Wednesday, August 27, 2014

ပြည်ပအကူအညီနှင့် စီးပွားရေးတိုးတက်မှု ခင်မောင်ညို (ဘောဂဗေဒ)


သုတေသနအသစ်များက ဖွံ့ဖြိုးရေးအကူအညီများသည်စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေသည်ဟု ဆိုကြသည်။
လွန်ခဲ့သည့်နှစ်ငါးဆယ်က ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးရေးညီလာခံ၌ ချမ်းသာသည့် နိုင်ငံများအနေဖြင့်ဆင်း ရဲသည့်နိုင်ငံများကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စီးပွားရေးတိုးတက်မှုရရှိရေးအတွက်အကူအညီမည်မျှပေးသင့်သည်ကို ဆွေးနွေးကြသည်။ နောက်ဆုံးတွင် ကုလသမဂ္ဂက ချမ်းသာသည့်နိုင်ငံများ၏တိုင်းပြည်ဝင်ငွေမှ (၀.၇)ရာခိုင်နှုန်းကို ပေးသင့် သည်ဟုဆိုခဲ့ပြီး ထိုအချက်ကို နောင်မဆုံးနိုင်သည့်နိုင်ငံတကာအစည်းအဝေးများ၌ဆက်လက်ထပ်လောင်း အတည်ပြုခဲ့ကြ သည်။ သို့သော်လည်း ထိုရည်မှန်းချက်ကို နိုင်ငံအချို့ကသာဖြည့်ပြည့်မီခဲ့ကြသည်။
လက်တွေ့တွင် ၁၉၆၀ပြည့်လွန်နှစ်များက ဒေါ်လာ(၄၀)ဘီလီယံမျှသာရှိသော ဖွံ့ဖြိုးရေးအကူအညီများသည်ဆက်တိုက်တိုးပွားလာခဲ့ရာ ၂၀၁၃တွင် ဒေါ်လာ(၁၃၄.၈) ဘီလီယံထိ ရှိလာခဲ့သည်။ သို့သော်လည်းဘောဂဗေဒပညာရှင်များအကြား၌ အကူအညီပေး၍ အကျိုးရှိသည်ဆိုလျှင် မည်မျှ အကျိုးရှိသည်ဟု ငြင်းခုံဆွေးနွေးကြဆဲဖြစ်သည်။အကူအညီဟုဆိုရာတွင် ဒုက္ခသည်များကို စားနပ်ရိက္ခါများနှင့် နေထိုင်စရာတဲများပေးခြင်းမှအစငွေသားပေးခြင်းအဆုံး ဆင်းရဲသောနိုင်ငံများ၏ ဘတ်ဂျက်ထဲသို့ငွေဖြည့်ပေးခြင်းအဆုံး နည်းမျိုးစုံပါဝင်သည်။အလှူရှင်နိုင်ငံများက အကူအညီ၏ အဓိပ္ပါယ်ကို ထပ်မံ၍ ချဲ့ထွင်ဖွင့်ဆိုကြသည်။ ထိုနည်းအားဖြင့်သူတို့ကိုရက်ရောသည်ဟု ထင်စရာဖြစ်သွားစေသည်။ သို့သော်လည်း အများအားဖြင့် ဆင်းရဲသောနိုင်ငံတစ်နိုင်ငံ၏ထုတ်လုပ်မှုစွမ်းအားမြင့်မားရေးအတွက် လမ်းများ၊ ကျောင်းများ၊ မိခင်ကျန်းမာရေး ကဲ့သို့သောနယ်ပယ်များတွင်ရင်းနှီးမြှပ်နှံခြင်းဖြစ်သည်။

          ကုလသမဂ္ဂကဆင်းရဲနွမ်းပါးမှုကိုတိုက်ဖျက်သည့် နက်တစ်ခုအဖြစ် အကူအညီပေးခြင်းကိုရှုမြင်သည့်အချိန်၌အချို့သူတို့က ကြွက် တွင်းထဲ ငွေလောင်းထည့်သကဲ့ အလဟဿဖြစ်စေသည်ဟု ရှုမြင်ကြသည်။ ဝေဖန်သူတို့ကမှုအကူ အညီပေးခြင်းသည် အကူအညီလက်ခံရရှိသူများအနေဖြင့် မှီခိုအားထားစိတ်ကိုဖြစ်ပေါ်စေသည်။ဖိနှိပ်သော (သို့မဟုတ်) အရည် အချင်းနှိမ့်သော အစိုးရကို အားပေးရာရောက်သည်။ ထိုနိုင်ငံ၏ငွေကြေးတန်ဖိုးကိုမြင့်တင်ပေးလိုက်ပြီး ပို့ကုန်များ၏ ယှဉ်ပြိုင် နိုင်စွမ်းကိုကျဆင်းစေသည်ဟုဆိုသည်။၎င်းတို့က အကယ်၍အကူအညီသည် အမှန်တကယ် ထိရောက်မှုရှိလျှင် ဆင်းရဲသည့် နိုင်ငံများအနေဖြင့်ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကြွယ်ဝချမ်းသာလာသင့်သည်ဟု မြင်သည်။ အမှန်တကယ်တွင် ၄င်းတို့ချမ်းသာ ကြွယ်ဝလာခြင်းမရှိကြပေ။
အကူအညီပေးခြင်းကို ထောက်ခံသူတို့ကအမှန်တကယ်ပင် ဆင်းရဲနွမ်းပါးသူများကိုဆင်းရဲတွင်း မှကယ်ထုတ် ပေးနိုင်သည်ဟု ဆိုသည်။ သို့သော် ချမ်းသာသောနိုင်ငံများအနေဖြင့်လုံလုံလောက်လောက် ပေးခြင်းမရှိဟု ငြင်းဆိုကြသည်။ ဥပမာအားဖြင့် တောမီးလောင်နေသည့်အခြေအနေ၌မီးသတ်ယာဉ်ပို့လိုက်သည်နှင့်တူသည်။ အကယ်၍သာ လုံလုံလောက်လောက် များများစားစားပေးလျှင်အကျိုးရှိနိုင်သည်ဟု ပြန်၍ငြင်းခုံကြသည်။

          ဖွံ့ဖြိုးရေးအကူအညီကစီးပွားရေးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုကိုလေ့လာရာတွင် အကြောင်းအကျိုး စပ်ဆက်မှုသည်ရှင်းရှင်းလင်းလင်းမရှိကြောင်း တွေ့ရသည်။ ချမ်းသာသည့်နိုင်ငံများက ဆင်းရဲသည့်နိုင်ငံများကိုငွေကြေး မပေးဘဲ၊ ၄င်းတို့၏ စီးပွားရေးအဆာက်အအုံများ အထောက်အကူဖြစ်သည့် မူဝါဒများချမှတ်အကောင်အထည် ဖော်ပေးသင့်သည်ဟု မြင်ကြသည်။ တဖက်၌ တိုးတက်မှုအနိမ့်ဆုံးနိုင်ငံများသို့အကူအညီများများဝင်လာကြောင်းတွေ့ရ သည်။ ထိုသာဓကနှစ်ခုစလုံး၌ အကူအညီကြောင့် တိုးတက်မှုဖြစ်စေကြောင်းတွေ့ရသည်။ 

          ထိုပြဿနာကိုဖြေရှင်းရန်အတွက် ဘောဂဗေဒပညာရှင်များက အကူအညီအနည်းအများဖြစ်ရခြင်းအကြောင်းအရင်း ကိုလေ့လာကြသည်။ ထိုအကြောင်းအရင်းကို လေ့လာရန်လည်းခက်ခဲသည်။ တချို့က ဆင်းရဲသောနိုင်ငံများ၏လူဦးရေ(သို့ မဟုတ်) ကိုလိုနီလက်အောက်ကျရောက်မှု စသည်တို့ကိုထည့်တွက်ကြသည်။ မကြာသေးမီက ထွက်ပေါ်လာသောသုတေ သနစာတမ်းတစ်စောင်၌ တခြားကိန်းရှင်တစ်ခုကို ထည့်တွက်ကြသည်။ ကမ္ဘာ့ဘဏ်၏ ဋ္ဌာနခွဲတစ်ခုဖြစ်သောနိုင်ငံတကာ ဖွံ့ဖြိုးရေးအသင်း၏ သတ်မှတ်ချက်အရ ဆင်းရဲနွမ်းပါးမှုမှ လွတ်သွားသည့်အခါ ဆက်လက်၍အကူအညီမပေးတော့ဘဲ ပို၍ဆင်းရဲသောနိုင်ငံများကို အာရုံစိုက်လေ့ရှိသည်။ IDA ၏ အခြေခံသတ်မှတ်ချက်မှာလူတစ်ဦးကျဝင်ငွေဒေါ်လာ(၁၂၀၅) ယခုနှစ်တွင် (၁၂၀၅) ရရှိခြင်းဖြစ်သည်။ ထိုအဓိပ္ပါယ်သတ်မှတ်ချက်၌ ဝင်ငွေ လျှင်မြန်စွာတိုးတက်မှုကို ထည့်တွက်ခြင်း မရှိပေ။ ထိုကြောင့် (၁၂၀၅)ဒေါ်လာရပြီဆိုလျှင် အကူအညီ အထောက်အပံ့ကို ပေးတော့မည်မဟုတ်ပေ။ ထိုအခြေခံ သတ်မှတ်ချက်ကိုမရောက်မှီနှင့် ရောက်ပြီးသော နိုင်ငံ (၃၅) နိုင်ငံလုံးတို့ကို လေ့လာရာ၌ တိုင်းပြည်ဝင်ငွေ၏တစ် ရာခိုင်နှုန်း ကို အကူအညီ အထောက်အပံ့အနေဖြင့်ရရှိလျှင် တစ်ဦးကျဝင်ငွေသည် တစ် ရာခိုင်နှုန်း၏သုံးပုံတစ်ပုံမျှ ကာလတိုတွင် တိုးတက်ကြောင်းတွေ့ရသည်။

          သေချာရေရာစေရန်အတွက်အဆိုပါနိုင်ငံများကို အလားတူဖွံ့ဖြိုးသောနိုင်ငံများနှင့် နှိုင်းယဉ်ကြည့်သည်။ ထိုသို့နှိုင်းယှဉ်ရာ၌ အဆင်းရဲဆုံးနိုင်ငံများ မပါဝင်ပေ။ အဆင်းရဲဆုံးနိုင်ငံများသည် အခြေခံသတ်မှတ်ချက်၏အောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ နိုင်ငံပေါင်းများစွာတို့ကို လေ့လာရာ၌ အားနည်းချက်များရှိသည်။အဘယ်ကြောင့်ဆိုသော် အကူအညီ အမျိုးမျိုးကို အခြေအနေအမျိုးမျိုး၌ ပေးတတ်ကြရာ ထိုအကူအညီများအားလုံးကိုစုပေါင်း၍ တွက်ချက်ခြင်းကြောင့်ဖြစ်သည်။ အခြားလေ့ လာခြင်းများ၌လည်း အလားတူရလဒ်များကိုတွေ့ရှိရသည်။ ၂၀၁၁ခုနှစ်က ထုတ်ဝေခဲ့သော သုတေသနစာတမ်းတစ်ခု၌ ၁၉၆၀ နှင့် ၂၀၀၀ ပြည့်နှစ်ကြားနိုင်ငံ (၄၇) နိုင်ငံတို့၏ အကူအညီကြောင့် အကျိုးသက်ရောက်မှုကို လေ့လာထားခဲ့သည်။ အလှူရှင်နိုင်ငံများကလျင်မြန်စွာတိုးတက်သောနိုင်ငံများသို့ အကူအညီလျှော့ပေးကြသည်။ ထိုသို့လျော့ပေးခြင်းကြောင့်စီးပွားရေး တိုးတက်မှုနှင့် အကူအညီတို့၏ စပ်ဆက်မှုကို ပြောင်းပြန်ဖြစ်စေသည်။

ရာသီဥတုဆိုးဝါးချိန်၊ကုန်စည်ဈေးနှုန်းများသိသိသာသာ ထိုးကျချိန်များ၌ အကူအညီပေးခြင်းသည် စီးပွားရေးတိုးတက်မှုကိုသိသိသာသာ အထောက်အကူဖြစ်သည်။ ပြည်ပအကူအညီ တစ် ရာခိုင်နှုန်းတိုးလျှင် တစ်ဦးကျဝင်ငွေကို(၀.၁) ရာခိုင်နှုန်းတိုးစေသည်ဟု အဖြေထွက်လာသည်။ အခြားလေ့လာချက်တစ်ရပ်၌ သဘာဝဘေးအန္တရာယ်နှင့်တွေ့ကြုံရသောနိုင်ငံများကို လေ့လာသည်။ သဘာဝဘေးအန္တရာယ်မှ ကယ်တင်ရန်အတွက်ပေး သော အကူအညီများသည်စီးပွားရေးတိုးတက်မှုနှင့် ဆက်နွယ်ခြင်းမရှိပေ။ သို့သော် အကူအညီကြောင့် အိမ်ထောင်စုများ၏စားသုံးမှုကို မြင့်မားစေပြီး ရေတိုတွင် စီးပွားရေးတိုးတက်မှုကို ဖြစ်စေသော်လည်း ရေရှည်တွင်စီးပွားရေးတိုးတက်မှုကို ဖြစ် စေခြင်းမရှိပေ။ ကမ္ဘာ့ဖွံ့ဖြိုးမှု စီးပွားရေးသုတေသနဌာနက၂၀၀၈ခုနှစ်တွင်ထုတ်ပြန်ခဲ့သော အကူအညီနှင့်စီးပွားရေးတိုးတက် ဆက်နွယ်မှု စာတမ်းများကိုလေ့လာသုံးသပ်ပြီးနောက် အကူအညီပေးခြင်းသည် စီးပွားရေးတိုးတက်မှုဖြစ်စေသည့် သာဓက များတိုးပွားလာနေသည်ဟု ဆိုသည်။

          တဖက်၌ထိုသို့ အကူအညီပေးသော အကူအညီများသည် ပေးရကျိုးနပ်၊ မနပ် စဉ်းစားစရာရှိသည်။ သို့သော်လည်းပေးသောအကူအညီများ၏ ထိရောက်မှု ရှိ၊ မရှိ လေ့လာသည့် စာတမ်း အနည်းငယ်မျှသာရှိသည်။ ၁၉၇၀နှင့် ၂၀၁၁ခုနှစ်ကြားတွင် ထွက်ပေါ်ခဲ့သော စာတမ်း (၄၁)ခုကို လေ့လာရာ၌ ဖွံ့ဖြိုးရေးအထောက်အကူများသည်စီးပွားရေး တိုး တက်မှုကို အပြုသဘောအကျိုးပြုပြီး စားရင်းအင်းသဘောအရ ထိရောက်မှုရှိသည်ဟုသုံးသပ်သည်။ သို့သော်လည်း ထိ ရောက်မှုမှာ နည်းငယ်မျှသာဖြစ်သဖြင့် အဓိပ္ပါယ်ကောက်ရန်ခက်သည်ဟုဆိုသည်။ လွတ်လပ်စွာ ကုန်သွယ်မှုကို အားပေးသူများ၊ လူဝင်/လူထွက်လွတ်လပ်မှုကို သဘောကျသူများက၄င်းတို့၏ အဆိုပြုချက်များကြောင့် ရရှိသော စီးပွားရေးအကျိုးတရား များသည် ဆင်းရဲသောနိုင်ငံများအနေဖြင့်အကူအညီမှရရှိသည့် အကျိုးကျေးဇူးထက်မြင့်မားသည်ဟု ဆိုကြသည်။ တိုင်းပြည်ဝင်ငွေ (၀.၇)ရာခိုင်နှုန်းကို လှူဒါန်းရန်လျာထားသူများက အကူအညီကြောင့် စီးပွားရေးတိုးတက်မှုကို ဖြစ်စေသည့်အထောက် အထားများ တိုးပွားနေသည့်အတွက် ကျေနပ်စရာကောင်းသည်။ သို့သော်လည်း အခြားနည်းများထက်ထိရောက်မှုရှိကြောင်း ပြသရန်လိုအပ်နေပေသေးသည်။ 

ခင်မောင်ညို (ဘောဂဗေဒ)
 (Economist.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...