Tuesday, September 16, 2014

ပထွေးဆိုတာ ဒါပါပဲ...

ကျွန်တော့်ပထွေးကပြောတယ်...
" ငါတို့တုန်းကစာသင်ကျောင်းကိုရောက်ဖို့ တစ်ရွာလုံးကကျောင်းသားတွေဟာ တစ်နာရီလောက်လမ်းလျှောက်သွားပြီး တက်ခဲ့ရတယ်... မင်းတို့လက်ထက်မှာ
ရွာက မြို့ဖြစ်လာပြီး စည်ကားလာတော့ ကားလမ်းတွေ ဘာတွေနဲ့... အခုဆို မင်းမှာ စက်ဘီးလေးနဲ့ဆိုတော့ လမ်းလျှောက်စရာလိုတော့ဘူး.... ဘယ်လောက်ထိအဆင်ပြေလဲ... တွေးကြည့်စမ်းပါ... ငါ့ကိုသောက်ပိုတွေ မပူဆာနဲ့... ကွန်ပြူတာသင်တန်းဆိုတာ မင်းနဲ့ဘာဆိုင်သလဲ.... မင်းဟာ ဆယ်တန်းအောင်မယ် .. အလုပ်လုပ်ရင်း အဝေးသင်ဘွဲ့ရမယ်... ဒီလောက်ဆိုတော်ပြီ...."
ဟုတ်ပါတယ် အဖေ...

ဒီအတွက်ကျေးဇူးတင်ပါတယ်... ကျွန်တော်ပြောနေတာက ဟိုဘက်အိမ်က ကျွန်တော်နဲ့အတန်းတူတွေ ကိုယ်ပိုင်ကားနဲ့ကျောင်းသွားနေကြပြီး.. ကိုယ်ပိုင်ကွန်ပြူတာတွေနဲ့ ပိုပြီးအဆင့်မြင့်တဲ့ပညာရေးစနစ်တွေကိုပါ လေ့လာသင်ယူနေကြတာကို ပြောချင်တာပါ...။
အတိတ်နဲ့ ချိန်ထိုးနေမယ့်အစား မျက်မှောက်ခေတ်ပတ်ဝန်းကျင်နဲ့ ချိန်ဆစေချင်တာပါ... အရင်ကအဖေနဲ့ လမ်းအတူလျှောက်ပြီး ကျောင်းသွားခဲ့တဲ့အဲ့ဒီအိမ်ကဦးလေးကြီးက အရင်တုန်းကဆိုရင် အဖေတို့ထက်တောင် အများကြီးဆင်းရဲသေးတယ် ဆို အဖေ ဟုတ်လား....
မိသားစုတစ်ပြုံတမကြီးနဲ့ ထမင်းတောင်နပ်မှန်အောင် အနိုင်နိုင်ဆို..အဖေ....။
ဟေ့ရောင် ... မင်း သောက်ပိုတွေမပြောနဲ့...
ငါ ထရိုက်မိမယ်... မင်း အဲ့ဒီလိုနေချင်ရင် မင်းလက်ထက်ရောက်မှလုပ်ကွာ...
အဲ့ဒါဆိုရင် ဦးလေးက ကျွန်တော့်အမေကိုယူပြီး ဖအေနေရာကိုရောက်လာတာ
ဘာအတွက်လဲ ... မိသားစုနောင်ရေး သားသမီးနောင်ရေးဆိုတာ ဘာလဲ...
ဖျောင်း....ဒိုင်း..... အုန်း.... ဂွမ်း
မင်းကများ သောက်ကြီးသောက်ကျယ်ပြောလို့ကွာ ...ထွီ
ငါ ဒီကောင့်ကို တိုင်မှာ ကြိုးနဲ့ချည်ထားမယ်... ဒီတနေကုန် ဘာမှ မကျွေးနဲ့...
အားလုံး ကြားကြလား....
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ပထွေးဆိုတာ ဒါပါပဲ...
ဖခင်တစ်ယောက်လို့ သားသမီးအပေါ်မှာ မေတ္တာ စေတနာမထားနိုင်ရင်တော့ ဖခင်နေရာကို ရယူထားလည်း အလကားပါပဲ...။
ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတဲ့မိသားစုကြီးမှာလည်း မိသားစုအပေါ် စေတနာမထားနိုင်တဲ့ ပထွေးဆိုးလိုလူမျိုးတွေ အုပ်ချုပ်နေသ၍ကတော့ သူများနိုင်ငံသားတွေ ကိုယ်ပိုင်ကားနဲ့ကျောင်းတက်ပြီး ကိုယ်ပိုင်ကွန်ပြူတာတွေနဲ့ အဆင့်မြင့်ပညာရေးကို သင်ယူနေတဲ့အချိန်မှာ ခင်ဗျားတို့ ကျွန်တော်တို့ဘဝကတော့ စက်ဘီးစီးပြီးကျောင်းတက်နေရတဲ့ဘဝထက်တော့ ထူးလာမယ် မထင်ပါဘူးဗျာ....
၁၉၈၈မတိုင်မှီက ကားလမ်းအရှည်မိုင်--သာရှိခဲ့သော်လည်း
ယနေ့အချိန်မှာ ကားလမ်းအရှည်မိုင်ပေါင်း--ကျော်ပြီဖြစ်---- လို့ နေလို့ မရဘူးခင်မျ...
ကိုယ့်နိုင်ငံထက် ၁၉၈၈ ထက်ဆယ်နှစ်နောက်ကျပြီး ၁၉၉၈မှ တိုင်းပြည်တိုးတက်ရေးကိုထူထောင်ရတဲ့ ဗီယက်နမ်က ကိုယ့်ထက်ချမ်းသာနေပြီ အဘတို့ရေ...
(ရွှေပေါက်ကံမြို့သစ်က ဆင်မှုံရွာရောက်တုန်း နားထဲကြားရတာလေးပါ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...