Saturday, August 23, 2014

အညတရစစ်ဗိုလ် တစ်ဦး၏ငိုချင်း


အမျိုးသညာ အဆွေကလည်း သတိုးမဟာ ရွှေ မဟုတ်
ကိုးစရာ ဆရာတွေကလည်း နသိုးရွာ ဗိုလ် လုပ် တဲ့
ဂျိုကုပ်လောက်မှ မဖြစ်တော့….
အသေအရင်ခံရမယ့် ခြေလျင်ခြေမြန်ဘ၀နဲ့
ကျိုးကျိုးကုပ်ကုပ် အရိုးထုတ်ခဲ့ရ….
အပြောနဲ အ၀င်နဲ အတင်နဲ
နဲ(၃)နဲ ကြောင့် ရဲ(၃)ရဲ လည်း မကူနိင်
မွဲ (၃)မွဲ နဲ့ အပူလှိုင်…

အမွေခံပင် ပစ်လှူပြီး ပြေးသွားတဲ့
မြေပိုင်ရှင်စစ်သူကြီးများ ခေတ်မှာလည်းအဝေမရ
ဟောက်စား လျှောက်စားနဲ့ မောက်ကြွားတဲ့ ခေတ်မှာလည်း
မြှောက်စားမခံရ….
လျှောက်စရာမလို တစ်ယောက်အသာလျှို နိင်တဲ့
ဗိုလ်ချုပ်လှ ဗိုလ်ချုပ်မြတို့ရဲ့ 
မော်ဖိုးကေ ဝေါလေ မြေနေရာတွေ ပေးကာမှ
ဝေလဲ မမွှေး ကြွေလဲအေး
မသေဘဲ အပြေးပြန်ခဲ့ရ …..
ဇနီးမယားဆွေး သမီးသားဝေး
ချွေးသွေးအသက် ပေးဆက်သူတို့ အပြန်မှာ
ပန်းသပြေ ကမ်းမဝေဘဲ
အပြစ်ပေးချင်သူတွေက စစ်ခွေးလို့  မြင်ကြ
ရင်နာရတယ် အမေ …
ပပလွှားလွှားမ၀ါးခဲ့ ရရစားစားသမားရဲ့
အပြင်ဘက် အရှင်ထွက် အထွက်မှာ
ဝမ်းစာမရှိပေမယ့် မှန်းကာကြည့်ရုံနဲ့
တမ်းစရာ အတိ …
သြော်….လွမ်းပါဘိ အမိ တပ်မတော် … ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...