Saturday, July 26, 2014

“PR ထက် အပြန်တရာပိုအရေးကြီးတဲ့ PI”

July 25, 2014 at 11:18am
 
 “PR ထက် အပြန်တရာပိုအရေးကြီးတဲ့ PI” (PR = Proportional Representation = အချိုးကျ လွှတ်တော်ကိုယ်စားလှယ်ခန့်အပ်ခြင်း PI = Popular Initiative = ပြည်သူ့ဦးဆောင်တောင်းဆိုမှု) .
• လက်ရှိနိုင်ငံရေးအခြေအနေမှာ လွှတ်တော်ဟာ အရေးတကြီးလုပ်ရမယ့်ကိစ္စတွေကို လျစ်လျူရှုပြီး အကျိုးမဖြစ်ထွန်းနိုင်မယ့်ကိစ္စတွေကို အပူတပြင်းလုပ်လာနေတာကိုတွေ့ရပါတယ်။
‘မျိုးစောင့်ဥပဒေ’ ဆိုတာကြီးကို ဥပဒေရေးဆွဲဖို့ လွှတ်တော်မှာ အရေးတကြီး မဲခွဲအတည်ပြှုလိုက် တာကို တွေ့ရတယ်။

အချိုးကျ လွှတ်တော်ကိုယ်စားလှယ်ခန့်အပ်ရေး PR စနစ်ကို ဖုတ်ပူမီးတိုက် တင်သွင်းလာပြီး ဥပဒေပြှုဖို့ အားသွန်ခွန်စိုက် လုပ်နေတာကိုလည်း တွေ့နေရတယ်။


ဒါတွေကိုကြည့်ရင် အာဏာရ ကြံ့ဖွံ့အစိုးရဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့လွှတ်တော်ကိုယ်စားလှယ်ေ
နရာ များနိုင်သမျှများများရအောင် ကုပ်ကပ်ပြီး ဉာဏ်နီဉာဏ်နက်တွေထုတ်နေကြောင်း သိသာ ထင်ရှားပါတယ်။


ဒါကြောင့် မရိုးမသားအားထုတ်လာတာတွေကို တန်ပြန်နိုင်ဖို့ ပြည်သူလူထုအနေနဲ့ အလုပ်သင့်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ PI ဆိုတဲ့ “ပြည်သူ့ဦးဆောင်တောင်းဆိုမှု” ပါပဲ။
ပြည်သူအားလုံးညီရင် အမြန်ဆုံးအောင်မြင်မှာပါ။ • ခါတော်မီထူထောင်လိုက်တဲ့ အဖွဲ့အစည်း တခုက ပြည်သူတွေစိတ်ထဲ ဘယ်တုန်းကမှ လျာထားမခံခဲ့ရဖူးတဲ့ ‘မျိုးစောင့်ဥပဒေ’ ဆိုတာကြီးကို တင်သွင်းလိုက်ရုံနဲ့ လွှတ်တော်မှာ အရေးတကြီး ဥပဒေပြှုဖို့မဲခွဲအတည်ပြှုလိုက်တာဟာ လွှတ်တော်နဲ့ အစိုးရရဲ့ မရိုးသားမှုတခုပါပဲ။ ဘာသာရေးအဓိကရုဏ်းတွေဖြစ်ပွားပြီးနောက်မှ ပြည်သူတွေကြား ပေါ်ထွန်းလာတဲ့ဘာသာရေးနယ်ချဲ့ရန် စိုးရိမ်မှုကို အခွင့်ကောင်းယူပြီး ဝိဝါဒကွဲစရာကိစ္စရပ်တခုကို ပွဲထုတ်လိုက်တာပါဟာ ဘာသာရေးဗန်းပြ မဲဆွယ်မှုတခုလို့ပဲ ကောက်ချက်ချရမှာပါ။ အလားတူ နိုင်ငံတော်မှာ ဘယ်တုန်းကမှမကျင့်သုံးခဲ့ဖူးသလို တခါမှလည်းထည့်မစဉ်းစားခဲ့ဖူးတဲ့ PR စနစ်ကို ဖုတ်ပူမီးတိုက် တင်သွင်းလာပြီး ဥပဒေပြှုဖို့အားသွန်ခွန်စိုက်လု<p>ပ်နေတာကိုလည်း တွေ့နေရတယ်။
 ဒါတွေကိုကြည့်ရင် အာဏာရ ကြံ့ဖွံ့အစိုးရဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့လွှတ်တော်ကိုယ်စားလှယ်ေ<p>နရာ များနိုင်သမျှများများရဖို့သာ အဓိကထားပြီး ဉာဏ်နီဉာဏ်နက်တွေထုတ်နေကြောင်း သိသာထင်ရှားပါတယ်။ တခြား မရောင်ရာဆီလူးနေတဲ့ ကိစ္စတွေလည်း အများကြီးရှိပါသေးတယ်။ တိုင်းပြည်မှာ အသည်းအသန်အရေးကြီးနေတဲ့ စားဝတ်နေရေးကြပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်ပစ္စည်းရှားပါမှု၊ ကျန်းမာရေးစရိတ်ကြီးလွန်းမှု၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ အိုးမဲ့အိမ်မဲ့လူတန်းစား၊ သဘာဝရေမြေအဆိပ်သင့်မှု၊ သယံဇာတဆုံးရှုံးမှု အပါအဝင် မရေမတွက်နိုင်တဲ့ အဆင့်အတန်းနိမ့်ကျမှုတွေကို လုပ်သင့်သလောက်လုပ်မပေးဘဲထားတာကို ပြည်သူအားလုံးသိပါတယ်။ တရားဥပဒေစိုးမိုးမှုကလည်း ဘယ်နေရာမှကောင်းကောင်းမရှိသလို ပြည်သူတွေဘဝကလည်း နေ့ရောညပါ ဘယ်နေ့ဘယ်လို ဘဝပျက်မလဲလို့ စိုးရိမ်နေရတဲ့အဆင့် ရောက်နေပါတယ်။ စည်းစိမ်အပြည့်နဲ့ စိတ်ချလက်ချ အသက်ရှင်နိုင်သူတွေကတော့ လူနည်းစု သူဌေးတွေ၊ စစ်အစိုးရမိသားစုတွေနဲ့ စစ်တပ်စီးပွားဘက်ခရိုနီ အုပ်စုတွေပဲရှိပါတယ်။(ဆွေမျိုးသားချင်း၊ တပည့်တပန်းနဲ့ ရင်းနှီးသူတွေကို စီးပွားရေးသူကောင်းပြှုတဲ့ကျင့်စဉ်ကို ပြင်သစ်နိုင်ငံမှာ နပိုလီယန်အုပ်ချုပ်စဉ်ကာလက ကျင့်သုံးခဲ့တာမို့ နပိုလီယန်ကျင့်ထုံး (Nepotism) ဆိုတဲ့ဝေါဟာရနဲ့ သမုတ်ထားတယ်။) • အချုပ်အခြာအာဏာ သုံးရပ်အနက် စီမံခန့်ခွဲရေးအာဏာကျင့်သုံးရမယ့်အစိုးရက ပြည်သူတွေဘဝအေးချမ်းအောင်လုပ်မပေးနိုင်သလို ဥပဒေပြှုရေးအာဏာကိုင်တဲ့ လွှတ်တော်ကလည်း အရေးကြီးတဲ့အလုပ်သမားခံစားခွင့်ဆိုင်ရာဥပဒေမျိုးကို နှစ်ဝက်လောက်ဆိုင်းခိုင်းထားပြီး လွှတ်တော်ကိုယ်စားလှယ်များများရနိုင်မယ့် PR ကိုပဲ ဥပဒေပြှုဖို့စိုင်းပြင်းနေတယ်။တရားစီရင်ရေးကတော့ အရင်ကလို အထက်ကခိုင်းတဲ့အတိုင်း “ပါတာဖတ် စီရင်ချက်” တို့ “အမြင်ကပ်ပုဒ်မ” တို့နဲ့ အလုပ်ရှုပ်နေရတုန်းပါ။ ဒီလို အချုပ်အခြာအာဏာ သုံးရပ်လုံး အမြီးအမောက်မတည့်မှတော့ တိုင်းပြည်မတိုးတက်တာ အဆန်းမဟုတ်ပါဘူး။ ဟိုး .. အရင်က စစ်အစိုးရအဆက်ဆက်နဲ့ တထပ်တည်းတူနေကြောင်း ရင်ကွဲစရာ တွေ့နေရပါတယ်။ လက်ရှိအစိုးရကို အရပ်သားအစိုးရဖြစ်ပါတယ် လို့ ဇွတ်နှလုံးသွင်းကြည့်ပေမယ့် နှလုံးသားက လုံးဝလက်မခံပါဘူး။ ဒီလို လွဲချော်နေတဲ့ အချုပ်အခြာအာဏာသုံးစွဲမှုကြောင့် တိုင်းပြည်ဟာ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနစ်နာနေရတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝင်ပြီးထိန်းကွပ်ကြပ်မတ်ဖို့လိုနေပါပြီ။ တနည်းအားဖြင့် တိုက်ရိုက်ဒီမိုကရေစီ (Direct democracy) ကို ကျင့်သုံးဖို့လိုနေပါပြီ။ တိုက်ရိုက်ဒီမိုကရေစီကျင့်သုံးရမယ် ဆိုတဲ့အပေါ် ပြည်သူတွေအနေနဲ့ အဓိပ္ပါယ်ကောက်မလွဲဖို့လိုပါတယ်။ နေရာတကာမှာ ပြည်သူက အာဏာပိုင်ဝင်လုပ်ပြီး စီမံခန့်ခွဲတာကို မဆိုလိုပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ပြည်သူကအားတက်သရောပြောဆိုတိုက်တွန်းတာကိုသာ ရည်ညွှန်းပါတယ်။ ပြည်သူတွေကိုယ်တိုင် အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး အားတက်သရောပါဝင်လုပ်ကိုင်နိုင်တဲ့ တိုက်ရိုက်နိုင်ငံရေးစွက်ဖက်မှုဟာ အကြမ်းအားဖြင့် ၃ မျိုးရှိပါတယ်။ 

(၁) ပြည်သူ့ဦးဆောင်တောင်းဆိုမှု (Popular Initiative/Citizen Initiative) 
(၂) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (Referendum) နဲ့
(၃) လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းမှု (Recall) … တို့ ဖြစ်ပါတယ်။ 
 ပြည်သူ့ဦးဆောင်တောင်းဆိုမှု (PI) ကို တိုက်ရိုက်နည်း နဲ့ လွှတ်တော်ကတဆင့် သွယ်ဝိုက်နည်း ဆိုပြီး နှစ်မျိုးနှစ်စားတွေ့နိုင်ရာမှာ ကိစ္စရပ်အလိုက် ကျင့်သုံးပုံချင်းနည်းနည်းကွာပါတယ်။ သူများနိုင်ငံတွေမှာ ကျင့်သုံးနေတာတွေကို ကိုယ့်ရေကိုယ့်မြေ ကိုယ့်နိုင်ငံနဲ့ကိုက်ညီအောင် ပုံစံပြောင်းပြီး အသုံးပြှုကြရမယ်ထင်ပါတယ်။ ဘယ်လိုပြောပြော ဒီနည်းတွေက ပြည်သူကိုတန်ဖိုးထားတဲ့နိုင်ငံရေး စနစ်တွေဖြစ်တဲ့အတွက် ပြည်သူကသိက္ခာရှိရှိတောင်းဆိုပိုင်ခွင့်ရသလို အစိုးရကလည်း ရိုးရိုးသားသားလက်ခံဆုံးဖြတ်ပေးရတဲ့စနစ်တွေဖြစ်ပြီး လိုအပ်တဲ့ဥပဒေအရပ်ရပ်ကို လွှတ်တော်ကသာအတည်ပြှုပြဋ္ဌာန်းရပါတယ်။ • မြန်မာနိုင်ငံလို အချုပ်အခြာအာဏာ ၃ ရပ်စလုံး ပုံပျက်ပန်းပျက်ဖြစ်နေတဲ့နိုင်ငံမှာ ပြည်သူတွေအနေနဲ့ လွှတ်တော်နဲ့အစိုးရကို ထိန်းကျောင်းနိုင်ဖို့ ကြှိုးစားသင့်ပါပြီ။ ဖြစ်သင့်တာတွေနဲ့ ပြောင်းပြန်ဖြစ်နေတဲ့ကိစ္စတွေကို ပြင်ဆင်ပေးပါလို့ အစိုးရကို တောင်းဆိုဖို့လိုပါတယ်။ မမျှတတဲ့ကိစ္စတွေမှာ အမှန်တရားကိုဖော်ထုတ်ပြီး အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုရပါတယ်။ 

 (၂) အကျဉ်းချုပ်ဖော်ပြနေချိန်မို့ အတွေ့အကြှုံရှိပြီးသား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆိုတာကို အခု ထည့်မပြောတော့ပါဘူး။ 
 ဒါပေမယ့် အရေးပါပုံကိုထောက်ပြရရင် … ပြည်သူတရပ်လုံးကလက်မခံနိုင်ပေမယ့် လုပ်မဲ လိမ်မဲတွေနဲ့ ညစ်နည်းပေါင်းစုံသုံးပြီး ပြည်သူ ၉၈% ကထောက်ခံထားပါတယ် … လို့ လိမ်ညာလို့ရတဲ့ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အခုအချိန်မှာ ပြန်ဖျက်ဖို့လုံးဝမလွယ်တာကို အထင်အရှားတွေ့နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတဦးတိုင်း တဦးတိုင်းရဲ့ ပါဝင်မဲပေးမှုဟာ အရေးပါတယ်ဆိုတာ မေ့ထားလို့မရပါဘူး။ 

 (၃) နောက်တခုက လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ရုတ်သိမ်းပိုင်ခွင့် ပါပဲ။ ကိုယ့်နယ်ကို ကိုယ်စားပြှုပြီးတက်သွားတဲ့ကိုယ်<p>စားလှယ်တယောက်က နယ်လူထုနဲ့ တိုင်းပြည်အပေါ်မှာ တာဝန်မကျေခဲ့ရင် ပြည်သူတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပြန်လည်ရုတ်သိမ်းခွင့်ရှိပါတယ်။ သတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီး တရားမျှတမှုရှိတဲ့ အဆုံးအဖြတ်နဲ့လုပ်ဖို့ကတော့ ပကတိလိုအပ်ချက်ဖြစ်ပါတယ်။ ဒီကျင့်စဉ်ကိုတော့ လက်ရှိ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာပြည်မှာအသုံးချဖို့ မသင့်တော်သေးပါဘူး။ ၂ဝ၁၅ ကနေမှ စပြီး လိုအပ်ရင် သုံးဖို့ပြင်ဆင်ထားရပါမယ်။ • လောလောဆယ် ကျင့်သုံးဖို့လိုအပ်နေတဲ့နည်းကတော့ ပထမနည်းပါပဲ။ လုပ်နိုင်တဲ့နည်းလမ်းတွေကတော့ - • လက်မှတ်ထိုးပြီးတောင်းဆိုမယ်။ … … … ။
  …လက်ရှိအခြေအနေအရ အချိုးမကျတဲ့ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အချက်အခြာကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ လက်မှတ်ထိုးတောင်းဆိုမှုတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ကျောင်းသားဟောင်းများရဲ့ ငြိမ်း/ပွင့် က အားသွန်ခွန်စိုက် ဆောင်ရွက်နေကြပါတယ်။ ဒါဟာ ပြည်သူဦးဆောင်တဲ့ အားတက်သရောတောင်းဆိုမှုပါပဲ။ ဒီလှုပ်ရှားမှုမှာ ပြည်သူတိုင်း နိုင်ငံရေးသဘောတရားကိုနားလည်ပြီး နိုင်ငံအတွက်အကောင်းဆုံးဖြစ်အောင် စဉ်းစားဆုံးဖြတ်တဲ့အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးပြီး တောင်းဆိုဖို့လိုပါတယ်။ • ဒီမိုကရေစီမလိုလားသူတွေက “ပြည်သူတွေဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နကန်းတလုံးမှနားမလည်သူတွေမို့ လက်မှတ်ထိုးတောင်းဆိုနေတာဟာ အဓိပ္ပါယ်မရှိဘူး” လို့ ဝင်ဖျက်နေတာကို အားလုံးကြားပြီးသား ဖြစ်မှာပါ။

ဘယ်နိုင်ငံမှာမှ ပြည်သူတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကြေကြေညက်ညက် နားလည်တာမဟုတ်ပါဘူး။ ကိုယ်ယုံကြည်ရာ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေ ရိုးရိုးသားသားရှင်းလင်းပြသမျှကို နားလည်ပြီးမဲပေးကြတာထုံးစံပါ။ နားမလည်လို့ စိတ်ပျက်အားလျော့စရာမလိုပါဘူး။ ကိုယ့်ကိုလိမ်ညာလှည့်စားသွားရင်လည်း ကိုယ်ကလွှတ်တော်ကိုယ်စားလှယ်ပြန်ရုတ်သိမ်းပိုင်ခွင့်ရှိတာပဲ။ လမ်းပေါ်ထွက်ပြီးတောင်းဆိုမယ်။… … … ။…တိုင်းပြည်မှာ အသည်းအသန်အရေးကြီးတဲ့ကိစ္စရပ်ကိုကြှုံတဲ့အခါဆိုရင်တော့ ရက်ရှည်လများအကောင်အထည်ဖော်ရမယ့် တောင်းဆိုမှုတွေလုပ်ပြီးဖြေရှင်းဖို့ အချိန်မရပါဘူး။ ဒီလိုအခါမျိုးမှာ ပြည်သူတွေက စုဝေးဆန္ဒပြလေ့ရှိပါတယ်။ နေ့ချင်းညချင်း ဖြေရှင်းပေးမှဖြစ်မယ့်ကိစ္စတွေမို့ လမ်းပေါ်ထွက်အင်အားပြကြရပါတယ်။
  လက်ရှိမြန်မာနိုင်ငံအခြေအနေအရ အကြံပေးရရင် လမ်းပေါ်ထွက်တဲ့အခါ မသမာသူတွေက အလံရှူးလုပ်ပြီးဆူပူအောင်ဝင်နှောက်ယှက်နိုင်တာမို့ စစ်တပ်ကအာဏာပြန်သိမ်းစရာ အကွက်ကောင်းဝင်သွားမှာမို့ ရုတ်ရုတ်သဲသဲဖြစ်နိုင်မယ့် ဆန္ဒပြပွဲတွေကို ရှောင်ဖို့လိုပါတယ် ။ စိတ်ချရရင်တော့ အင်အားပြတဲ့နည်းဟာ ထိရောက်ပါတယ်။ • စာတမ်းထိုးပြီးတောင်းဆိုမယ်။... … … ။…တိုင်းပြည်အတွက်လည်း အရေးကြီးပြီး လမ်းပေါ်ထွက်ရင်လည်း အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးမှာတော့ ပြည်သူတရပ်လုံးလုပ်နိုင်တဲ့လှုပ်ရှားမှုက အထိမ်းအမှတ်ပြပြီး တောင်းဆိုတဲ့နည်းပါပဲ။ လူတိုင်းလူတိုင်း တနိုင်ငံလုံးက လိုချင်နေတဲ့အမျိုးသားရေးကိစ္စကို ကိုယ်ပေါ်မှာမြင်သာအောင် စာတမ်းထိုးထားတဲ့နည်း တမျိုးမျိုးနဲ့ ကိုယ့်တောင်းဆိုမှုကို တစိုက်မတ်မတ်ပြနိုင်ပါတယ်။

လူတိုင်း ဣနြေ္ဒမပျက်သုံးသွားနိုင်တဲ့နည်းက ရင်ထိုးစာတမ်းလေးတွေ ကပ်တဲ့နည်းပါပဲ။ လူတိုင်းလူတိုင်း တသံတည်းထွက်တာထင်ရှားအောင် တနိုင်ငံလုံးလိုလားချက်ကို တောင်းဆိုချက်တခုအဖြစ် သတ်မှတ်ဖော်ပြဖို့ပါပဲ။ • ဒီလို အနုနည်းနဲ့တောင်းဆိုနည်းတွေဟာ အာဏာရှင်စနစ်အောက်လုံးဝရောက်နေတဲ့ န.ဝ.တ. ခေတ် န.အ.ဖ. ခေတ် တွေမှာ တိုးမပေါက်ဘဲ အကြမ်းဖက်နှိမ်နင်းခံခဲ့ရတာကို အားလုံးသိပြီးသားပါ။ ဒါကြောင့် အခုလို နိုင်ငံတကာနဲ့ အဆက်မဖြတ်ရဲလို့ လူမြင်ကောင်းရုံ မဆိုစလောက် ဒီမိုကရေစီလေးပေးထားတုန်း လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကိုလုပ်ပြီး အမြန်ဆုံးလွတ်မြောက်အောင် ရုန်းထွက်ကြဖို့လိုပါတယ်။ • မတရားဖမ်းဆီးနှိပ်ကွပ်ခံရမယ့်ခေတ်မျိုးမရောက်ချင်ကြဘူး မဟုတ်လား။ • လူ့အခွင့်အရေးလည်း အပြည့်အဝလိုချင်ကြတယ် မဟုတ်လား။ • သွေးထွက်သံယိုလည်း မမြင်ချင်ကြဘူး မဟုတ်လား။ ဒီတော့ အနုနည်းလေးနဲ့ အားစိုက်ပြီး ရုန်းလိုက်ကြပါ။ အခွင့်အရေးကောင်းဟာ နှစ်ခါပြန်မလာတတ်ဘူးဆိုတာ သတိချပ်ပါ။

ဦးဝင်းမောင်
အော့စလို၊ နော်ဝေ 24.06.2014

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...