Saturday, September 13, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၉)

သစ်ထူးလွင်


Posted: 12 Sep 2014 06:03 AM PDT
မာလာလာယူဆွတ်ဖ်ဇာအိကို လုပ်ကြံခဲ့သည်ဟု သံသယရှိသူများအား ဖမ်းဆီးထားကြောင်း ပါကစ္စတန် စစ်တပ်က ဆိုသည်။ မာလာလာသည် အမျိုးသမီးများ ပညာရေး အတွက် လှုပ်ရှားမှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တာလီဘန် သေနတ်သမားများ၏ တိုက်ခိုက်မှုနှင့် ကြုံ ခဲ့ရပြီး ခေါင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်က တိုက်ခိုက်မှုကြောင့် အသက်မသေခဲ့သော်လည်း ယင်းဖြစ်ရပ်က ကမ္ဘာတစ်ဝန်းလုံးကို တုန်လှုပ်စေသော သတင်းဖြစ်ခဲ့ပြီး မာလာလာသည်လည်း နို
Posted: 12 Sep 2014 05:55 AM PDT
တရုတ်နိုင်ငံမှာ လူပေါင်း ၃၁ ယောက် သေဆုံးခဲ့ရတဲ့ ဓားနဲ့ လိုက်လံ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်သူ ၃ ယောက်ကို ကူမင်းမြို့ တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ နောက်ထပ် တစ်ယောက်ကိုတော့ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ကူမင်းမြို့မှာ ဖြစ်ခဲ့တဲ့ အဲဒီ စီစဉ် တိုက်ခိုက်မှုမှာ လူ ၈ ယောက် ပါဝင် ပတ်သက်ခဲ့ပြီး ၄ ယောက်ကိုတော့ တိုက်ခိုက်မှု ဖြစ်ရာ နေရာမှာပဲ ပစ်သတ်ခဲ့ပါတယ်။ တရုတ် အစိုးရကတော့
Posted: 12 Sep 2014 05:30 AM PDT
ခေါင်းဆောင်စဉ်ကိုဖတ်ပြီး ''လွှတ်တော်အထဲကလူတွေတောင် ဘာမှလုပ်လို့မရတာ၊ ခင်ဗျားတို့အပြင် က လူတွေက ဘာလုပ်နိုင်မှာလဲ'' ဆိုပြီး အပြစ်တင်ဖို့ဆန္ဒမစောပါနဲ့။ ခြေ-ဥ ပြင်ရေးအတွက် တနိုင်ငံ လုံးအနှံ့ စည်းရုံးဟောပြောနေတဲ့ NLD ပါတီ ဥပဒေအထောက်ကူပြုအဖွဲ့မှ ရှေ့နေတဦးကိုယ်တိုင် နော်ဝေး အထိလာပြီး ဒီကိစ္စကိုဆွေးနွေးသွားလို့ အပြင်ကလူတွေ ၀ိုင်းစဉ်းစားရင် လုပ်ငန်းစဉ်တခုခု ထွက်လာမလားဆိုပြီး တွေးမိလို့ပါ။ (၂၀၀၈
Posted: 12 Sep 2014 03:58 AM PDT
အိုရီဒူး ဆင်းမ်ကဒ် တကတ်ကို ကျပ်၅ဝဝနဲ့ ရန်ကုန်မြို့ရဲ့ နေရာတချို့မှာ ဈေးလျှော့ ရောင်းချနေပါတယ်။ ဦးစိုးသီဟ သတင်းပေးပို့ထားတာပါ။ DVB TV - 12.09.2014
Posted: 12 Sep 2014 03:53 AM PDT
ရန်ကုန် ၊ ၁၂-၉-၂၀၁၄ မြန်မာနိုင်ငံ မုဒုံမြို့ ဝင်းစိန် တောရကျောင်းရှိ ကမ္ဘာ့ အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးကို ထိုင်းတော်ဝင် မိသားစု ရှယ်ယာပိုင် ကုမ္ပဏီမှ ပြုပြင်ခြင်းနှင့် ထိန်းသိမ်း မွမ်းမံခြင်း လုပ်ငန်းများ လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း ထိုင်းတော်ဝင် မိသားစု ရှယ်ယာပိုင် ကုမ္ပဏီ ဖြစ်သော SCG ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ထိုကဲ့သို့ ဆောင်ရွက် ပေးခြင်းမှာ ကမ္ဘာ့ အကြီးဆုံးေ
Posted: 12 Sep 2014 03:48 AM PDT
ဆီဆိုင် ၊ ၁၂-၉-၂၀၁၄ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်၊ ကယန်းကလေး ကျေးရွာ နှင့် (၃)မိုင် အကွာတွင် ရှိသော အထင်ကရ သစ်တောကြီး များကို ခုတ်ထွင်လျက် ရှိကြောင်း မျက်မြင် တွေ့မြင် ရသည့် ဒေသခံများထံမှ သိရသည်။ အဆိုပါ သစ်တောကြီးများ ခုတ်ထွင်မှုကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့၊ စည်ပင်ဌာန၊ သစ်တော ဌာန နှင့် မြေစာရင်းဌာန တို့က ပူးပေါင်း လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု သိရသည်။ အထင်ကရ သစ်တောကြီးများ ကို ခုတ်ထွင်
Posted: 12 Sep 2014 03:45 AM PDT
လာမည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ခေါင်းလောင်း ရှာဖွေခြင်း လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးတော့ မည်ဟု ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီ ဒု-ဥက္ကဌ နိုင်မင်းအောင်(ခ) နိုင်ဝဲ့ က လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။ နိုင်မင်းအောင် က “ကျနော်တို့ စာချုပ်အရ (၁၈) ရက်ဆိုရင် ရှာဖွေရေး သက်တမ်းကုန်ပြီး တစ်ချို့ ရေငုပ်သမား တွေလည်း ပြန်ကုန်ကြပါပြီ” ဟုပြောသည်။ ထို့နောက်
Posted: 12 Sep 2014 03:44 AM PDT
ရခိုင်ပြည်နယ်ကနေ ဒီနှစ်ဆန်း ပိုင်းတုန်းက ထွက်ခွာခဲ့တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (အမ်အက်စ် အက်ဖ်)ဟာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ အစိုးရနဲ့ တရားဝင် စာချုပ်ချုပ် လိုက်တာကြောင့် မကြာခင်ကာလမှာ လုပ်ငန်း စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ MSFစက်တင်ဘာ ၈ ရက်နေ့က နေပြည်တော်မှာ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ အမ်အက်စ်အက်ဖ် ကိုယ်စားလှယ် နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့တာြ
Posted: 12 Sep 2014 03:41 AM PDT
လက်ရှိအစိုးရ ကျင့်သုံးနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟာ တပ်မတော် ဒီမိုကရေစီ၊ တစ်နည်း လက်နက်ကိုင် ဒီမိုကရေစီကို စကားလုံး တန်ဆာ ဆင်ထားခြင်း မျှသာ ဖြစ်ပါတယ် . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရန်ကုန်၊ စက်တင်ဘာ ၇ တတိယ အကြိမ်မြောက် ဥရောပခရီးစဉ် သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်အနေနှင့် နိုင်ငံတကာ၏ နားလည် ပေးမှုအပေါ် အလေးထားကာ ပြုပြင် ပြောင်းလဲမှုများကို အမှန်တကယ် လုပ်ဆောင်
Posted: 12 Sep 2014 04:11 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၀ စစ်တပ်အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲ လာပြီ ဖြစ်သော်လည်း လက်ရှိအချိန်တွင် အစိုးရ အနေဖြင့် သံဃာ အချင်းချင်း စည်းလုံးညီညွတ်မှု အား သွေးခွဲရန် ကြိုးစားနေပြီး သံဃာတော်များအား အကြည်ညို ပျက်စေရန် လုပ်ဆောင်လျက် ရှိကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင် သံဃာတော် အဖြစ် ပါဝင်ခဲ့သူ ဦးထာဝရက စက်တင်ဘာလ ၁၀ ရက်နေ့က မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။
Posted: 12 Sep 2014 03:32 AM PDT
ကြုံရခေတ်အဆက်ဆက် ယုံရခပ်ခက်ခက် ---- --- --- ““ပေါ်အူးရယ်၊ သာမောဖွယ် နန်းတော်အလယ်မှာလေ ငါကိုယ် တော် ရွှေရှင်ဘုရင်ပြောမယ်။ ခက်တယ်၊ မျက်ချယ်၊ သက်လှယ် လူတွေ သိပ်ခက်ပါတယ်။ မင်းကြီးရဲ့လက်ထက်မှာကွယ် အဂတိလိုက် စားမှုတွေ များပြားတာကို တော်တော်ကြီးကို ထိုးနှက်ဝေဖန်နေကြတယ်။ တကယ်တော့ ဒါဟာ လွယ်လွယ်လေးပါ ပေါ်အူးရာ၊ မခက်ပါဘူး။ လူတွေအားလုံး စိတ်ထားပြောင်းဖို့လိုတယ်။ စိတ်ထားလေးသာ နည်း နည်းလေးပြောင်းလိုက်ရုံနဲ့
Posted: 12 Sep 2014 03:22 AM PDT
နယ်မြေအငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက် ရေး အဖွဲ့တို့ကြား ဆွေးနွေးပွဲဟာ အဖြေ တစုံတရာ မရဘဲ အဆုံးသတ်ခဲ့ရပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆက်လက် ဖြေရှင်းသွားကြဖို့ နှစ်ဘက် သဘောတူညီ ခဲ့ကြပါတယ်။ SSARCSSစက်တင်ဘာလ ၁၁ ရက်နေ့က ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ဌာနချုပ် လွိုင်တိုင်းလျန်းမှာ တနေ့လုံး ဆွေးနွေးခဲ့ပေမယ့် နယ်မြေကိစ္စ တစုံတရာ
Posted: 12 Sep 2014 03:19 AM PDT
အမေရိကန်နိုင်ငံ ကလိဗ်လန်း အထက်တန်း ကျောင်းထဲမှာ ၂၀၁၂ ခုနှစ်က ကျောင်းသား ၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ် တသက်တကျွန်း ကျနေတဲ့ ဆယ်ကျော်သက် လူငယ်ဟာ တခြားထောင်သား တယောက်နဲ့အတူ အိုဟိုင်းယိုပြည်နယ် အနောက်မြောက်ပိုင်း ထောင်ကနေ စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ရဲတွေက ပြောပြီး သူတို့ ၂ ယောက်ကို လိုက်ရှာနေတယ်လို့ ဆိုပါတယ်။ အော်လန်အုတ်ခ်ဝုဒ် အကျင့်စာရိတ္တပြုပြင်ရေး
Posted: 12 Sep 2014 03:06 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၂ ၁၁.၉.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးကျော်ရွှေသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းတွင် သားဖြစ်သူ သန်းနိုင်(၃၀)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ပွကြီး(ခ)နိုင်လင်းမြင့်တို့ စကားများရန်ဖြစ်စဉ် ပွကြီး(ခ)နိုင်လင်းမြင့်မှ ဓါးဖြင့်ထိုးသွားကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ အခင်းဖြစ်နေရာလမ်းပေါ်တွင် သားဖြစ်သူ
Posted: 11 Sep 2014 08:36 PM PDT
 မွန်ဓမ္မစေတီ ခေါင်းလောင်းကြီး တွေ့ ရှိပြီဟု ဦးစံလင်း၏ သတင်း ထုတ်ပြန်မှုမှာ ခေါင်းလောင်း မတွေ့ ဘဲ သတင်း ထုတ်ပြန်ခဲ့သည်ဟု ရေငုပ်သမား အဖွဲ့ ခေါင်းဆောင် ဦးသန်းညွှန့်က လွတ်လပ်သော မွန်သတင်း အေဂျင်စီ (IMNA) သို့ ပြောသည်။ ဦးသန်းညွှန့်က “ဦးစံလင်း ခေါင်းလောင်းတွေ့ ပြီးလို့ သတင်းထုတ်ပြန်တာ သူကုန်းပေါ်မှာ တွေ့ ရင်တွေ့ မယ်၊ ကျနော်တို့ရေအောက်မှာတော့မတွေ့ ပါဘူး၊ ကျနော်တို့ တွေ့ တာက ရွှံ့တွေ၊ သင်္ဘောပျက် တစ်စီးပဲေ
Posted: 11 Sep 2014 10:26 PM PDT
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အထောက်အကူ ပြုနိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှု မူဝါဒကို လွန်ခဲ့တဲ့နှစ် အနည်းငယ်က ချမှတ် ဆောင်ရွက်ခဲ့ ပေမယ့် ကနေ့အထိ ကတိကဝတ်တွေဟာ လက်တွေ့ဖြစ်မလာဘဲ ရှိနေတယ်လို့ အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကတ်ကမ့်ဘဲလ် Kurt Campbell က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး
Posted: 11 Sep 2014 10:22 PM PDT
ပါကစ္စတန်တပ်မတော်က တာလီဘန်တွေနဲ့ ပါကစ္စတန်လူမျိုးစု နေထိုင်ရာဒေသတွေက သူတို့ရဲ့မဟာမိတ်တွေကို ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးနေရပါတယ်။ အိုးပစ်အိမ်ပစ် ထွက်ပြေးရသူအများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး လမ်းတွေပိတ်၊ ကာဖျူးအမိန့်တွေ ထုတ်ထားတဲ့ကြားက ဗုံးဒဏ်ကို အန်တုရင်း နယ်ချင်းကပ်နေတဲ့ ဘန်နုခရိုင်ထဲကို ပြေးဝင်ခိုလှုံခဲ့ကြပါတယ်။ မိုဟစ်အူလာရဲ့ တကိုယ်လုံးေ
Posted: 11 Sep 2014 09:09 PM PDT
ကျွန်မ သိတတ်စ အရွယ် ကတည်းက အိမ်အတွက် တစ်ပတ်စာ ကုန်ကြမ်း ပစ္စည်းတွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ် စသဖြင့် ဥပုသ် တစ်ပတ်စာကို ဒီမြို့မှာ နေတဲ့သူတွေ အားလုံး လိုလိုပါပဲ မန္တလေး ဈေးချိုတော်ကြီး ကိုသွားပြီး ဈေးဝယ်ထွက် ကြပါတယ်။ ဒါ့ပြင် အဝတ်အစား၊ ဆေးရုံ ဆေးတိုက် ကစပြီး သွားလာကြ ရပါတယ်။ မန္တလေး - အမရပူရ ကလဲ ခုနစ်မိုင်သာ ဆိုတယ် သိပ်မဝေးပါဘူး။ အခု တိုးတက်တဲ့ ခေတ်ကြီးမှာ လမ်းဘေးဝဲ၊ ယာ လူနေအိမ်တွေ
Posted: 11 Sep 2014 08:28 PM PDT
ရန်ကုန်၊ စက်တင်ဘာ ၇ မော်တော်ယာဉ် တင်သွင်းခွင့် ယခင်ကထက် ပိုမိုဖြေလျှော့ပေး လာခြင်းကြောင့် ရန်ကုန်၌ ယခု လက်ရှိ တွင် နေ့စဉ်နှင့်အမျှ ယာဉ်ကြော ပိတ်ဆို့မှု ကြုံတွေ့နေရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာမှလည်း လမ်းဘေး ပခုံးသားများအား ချဲ့ထွင်၍ ယာဉ်ရပ်နား ရန် နေရာများ ဖော်ထုတ်ကာ ကားပါကင် နေရာသစ် များ ပြုလုပ် လျက် ရှိသော်လည်း တင်သွင်းသည့် ကားပမာဏနှင့် ဖော်ထုတ် နိုင် သည့် မြေနေရာမှာ မလုံလောက်မြဲြ
Posted: 11 Sep 2014 08:24 PM PDT
သမ္မတ သက်တမ်းမှာ ဆင်းရဲသား ပပျောက်ရေး မပြောနဲ့ ပိုတောင်ဆိုးလာတဲ့ အနေအထားမှာ ရှိတယ်။ လူထုက အစိုးရကော၊ ကြံ့ခိုင်ရေးကော၊ စစ်တပ်ကော မကြိုက်ဘူး … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ သမ္မတ ဦးသိန်းစိန်၏ စက်တင်ဘာ ၁ ရက်နေ့က စတင်ခဲ့သည့် တတိယအကြိမ် ဥရောပ ခရီးစဉ်အတွင်း တိုင်းပြည် အခြေအနေနှင့် ပြည်သူလူထု၏ စိတ်ဆန္ဒ ရှိမှုအပေါ် မူတည်၍ ဒုတိယအကြိမ် သမ္မတသက်တမ်းကို လုပ်ကိုင်ရန် ဆုံးဖြတ်
Posted: 11 Sep 2014 07:37 PM PDT
လန်ဒန် မြို့မှာ Conflict Kitchen ပဋိပက္ခ မီးဖို ဆောင် ဆိုတဲ့ အမည် နဲ့ ကမ္ဘာ့ နိုင်ငံ တွေက စားသောက်ဖွယ်ရာ တွေကို တည်ခင်းပြီး ဒီနိုင်ငံတွေ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တွေ့ဆုံ ပွဲတွေကို ကျင်းပနေတာ မှာ ဒီတပတ် လန်ဒန် အရှေ့ပိုင်း က Monikers စားတော်ဆက် မှာ မြန်မာ နိုင်ငံ အတွက် ကျင်းပ ပါတယ်။ လာရောက်သူ တွေ ကို မြန်မာပြည် အကြောင်း ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခ တွေ အကြောင်း ပြောဆိုေ
Posted: 11 Sep 2014 07:41 PM PDT
ဆီးရီးယား ​သူပုန်တွေရဲ့ ​ဖမ်းဆီးထိန်းသိမ်းမှု ​ခံခဲ့ရတဲ့ ​ကုလသမဂ္ဂ ​ငြိမ်းချမ်းရေး ​စစ်သား ​၄၅ ​ယောက်စလုံး ​လွတ်မြောက်လာပြီလို့ ​သိရပါတယ်။ သူပုန်တွေရဲ့ ​ထိန်းသိမ်းမှုကို ​ခံခဲ့ရတဲ့ ​ကုလသမဂ္ဂ ​ငြိမ်းချမ်းရေး ​စစ်သားတွေဟာ ​ဖီဂျီနိုင်ငံက ​စစ်သားတွေ ​ဖြစ်ပြီး ​အစ္စရေးနိုင်ငံ ​နယ်စပ် ​Golan ​Heights ​ဒေသမှာ ​Al ​Nusra ​Front ​လို့ ​ခေါ်တဲ့ ​ဆီးရီးယား ​သူပုန်တွေရဲ့ ​ဖမ်းဆီးမှုကို ​နှစ်ပတ်ကြာ ​ခံခဲ့ရတာပါ။
Posted: 11 Sep 2014 07:32 PM PDT
ဆီးရီးယားနိုင်ငံအတွင်းက ​IS ​အကြမ်းဖက် ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ တဆင့် ​နှိမ်နင်းမယ်လို့ ​အမေရိကန် ​သမ္မတက ​ကြေညာ ပြီးတဲ့နောက် ​ဆီးရီးယား ​အစိုးရက ​သူ့ရဲ့  ​ခွင့်ပြုချက်အရင်မယူပဲ ​ဆီးရီးယားနယ်အတွင်း ​စစ်ဆင်ရေး လုပ်မယ်ဆိုရင် ​ပြင်းထန်စွာ ​တုန့်ပြန်မယ်လို့ ​ပြောလိုက်ပါတယ်။ ဆီးရီးယားအစိုးရအနေနဲ့ ​ဆီးရီးယား ​ပြည်တွင်းက ​အကြမ်းဖက် ​စစ်သွေးကြွတွေကို ​နှိမ်နင်းလိုပြီး ​ပူးပေါင်းမှုတွေ ​လုပ်လိုပေမယ့် 
Posted: 11 Sep 2014 07:30 PM PDT
ဆီးရီးယား နိုင်ငံထဲ က အစ္စလာမ်မစ် လက်နက်ကိုင်တွေ ထဲ ပါဝင်ဖို့ လူသစ် စုဆောင်း နေသူ လို့ သံသယ ရှိခံရသူ တစ်ဦး ကို၊ ပြင်သစ် အာဏာပိုင်တွေ က ပါရီမြို့တော် လေဆိပ်မှာ၊ ဖမ်းဆီး လိုက် ပါတယ်။ အခု ဖမ်းဆီးခံလိုက်ရတဲ့ Mourad Fares ဆိုသူဟာ၊ အလွန် အန္တရာယ် ကြီးမားသူ တစ်ဦး ဖြစ်တယ် လို့ ပြင်သစ် ပြည်ထဲရေး ဌာနက ပြောပါတယ်။ ပြင်သစ် အာဏာပိုင်တွေ ရဲ ခန့်မှန်းချက် အရ၊ ပြင်သစ် နိုင်ငံသား ၉၀ဝ လောက်၊ ဆီးရီးယားနဲ့
Posted: 11 Sep 2014 07:27 PM PDT
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဆော်ဒီ အရေးဗျားနိုင်ငံ Jeddah မြို့မှာ ဆွေးနွေး ပြီးတဲ့နောက် အာရပ် ၁၀နိုင်ငံတို့က အိုင်အက်စ် အစ္စလမ်မစ်နိုင်ငံ အဖွဲ့ကို တိုက်ဖို့ အကူအညီပေးမယ်လို့ သဘောတူခဲ့ပါပြီ။ ရုရှားကတော့ ကုလသမဂ࿿ ဂလုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုမပါဘဲ တိုက်ရင် နိုင်ငံတကာဥပဒေကို ချိုးဖေါက်ရာကျမယ်လို့ ပြောပါတယ်။ အခုသဘောတူလိုက်တဲ့ညွန့်ပေါင်းအဖွဲ့ဟာ လက်တွေ့ဆောင်ရွက်ဖို့ အစပြိုးနေပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...