Sunday, August 10, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၈)

သစ်ထူးလွင်


Posted: 09 Aug 2014 05:50 AM PDT
 မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိဘဲ ရှေဆက်သွားဖို့ပဲ ရှိတယ်လို့ သမ္မတ ဦးသိန်းစိန်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကို ပြောကြား လိုက်ပါတယ်။ အာဆီယံ ထိပ်သီး စည်းဝေး တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ သမ္မတတို့ သြဂုတ်လ ၉ ရက် မနက်ပိုင်းက ၁နာရီခွဲကြာ တွေ့ဆုံ ဆွေးနွေးမှု အတွင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
Posted: 09 Aug 2014 03:22 AM PDT
 ရန်ကုန် သြဂုတ် ၈  ယနေ့ နံနက် ၄ နာရီခန့်က မဟာဗန္ဓုလလမ်းပေါ် လမ်းသစ်လမ်းထိပ်တွင် လမ်းလယ်ဓာတ်တိုင် ဝင်တိုက်သော ယာဉ်တိုက်မှုနှင့် နံနက်၎ နာရီခွဲဝန်းကျင်တွင် မဟာဗန္ဓုလလမ်းပေါ် ၁၄ လမ်းထိပ်တွင် ဆိုက်ကားတစ်စီးကို ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသည့် ယာဉ်တိုက် မှုနှစ်မှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်များကို မြင်တွေ့ခဲ့သူများက ဆိုသည်။ ယာဉ်မောင်း ပြည့်စုံစိုး(၂၇နှစ်) မောင်းနှင်လာသည့် ၇ဂ/--- ယာဉ် သည် မဟာဗန္ဓုလလမ်းလယ်
Posted: 09 Aug 2014 03:19 AM PDT
 မကြာသေးခင်က စတင်ရောင်းချခဲ့တဲ့ အော်ရီဒူး ဆင်းကတ်တွေကို ရေရှည်သုံးစွဲနိုင်ဖို့အတွက် မှတ်ပုံတင်ဖို့ လိုအပ်ပြီး မှတ်ပုံတင်ရာမှာ အဆင်မပြေမှုတွေ ရှိနေပါတယ်။ အော်ရီဒူးကုမ္ပဏီက ရောင်းချနေတဲ့ ဖုန်းဆင်းကတ်တွေကို သြဂုတ် ၁၄ ရက်နေ့အထိ မှတ်ပုံမတင်ဘူးဆိုရင် အလိုအလျောက် ပိတ်သွားဖို့ ရှိနေပါတယ်။ ၀ယ်ယူသူရဲ့ မှတ်ပုံတင်နဲ့ ဆင်းကတ်ရဲ့ ဘားကုတ်ကို တွဲမှတ်တဲ့ စနစ်နဲ့ မှတ်ပုံတင်စာရင်းသွင်းတာဖြစ်ပြီး ရောင်းချတဲ့
Posted: 09 Aug 2014 03:13 AM PDT
 မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတွေမှာ မိုးများလို့ ရေကြီးနေချိန်မှာ ချင်းပြည်နယ် ထန်တလန် မြို့နယ်မှာတော့ မိုးခေါင်လို့ ရွာပေါင်း ၉၀ ကျော်က ရွာသားပိုင် ရွှေ့ပြောင်းတောင်ယာတွေ ပျက်စီးနေပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့နယ်က ဒွန်းရွာ၊ လုံသိန်းရွာ၊ ပိုင်ကပ်ရွာ၊ ဘုံကျန်းရွာ၊ ဆန်ထဲန်းရွာ၊ ငါဖိုင်ကြီး၊ ငါဖိုင်သေး အစရှိသဖြင့် တမြို့နယ်လုံးနီးပါး ရွာပေါင်း ၉၀ ကျော်မှာ ပြောင်းခင်းတွေ၊ ရွေ့ပြောင်းေ
Posted: 08 Aug 2014 10:34 PM PDT
  မန္တလေး သြဂုတ် ၈   မန္တလေး ချမ်းမြသာစည်မြို့နယ် ဆ(၁)ရပ်ကွက် ချမ်းမြသာစည်မြို့နယ် အားကစားကွင်း မြောက်ဘက်၊ ၇၂ လမ်းနှင့် ၇၃လမ်းကြား ညီညွတ်ရေး လမ်းကြား အိမ်အမှတ် (၈၆)တွင် နေထိုင်သော ကိုပိုင်ပိုင်(ခေါ်)ကိုပိုင် စိုးသူ (၂၇နှစ်)၏သွပ်မိုး၊ ထရံကာ နှစ် ခန်းသုံးခန်းနှစ်ထပ်နေအိမ်၌ ယနေ့ မွန်းလွဲ ၂နာရီ ၁၅မိနစ်ခန့်က နေအိမ် အပေါ်ထပ် Led မီးတိုင်ကို အား သွင်းရာ လျှပ်စစ်မီးကြိုးမှ တစ်ဆင့် အပူချိန်လွန်ကဲ၍ေ
Posted: 08 Aug 2014 10:29 PM PDT
 ရန်ကုန် သြဂုတ် ၈  အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် ဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပါက ယခင်ထောက် လှမ်းရေးဟောင်းများ ပါဝင်လာဖွယ်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။ ယနေ့ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သော သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ်များ
Posted: 08 Aug 2014 09:53 PM PDT
 ရန်ကုန်၊ သြဂုတ် ၉  ၈.၈.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း ကျော်သဲဦး၊ (၃၇)နှစ်မောင်းနှင်လာသော 6A---- ကင်တာအမျိုးအစား အမှတ် (၂၃၉)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် လမ်းလယ်ကျွန်းအမှတ် (၁၀၃)နှင့် (၁၀၄)ကြားအရောက် လမ်း၏ယာဘက်ယာဉ်ကြောမှ တစ်ဘက်ယာဉ်ကြောသို့ ချိုးကွေ့မောင်းနှင်စဉ် လားရာတူ ၎င်း၏၀ဲဘက်ယာဉ်ကြောမှ
Posted: 08 Aug 2014 09:35 PM PDT
 ဒုတိယ ကမ္ဘာစစ်အတွင်း အိန္ဒိယ- မြန်မာနယ်စပ် Imphal ၊ MoRe ဒေသမှာ ဗြိတိသျှတပ်တွေနဲ့ တိုက်ပွဲတွေဖြစ် ပွါးခဲ့ပြီး ချင်းတောင်မှာ ဂျပန်စစ်သား အလုံးအရင်း ကျဆုံးခဲ့တဲ့ နေရာတွေကို   သြဂုတ်လ (၁) ရက်နေ့ မှ (၇) ရက်နေ့  အထိ ရုပ်ကြွင်း ရှာဖွေရေး အဖွဲ့ က ရှာဖွေလေ့ လာမှု ပြုလုပ်ခဲ့ကြပါတယ်၊ လာမည့်နှစ်တွင် ကျရောက်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် ကျင်းပဖို့ စီစဉ်နေတဲ့ ဂျပန်အစိုးရက စစ်အတွင်း
Posted: 08 Aug 2014 09:33 PM PDT
 အိန္ဒိယ – မြန်မာ အမှတ် (၂) ကုန်သွယ်ရေး လမ်းကြောင်းပေါ် ချင်းပြည်နယ်ဖက် နယ်စပ် ရိဒ်ခေါ်ဒါရ် ( တီအိုရွာ) မြို့သစ် တွင် မြန်မာ ကျပ် ငွေ စက္ကူဟောင်းနွမ်းတွေ သုံးစွဲမရကြောင်း ယခုလို ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိရပါ တယ်၊ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ပေါ်မှာ ယခုလို ကျပ်ငွေစက္ကူဟောင်းတွေ သုံးစွဲမရတော့လို့ ကုန်သည်၊ ဈေး သွား၊ ဈေးဝယ်က အစ ပြည်သူတွေ ကုန်စည် ဖလှယ်ရာမှာ အခက်အခဲကြုံတွေ့နေကြတယ်လို့ ပူးေ
Posted: 08 Aug 2014 07:45 PM PDT
 တောင်ဆူဒန် နိုင်ငံက ဒုက္ခသည် စခန်းမှာ၊ ခိုလှုံနေရတဲ့ လူ လေးထောင်ဟာ၊ အင်မတန် ဆိုးရွားလှတဲ့ အခြေအနေ တွေ မှာ၊ နေထိုင် နေကြရတာ ဖြစ်တယ် လို့၊ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က၊ ပြောလိုက်ပါ တယ်။ ဘဲန်တူး လို့ ခေါ်တဲ့ အရပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းက လူတွေဟာ၊ ရေဆိုးရေပုပ်တွေ ဒူးလောက်နက်တဲ့ နေရာမှာ နေနေကြရတာ ဖြစ်တယ် လို့ ဆိုပါတယ်။ သူတို့ဟာ ကလေးတွေ ကို ပွေ့ချီရင်း မတ်တပ် အိပ်နေရတယ် လို့ MSF အဖွဲ့ကြေ
Posted: 08 Aug 2014 07:39 PM PDT
 သြဂုတ် ၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့  ကော့ကရိတ်-မြဝတီ တောင်ပေါ် ကားလမ်း၌ စားသောက်ကုန် တင်ဆောင်လာသော ခြောက်ဘီး ယာဉ်တစ်စီးသည် သြဂုတ် ၆ရက် နေ့(ကားအဆင်းနေ့) နံနက် ၈နာရီကျော်၌ မိုင်တိုင်အမှတ် ၇၈/၂ (ဝါးစခန်း)တွင် တိမ်းမှောက်သွားသည်ဟု မျက်မြင်သက်သေ ကားသမားများက ပြောသည်။ ကားမှောက်မှုကို ကိုယ်တိုင်တွေ့မြင်ခဲ့သူ ဖားအံကားသမား ကိုမောင်လွင်က “ကျနော်တွေ့တာကတော့ အဲဒီကားတင်တဲ့ကုန်ဟာ ဝိတ်(အလေးချိန်)
Posted: 08 Aug 2014 07:22 PM PDT
 အီဘိုလာရောဂါပိုး ကူးစက် ပြန့်ပွားနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ သမ္မတက အမျိုးသား အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီအတောအတွင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး ကလည်း အီဘိုလာ ရောဂါဟာ နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါ ဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေး အချက်အချာ မြို့ဖြစ်တဲ့ Lagos မှာ အီဘိုလာရောဂါနဲ့ လူ ၂ ဦး သေဆုံးသွားပြီး တဲ့နောက် ရောဂါ ပြန့်ပွားမှုက
Posted: 08 Aug 2014 07:10 PM PDT
  ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ထဲက သိမ်းဆည်းခံ စိုက်ပျိုးမြေတွေ အရေးနဲ့ ပတ်သက်ပြီး၊ တောင်သူ ၂၀ဝ ဝန်းကျင်လောက် ဆန္ဒပြဖို့ မြစ်သားမြို့ပေါ် တက်ရောက် ခဲ့ပေမယ့်၊ မြို့နယ် အာဏာပိုင်တွေ ရဲ့ ဂတိစကား တွေ ရခဲ့လို့ လူစု ခွဲခဲ့ကြပါ တယ်။ မြစ်သားမြို့နယ် လွန်ကျော်အုပ်စု ရွာ၅ရွာမှာ၊ ပွင့်ဖြူ ဝါစိုက်ပျိုးရေး တပ် နဲ့ မန္တလေး လက်နက် ခဲယမ်းတပ် က စိုက်ပျိုးမြေ ဧက ၇၀ဝ၀ ကျော် သိမ်းထားတာ ဖြစ်ပါတယ်။ ဒီ မြေတွေပေါ် ဒေသခံ
Posted: 08 Aug 2014 07:01 PM PDT
 အီရတ်နိုင်ငံ မြောက်ပိုင်းမှာ၊ အစ္စလာမ်မစ် နိုင်ငံ ကြေညာထားကြ တဲ့၊ ဆွန်နီ သူပုန်တွေ ကို၊ အမေရိကန် က လေကြောင်း တိုက်ခိုက်မှု တွေ၊ ဆက်လက် ပြုလုပ်ခဲ့တယ် ဆိုပြီး၊ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန်က၊ အတည်ပြု ပြောကြား လိုက်ပါတယ်။ မြောက်ပိုင်း ကာ့ဒ်မျိုးနွယ်စုတွေ ထိန်းချူပ်ထားရာ အယ်ဘီးလ် အနီးက ပစ်မှတ်တွေ ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတွေ ရှိနေတဲ့ အယ်ဘီးလ်မြို့ ကို ကာကွယ်ဖို့ရာ၊ လေကြောင်း
Posted: 08 Aug 2014 06:41 PM PDT
 ဝေါမြို့နယ် အထကကျောင်း စတင်ပိတ်ရက် ၆ - ၈ - ၂၀၁၄ ကျောင်းသားလယ် (၂၄၂)ဦး၊ မူ(၅၁၈)ဦး၊ အထကဝေါ အရှေ့ကျောင်း ထက်(၁၉၆)ဦး၊ လယ်(၄၉၈)ဦး၊ မူ(၅၃၉)ဦး၊ လ(ခွဲ) ညောင်ကိုင်း ကျောင်း မူ(၂၂၇)ဦး၊ လ(ခွဲ)အဗျားဗိုလ်တဲ ကျောင်းမူ(၁၂၁)ဦး၊ လ(ခွဲ) ဆပ်သွားခြုံ ကျောင်းမူ(၁၃၃)ဦး၊ မူလွန်ကပင် ကျောင်းလယ်(၃၁)ဦး၊ မူ(၂၃၈)ဦး၊ အမက-သဘော့ကန် ကျောင်းမူ(၁၀၅)ဦး၊ အမကပန်း ပဲစုကျောင်းမူ(၈၀)ဦး၊ အမက-လေးအိမ်စု(၂) ကျောင်းမူ(၅၇)ဦး၊ အမကအောင်ချမ်းသာ
Posted: 08 Aug 2014 06:17 PM PDT
 အမေရိကန် ပြည်ထောင်စုက မောင်းသူမဲ့ အဝေးထိန်း Drone တွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး အီရတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသကို ဒုတိယ အကြိမ်မြောက် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ ပါတယ်။ မောင်းသူမဲ့ လေယာဉ်တွေက Irbil မြို့အနီးမှာရှိတဲ့ အစ္စလာမ် အစွန်းရောက် တပ်ဖွဲ့တွေ ကို သောကြာနေ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် John Kirby က ပြောပါတယ်
Posted: 08 Aug 2014 12:54 PM PDT
 သြဂတ်စ် ၈ ရက် ၂၀၁၄  နေပြည်တော် အမြန်လမ်းတွင် လူ(၁၃)ဦး သေဆုံးခဲ့သော တောင်ပြာတန်း Express ယာဉ်မီးလောင် မှုဖြစ်စဉ် ၌ သေဆုံးသွား သူများ အတွက် မျှတသော တရားဥပဒေ ၀န်ဆောင်မှု ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရထံ အကြိမ်ကြိမ် တောင်းဆို တင်ပြ ခဲ့သော်လည်း ယနေ့တိုင် လက်တွေ့ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း တောင်ကြီးမြို့ ဒေသခံ သေဆုံးသူ အသိုင်းအ၀ိုင်းများက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သင်္ကြန်ကာလက တောင်ပြာတန်း
Posted: 08 Aug 2014 12:54 PM PDT
 သြဂတ်စ် ၈ ရက် ၂၀၁၄  သြဂတ်စ်လ ၈ ရက် ယနေ့နံနက်ပိုင်း သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် ၆ မိုင်အကွာ နမ့်ကတ်းနှင့်ခိုင်းငို့ရွာအနီးတွင်တိုက်ပွဲဖြစ်ပွါး။ အဆိုပါ ၂ ရွာမှ ဒေသခံ ၁၀၀ ကျော် ၀မ့်ပင်ရွာဘက်သို့ စစ်ဘေးရှောင်။ သျှမ်းသံတော်ဆင့် https://www.facebook.com/Panglong.burmese
Posted: 08 Aug 2014 12:48 PM PDT
 ၂ဝ၁၄ ခုနှစ် သြဂုတ်လ (၈) ရက်၊ အာဆီယံထူထောင်တဲ့ ၄၇ နှစ်မြောက်နေ့ အခမ်းအနားကိုနေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။ အပြည့်အစုံကို RFA အဖွဲသား ကိုဂျေက တင်ပြထားပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 08 Aug 2014 12:48 PM PDT
  အာဆီယံရဲ့ ပေါင်းစည်းမှု တူညီတဲ့ အခွင့်အလမ်းတွေနဲ့ စွမ်းရည်ပြည့်ဝတဲ့ ဒေသ အဖြစ် ရှေ့ရှုပြီး ကျန်ကမ္ဘာနိုင်ငံတွေနဲ့ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေး မဟာ စီမံကိန်း တရပ် အကောင်အထည်ဖော်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ အာဆီယံ ဒေသတွင်း နျူကလီးယား ကင်းမဲ့ရေး နည်းလမ်းတွေကိုလည်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး
Posted: 08 Aug 2014 12:47 PM PDT
  အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး နေပြည်တော်မှာ စတင်နေပြီ ဖြစ်ပါတယ်။ အစည်း အဝေးဖွင့်ပွဲနေ့မှာ ပြောတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်းထဲမှာ အာဆီယံ အသိုက်အဝန်းကို လာမယ့် နှစ်ကုန်မှာ ထူထောင် သွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။ လက်ရှိ ကမ္ဘာ့ အရေးအခြေနေ တွေက စိုးရိမ် စရာ ဖြစ်နေတယ်၊ အာဆီယံ အနေ နဲ ဘက်မလိုက်မှုနဲ့ ခေါင်းဆောင်မှု ကို ပိုမိုပြသဖို့ လိုတယ် လို့လည်း သမ္မတကြေ
Posted: 08 Aug 2014 12:33 PM PDT
 ၂၆ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဒီနေ့ ကျင်းပခဲ့သလို ရှမ်းပြည်နယ်တောင်ကြီးမြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွေမှာလည်း ကျင်းပခဲ့ပါ တယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 08 Aug 2014 12:44 PM PDT
 ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရေးတော်ပုံ ကာလအတွင်းက ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက် လွမ်းသူ့ပန်းခွေချတဲ့ အခမ်းအနားကို ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထား ပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 08 Aug 2014 12:23 PM PDT
 သြဂုတ်လ (၉)ရက်နေ့ ထုတ် 90:00 Minutes Sports Vol 6 No 31  ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...