Saturday, September 27, 2014

“အသံလေးရယ်တဲ့…အို…မမြည်

“အသံလေးရယ်တဲ့…အို…မမြည်”

အဖွဲ့အစည်းတစ်ခုသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့လူနှင့်သူမှာ ချိန်သားစေ့သား ကိုက်နေတတ်သည်ကို ကျွန်တော်တို့ ရံဖန်ရံခါ တွေ့ရပေလိမ့်မည်။ တစ်စုံတစ်ရာ ပြဿနာဟု ထူးထူးခြားခြား မတွေ့ရတတ်ပေ။ အရပ်စကားဖြင့် ပြောရသော် မည်သည့်အသံမျှ မထွက်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုစနစ်/အဖွဲ့အစည်း၏ တန်ဖိုးထားမှု၊ မူဝါဒ၊ စံသတ်မှတ်ချက်၊ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများဖြင့် မကိုက်ညီသော ပုဂ္ဂိုလ်တစ်ဦးဦး ၀င်ရောက်လာသည့်အခါ ပြဿနာတစ်စုံတစ်ရာ တက်ပေပြီ။ အသံထွက်ပေပြီ။ ထိုသို့သော ဖြစ်ရပ်မျိုးကို စီမံခန့်ခွဲမှုရှုထောင့်မှ ကြည့်သော် ပတ်ဝန်းကျင်နှင့် တသားတည်းကျမှု (Person-Environment Fit) မရှိခြင်းဟု သတ်မှတ်နိုင်ပေသည်။

ပညာရှင် Dawis (1992)က Person-Environment Fit (P-E Fit) (ပတ်ဝန်းကျင်တွင် နေသားတကျရှိမှု) ဟူသည် လူတစ်ဦးတစ်ယောက်၏ သွင်ပြင်လက္ခဏာနှင့် ၄င်းပုဂ္ဂိုလ် ကျင်လည်ရှင်သန်ရာ ပတ်ဝန်းကျင်တို့၏ သွင်ပြင်လက္ခဏာတို့ ကိုက်ညီမှုဖြစ်သည့် အတိုင်းအတာဟု သတ်မှတ်ခဲ့ပေသည်။ လူတစ်ဦးတစ်ယောက်၏ သွင်ပြင်လက္ခဏာကို သတ်မှတ်ရာတွင် ၄င်း၏ အခြေခံလိုအပ်ချက် (Basic Needs)၊ တန်ဖိုးထားမှု (Values)၊ ပန်းတိုင် (Goals)၊ လုပ်ဆောင်နိုင်စွမ်း (Abilities) နှင့် ကိုယ်ရည်ကိုယ်သွေး (Personality) စသည်တို့ကို ထည့်သွင်း စဉ်းစားလေ့သည်။ ပတ်ဝန်းကျင်၏ သွင်ပြင်လက္ခဏာကို သတ်မှတ်ရာတွင်မူ ထိုပတ်ဝန်းကျင်၏ တန်ဖိုးထားမှု (Values)၊ ထိုပုဂ္ဂိုလ်အပေါ် အသိအမှတ်ပြုမှု (Rewards)၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ယူရမှု အခန်းကဏ္ဍ (Roles & Responsibilities)နှင့် ထိုပတ်ဝန်းကျင်ရှိ အခြားပုဂ္ဂိုလ်များ၏ စရိုက်လက္ခဏာ (Others’ Characteristics) တို့ကို ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။

Person-Environment Fit (P-E Fit)ကို ထပ်မံခွဲခြားရာတွင် (၁) Person-Organization Fit (P-O Fit) (အဖွဲ့အစည်းနှင့် နေသားတကျရှိမှု)၊ (၂) Person-Job Fit (P-J Fit) (အလုပ်နှင့် နေသားတကျရှိမှု)၊ (၃) Person-Group Fit (P-G Fit) (အုပ်စုနှင့် နေသားတကျရှိမှု) နှင့် Person-Person Fit (P-P Fit) (လူပုဂ္ဂိုလ်ချင်း နေသားတကျရှိမှု) ဟူ၍ ထပ်မံခွဲခြား နိုင်ပေသည်။

(၁) Person-Organization Fit (P-O Fit)သည် Person-Environment Fit (P-E Fit)၏ အကျယ်ပြန့်ဆုံး အပိုင်းပင်ဖြစ်သည်။ P-O Fit ဟူသည် လူတစ်ဦးတစ်ယောက်၏ ခံယူချက်သည် အဖွဲ့အစည်းတစ်ခု၏ တန်ဖိုးထားမှုနှင့် ကိုက်ညီသည့်အခါတွင် တွေ့ရလေ့ရှိသည်။ ဥပမာအားဖြင့်ပြရသော် ပညာရေးအဖွဲ့အစည်း တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/မတစ်ဦးသည် ထိုအဖွဲ့အစည်း၏ တန်ဖိုးထားမှုဖြစ်သည့် ပညာရေးဖြင့် ပတ်ဝန်းကျင် မြှင့်တင်မှုကို သဘောကျ လက်ခံသဖြင့် ထိုအဖွဲ့အစည်းတွင် နေသားတကျ လုပ်ကိုင်ဆောင်ရွက်ခြင်းမျိုးဖြစ်သည်။ ထိုအခါ အခြားအချက်များဖြစ်သည့် လစာနည်းပါးခြင်းနှင့် အလုပ်ချိန်များခြင်းစသည့် အချက်များကို လစ်လျူရှူကာ ထိုအဖွဲ့အစည်းတွင် ရပ်တည် နေနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းသို့ ပညာရေးအပေါ် သဘောထားသေးသိမ်သည့် အမြင်ရှိသူမျိုးက ၀င်ရောက်ဆက်သွယ် လုပ်ဆောင်ပါက ကြာရှည်ကြာမြဲ လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ ပဋိပက္ခဖြစ်ပေလိမ့်မည်။

(၂) Person-Job Fit (P-J Fit) ဟူသည် လူတစ်ဦးတစ်ယောက်၏ လုပ်ဆောင်နိုင်မှုသည့် ထိုအဖွဲ့အစည်း၏ လုပ်ဆောင်ချက် နှင့် ကိုက်ညီသည့်အခါတွင် နေသားတကျ လုပ်ဆောင်နေခြင်းမျိုးကို ဆိုလိုပေသည်။ ဥပမာအားဖြင့် ဆိုရသော် လျှပ်စစ်ပညာရပ် တွင်ကျွမ်းကျင်သည့် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးသည် လျှပ်စစ်ပစ္စည်းဆိုင်ရာ အဖွဲ့အစည်းမျိုးတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။ ၄င်း၏ ကျွမ်းကျင်မှုကို အသုံးချခွင့်ရသည့် အဖွဲ့အစည်းတွင် စွန့်စားရခြင်း၊ အန္တရာယ်များခြင်းနှင့် အခြားသော အချက်များကို လစ်လျူရှူပြီး အလုပ်တွင် ပျော်ရွင်စွာဖြင့် နေသားတကျရှိနေခြင်းကို ဆိုလိုသည်။ ထိုအဖွဲ့အစည်း သို့ ဆရာဝန်တစ်ဦး ၀င်ရောက်ဆက်သွယ် လုပ်ဆောင်ပါက ၄င်း၏ လုပ်ဆောင်နိုင်မှုသည် အဖွဲ့အစည်းနှင့် အံဝင်ဂွင်ကျ မဖြစ်သဖြင့် ပဋိပက္ခဖြစ်နိုင်ပေသည်။

(၃) Person-Group Fit (P-G Fit) ဟူသည် လူတစ်ဦးတစ်ယောက်အနေဖြင့် ၄င်းနှင့်အတူတကွ လုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ဖော်ကိုင်ဖက်များ၏ လွှမ်းမိုးမှုကို သဘောကျနှစ်သက်သဖြင့် အဖွဲ့အစည်းတွင် နေသားတကျရှိနေခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် ဆိုရသော် ပျော်ပျော်နေတတ်သည့် လူတစ်ဦးသည် အတည်အတံ့ဖြင့် နေထိုင်သည့် အုပ်စုတွင် မည်သို့မျှ အံဝင်ဂွင်ကျ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူ၏ စရိုက်နှင့်ကိုက်ညီသည့် ခပ်ပျော်ပျော်နေတတ်သည့် အစုအဖွဲ့နှင့်သာ နေသားတကျ ရှိပေလိမ့်မည်။ ရလဒ်မှာ စည်းလုံးညီညွတ်မှု ရှိသကဲ့သို့ အုပ်စုကွဲခြင်းမျိုးလည်း ဖြစ်ပေါ်တတ်ပေသည်။

(၄) Person-Person Fit (P-P Fit) ဟူသည် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးထားမှု၊ စရိုက်လက္ခဏာ၊ စိတ်ဓာတ်ရေးရာနှင့် အယူအဆတို့သည် အခြားသူတစ်ဦးတစ်ယောက်နှင့် တန်ဖိုးထားမှု၊ စရိုက်လက္ခဏာ၊ စိတ်ဓာတ်ရေးရာနှင့် အယူအဆတို့ တူညီသည့်အခါတွင် နေသားတကျရှိနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုသော် နူးညံ့သိမ်မွေ့စွာ နေတတ်သူတစ်ဦး သည် သူနှင့် စရိုက်တူသည့် နူးညံ့သိမ်မွေ့သူနှင့်သာ နေသားကျစွာ နေနိုင်ပေလိမ့်မည်။ ပညာတတ်မြောက်မှုကို တန်ဖိုးထားသူ သည် ပညာတတ်မြောက်သူနှင့် နေသားကျစွာ နေနိုင်ပေလိမ့်မည်။ ငွေကြေးကိုသာ တန်ဖိုးထားစရာအဖြစ် ရှုမြင်သူနှင့် ပညာကို တန်ဖိုးထားသူတို့သည် ကြာရှည်ကြာမြင့် ချိန်သားစေ့ကိုက်စွာ နေနိုင်လိမ့်မည် မဟုတ်ပေ။ လူတစ်ဦးချင်းစီး၏ တန်ဖိုးထားမှု မတူညီမှုသည် အချင်းချင်းကြား ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။

အထက်ဖော်ပြပါ အချက်အလက်များနှင့် မကိုက်ညီသည့်အခါ လူတစ်ဦးတစ်ယောက်နှင့် စနစ်တစ်ခု/အဖွဲ့အစည်းတစ်ခုကြား ချိန်သားစေ့သား မကိုက်ညီဘဲ ပဋိပက္ခများ ဖြစ်ပွားလေ့ရှိတတ်ပေသည်။ လူရှိလျှင် ပြဿနာရှိသည်မှာ မှန်သော်လည်း အဖွဲ့အစည်းများအနေဖြင့်လည်း တစ်ဦးချင်းတစ်ယောက်ချင်း၏ စိတ်သဘောထား၊ ခံယူချက်၊ လုပ်ဆောင်နိုင်စွမ်း၊ စိတ်ပါဝင် စားမှုနှင့် တန်ဖိုးထားမှု စသည်တို့ကို ကြိုတင်အကဲဖြတ်နိုင်ဖို့ လိုအပ်ပေသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်စီ အနေဖြင့်လည်း အဖွဲ့အစည်း၏ တန်ဖိုးထားမှု၊ လုပ်ဆောင်ချက်၊ လမ်းစဉ်၊ မူဝါဒနှင့် အနာဂတ်ဗျူဟာ စသည်တို့သည် မိမိတို့နှင့် ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်ဖို့ လိုအပ်ပေသည်။

အဖွဲ့အစည်းများ အနေဖြင့်ရော ၀န်ထမ်းများအနေဖြင့်ပါ သတိပြုစေလိုသည်မှာ မှားခြင်း/မှန်ခြင်းကို တစ်ဖက်သတ် ဆုံးဖြတ်ခြင်းနှင့် ရှုမြင်ခြင်းမျိုး မဖြစ်စေရန်ပင်။ ပဋိပက္ခများသည် တိုးတက်မှုကို ဖြစ်စေနိုင်သလို ဆုတ်ယုတ်မှုလည်း ဖြစ်စေနိုင်ပေသည်။ ခြုံငုံသုံးသပ်ရသော် မည်သည့်ပဋိပက္ခမျှ မဖြစ်ဘဲ (မည်သည့် အသံမျှ မထွက်ဘဲ) ရှိနေခြင်း (Fitting) သည်လည်း ကောင်းကျိုးဖြစ်နေသည်လား/ ဆိုးကျိုးဖြစ်နေသည်လားကို အပေါ်ယံခွဲခြားရန် အခက်အခဲ ရှိနေတတ်ပေသည်။ ထို့ကြောင့်ပင် Person-Environment Fit (P-E Fit) ဖြစ်နေရုံမျှဖြင့် ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု တစ်ထစ်ကျ မမှတ်ယူနိုင်သကဲ့သို့ ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြင့် ရလဒ်များ ဆုတ်ယုတ်လိမ့်မည်ဟုလည်း ပုံသေကားချ တွက်ဆလျှင် မှန်ကန်မည် မဟုတ်ပေ။ နိဂုံးချုပ်ဆိုရသော် အဖွဲ့အစည်းများ တိုးတက်မှု ရလဒ်ကောင်းလိုသော် မိမိတို့ အဖွဲ့အစည်း၏ တိုးတက်မှု အခြေအနေကို ဘက်ပေါင်းစုံ/ရှုထောင့်ပေါင်းစုံမှ ဆန်းစစ်အကဲဖြတ်မှု (Assessment)ကို စနစ်တကျ ပြုလုပ်သင့်ပေသည်။

လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၂၁.၉.၂၀၁၄ (အခွင့်အလမ်းဂျာနယ်) အဖွဲ့အစည်းတစ်ခုသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့လူနှင့်သူမှာ ချိန်သားစေ့သား ကိုက်နေတတ်သည်ကို ကျွန်တော်တို့ ရံဖန်ရံခါ တွေ့ရပေလိမ့်မည်။ တစ်စုံတစ်ရာ ပြဿနာဟု ထူးထူးခြားခြား မတွေ့ရတတ်ပေ။ အရပ်စကားဖြင့် ပြောရသော် မည်သည့်အသံမျှ မထွက်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုစနစ်/အဖွဲ့အစည်း၏ တန်ဖိုးထားမှု၊ မူဝါဒ၊ စံသတ်မှတ်ချက်၊ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများဖြင့် မကိုက်ညီသော ပုဂ္ဂိုလ်တစ်ဦးဦး ၀င်ရောက်လာသည့်အခါ ပြဿနာတစ်စုံတစ်ရာ တက်ပေပြီ။ အသံထွက်ပေပြီ။ ထိုသို့သော ဖြစ်ရပ်မျိုးကို စီမံခန့်ခွဲမှုရှုထောင့်မှ ကြည့်သော် ပတ်ဝန်းကျင်နှင့် တသားတည်းကျမှု (Person-Environment Fit) မရှိခြင်းဟု သတ်မှတ်နိုင်ပေသည်။
ပညာရှင် Dawis (1992)က Person-Environment Fit (P-E Fit) (ပတ်ဝန်းကျင်တွင် နေသားတကျရှိမှု) ဟူသည် လူတစ်ဦးတစ်ယောက်၏ သွင်ပြင်လက္ခဏာနှင့် ၄င်းပုဂ္ဂိုလ် ကျင်လည်ရှင်သန်ရာ ပတ်ဝန်းကျင်တို့၏ သွင်ပြင်လက္ခဏာတို့ ကိုက်ညီမှုဖြစ်သည့် အတိုင်းအတာဟု သတ်မှတ်ခဲ့ပေသည်။ လူတစ်ဦးတစ်ယောက်၏ သွင်ပြင်လက္ခဏာကို သတ်မှတ်ရာတွင် ၄င်း၏ အခြေခံလိုအပ်ချက် (Basic Needs)၊ တန်ဖိုးထားမှု (Values)၊ ပန်းတိုင် (Goals)၊ လုပ်ဆောင်နိုင်စွမ်း (Abilities) နှင့် ကိုယ်ရည်ကိုယ်သွေး (Personality) စသည်တို့ကို ထည့်သွင်း စဉ်းစားလေ့သည်။
ပတ်ဝန်းကျင်၏ သွင်ပြင်လက္ခဏာကို သတ်မှတ်ရာတွင်မူ ထိုပတ်ဝန်းကျင်၏ တန်ဖိုးထားမှု (Values)၊ ထိုပုဂ္ဂိုလ်အပေါ် အသိအမှတ်ပြုမှု (Rewards)၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ယူရမှု အခန်းကဏ္ဍ (Roles & Responsibilities)နှင့် ထိုပတ်ဝန်းကျင်ရှိ အခြားပုဂ္ဂိုလ်များ၏ စရိုက်လက္ခဏာ (Others’ Characteristics) တို့ကို ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။ Person-Environment Fit (P-E Fit)ကို ထပ်မံခွဲခြားရာတွင် (၁) Person-Organization Fit (P-O Fit) (အဖွဲ့အစည်းနှင့် နေသားတကျရှိမှု)၊ (၂) Person-Job Fit (P-J Fit) (အလုပ်နှင့် နေသားတကျရှိမှု)၊ (၃) Person-Group Fit (P-G Fit) (အုပ်စုနှင့် နေသားတကျရှိမှု) နှင့် Person-Person Fit (P-P Fit) (လူပုဂ္ဂိုလ်ချင်း နေသားတကျရှိမှု) ဟူ၍ ထပ်မံခွဲခြား နိုင်ပေသည်။
(၁) Person-Organization Fit (P-O Fit)သည် Person-Environment Fit (P-E Fit)၏ အကျယ်ပြန့်ဆုံး အပိုင်းပင်ဖြစ်သည်။ P-O Fit ဟူသည် လူတစ်ဦးတစ်ယောက်၏ ခံယူချက်သည် အဖွဲ့အစည်းတစ်ခု၏ တန်ဖိုးထားမှုနှင့် ကိုက်ညီသည့်အခါတွင် တွေ့ရလေ့ရှိသည်။ ဥပမာအားဖြင့်ပြရသော် ပညာရေးအဖွဲ့အစည်း တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/မတစ်ဦးသည် ထိုအဖွဲ့အစည်း၏ တန်ဖိုးထားမှုဖြစ်သည့် ပညာရေးဖြင့် ပတ်ဝန်းကျင် မြှင့်တင်မှုကို သဘောကျ လက်ခံသဖြင့် ထိုအဖွဲ့အစည်းတွင် နေသားတကျ လုပ်ကိုင်ဆောင်ရွက်ခြင်းမျိုးဖြစ်သည်။ ထိုအခါ အခြားအချက်များဖြစ်သည့် လစာနည်းပါးခြင်းနှင့် အလုပ်ချိန်များခြင်းစသည့် အချက်များကို လစ်လျူရှူကာ ထိုအဖွဲ့အစည်းတွင် ရပ်တည် နေနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းသို့ ပညာရေးအပေါ် သဘောထားသေးသိမ်သည့် အမြင်ရှိသူမျိုးက ၀င်ရောက်ဆက်သွယ် လုပ်ဆောင်ပါက ကြာရှည်ကြာမြဲ လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ ပဋိပက္ခဖြစ်ပေလိမ့်မည်။
(၂) Person-Job Fit (P-J Fit) ဟူသည် လူတစ်ဦးတစ်ယောက်၏ လုပ်ဆောင်နိုင်မှုသည့် ထိုအဖွဲ့အစည်း၏ လုပ်ဆောင်ချက် နှင့် ကိုက်ညီသည့်အခါတွင် နေသားတကျ လုပ်ဆောင်နေခြင်းမျိုးကို ဆိုလိုပေသည်။ ဥပမာအားဖြင့် ဆိုရသော် လျှပ်စစ်ပညာရပ် တွင်ကျွမ်းကျင်သည့် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးသည် လျှပ်စစ်ပစ္စည်းဆိုင်ရာ အဖွဲ့အစည်းမျိုးတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။ ၄င်း၏ ကျွမ်းကျင်မှုကို အသုံးချခွင့်ရသည့် အဖွဲ့အစည်းတွင် စွန့်စားရခြင်း၊ အန္တရာယ်များခြင်းနှင့် အခြားသော အချက်များကို လစ်လျူရှူပြီး အလုပ်တွင် ပျော်ရွင်စွာဖြင့် နေသားတကျရှိနေခြင်းကို ဆိုလိုသည်။ ထိုအဖွဲ့အစည်း သို့ ဆရာဝန်တစ်ဦး ၀င်ရောက်ဆက်သွယ် လုပ်ဆောင်ပါက ၄င်း၏ လုပ်ဆောင်နိုင်မှုသည် အဖွဲ့အစည်းနှင့် အံဝင်ဂွင်ကျ မဖြစ်သဖြင့် ပဋိပက္ခဖြစ်နိုင်ပေသည်။
(၃) Person-Group Fit (P-G Fit) ဟူသည် လူတစ်ဦးတစ်ယောက်အနေဖြင့် ၄င်းနှင့်အတူတကွ လုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ဖော်ကိုင်ဖက်များ၏ လွှမ်းမိုးမှုကို သဘောကျနှစ်သက်သဖြင့် အဖွဲ့အစည်းတွင် နေသားတကျရှိနေခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် ဆိုရသော် ပျော်ပျော်နေတတ်သည့် လူတစ်ဦးသည် အတည်အတံ့ဖြင့် နေထိုင်သည့် အုပ်စုတွင် မည်သို့မျှ အံဝင်ဂွင်ကျ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူ၏ စရိုက်နှင့်ကိုက်ညီသည့် ခပ်ပျော်ပျော်နေတတ်သည့် အစုအဖွဲ့နှင့်သာ နေသားတကျ ရှိပေလိမ့်မည်။ ရလဒ်မှာ စည်းလုံးညီညွတ်မှု ရှိသကဲ့သို့ အုပ်စုကွဲခြင်းမျိုးလည်း ဖြစ်ပေါ်တတ်ပေသည်။
(၄) Person-Person Fit (P-P Fit) ဟူသည် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးထားမှု၊ စရိုက်လက္ခဏာ၊ စိတ်ဓာတ်ရေးရာနှင့် အယူအဆတို့သည် အခြားသူတစ်ဦးတစ်ယောက်နှင့် တန်ဖိုးထားမှု၊ စရိုက်လက္ခဏာ၊ စိတ်ဓာတ်ရေးရာနှင့် အယူအဆတို့ တူညီသည့်အခါတွင် နေသားတကျရှိနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုသော် နူးညံ့သိမ်မွေ့စွာ နေတတ်သူတစ်ဦး သည် သူနှင့် စရိုက်တူသည့် နူးညံ့သိမ်မွေ့သူနှင့်သာ နေသားကျစွာ နေနိုင်ပေလိမ့်မည်။ ပညာတတ်မြောက်မှုကို တန်ဖိုးထားသူ သည် ပညာတတ်မြောက်သူနှင့် နေသားကျစွာ နေနိုင်ပေလိမ့်မည်။ ငွေကြေးကိုသာ တန်ဖိုးထားစရာအဖြစ် ရှုမြင်သူနှင့် ပညာကို တန်ဖိုးထားသူတို့သည် ကြာရှည်ကြာမြင့် ချိန်သားစေ့ကိုက်စွာ နေနိုင်လိမ့်မည် မဟုတ်ပေ။ လူတစ်ဦးချင်းစီး၏ တန်ဖိုးထားမှု မတူညီမှုသည် အချင်းချင်းကြား ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။
အထက်ဖော်ပြပါ အချက်အလက်များနှင့် မကိုက်ညီသည့်အခါ လူတစ်ဦးတစ်ယောက်နှင့် စနစ်တစ်ခု/အဖွဲ့အစည်းတစ်ခုကြား ချိန်သားစေ့သား မကိုက်ညီဘဲ ပဋိပက္ခများ ဖြစ်ပွားလေ့ရှိတတ်ပေသည်။ လူရှိလျှင် ပြဿနာရှိသည်မှာ မှန်သော်လည်း အဖွဲ့အစည်းများအနေဖြင့်လည်း တစ်ဦးချင်းတစ်ယောက်ချင်း၏ စိတ်သဘောထား၊ ခံယူချက်၊ လုပ်ဆောင်နိုင်စွမ်း၊ စိတ်ပါဝင် စားမှုနှင့် တန်ဖိုးထားမှု စသည်တို့ကို ကြိုတင်အကဲဖြတ်နိုင်ဖို့ လိုအပ်ပေသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်စီ အနေဖြင့်လည်း အဖွဲ့အစည်း၏ တန်ဖိုးထားမှု၊ လုပ်ဆောင်ချက်၊ လမ်းစဉ်၊ မူဝါဒနှင့် အနာဂတ်ဗျူဟာ စသည်တို့သည် မိမိတို့နှင့် ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်ဖို့ လိုအပ်ပေသည်။
အဖွဲ့အစည်းများ အနေဖြင့်ရော ၀န်ထမ်းများအနေဖြင့်ပါ သတိပြုစေလိုသည်မှာ မှားခြင်း/မှန်ခြင်းကို တစ်ဖက်သတ် ဆုံးဖြတ်ခြင်းနှင့် ရှုမြင်ခြင်းမျိုး မဖြစ်စေရန်ပင်။ ပဋိပက္ခများသည် တိုးတက်မှုကို ဖြစ်စေနိုင်သလို ဆုတ်ယုတ်မှုလည်း ဖြစ်စေနိုင်ပေသည်။ ခြုံငုံသုံးသပ်ရသော် မည်သည့်ပဋိပက္ခမျှ မဖြစ်ဘဲ (မည်သည့် အသံမျှ မထွက်ဘဲ) ရှိနေခြင်း (Fitting) သည်လည်း ကောင်းကျိုးဖြစ်နေသည်လား/ ဆိုးကျိုးဖြစ်နေသည်လားကို အပေါ်ယံခွဲခြားရန် အခက်အခဲ ရှိနေတတ်ပေသည်။ ထို့ကြောင့်ပင် Person-Environment Fit (P-E Fit) ဖြစ်နေရုံမျှဖြင့် ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု တစ်ထစ်ကျ မမှတ်ယူနိုင်သကဲ့သို့ ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြင့် ရလဒ်များ ဆုတ်ယုတ်လိမ့်မည်ဟုလည်း ပုံသေကားချ တွက်ဆလျှင် မှန်ကန်မည် မဟုတ်ပေ။ နိဂုံးချုပ်ဆိုရသော် အဖွဲ့အစည်းများ တိုးတက်မှု ရလဒ်ကောင်းလိုသော် မိမိတို့ အဖွဲ့အစည်း၏ တိုးတက်မှု အခြေအနေကို ဘက်ပေါင်းစုံ/ရှုထောင့်ပေါင်းစုံမှ ဆန်းစစ်အကဲဖြတ်မှု (Assessment)ကို စနစ်တကျ ပြုလုပ်သင့်ပေသည်။

လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၂၁.၉.၂၀၁၄ (အခွင့်အလမ်းဂျာနယ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...