသူများ အား တင်းကျပ်စွာ ထိန်းသိမ်း အရေးယူပေးစေ လိုကြောင်း ရေးသားလိုက် ရပါသည်။

- အောင်ဘညို (ကွတ်ခိုင်)
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Unlike

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...