မနက်ဖြန်
ဆို စကော့တလန်သားတွေ လွတ်လပ်ရေးယူပြီး ယူနိုက်တက်ကင်းဒန်း ကနေ
ခွဲထွက်သွားတော့မလား ။ ယူကေမှာပဲဆက်နေမလားဆိုတာ စကော့တလန်လူထုမဲနဲ့
အဆုံးအဖြတ်ရယူတော့မှာဖြစ်ပါတယ်။ ဒီကိစ္စဟာ စကော့တလန်အတွက်ကော အင်္ဂလန်အတွက်ကော အလွန့် အလွန်အရေးကြီးတဲ့နိုင်ငံရေးအလှည့်အပြောင်း။ နိုင်ငံမြေပုံ နိုင်ငံအလံ နိုင်ငံတကာဆက်ဆံရေးကအစ စီးပွါးရေး-ကာကွယ်ရေးအကုန်ပြောင်းလဲမယ့်ကိစ္စပါ
။အကြမ်းဖြင်း တ၀က်တ၀က်စီလို့ပြောလို့ရအောင် လွတ်လပ်တဲ့
စကော့တလန်ဖြစ်ချင်သူ ၅၀ရာနှုန်း။ ယူကေ မှာပဲဆက်နေတာကောင်းတယ်လို့ မြင်သူ ၅၀
ရာခိုင်နှုန်း ။ အလွန်ပြင်းထန်တဲ့ ရပ်တည်ချက်ကိုယ်စီ ကွဲပြားခြင်းတွေနဲ့
အကြီးအကျယ် အကြိတ်အနယ်မဲပေးဘို့ ပြင်ဆင်နေကြပါပြီ။
မြန်မာ့နိုင်ငံမှာ တက်ခဲ့သမျှစစ်အစိုးရအဆက်ဆက်လေနဲ့ ပြောမယ်ဆို နိုင်ငံပြိုကွဲခြင်းလို့ ပြောရမယ့် အလှည့်အပြောင်းမျိုးပါ ။
ဒါကို ဒီမိုကရေစီ အစိုးရတရပ် က အကြမ်းမဖက် သေနတ်မဖေါက်။စစ်တပ် ၀င် အာဏာမသိမ်း။ ဘယ်သူ့လက်ချက် မှန်းမသိတဲ့ ဗုံးတွေလည်းမကွဲ။ လူထုဘက်က လည်း တုတ်မဆွဲ-ဒါးမဆွဲ။ သံမယိုသွေးမထွက်။ အသက်စတေးစရာမလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒမဲပေးကြတော့မှာ အများဆန္ဒအတိုင်း အဆုံးအဖြတ်ခံယူကြတော့မှာ အတော်စိတ်ဝင်စားဘို့ကောင်းပါတ ယ်။
မြန်မာ့နိုင်ငံရေးရဲ့ပြသနာအားလုံးနောက်ဆုံးသော့ချက်ဟာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတခုကို စစ်မှန်တဲ့ ဒီမိုကရေစီစနစ် နဲ့ တည်ဆောက်ရေးဆိုတာအားလုံးသဘောပေါ က်ကြမှာပါ ။ လွတ်လပ်ရေးရကတည်းက တိုင်းရင်းသားတွေနဲ့ တိုက်လိုက်ရတဲ့ပြည်တွင်းစစ်တွေ
နှစ်ဖက်စစ်သည်-ရာထောင်သောင်း ထိခိုက်သေဆုံးရတာတွေ တိုင်းရင်းသားတွေ
အိုးမဲ့အိမ်မဲ့ တိုင်းပြည်မဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ။
ဒီနေ့အထိမဆုံးနိုင်တဲ့ ပြည်တွင်းစစ် ပြသနာဟာ စစ်မှန်တဲ့ နိုင်ငံရေးစနစ်တခု
မထူထောင်နိုင်လို့ဖြစ်ပါတယ်။
ဒီစကော့တလန်ဆန္ဒခံယူပွဲကနေကျွန်ေ တ်ာတို့ သင်ခန်းစာယူစရာ။အတုယူစရာတွေအများကြီးရမယ်လို့
ယူဆပါတယ်။ မီဒီယာပေါင်းစုံကတဆင့် ဒီနေ့ ယူကေ လူထုအလွှာပေါင်းစုံ
အမြင်အယူအဆနဲ့ရပ်တည်ချက်တွေ ၊နိုင်ငံရေးနယ်ပါယ်အသီးသီးကခေါင်းဆောင်တွေရဲ့
သဘောထားတွေ ကုမ္ပဏီပေါင်းစုံဘဏ်နဲ့ စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေရဲ့အမြင်
ရပ်တည်ချက်တွေ ပညာရှင်အသီးသီးခန့်မှန်းချက်တွေ နံမည်ကြီး အနုပညာရှင်တွေရဲ့ တိမ်းညွှတ်ရာ အကုန် မြင်နိုင်တွေ့နိုင်ကြပါတယ်။
The Sun သတင်းစာကနေ To the people of Scotland ဆိုတဲ့ စာ နဲ့ ကာကွယ်ရေးအကြီးအကဲဟောင်း ၁၄ ဦးက ဗြိတိန်နိုင်ငံ က စကော့တလန်ခွဲထွက်သွားရင် တိုင်းပြည်အားနည်းမယ်လို့ ဝေဖန်အကြံပေးတာလောက်ပဲ လုပ်ပါတယ်။ ဒါ ယူကေ စစ်တပ် ရဲ့ နိုင်ငံရေး မှာ ပါဝင်တဲ့အတိုင်းအတာ အခန်းကဏ္ဍ။ ဒီလောက်ပါပဲ။ ဒါကိုပြောချင်တာ။
မြန်မာပြည်မှာနှစ်လရှည်ကြာ ကြိုးစားနေကြတဲ့ အပစ်ရပ်ရေး နဲ့ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရေး ဆွေးနွေးပွဲတွေအတွက် တိုးတက်တဲ့ နိုင်ငံတွေရဲ့ စံချိန်စံညွှန်းတွေကို အကုန်မလိုက်နိုင်သေးတဲ့တိုင် လှမ်းမျှော်ကြည့်မြင် အတုယူနိုင် ကြ လိမ့်မယ်လို့ ယူဆပါတယ်။
ကိုယ်မွေးတဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုဖြစ်ပါစေလို့ ဆန္ဒပြုထားတဲ့လူတယောက်အနေ နဲ့ ပြောရရင် ဒီစကော့တလန် လူထုဆန္ဒခံယူပွဲမှာလည်း Better Together ဘက်က အနိုင်ရပါစေ။ စကော့ပြည်သားတွေ ကျေနပ်တဲ့ ပိုမို ပြည့်စုံတဲ့ United Kingdom ဖြစ်လာ ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ခွန်ဆိုင်း ( ၁၇-၀၉-၂၀၁၄ )
မြန်မာ့နိုင်ငံမှာ တက်ခဲ့သမျှစစ်အစိုးရအဆက်ဆက်လေနဲ
ဒါကို ဒီမိုကရေစီ အစိုးရတရပ် က အကြမ်းမဖက် သေနတ်မဖေါက်။စစ်တပ် ၀င် အာဏာမသိမ်း။ ဘယ်သူ့လက်ချက် မှန်းမသိတဲ့ ဗုံးတွေလည်းမကွဲ။ လူထုဘက်က လည်း တုတ်မဆွဲ-ဒါးမဆွဲ။ သံမယိုသွေးမထွက်။ အသက်စတေးစရာမလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒမဲပေးကြတော့မှာ အများဆန္ဒအတိုင်း အဆုံးအဖြတ်ခံယူကြတော့မှာ အတော်စိတ်ဝင်စားဘို့ကောင်းပါတ
မြန်မာ့နိုင်ငံရေးရဲ့ပြသနာအားလု
ဒီစကော့တလန်ဆန္ဒခံယူပွဲကနေကျွန်ေ
The Sun သတင်းစာကနေ To the people of Scotland ဆိုတဲ့ စာ နဲ့ ကာကွယ်ရေးအကြီးအကဲဟောင်း ၁၄ ဦးက ဗြိတိန်နိုင်ငံ က စကော့တလန်ခွဲထွက်သွားရင် တိုင်းပြည်အားနည်းမယ်လို့ ဝေဖန်အကြံပေးတာလောက်ပဲ လုပ်ပါတယ်။ ဒါ ယူကေ စစ်တပ် ရဲ့ နိုင်ငံရေး မှာ ပါဝင်တဲ့အတိုင်းအတာ အခန်းကဏ္ဍ။ ဒီလောက်ပါပဲ။ ဒါကိုပြောချင်တာ။
မြန်မာပြည်မှာနှစ်လရှည်ကြာ ကြိုးစားနေကြတဲ့ အပစ်ရပ်ရေး နဲ့ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရေး ဆွေးနွေးပွဲတွေအတွက် တိုးတက်တဲ့ နိုင်ငံတွေရဲ့ စံချိန်စံညွှန်းတွေကို အကုန်မလိုက်နိုင်သေးတဲ့တိုင် လှမ်းမျှော်ကြည့်မြင် အတုယူနိုင် ကြ လိမ့်မယ်လို့ ယူဆပါတယ်။
ကိုယ်မွေးတဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုဖြစ်ပါစေလို့ ဆန္ဒပြုထားတဲ့လူတယောက်အနေ နဲ့ ပြောရရင် ဒီစကော့တလန် လူထုဆန္ဒခံယူပွဲမှာလည်း Better Together ဘက်က အနိုင်ရပါစေ။ စကော့ပြည်သားတွေ ကျေနပ်တဲ့ ပိုမို ပြည့်စုံတဲ့ United Kingdom ဖြစ်လာ ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
No comments:
Post a Comment