Thursday, August 14, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၈)

သစ်ထူးလွင်


Posted: 13 Aug 2014 08:10 AM PDT
 ပြည်လုံးကျွတ် သန်းခေါင်စာရင်း ရှေ့ပြေးစာရင်း အရ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၆ဝ မကျော်နိုင်ဘူးလို့ တွေ့ရှိရပါတယ်။ နှစ်ပေါင်း ၃ဝ ကျော်ကြာ သန်းခေါင်စာရင်း မကောက်ခံနိုင် ခဲ့တာကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်း တွေမှာ လောလောဆယ် အသုံးပြုနိုင်ဖို့ ရှေ့ပြေး လူဦးရေ စာရင်းကို အခုလ ကုန်ပိုင်းမှာ ထုတ်ပြန်မယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။
Posted: 13 Aug 2014 08:04 AM PDT
 တောင်ပြုန်းပွဲတော် ဘက်မှ ဆိုက်ရောက် လာတဲ့ ပွဲတော် အထူးရထား ကြီးက မန္တလေး ဘူတာကြီး အမှတ်(၂) စင်္ကြံမှာ ထိုးဆိုက် လိုက်ပါတယ်။ ရထား ပြတင်းပေါက်က ခုန်ချသူကချ၊ အတက်အဆင်း တံခါးမကြီးက မဆံ့မပြဲ စုပြုံတိုးဆင်း ကြသူတွေက ဆင်းနဲ့ သူ့ထက်ငါ အလုအယက် ဆင်းနေကြတယ်။ တက်သူကလဲ အလုအယက် တက်နေတယ်။ ဦးခေါင်း တွေမှာလဲ ကျောက်ပန်းခက် ခွေတွေ စွပ်ထား ကြတယ်။ ရင်ဘတ်တွေ မှာက တောင်ပြုန်း လက်ဆောင် ဝင်းဝင်း ပြောင်ပြောင်တွေ ဆွဲထား
Posted: 13 Aug 2014 07:37 AM PDT
  ဆီးရီးယား နိုင်ငံ မြောက်ပိုင်း အလက်ပို ပြည်နယ်က မြို့ရွာ အတော်များများကို Islamic State အဖွဲ့ဝင် စစ်သွေးကြွတွေက သိမ်းပိုက် လိုက်ပြီလို့ ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေ အရ သိရပါတယ်။ အလက်ပိုမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက်မှာ ရှိတဲ့ Akhtarin မြို့ကိုလည်း ဆီးရီးယား သူပုန်တွေ လက်ထဲကနေ IS စစ်သွေးကြွတွေက သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။ ဒီလို သိမ်းပိုက်တာ တကယ် မှန်ရင် IS စစ်သွေးကြွတွေ အနေနဲ့
Posted: 13 Aug 2014 06:36 AM PDT
  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကောက်ခံရရှိထားတဲ့ လက်မှတ် ၅ သန်းနီးကို လွှတ်တော်က လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့ ဒီကနေ့ ပေးပို့လိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ဦးဉာဏ်ဝင်းနဲ့ ဦးကိုကိုကြီးတို့ လက်မှတ်ရေးထိုးပြီး လူထုဆန္ဒ လက်မှတ်စာရင်းကို စာတိုက်ကနေတဆင့်ေ
Posted: 13 Aug 2014 06:18 AM PDT
  အီရတ် မြောက်ပိုင်းမှာ ဂျီဟတ် ဝါဒီ စစ်သွေးကြွတွေရဲ့ ထိုးစစ်ကို ရပ်တန့်စေဖို့နဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး နေကြရတဲ့ သောင်းနဲ့ချီတဲ့ အရပ်သားတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ ပြင်သစ် သမ္မတ Francois Hollande က သူ့ အစိုးရ အနေနဲ့ စစ်သွေးကြွ အဖွဲ့ ဖြစ်တဲ့ Islamic State အဖွဲ့ကို ခုခံ တိုက်ခိုက်နေတဲ့ အီရတ်နိုင်ငံက Kurds လူမျိုးတွေကို လာမယ့် နာရီပိုင်း
Posted: 13 Aug 2014 05:54 AM PDT
  ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အိန္ဒိယနှင့် ကုန်သွယ်မည့် နယ်စပ်ကုန်သွယ်ရေး စခန်းကို လောလောဆယ်တွင် ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးကြောင်း ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းအောင်က ပြောသည်။ “ နေရာ ရာတားထားလောက်တာဘဲ ရှိတယ်။ ခုချိန်ထိ ဘာမှ မလုပ်ရသေးဘူး” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ ယခုကဲ့သို့ ကြန့်ကြာနေခြင်းမှာ အိန္ဒိယဘက်က လိုအပ်ချက် အချို့ ရှိနေ၍ ဖြစ်ကြောင်း သူက ဆိုသည်။ “ စတာက
Posted: 13 Aug 2014 05:52 AM PDT
 ရန်ကုန် သြဂုတ် ၁၂  ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်စည်းကမ်း ဖောက်ပျက်မှုတို့ကို ယာဉ်ထိန်းရဲ အင်အား ၁ဝဝဝ နီးပါးဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သောလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ထိန်းရဲ အင်အား ၈ဝဝ ကျော်ဖြင့်သာ ဆောင် ရွက်နေရသော်လည်း ယခုသြဂုတ်လ အတွင်းမှစတင်၍ ယာဉ်ထိန်းရဲ အင်အား ၁၄၄
Posted: 13 Aug 2014 04:26 AM PDT
 နေပြည်တော်၊ သြဂုတ် ၁၃  ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မြို့သစ် မြို့နယ် ပြည်သူ့ဆေးရုံ၌ အဆိပ်မိ၍ သေဆုံးသည့် အမျိုးသမီးတစ်ဦး ရောက်ရှိ နေကြောင်းသတင်းအရ မြို့သစ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။  စစ်ဆေးချက် အရ ယင်းနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့သစ်မြို့နယ်၊ မကျီးချိုအုပ်စု၊ ဆူးပုတ်စမ်းတဲတိုက်နေ မအေးသင်း(၂၃)နှ
Posted: 13 Aug 2014 04:26 AM PDT
 တယ်လီနောက စက်တင်ဘာလထဲမှာ ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်တွေအပြင် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဟန်းဆက်တွေပါ ရောင်းချသွာမယ်လို့ ပြောပါတယ်။ တယ်လီနော ဆင်းကတ်တွေကို လာမယ့် စက်တင်ဘာလမှာ စတင်ရောင်းချတော့မှာ ဖြစ်ပြီး နောင်လာမယ့် ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ၀န်ဆောင်မှု ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ တယ်လီနောရဲ့ စီအီးအိုက ပြောပါတယ်။ Telenorလူတိုင်းကို အင်တာနက်ဝန်ဆောင်မှုေ
Posted: 13 Aug 2014 04:21 AM PDT
 တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အမြန်ဆုံး လက်မှတ် ရေးထိုး ကြဖို့ သက်ဆိုင်သူ အားလုံးကို တိုက်တွန်းတဲ့ နိုင်ငံရေး ပါတီများရဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မပါဝင်ဘူးလို့ ဒီနေ့ ထုတ်ပြန် ကြေညာပါတယ်။ အစိုးရက နိုင်ငံရေးပါတီတွေကို ငြိမ်းချမ်းရေးဖော်ဆောင်မှု အခြေအနေရှင်းပြပြီး နိုင်ငံရေးမူဘောင်အတွက် တာဝန်ခံမှု ရှိရှိနဲ့ စတင်ပါဝင်ကြဖို့ ကမ်းလှမ်းတဲ့
Posted: 13 Aug 2014 04:10 AM PDT
  တာဝန်အရ ဆောင်ရွက်သည့် ပြည်သူ့ ၀န်ထမ်းအား ပြန်လည်ရန်ပြုသူ အရေးယူ  နေပြည်တော်၊ သြဂုတ် ၁၃   ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ မြို့ နယ်၊ ပြည်လမ်းနှင့် ခရေပင်လမ်းဆုံတွင် ရဲတပ်ကြပ် ကျော်နန္ဒာလင်းနှင့် ရဲတပ်ကြပ် အောင်ကြည်တိုးတို့ ၂ ဦးသည် ယာဉ်/လမ်းရှင်းလင်းရေး တာဝန် ဆောင်ရွက်နေစဉ် ပြည်လမ်း အတိုင်း ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာသည့် ၅က/
Posted: 13 Aug 2014 03:58 AM PDT
 နေပြည်တော်၊ သြဂုတ် ၁၃  ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၃/၅-၆)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။  စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊
Posted: 13 Aug 2014 03:34 AM PDT
  ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အီဘိုလာ ဗိုင်းရပ်စ် ရှိ / မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။ မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရာမှာ အဓိကအချက်အချာကျတဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက တက်ကနက်မြို့ ဆိပ်ကမ်းမှာ အခုလို  မြန်မာဘက်မှ ၀င်လာသူတွေကို အီဘိုလာ (Ebola) ဗိုင်းရပ်စ် ရှိ/ မရှိ စစ်ဆေးတယ်လို့ ဘင်္ဂလာက သတင်းတွေမှာ ဖေါ်ပြပါတယ်။ ခုလို စစ်ဆေးမှုကို သြဂတ်စ်လ ၁၂ ရက်နေ့ ညနေပိုင်းက စပြီး ဆောင်ရွက်နေတာြ
Posted: 13 Aug 2014 03:31 AM PDT
 ရန်ကုန်၊ သြဂုတ် ၁၃  ၁၂.၈.၂၀၁၄ ရက်နေ့ ၁၁၀၅ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပ ဆေးရုံသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေ အမျိုးသမီး(၁)ဦးမှာ ဒဏ်ရာရရှိ သေဆုံးလျက်နှင့် အမျိုးသား(၁)ဦးမှာဒဏ်ရာများရရှိ လျက်ရောက်ရှိ လာကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့သွားရောက်စစ်ဆေးရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေဒေါ်စန်းစန်းအေး(၆၃)နှ
Posted: 13 Aug 2014 03:24 AM PDT
  မန္တလေးမြို့က စည်းကမ်းမလိုက်နာတဲ့ စားသောက်ဆိုင်တွေနဲ့ မော်တော်ယာဉ်တွေကို သြဂုတ် ၁၂ ရက်ကစပြီး လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူနေတယ်လို့ မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။ အဓိကအားဖြင့် မန္တလေးမြို့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းတဲ့အနေနဲ့ အခုလို လုပ်ဆောင်တာလို့ သူက ပြောပါတယ်။ “စားသောက်ဆိုင်တွေမှာ မနက်စာစားတဲ့အချိန်တို့၊ နေလယ်ချိန်တို့၊ ရုံးချိန်တို့၊ေ
Posted: 13 Aug 2014 03:22 AM PDT
  ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲမှာ ဒီရေမြင့်တက်ပြီး ရေတားတမံတွေ ကျိုးပေါက်ကုန်တာကြောင့် လယ်ဧက ၅ သောင်းလောက် ရေမြုပ်ပျက်စီးကုန်တယ်လို့ မြေပုံအမတ် ဦးဖေသန်းက ပြောပါတယ်။ ၀ါခေါင်လပြည့်ကျော် သြဂုတ်လ ၁၀ ရက်လောက်ကတည်းက ပင်လယ်ဒီရေမြင့်တက်လာပြီး ရေတားတမံတွေ ကျိုးပေါက်ကုန်တာလို့ သူက ပြောပါတယ်။ “ဒီလ ထူးကဲရေတွေ တက်နေတယ်။ ထူးကဲရေဆိုတာက မူလရေထက်ကို ၁ ထောင်ကျော်လောက်တက်တယ်။ မြေပုံမြို့နယ်က လယ်မြေ ၉၀
Posted: 13 Aug 2014 03:16 AM PDT
 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ရွှေဘိုခရိုင် အတွင်းမှာရှိတဲ့ တောင်သူ လယ်သမား တစ်ထောင်ကျော်ဟာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ အကျဉ်းကျခံ တောင်သူတွေ ပြန်လွှတ်ပေးဖို့ ဒီနေ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ကန့်ဘလူမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်က လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ တောင်သူတွေဟာ ကန့်ဘလူမြို့အဝင်မှာရှိတဲ့ အားကစားကွင်းမှာစုရုံးကြပြီး ကန့်ဘလူမြို့ရဲ့
Posted: 13 Aug 2014 03:13 AM PDT
 နေပြည်တော် သြဂုတ် ၁၂  သြဂုတ် ၇ ရက်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းနေ ဦးထွဋ်ဟန်၏ နေအိမ်မှ လေသေနတ် ၁ဝ၄ လက်နှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းအား တာမွေမြို့မရဲစခန်းက ၁၈၇၈ ခုနှစ်၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သြဂုတ် ၉
Posted: 12 Aug 2014 08:33 PM PDT
  မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်အောက်မှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ထွက်နေပြီဆိုပေမယ့် ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်တွေ အပါအဝင် မြန်မာပြည်က ဒုက္ခသည်တွေကို နယူးဇီလန် နိုင်ငံအနေနဲ့  ဆက်ပြီး လက်ခံသွားမှာ ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် Mr John Key က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဧရာဝတီ သတင်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းခန်းမှာ မစ္စတာကီးက UNHCR ကုလသမဂ္ဂ
Posted: 12 Aug 2014 08:23 PM PDT
  အမေရိကန် ဟာသမင်းသား Robin Williams ဟာ California ပြည်နယ်က သူရဲ့နေအိမ်မှာ သူ့ကိုယ်သူ ဆွဲကြိုးချ သေဆုံးခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ Robin Williams ဘာကြောင့် သေဆုံး ခဲ့ရသလဲဆိုတဲ့ အကြောင်း အသေးစိတ်ကို ဒေသခံရဲဌာန တာဝန်ရှိသူတွေက အင်္ဂါနေ့က ထုတ်ပြန် ပြောကြား ခဲ့တာမှာ သူ့ရဲ့ ကိုယ်ရေး လက်ထောက်က သူသေဆုံး နေတာကို တနင်္လာနေ့မှာ တွေ့ရှိခဲ့တာလို့ ပြောပါတယ်။ အသက် ၆၃ နှစ်မှာ ကွယ်လွန်သွားတဲ့
Posted: 12 Aug 2014 08:30 PM PDT
  တပ်သိမ်းမြေ အားလုံး မူလပိုင်ရှင်တွေ ပြန်လည်ရရှိရေး အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ မြို့နယ် တောင်သူ ၁ သောင်းလောက် ဒီနေ့ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၅ အရ ခွင့်ပြုချက် တောင်းခံ ရာမှာ ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ခွင့်ပြုချက်အရ အခုလို ဆန္ဒပြကြ မှာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ကန့်ဘ လူမြို့ နယ် ဘောလုံး ကွင်းကနေ
Posted: 12 Aug 2014 07:52 PM PDT
  ပဲခူတိုင်း၊ မိုးညိုမြို့နယ်၊ အောင်မိုးဟိန်း ရွာမှာ ကျောင်းမြေ ရှိပြီး ဖြစ်ပေမယ့် အစိုးရက ကျောင်းနဲ့ ကျောင်းဆရာ မပေးတဲ့ အတွက် ကျောင်းသား မိဘတွေက မနေ့ကပဲ နိုင်ငံတော် သမ္မတ အပါအ၀င် အခြေခံ ပညာရေး ဦးစီး ဌာနနဲ့ သက်ဆိုင်ရာ တွေကို စာပေးပို့ တောင်းဆို လိုက်ကြပါတယ်။ မိုးညိုမြို့နဲ့ ၄ မိုင်လောက်ပဲဝေးပြီး အိမ်ခြေ တစ်ရာကျော်ရှိတဲ့ အဲဒီရွာက ကျောင်းသားတွေဟာ အနီဆုံးကျောင်းရှိတဲ့ ရွာကို သွားဖို့ြ
Posted: 12 Aug 2014 07:40 PM PDT
 ကွမ်းသီးများ မရင့်မှည့်မီ ကြွကျေတတ်သည့် အမျိုးအမည်မသိ ရောဂါတစ်မျိုး ကျရောက် နေသည်မှာ ဆယ်စုနှစ် ၂ ခုဝန်းကျင် ရှိခဲ့သော်လည်း ကုစားရန် နည်းလမ်းများ မသိရှိသေးကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်တောင်ဒေသရှိ ကွမ်းသီးခြံရှင်များက ပြောသည်။ နှစ်စဉ် မိုးသည်းထန်းစွာ ရွာသွန်းသည့် သြဂုတ်လဆန်းပိုင်းမှ စ၍ စက်တင်ဘာလကုန်ပိုင်းထိ ကွမ်းသီးများ ပင်လုံးကျွတ်နီးပါး ကြွကျေတတ်ပြီး ရောဂါဆိုးရွားစွာ ခံရသည့်ြ
Posted: 12 Aug 2014 07:19 PM PDT
  အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကို ထိန်းချူပ် နိုင်အောင် အသုံးပြုနေကြ တဲ့ စမ်းသပ်ဆဲ ဆေးဝါးကို ထုတ်လုပ်ခဲ့တဲ့ အမေရိကန် ကုမ္မဏီ ရဲ့ သတိပေးမှု အရ၊ အဆိုပါ ဆေးကို စမ်းသပ်ဖို့ ရည်ရွယ်ချက် နဲ့ ပမာဏ အနည်းငယ်သာ ထုတ်လုပ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။ အနောက်အာဖရိကမှာ ဖြစ်ပေါ်နေတဲ့ လူထောင်ကျော် သေဆုံးလောက်အောင် ကူးစက်နေတဲ့ အခြေအနေကို ထိန်းချူပ်ဖို့ လုံလောက်တဲ့ ပမာဏ ရဖို့ ဆိုရင် လပေါင်းများစွာ ကြာမြင့်
Posted: 12 Aug 2014 07:17 PM PDT
  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံမှာ တညတာ ရှိခဲ့စဉ်အတွင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ခံရသူတဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ တည်းခိုခဲ့တဲ့ ကိစ္စဟာ မနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲ အတွင်း အတော်လေး ဂယက်ရိုက်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Kerry အဲဒီဟိုတယ်မှာ တည်းခိုခဲ့တာဟာ အမေရိကန်ဥပဒေ တစုံတရာ ချိုးဖောက်မှု မရှိဘူးလို့ နိုင်ငံခြားရေးဌာနက ခုခံ ဖြေရှင်းခဲ့ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...