Tuesday, August 5, 2014

တစ်သက်တာထာဝရ…….ခိုးလို.မ၀ကြသူများ


အာဏာပိုင်အတော်တော်များများသည် အဒိန္နဒါနကံနှင်.ကင်းကြသူများမဟုတ်ပါ ။ အဂတိလိုက်စားမှုသည်တစ်နိုင်ငံလုံးတွင် ကူးစက်ရောဂါဆိုးတစ်ခုလို တငွေ.ငွေ.လောင်ကြွမ်းနေပါသည် ။ ၀န်ကြီးများ ၊စစ်ဗိုလ်ချုပ်ကြီးများသည် မည်သို.မည်ပုံချမ်းသာလာမှန်းမသိပဲ သူတို.လုပ်ခလစာနှင်. ဆယ်သက်စုဆောင်း၍မှ အိပ်မက်ပင်မမက်နိုင်သောစည်းစိမ်ဥစ္စာများကိုပိုင်ဆိုင်နေကြပါသည်။ သူတို.စီးသော ကား ၊ သူတို.နေသောအိမ် ၊ သူတို.ပိုင်ဆိုင်သောဓနဥစ္စာ ၊သူတို.ခံစားနေသောစည်းစိမ်များ ၊ သူတို.စုဆောင်းထားသော ဘဏ်စာရင်း ၊ေ၇ွှငွေ ကျောက်မျက်ရတနာများသည် ပြည်သူ.ဘဏ္ဍာငွေများကိုခိုးဝှက်ထားခြင်းမဟုတ်ကြောင်း ၊အလွဲသုံးစားလုပ်ထားခြင်းမဟုတ်ကြောင်း ကျမ်းကျိန်၍ ပြောဝံ.ကြပါသလားဟုမေးချင်ပါသည် ။

ယခုအခါ ဒုတိယသမ္မတဦးဆောင်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုဖွဲ.ထားသည်ဟုကြားရပေသည် ။ အဂတိလိုက်စားသည်ဆိုခြင်းမှာ နိုင်ငံတော်၏ ဘဏ္ဍာ ၊ပြည်သူပိုင်ငွေကို ခိုးယူခြင်းတစ်မျိုးဖြစ်ပါသည် ။ ထိုငွေများသည် ပိုင်ရှင်မဲ.ငွေများမဟုတ်သဖြင်. မည်သို.ပဲ အကြောင်းပြစေကာမူ ခိုးမှုကခိုးမှုပဲ ဖြစ်သည် ။ ဟိုတယ်ဝန်ထမ်းကောင်လေး ဒေါ်လာ သုံးရာပါသောငွေအိပ်ကို တဒင်္ဂလောဘဖြင်. ဖွက်ယူထားလိုက်တော.ထောင်ရှစ်နှစ်ကျသလို ပြည်သူလူထု၏ ကျပ်သိန်းပေါင်း သိန်းနှင်.ချီသော ဘဏ္ဍာငွေများကို ခိုးယူကိုယ်ကျိုးရှာအကြံအဖန်လုပ်ကြသူများကိုလည်း ခုံရုံးဖွဲ.၍ စစ်ဆေးအရေးယူအပြစ်ပေးမှသာ တရားမျှတမှုရှိပေလိမ်.မည် ။ မကောင်းသူပယ်ကောင်းသူကယ်သောဖြစ်ရပ်များတိုးပွားလာသင်.ပေသည်။ သူခိုးတစ်ယောက်ကို အကာအကွယ်ပေးနေခြင်းသည် သူ.လိုသူခိုးပေါင်းများစွာ ပွားများလာစေရေးအတွက်နည်းပေးလမ်းပြလုပ်သလိုဖြစ်နေစေပါသည် ။

လူတစ်ယောက်တွင် အကျင်.စာရိတ္တပျက်စီးလျင် အရာရာပျက်စီးခြင်းမည်ပေ၏ ။ နိုင်ငံတစ်နိုင်တွင် အကျင်.ပျက်ခြစားမှူကို သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုလိုသဘောထားလက်ပိုက်ကြည်.နေခဲ.ပါလျင်ထိုနိုင်ငံသည် ဘယ်တော.မှအညွန်.လူလာနိုင်တော.မည်မဟုတ် ။ မိမိတစ်သက်စားမကုန်အောင် ကျိကျိတက်ချမ်းသာနေပါလျက် နိုင်ငံတော်ပိုင် ဓနဥစ္စာများကို အဆီတစ်ထပ် အသားတစ်ထပ် စားမ၀ ၊ ခိုးမ၀ ၊ ကဲ.မ၀ ၊ ၀ှက်မ၀အောင် တစ်သက်တာထာဝရ ခိုးလို.မ၀ကြသူများ မှာ ရှက်တတ်ကြလျှင်ဖြင်. ကိုယ်.မျက်နှာ ကိုယ်ဓါးနှင်.လှီးကာ သတ်သေဖို.ပင်ကောင်းပါကြောင်း ။

သရ၀ဏ်(ပြည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...