Monday, October 20, 2014

***လွန်ခဲ့သော ၁၅ နှစ် အောက်တိုဘာ...ကိုပြန်လည်အမှတ်ရခြင်း.***.


ဒီပုံလေးကိုမြင်ရင်....နိုင်ငံရေးသမားဟောင်တွေ အထူးသဖြင့် ကျောင်းသားတပ်မတော်(ABSDF) ရဲဘော်ဟောင်းတွေတော့ ချက်ချင်းသိမှာပါ...ခုထိလည်း အမှတ်တရဖြစ်နေအုံးမှာပါ.../
1999 Oct,1 ရက်နေ့မှာ...ကိုကျော်နီနဲ့ ကိုဗေဒါဦးဆောင်တဲ့ ကျောင်းသားရဲဘော်ဟောင်း(၅)ဦးဟာ ဘန်ကောက်ရှိ မြန်မာသံရုံးကိုဝင်စီးခဲ့ပါတယ်....
သံရုံးအလံတိုင်မှာလွှင့်ထူထားတဲ့ ကြယ်(၁၄)လုံးအလံကိုဖြုတ်ချပြီး ခွပ်ဒေါင်းအလံကိုလွှင့်ထူ...သေနတ်ဖေါက်ပြီး မြန်မာသံရုံးကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း......မြန်မာစစ်အစိုးရကို ဒီမိုကရေစီအရေးအကောင်ထည်ဖေါ်ဖို့.နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့...၁၉၉၀ ရွေးကောက်ပွဲကို အသိမှတ်ပြု...ပြည်သူကရွေးကောက်ထားသူကို အာဏာလွှဲပေးဖို့တွေတောင်းတောင်ဆိုခဲ့တယ်...။ဒါပေမယ့် မြန်မာအစိုးရက ဘာမှလိုက်လျောမတုံ့ပြန်ပါ...၂-၁၀-၉၉ ရက်နေ့အထိဘာမှမထူးလာတော့ ကိုကျော်နီ(ခ)ကျော်ဦးတို့တပ်ဖွဲ့လည်း နယ်စပ်ပြန်ပို့ဖို့ပဲ့တောင်းဆိုပါတော့တယ်..အဲဒီအချိန်က အာဏာရထိုင်းအစိုးရဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီမှ ချွန်လိဖိုင်အစိုးရဟာ...အမေရိကန်နဲ့အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ ရှေ့ရှုပြီး ကျောင်းသားတပ်ဖွဲ့ဝင်တွေကို ထိုင်း-မြန်မာနယ်စပ် စဝမ်ဖီးမြို့အနီးမှာ ရဟတ်ယာဉ်နဲ့တင်ပြီး သွားလွှတ်လိုက်ပါတယ်...ရဟတ်ယာဉ်နဲ့ဓားစာခံအဖြစ်လိုက်ပါသူက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆူခိုဖန် ဘောရိဖတ်(လက်ရှိဘန်ကောက်မြို့တော်ဝန်.)ဖြစ်ပါတယ်..**.ပုံမှာ ဆူခိုဖန် ဘောရိဖတ် ရဟတ်ယဉ်ပေါ်တက်ခါနီးပုံဖြစ်ပါတယ်** /
ထိုင်းအစိုးရက အဲလိုလုပ်လိုက်တော့...မြန်မာစစ်အစိုးရက ချက်ချင်း တာချီလိတ်မှ ကော့သောင်အထိရှိသမျှနယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ပါတယ်...ဒါ့အပြင် ထိုင်း-မြန်မာဖက်စပ်ငါးဖမ်းရေးလုပ်ငန်းမှာ ထိုင်းလုပ်ငန်းရှင်တွေဆီက ပါမစ်ခ ဒေါ်လာသန်းပေါင်းများစွာယူထားပြီးမှ ကလိန်ကကျစ်ကျပြီး...ငါးဖမ်းခွင့်ပါပိတ်လိုက်ပါတယ်....။
အဲဒီအချိန်မှာ ထိုင်းနိုင်ငံစီးပွားရေးအရမ်းကျဆင်းချိန်ဖြစ်နေပြီး မြန်မာလုပ်သားတွေကို ဘဒ်(အလုပ်လုပ်ခွင့်ပါမစ်) မဆက်ပေးချိန်လည်းဖြစ်တယ်...မြန်မာပြည်သားတွေ မိမိဘာသာ နေရပ်ပြန်သူတွေ အဖမ်းခံရပြီး နယ်စပ်ပို့ခံရသူတွေ ရှိသမျှနယ်စပ်ဂိတ်တွေ အထူးသဖြင့် မဲဆောက်နဲ့ ရနောင်းမှာပုံနေပါတယ်...အဆိုးဆုံးက မဲဆောက်-မြဝတီနယ်စပ်မှာပါ...နယ်စပ်ပိတ်ထားတော့..မြန်မာပြည်သားတွေကို စစ်တပ်ကကူးလာခွင့်မပေးဘူး.သူတပါးဆီ..ကျွန်ခံချင်တဲ့ကောင်တွေ..ငါတို့နိုင်ငံသားမဟုတ်ဘူးပြောပြီး...မြန်မာပြည်ဖက်အဝင်မခံပဲပိတ်ထားပါတယ်....လူပေါင်းသောင်းချီ စားရာမဲ့အိပ်ရာမဲ့ဖြစ်အလွန်ဒုက္ခရောက်ခဲ့ရပါတယ်.....တချို့တွေ သောင်ရင်းမြစ်က ခိုးဖြတ်ကူးတော့ စစ်တပ်ကသေနတ်နဲ့ပစ်သတ်လို့ သေခဲ့ရတာလည်းမနဲ...နောက်ဆုံး...သာမညဆရာတော်ကြီး သတင်းကြားသိတာနဲ့ မဲဆောက်ကိုရောက်လာ....အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး...ဒကာဒကာမတွေအကူညီနဲ့ ဒုက္ခရောက်နေသူတွေကို နေရပ်ပြန်ဖို့ အလုံးစုံကူညီခဲ့ပါတယ်။
ဒီအဖြစ်ပျက်ကို ကြည့်ပါ..လက်ရှိ ကော့တောင်လူသတ်မှုကြောင့် ထိုင်းဖက်က ကိုယ့်လူမျိုး၊ကိုယ့်တိုင်းပြည်ကို သိက္ခာကျဆင်းအောင်လုပ်နေတာတွေတော့....သူတို့ကိုယ်ကျိုးစီးပွားတွေ ထိခိုက်မှာစိုး၍...သူတို့အာဏာကို ထိပါးတာမဟုတ်လို့..လေလောက်နဲ့ပဲ့ဟန်ရေးပြ လုပ်နေပါတယ်...ပြည်သူကိုတဖက်နိုင်ငံကလေးစားလာအောင် လုပ်တဲ့လုပ်ဆောင်ချက် တခုမှမရှိပါ...ဒါပေမယ့်.စစ်အာဏာရှင်တွေဟာ သူတို့အာဏာကိုထိပါးလာရင်တော့ ချစ်ကြည်ရေးတွေ...နိုင်ငံတကာဆက်ဆံရေးတွေ....အစိုးရရဲ့ဂုဏ်သိက္ခာတွေ ဘာကိုမှမငဲ့ကွက်ဘူး...ပြည်သူကိုလည်း...ရန်သူအဖြစ်သဘောထားခဲ့သူတွေပါ...ဒါတွေဟာ...အရင်အစိုးရလက်ထက်ကပါပြောလည်း....မလုံလောက်သော ဆင်ခြေသာဖြစ်ပါတယ်...ဘာလို့လဲဆိုတော့....ယခုချိန်မှာ..."မိဖပြည်သူများခင်ဗျာ" လို့လေသံနဲ့ပြောတဲ့ သမ္မတဆိုသူနဲ့...ထိုင်းနန်းရင်းဝန် စစ်ဗိုလ်ချုပ်ဟောင်းကြီးကို..."အဖေတော်ပါရစေ..သားအဖြစ်အသိမှတ်ပြု" လို့ပြောတဲ့ ကာချုပ် မင်းအောင်လှိုင်တို့ဟာ...အဲဒီအချိန်က...အဲဒီစစ်တပ်မှာ ရာထူးခပ်ကြီးကြီးနေရာရထားတဲ့ အာဏာရှင်ဒေါက်တိုင်တွေပါ....


((သမိုင်းအကြွေးကို...ဒင်းတို့ဘယ်လိုပေးဆပ်မလဲ...??

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...