Wednesday, August 6, 2014

" သူရဲကောင်းတို့ တိုင်းပြည် "


ရှစ်လေးလုံးဟုမြန်မာတစ် နိုင်ငံလုံးကခေါ်ဆိုလေ့ရှိကြသည့် ၁၉၈၈ ခုနှစ်က အဖြစ်အပျက် များသည် တစ်ချိန်ကမှတ်တမ်း တင်ခွင့်မရခဲ့ရရှာ။ မှတ်တမ်း မှတ်စုများရှိကြသော်လည်း ပုံ နှိပ်ထုတ်ဝေခွင့်မရခဲ့။ ယခုနှစ် ပေါင်း (၂၅)နှစ် ကြာညောင်း သောအခါတွင်မူ အများပြည်သူ ကို ပွင့်လင်းစွာရေးသားတင်ပြ ခွင့်ရလာခဲ့ရသည်။ အချို့ကား ငွေရတုဟုလွန်ကဲစွာဆိုကြကုန်၏။
အထိမ်းအမှတ်ပေါင်းများ စွာပြုလုပ်ရန်ပြင်ဆင်နေကြသည် ကိုမြင်တွေ့ကြားသိနေရသည်။

အခွင့်အရေးရခိုက်ရှစ်လေးလုံး (၂၅)နှစ်ပြည့်ဝယ်မှတ်တမ်းငယ် တစ်ခုကိုရေးသားချင်ပါသည်။ ၈၈ခုနှစ်နောက် ပိုင်းနိုင်ငံရေးအပြောင်းအလဲများစွာဖြစ်ခဲ့သည်။ လူအမျိုးမျိုး၊အဆင့်အတန်း အမျိုး မျိုးနိုင်ငံရေးတွင်ပါဝင်လာရသည်။ နိုင်ငံရေးသမားစစ်စစ်ဟူသော စကားရပ်တွင်ဝိဝါဒကွဲစရာများ ရှိသော်လည်း အကြောင်းကြောင်းကြောင့်နိုင်ငံရေးသမား (တချိန်က တော့
အစိုးရဆန့်ကျင်ရေးလုပ် သူ)များစွာပေါ်ပေါက်လာခဲ့ သည်။ မည်သူမျှအကြောင်းမဲ့ နိုင်ငံရေး သမားဖြစ်လာသည်ကားမဟုတ် ပေ။

၁၉၈၈ခုနှစ်တွင် ကျွန်တော် အသက်(၁၅)နှစ်သာရှိသေးသည်။ အထက်တန်းကျောင်းသား တစ်ဦး အဖို့ ၈၈ခုနှစ်ကို ပညာသင်နှစ် (၂)ခုဖြင့် ဖြတ်သန်းခဲ့ရသည်။

သမိုင်းဝင်မတ်လအရေးအခင်း တက္ကသိုလ်များတွင်ဖြစ်ပျက်နေသောအချိန် ဘီဘီစီနားထောင် ရင်းစာကျက်မပျက်ခဲ့ပါ။ ၉တန်း ကျောင်းသားတစ်ဦးအဖို့အတန်း တင်စာမေးပွဲတည်းဟူသော နီး ရာဓားကိုကြောက်ရသည်။ သို့ သော်လည်းကျောင်းသား အရေး အခင်းသည် ကျွန်တော်ပညာ သင်ကြားရာဒဂုံ(၁)ကျောင်းတံ ခါးကိုလာခေါက်ခဲ့သည်။

အတန်း ကြီးကျောင်းသားများအကြား ဝယ်စာမေးပွဲနှင့်မတ်လအရေးအခင်းသည် တွဲလျက်ဖြစ်လာ သည်။နောက်ဆုံးအတန်းတင် စာမေးပွဲဖြေနေဆဲ စာမေးပွဲခန်း
ထဲအထိရောက်လာသည်။

နေရာအနှံ့ကျောင်းသား များဖြန့်ဝေသော စာရွက်စာ တမ်းများ၊ လုံထိန်းများ၏ ရက် စက်သောနှိပ်ကွပ်မှုများအကြောင်း၊ မဆလပါတီ၏ဆိုးရွားသောအမှန်တရားမျက်ကွယ်ပြုမှုများ ပျံ့နှံ့
နေသည်။ရန်ကုန်မြို့တွင်ရှိသော အထက်တန်းကျောင်းများ စာ မေးပွဲ နောက်ဆုံးနေ့ကိုဖြေရန် မလို ကျောင်းပိတ်လိုက်ပြီဆိုသော သတင်းများထွက်လာသည်။နောက် ဆုံးဘာသာနောက် ဆုံးရက်လည်း ဖြစ်၊အိမ်နှင့်လည်းနီးသောကြောင့် ဒဂုံ(၁)ကျောင်းသို့ထွက်လာခဲ့သော အခါမှစာမေးပွဲကို ရအောင်စစ်မည်ဟူသော ကျောင်းအုပ်ကြီး ၏
သဘောထားကိုသိရသည်။

ဝရုန်းသုန်းကားများကြားမှဖြေ လိုက်ရသည်။ဝရုန်းသုန်းကား ဆိုသည်ကား သိမ်ကြီးဈေး မီး လောင်သည်အထိ ကူးစက်နေ သောကျောင်းသား အရေးအခင်း မှ အရပ်သားများပါပါဝင်သော အဓိကရုန်း ဖြစ်ပွားသောနေ့ပင် တည်း။ကျောင်းရှေ့တွင် ပူပင်မှု ဖြင့်မိဘပေါင်းများ စွာယောက်ယက်ခတ်နေသလို၊ လမ်းမများ
ပေါ်တွင်လည်းဘတ်စကားများ ကင်းမဲ့လျက်ရှိသည်။

စာရင်းချုပ်သော် ၁၉၈၈ ၏ မတ်လအတန်းတင် စာမေးပွဲကျ လေ၏။ ၁၉၈၈ဇွန်လတွင် ၈၈-၈၉ ပညာသင်နှစ်သစ်အတွက် ကျောင်းပြန်ဖွင့်သည်။ တက္ကသိုလ် တွင်ကျောင်းသားများဆက်လက် လှုပ်ရှားကြသည်။ အထက်တန်း ကျောင်းများတွင်လည်း နိုင်ငံ ရေး၊ ကျောင်းသားများအရေး စာဝေကြသည်။ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်ရက်နေ့ကား တဖြေး ဖြေးနီးကပ်လာချေပြီ။ လသာ(၁) စင်ထရယ်နှင့် လမ်းမတော်(၁) စိန်ဂျွန်းမှကျောင်းသားများ ဘုရား လမ်းဘူတာနှင့် လမ်းမတော်နား
ကလက်ဖက်ရည်ဆိုင်များတွင်စည်း ဝေးကြကြောင်းသိရသည်။ဒဂုံ(၁) မက်သဒစ်မှကျောင်းသားများလည်း သွားရောက်ပူးပေါင်းသည်။

တစ်ယောက်နှင့် တစ်ယောက် သိစရာမလိုကျောင်းဝတ်စုံများကြောင့်သိနှင့်ကြပြီးဖြစ်သည်။ ကြီးကျယ်သောနိုင်ငံရေးဆွေးနွေး ပွဲကားမဟုတ်ရရှိထားသောစာ
ရွက်စာတမ်းများဖလှယ်ခြင်း၊ မိတ္တူပွားခြင်းသာဖြစ်သည်။ စိတ် ဓာတ်တက်ကြွသော ကျောင်း သားအချို့ကား မျက်နှာတွင်
လက်ကိုင်ပဝါများစည်း၍ ကျောင်း ဝင်းအတွင်းဟစ်အော်ဆန္ဒပြရန် စီစဉ်ကြသည်။ ကိုယ့်ကျောင်းတွင်ကိုယ်ပြန်ဆန္ဒပြပါက ဆရာ များသိရှိမည်စိုးသဖြင့်သူများ ကျောင်းတွင်သွားအော်ရန်ဖြစ် သည်။

ငယ်ရွယ်သည့်စိတ်ကူးသာဖြစ်သော်လည်း ထိရောက် သည်ဟုဆိုရပေမည်။ကောလာ ဟလများတိုးပွားလာသည်။ မြို့ လယ်ကောင်ကျောင်းများ

"ဆူ" ကြသည်ဟုသတင်းဖြစ်သည်။ အထက် တန်းကျောင်းအားလုံးစည်းကမ်း တင်းကျပ်လိုက်သည်။ဝါဆို သင်္ကန်း ကိစ္စအတွက်ပင် ကျောင်းတွင်း၊ ကျောင်းပြင်အဝင်အထွက် မလုပ်ရ။

ကျောင်းတံခါး ဂိတ်တွင် ဆရာ(၃)ဦးစောင့်နေ သည်ကို တွေ့ရသည်။ မင်းဘာသာအိမ် မပြန်ရင် ငါတို့အိမ်လိုက်ပို့ရလိမ့် မယ်ဆိုတော့ ကျောင်းထဲဝင်ဟူ ၍ပြန်လှည့်လာရသည်။အိမ်ပြန်
ရောက်တော့ဘာဖြစ်လို့ရေဒီယို ကသတင်းမထုတ်ဘဲကျောင်းမတက် ခိုင်းရသလဲဟုစဉ်းစားသည်။

မွန်းလွဲကျော်အချိန်တွင် လက်ခုပ်သံများ၊ တစ်ပြိုင်နက်ကြွေး ကြော်သံများကိုဗိုလ်ချုပ်လမ်းမ ဘက်မှကြားရသည်။မီးရထားလမ်း ကိုကျော်ကာယောက်လမ်းအထိ
ကြားရသောအသံများကိုသွားကြည့် ရန်ညီအစ်ကိုတစ်စုကို အဖေက ဦးဆောင်သည်။ ကျိုးတိုးကျဲတဲဆိုင်ခန်းများ ဖွင့်လျက်ခြောက်ကပ် နေသောဗိုလ်ချုပ်ဈေးကိုဖြတ်
ကာအသံများရှိရာလျှောက်ခဲ့ကြ သည်။ကျွန်တော်တို့လို အသံများ ဆီသို့ခပ်သုတ်သုတ်သွားနေသူများ အများအပြားပင်။

ကြွေးကြော်သံများကား လူ ပေါင်းများစွာပါဝင်သောလူတန်း ရှည်ကြီးမှဖြစ်သည်။ တစ်ထောင် ကျော်ခန့်ရှိမည်။ ဗိုလ်ချုပ်လမ်းမ ကြီးတစ်လျှောက်ဈေးရှေ့မှ ဖြတ် ကာအရှေ့အရပ်ဆူးလေဘုရား လမ်းဘက်ဆီချီတက်သွားနေကြ သည်။ ရှေ့ဆုံးမှဦးဆောင်သူများ ကိုမမြင်လိုက်ရ။ ကြယ်ငါးပွင့်
နိုင်ငံတော်အလံဟောင်းနှင့်ခွပ်ဒေါင်းအလံကိုသာလှမ်းမြင်ရသည်။

ကြွေးကြော်သံများမှာ ကျွန်တော် တစ်ခါမှနားနဲ့ဆတ်ဆတ်မကြား ဘူးသောစကားလုံးများ။သပိတ် သပိတ်မှောက်မှောက်၊ စုံစမ်းရေး ကော်မရှင်အလိုမရှိ။ ဖမ်းဆီး ကျောင်းသားပြန်လွှတ်ပေး။ အရေး တော်ပုံအောင်ရမည်။ညနေ (၃) နာရီဝန်းကျင်ရှိပြီမို့ အစိုးရရုံးဆင်း
ခါနီးအချိန်လည်းဖြစ်သည်။ကျွန် တော်တို့လိုရပ်ကြည့်နေရင်းမှ လူအုပ်ထဲဆင်းကာပူးပေါင်းချီတက်သွားသူများအများအပြားပင်

(၂၆)နှစ်တာခံစားခဲ့ရသော ဒုက္ခပေါင်းစုံသည်ရန်ကုန်သူ ရန် ကုန်သားများအား ဆန္ဒပြသူများ နှင့်ပူးပေါင်းရန်ဆုံးဖြတ်ချက်ကို တဒင်္ဂအတွင်းပြတ်သားစွာချနိုင် စေခဲ့သည်။
အဖွဲ့တစ်ဖွဲ့ဖြတ်သန်းသွား ပြီးသည်နှင့်အိမ်ဘက်ပြန်လှည့်ခဲ့ သည်။ ခြေလှမ်းဆယ်လှမ်းပင် မဆုံးပါချေ နောက်ထပ်ကြွေးကြော်သံများကိုကြားရသဖြင့် ပြန် လှည့်ကြည့်ရပြန်သည်။

နောက် တစ်ဖွဲ့ချီတက်လာပြန်ပါပြီ။ လက် ခုပ်သံတွေသောသောညံသွား သည်။ ရှေ့ဆုံးတွင်အလံကိုင်ထား သူများမှာကျောင်းသား ဖြစ်မည် ထင်ရသည်။ အသက်အရွယ် အရ (၂ဝ)ဝန်းကျင်ဟုခန့် မှန်းမိ သည်။ထိုအဖွဲ့တွင်လည်း နောက် တွင် ဆန္ဒပြသူအရေအတွက် ထောင်ကျော်ရှိသည်။မြို့တွင် (၆)မြို့နယ်လမ်းမကြီးများတစ်လျှောက်

လှည့်ပတ်ကြွေးကြော်ကြသည်။ ဖိနပ်ပြတ်သူများကို ဖိနပ်ဆိုင်က လမ်းပေါ်အထိထွက်ကာ အသစ် တစ်ရန်ပေးသည်။ သမိုင်းစာအုပ် ထဲမှာပါသည့်ဒုတိယကျောင်းသား များသပိတ်၊ရေနံမြေလုပ်သား များသပိတ်ချီတက်ကြပုံကို ဖတ်ဖူး သည်သာရှိသည်။ ရုပ်ရှင်ထဲတွင် ပင်မမြင်ဘူးပေ။ တော်လှန်ရေး နေ့ချီတက်တာကိုသွားကြည့်ဖူး သည်၊ ပြည်ထောင်စုအလံတော် ကိုကြိုခဲ့ကြဖူးသည်၊ ယခုလိုလှိုက် လှိုက်လှဲလှဲမခံစားရ။ဘေးမှပြောသံများကြား သည် မြို့တော်ခန်းမရှေ့တွင်စုရပ်လုပ်ထားသည်တဲ့။

ဆူးလေဘုရားလမ်းပေါ် ခြေချလိုက်ချိန်တွင်မှောင်စပြု နေပြီဖြစ်သည်။မီးရထားခုံးကျော် တံတားပေါ်မှပင် မီးသတ်အဆောက် အအုံရှေ့ခန့်မှစ၍ လူစုလူဝေး တွေကိုမြင်ရသည်။

အားလုံးက မြို့တော်ခန်းမ၏ မျက်နှာစာ ဘက်ကိုဦးတည်သွားနေကြသည်။ ဆူးလေဘုရားကိုလက်ယာရစ်အပြင်ဘက်ကလှည့်ကာကွေ့ လိုက်သည်နှင့်
ကတ္တရာလမ်းမပေါ်တွင်ထိုင်နေသူများကိုတွေ့ ရသည်။ ခွေးခြေ အမြင့်များ၊ ခေါက်ကုလားထိုင်များပေါ်တက် ကာမတ်တတ်ရပ်၍လက်သီးလက် မောင်းတန်းကာ တရားဟောနေ
သူများနှင့်ထိုင်လျက်တစ်ဖုံ၊ မတ် တတ်တစ်နည်း နားထောင်နေကြ သူများကို သုံးလေးနေရာခွဲ၍ ကွက်လပ်ကျယ်ထဲတွင်စုဝေးစွာ တွေ့ရသည်။

ဗန္ဓုလပန်းခြံ၊ဆူးလေဘုရား၊ မြို့တော်ခန်းမနှင့် ဧမာနွေလ ဘုရားရှိခိုးကျောင်း လေးဖက် ကာ ရံလျက်လမ်းလုံးပြည့်လူများ လက်ခုပ်သံ တဖြောင်းဖြောင်း ဖြင့်တရားဟောသူများကိုအား ပေးနေကြသည်။ ခြံစည်းရိုးအတွင်းဘက် မြို့ တော်ခန်းမမှာတော့ လုံထိန်း ကားများ၊ မီးသတ်ကားများ၊ အဓိကရုဏ်းနှိမ်နင်းရေးကား များသံခမောက်အနီဆောင်းရဲများ၊ စစ်သားများကိုတွေ့ရသည်။ အမိန့်တစ်စုံတစ်ရာကို စောင့်နေသူ များပင်ဖြစ်မည်။ ဝင်ပေါက်ရှိရာ ဘားလမ်းကိုပိတ်ထားကာလှံစွပ် တပ်စစ်သားများစောင့်ကြပ်ကြသည်။

ညရှစ်နာရီလောက်ကစပြီး အသံချဲ့စက်ဖြင့် လူစုခွဲရန်ကြေ ညာသည်။ ရုတ်တရက် ဘာလုပ် ရ မှန်းမသိဖြစ်သွားကြသည်။ တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော်တစ်ယောက်ကစ၍
ဟေး ခနဲအော်လိုက်ရာအားလုံးတပြိုင် နက်ဟေးဟုဝိုင်းအော်လိုက်ကြ သည်။သောင်းချီသောလူစုကြီးသည်အသံချဲ့စက်အော်သံကို ကြောက်ရွံ့ပုံမပေါ်ပါ။ နေရာမှ မရွေ့။

အသံချဲ့စက်ဖြင့်နာရီဝက် တစ်ခါကြေညာသည်၊၊ဒုတိယအကြိမ် မှစ၍လူအုပ်ကြီးက အသံချဲ့ စက်သံကို ဟာသလုပ်ကြသည်။ အင်အားသုံးလူစုခွဲမည်ဟူသောစကားကိုအနက်အဓိပ္ပာယ်
မပေါက် သလိုပင် ရယ်စရာလုပ်နေသည်။ လူတချို့အတွက်တော့ဘုရားပွဲတစ်ခုနယ် လာကြည့်ကာ ပြန် သွားကြသည်။ ဤသည်ကား ရန်ကုန်မြို့သားတို့၏စရိုက်ပင်။

ညရှစ်နာရီသတင်းတွင်ကျောင်း တွေပိတ်လိုက်ကြောင်းကြေညာသည်ဟုပြောဆို သံကြားသည်။ဆယ်နာရီထိုးသောအခါ ကျွန် တော်အိမ်ပြန်ခဲ့သည်။

ညသန်းခေါင်ကျော်အချိန် တွင် သေနတ်သံများကြောင့်လန့် နိုးခဲ့သည်။ တစ်ချက်ချင်းသာမက အတွဲလိုက်ပစ်သံများ။ ကျွန်တော့် အဖေက "ငါထင်တယ် ဒီကောင် တွေ ဒီလိုလုပ်လိမ့်မယ်ဆိုတာကို" ဟု ပြောသည်။၁၉၈၈ခုနှစ် သြဂုတ်လကိုးရက်နေ့မနက်ပိုင်း မှ နောက်ထပ် နှစ်ပတ်ခန့်လွန် သောအခါ ရန်ကုန်မြို့တွင်းမှ ရက် စက်သော
လူသတ်ပွဲပေါင်းများ စွာကိုဆက်မြင်ရကြားရတော့၏။ ပါတီဥက္ကဌကြီး၏ (အရေးပေါ် ညီလာခံ) လွှတ်တော်မိန့်ခွန်း သည် အမှန်တကယ်ပင် ဖြစ် ခဲ့လေသည်။ရန်ကုန်ဆေးရုံကြီး သို့ သွားကြည့်သူ အများအပြား တွင် ကျွန်တော်လည်းပါဝင် သည်။ ငါး၊ခြောက်ဟုခေါ်သော ထိခိုက်ဒဏ်ရာ

လူနာဆောင် များတွင်တည့်တည့်မှန်သော သူ များအပြည့်။လူထုအုံကြွမှုကြီ
ဖြစ်ပေါ်ခဲ့ရခြင်းမှာ နဝတအစိုးရ ခေတ်တွင် ဝါဒဖြန့်ချိသကဲ့သို့ ဗကပယူဂျီမြေပေါ်မြေအောက် အဖျက်သမားတို့၏ လှုံ့ဆော်မှု ကြောင့်ပေါ်ပေါက်လာခဲ့ရခြင်း မဟုတ်သည်ကို ပွင့်လင်းမှု
အတန် ရှိ လာပြီဖြစ်သောယနေ့ အချိန် တွင်၈၈နောက်ပိုင်းမွေးဖွားလာ ခဲ့ကြသောမျိုးဆက်သစ်များ တွေးတောဆင်ခြင်နိုင်ရန်သမိုင်း အထောက်အထားများကိုစာနယ် ဇင်းမီဒီယာများကရေး သားဖော်ထုတ်ကြရန်အချိန်အခါရောက်ချေပြီ။

အုပ်ချုပ်သူတို့၏မီဒီယာမှ ပေးသောအမည်ဆိုးများနှင့် မတိုက်ဘဲ အာဇာနည်သူရဲကောင်း များသာဖြစ်သည့် ကျွန်ုပ်တို့ မြန်မာပြည်သည် သူရဲကောင်း တို့တိုင်းပြည်ဖြစ်ကြောင်း မှတ် တမ်းတင်ထိုက်ပါသည်။

မျိုးထွန်း
[ဒီကနေ့အထိ အုပ်ချုပ်သူများက အသိအမှတ်မပြုနိုင်သေး သော ကိုယ်ကျိုးမဖက်အသက်စွန့်သွား ခဲ့ရသည့် အမည်မသိသူရဲကောင်းများစွာကိ
ဂုဏ်ပြုလိုက်ရပါ၏။]


by Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...