Wednesday, September 17, 2014

တခါစစ်သားဖြစ်ဖူးရင် တသက်လုံးစစ်သားဆိုတဲ့ ဗိုလ်မင်းတို့


တခါစစ်သားဖြစ်ဖူးရင် တသက်လုံးစစ်သားဆိုတဲ့ ဗိုလ်မင်းတို့
ခင်ဗျားတို့ သောက်နေတဲ့ ဘီယာတခွက်ဟာ
ရဲဘော်တယောက်ရဲ့မိသားစု အတွက် တနေ့ဈေးဖိုး ....

ခင်ဗျားတို့ ရဲ့ ကေတီဗီဖိုးဟာ ရဲဘော်သားသမီးတွေ တနှစ်စာ ကျောင်းစရ်တ်လောက်ပါတယ် ...
ခင်ဗျားတို့ G6 က ဘီယာတဝိုင်းဖိုးဟာ ရဲဘော်မိသားစု ရဲ့ တနှစ်စာဝင်ငွေ ....
ခင်ဗျားတို့ရဲ့ Black Label တလုံးဖိုးဟာ ရဲဘော်သားသမီးတွေ ခါးလှအောင် ဆင်လို့ရတယ်
ရဲဘော်မိသားစုတပ်ထဲကဗီဒီယိုရုံမှာ အပန်းဖြေနေတဲ့အချိန် ခင်ဗျားတို့ကမိသားစုလိုက် ဘန်ကောက်မှာ ဈေးဝယ်ထွက် ...
ဘီယာခွက်တွေချီးယားစ် လုပ်ရင်း ကျဆုံးလေပီးသော တပ်မတော်သားတို့ရဲ့သစ္စာကို စောင့်သိလိုက်ကြပါလေ ...
တပ်ကို သိပ်ချစ်ရင် ခင်ဗျားတို့သားသမီးတွေကို တပ်ထဲပို့လိုက်ပါ ...
ရဲဘော်ရဲ့ ကလေးဟာ နွေရာသီမှာ ရေခဲချောင်းပုံးလေးသယ်ပီး တလမ်းဝင်တလမ်းထွက် အိမ်ဈေးဖိုးရအောင် ကျောင်းစရိတ်ရှာရအောင် ရေခဲချောင်းရောင်း နေတဲ့အချိန် ခင်ဗျားတို့သားသမီးတွေ နိုင်ငံခြားကျောင်းတွေက အဲကွန်းခန်းထဲစာသင်နေတယ် ...
ရဲဘော်သမီးလေးးလမ်းပေါ်မှာ အော်ဒါ မျှော်နေချိန် ခင်ဗျားတို့သမီးတွေ ဖုန်းဘီလ်သိန်းကျော်နဲ့ အိုင်ပတ် ပွတ်မပျက် ....
ခင်ဗျားစီးနေတဲ့ကား ရဲဘော်တွေရဲ့ခြေထောက်တွေနဲ့လဲထားတာ ...
အဲဒီအချိန်မှာ ရဲဘော်ကထအော်တယ်
ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါသည် ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...