Monday, September 1, 2014

<<< { • ခေါင်းလောင်း ပြသာ့နာ } ဒါအမှန်ဘဲ >>>

ကျနော် လူပြိန်းအတွေးတွေးတာပါ။ခေါင်းလောင်း မရှိပါဘူး။ဖတ်ပြီး မဆဲကြပါနဲ့ဦး။အောက်ပါ စာများကို ဆက်လက်ဖတ်ကြည့်ပါ။

(ပထဝီမြေအနေအထား)

ချောင်းတွေဆုံတတ်တဲ့နေရာဟာ နှစ်ကာလကြာလာတာနဲ့အမျှ အနည်ထိုင်တတ်ပါတယ်။တောင်ငူဟာ တစ်ချိန်တုန်းက ဆိပ်ကမ်းမြို့တောင်ဖြစ်ပါသေးတယ်။ဧရာဝတီမြစ်ရဲ့မြေနုကျွန်းဟာ ကမ်းနှစ်ဖက်အားတစ်နှစ်ကို နှုံးအတော်များများတင်ပြီး မြေနုကျွန်းများပေါ်ထွန်းလာပါတယ်။ဒါကြောင့် အနှစ်၄၀၀ရှိပြီဖြစ်တဲ့ ဒေါပုံမြစ်ဝဟာ အရင်နေရာမှာပဲ ရေရှိတာ မဖြစ်နိုင်ပါဘူး။

(သတ္တုပစ္စည်းနှင့် သူ၏ဂုဏ်သတ္တိ )

သတ္တုပစ္စည်းတစ်ခုဟာ နှစ်၄၀၀အတောအတွင်း ရေ၌ရှိသည်ထားဦး ဆွေးမြေ့နိုင်သလို ဒီရေတိုက်စားမှုအရ တစ်စစီလဲ ဖြစ်နိုင်ပါတယ်။အခု နေရာက ရေငန်လည်း ဝင်ပါတယ်။ဆယ်ယူရာမှာ လည်း အပိုင်းအစ အတိုအထွာသာ ရရှိပါလိမ့်မယ်။

(ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန)

ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနတစ်ခုလုံးက လက်ပိုက်ကြည့်နေပါတယ်။အကယ်၍ ကမ္ဘာ့အမွေအနှစ်ကဲ့သို့ တန်ဖိုးမဖြတ်နိုင်ပါက သိပ္ပံနည်းကျ တိုင်းထွာ၊ဆယ်ယူ၊ထိန်းသိမ်းရမှာပါ။ထို
ဝန်ကြီးဋ္ဌာန၌ အမေရိကန်နှင့်ဥရောပ ပညာတော်သင်ပြန်လာသူ ပညာရှင်များ ရှိကြပါသည်။ထို့အပြင် နည်းပညာများပါ ရယူနိုင်ပါသေးတယ်။ဒါက အဓိက အက္ခာရာကျပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနဟာ ခေါင်းလောင်းမဆိုထားဘိ လူနေအိမ်ယာဆောက်လုပ်သောအခါ ရှေးဟောင်းအရာဝတ္တုသဲလွန်စ တစ်ခုခုကို ရရှိလျှင်တောင်မှ အိမ်ဆောက်ခွင့် မပြုပါဘူး။

(ပယောဂ ပါဝင်ပတ်သက်မှု)

လူအများအား လက်ဆုပ်လက်ကိုင် မပြနိုင်သည့် နာမ်ပိုင်းဆိုင်ရာပစ္စည်းဖြင့် ဖြေရှင်းသည်မှာ လွန်စွာမှ မှားယွင်းပါသည်။ဤခေါင်းလောင်းသည် ရွှေငွေကျောက်သံပတ္တမြား ရတနာသိုက်လည်း မဟုတ်။လျှို့ဝှက်စရာလည်း မလိုပါ။
ထို့အပြင် ဖျက်လို့ဖျက်ဆီးပြုနိုင်သည့် စစ်မက်ဖြစ်ပွားရာ နေရာလည်း မဟုတ်ပါ။နတ် နဂါး ဥစ္စာစောင့်တို့သည် ထေရဝါဒနှင့်လည်း မအပ်စပ်လှပါ။

အထက်ပါ အကြောင်းအရာများဖြင့် ချင့်ချိန်ပါက ခေါင်းလောင်းသည် ထုထည်ဖြင့် မတည်ရှိနိုင်ဟု ဆိုနိုင်ပါသည်။

Roland Zhang .

ကျနော် လူပြိန်းအတွေးတွေးတာပါ။ခေါင်းလောင်း မရှိပါဘူး။ ဖတ်ပြီး မဆဲကြပါနဲ့ဦး။အောက်ပါ စာများကို ဆက်လက်ဖတ်ကြည့်ပါ။
(ပထဝီမြေအနေအထား)
ချောင်းတွေဆုံတတ်တဲ့နေရာဟာ နှစ်ကာလကြာလာတာနဲ့အမျှ အနည်ထိုင်တတ်ပါတယ်။တောင်ငူဟာ တစ်ချိန်တုန်းက ဆိပ်ကမ်းမြို့တောင်ဖြစ်ပါသေးတယ်။
ဧရာဝတီမြစ်ရဲ့မြေနုကျွန်းဟာ ကမ်းနှစ်ဖက်အားတစ်နှစ်ကို နှုံးအတော်များများတင်ပြီး မြေနုကျွန်းများပေါ်ထွန်းလာပါတယ်။ ဒါကြောင့် အနှစ်၄၀၀ရှိပြီဖြစ်တဲ့ ဒေါပုံမြစ်ဝဟာ အရင်နေရာမှာပဲ ရေရှိတာ မဖြစ်နိုင်ပါဘူး။
(သတ္တုပစ္စည်းနှင့် သူ၏ဂုဏ်သတ္တိ )
သတ္တုပစ္စည်းတစ်ခုဟာ နှစ်၄၀၀အတောအတွင်း ရေ၌ရှိသည်ထားဦး ဆွေးမြေ့နိုင်သလို ဒီရေတိုက်စားမှုအရ တစ်စစီလဲ ဖြစ်နိုင်ပါတယ်။အခု နေရာက ရေငန်လည်း ဝင်ပါတယ်။ဆယ်ယူရာမှာ လည်း အပိုင်းအစ အတိုအထွာသာ ရရှိပါလိမ့်မယ်။
(ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန)
ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနတစ်ခုလုံးက လက်ပိုက်ကြည့်နေပါတယ်။အကယ်၍ ကမ္ဘာ့အမွေအနှစ်ကဲ့သို့ တန်ဖိုးမဖြတ်နိုင်ပါက သိပ္ပံနည်းကျ တိုင်းထွာ၊ဆယ်ယူ၊ထိန်းသိမ်းရမှာပါ။ထို
ဝန်ကြီးဋ္ဌာန၌ အမေရိကန်နှင့်ဥရောပ ပညာတော်သင်ပြန်လာသူ ပညာရှင်များ ရှိကြပါသည်။ထို့အပြင် နည်းပညာများပါ ရယူနိုင်ပါသေးတယ်။ဒါက အဓိက အက္ခာရာကျပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနဟာ ခေါင်းလောင်းမဆိုထားဘိ လူနေအိမ်ယာဆောက်လုပ်သောအခါ ရှေးဟောင်းအရာဝတ္တုသဲလွန်စ တစ်ခုခုကို ရရှိလျှင်တောင်မှ အိမ်ဆောက်ခွင့် မပြုပါဘူး။
(ပယောဂ ပါဝင်ပတ်သက်မှု)
လူအများအား လက်ဆုပ်လက်ကိုင် မပြနိုင်သည့် နာမ်ပိုင်းဆိုင်ရာပစ္စည်းဖြင့် ဖြေရှင်းသည်မှာ လွန်စွာမှ မှားယွင်းပါသည်။ဤခေါင်းလောင်းသည် ရွှေငွေကျောက်သံပတ္တမြား ရတနာသိုက်လည်း မဟုတ်။လျှို့ဝှက်စရာလည်း မလိုပါ။
ထို့အပြင် ဖျက်လို့ဖျက်ဆီးပြုနိုင်သည့် စစ်မက်ဖြစ်ပွားရာ နေရာလည်း မဟုတ်ပါ။နတ် နဂါး ဥစ္စာစောင့်တို့သည် ထေရဝါဒနှင့်လည်း မအပ်စပ်လှပါ။
အထက်ပါ အကြောင်းအရာများဖြင့် ချင့်ချိန်ပါက ခေါင်းလောင်းသည် ထုထည်ဖြင့် မတည်ရှိနိုင်ဟု ဆိုနိုင်ပါသည်။
Roland Zhang .
Like

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...