Thursday, August 14, 2014

မြန်မာနိုင်ငံအပြောင်းအလဲမှာ စစ်သားစစ်စစ်တွေရဲ့အခန်းကဏ္ဍာဟာ အလွန်အရေးကြီးတယ်၊

လိုချင်တာပြောရရင် စစ်သားစစ်စစ် သူပုန်စစ်စစ်
နိုင်ငံရေးသမားစစ်စစ် ဒီမိုကရေစီစစ်စစ် ငြိမ်းချမ်းရေးစစ်ပဲ လိုချင်တယ်၊

အာဏာရှင်ကြီးသန်းရွှေနဲ့အပေါင်းအပါတွေကို စစ်သားလို့ပြောရင်မှားတယ်၊
သူတို့ဟာ စစ်သားစစ်စစ်မဟုတ်ဘူး၊ အချောင်သမားစစ်သားတွေဖြစ်ကြတယ်၊
တပ်မတော်ကိုခုတုံးလုပ် စစ်သားစစ်စစ်တွေကို ခုတုံးလုပ်ပြီး
နိုင်ငံအာဏာကိုရယူထားကြသူတွေမို့ သူတို့ဟာ
အာဏာနိုင်ငံရေးသမားတွေဘဲဖြစ်တယ်၊ တနည်းအားဖြင့်
လက်နက်ကိုင်အကြမ်းဖက် နိုင်ငံရေးသမားတွေသာလျှင်ဖြစ်ကြတယ်၊

ဒီလိုလက်နက်ကိုင်အကြမ်းဖက် နိုင်ငံရေးသမားတွေရှိနေလို့သာ
တပ်မတော်သားတွေဟာ စစ်ခွေးတွေလို့ အခေါ်ခံနေကြရတာဖြစ်တယ်၊
စစ်ခွေးလို့အခေါ်ခံရတာကို စစ်သားစစ်စစ်တွေကနာကျင်တယ်၊
အချောင်သမားစစ်သားတွေက လုံးဝမနာဘူး၊
သီးစားချစားလိုတဲ့ တပ်ရင်းမှူးတွေကိုအခွင့်အရေးတွေပေးပြီး
ဆင်းရဲသားလယ်သမားတွေဆီကလယ်တွေသိမ်း ယာတွေသိမ်းပြီး
စစ်ချစ်တီးတွေလုပ်ကြ၊ အရှက်အကြောက်ကင်းနေကြတာ အားလုံးအသိဘဲ၊
နိုင်ငံနဲ့ပြည်သူ့အိုးအိမ်ကို အကာအကွယ်ပေးနေတဲ့
တပ်မတော်သားတွေလို့ပြောရင် ဘယ်သူကယုံမှာလဲ၊
ဥပဒေအထက်ကနေ ဦးပိုင်ကုမ္မဏီကိုလက်ဝါးကြီးအုပ်ပြီး
တပ်မတော်ကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွါးတွေကိုမတရားရှာကြနဲ့
ကြွယ်ဝချမ်းသာရေးနဲ့ အာဏာဆက်အတွက် အကွက်ချနိုင်ငံရေးမျိုးကို
စစ်သားစစ်စစ်က ဘယ်တော့မှမလုပ်ဘူး၊
ဒါကြောင့်နိုင်ငံရေးကစားနေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရှိနေသ၍ ငြိမ်းချမ်းရေးအစစ်ပေါ်လာမှမဟုတ်သလို
ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်လည်း ဘယ်တော့မှပေါ်လာမှာမဟုတ်ဘူး၊
ဒီနေ့ မြန်မာနိုင်ငံအပြောင်းအလဲမှာ စစ်သားစစ်စစ်တွေရဲ့အခန်းကဏ္ဍာဟာ
အလွန်အရေးကြီးတယ်၊ ကိုယ့်ကျိုးစီးပွါးအတွက် တပ်မတော်ကိုခုတုံးလုပ်
နေကြတဲ့ အချောင်သမားစစ်ဗိုလ်ချုပ်ကြီးတွေကို တန်ပြန်တော်လှန်ပြစ်ဖို့
စစ်သားစစ်စစ်တွေကို ပြည်သူတွေက အလိုရှိနေတယ်၊ စောင့်ကြိုနေတယ်၊

Ko Ko Oo( Rebel Generation)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...