Monday, July 14, 2014

ဖက်ဒရယ်အရေးလား...ဗဟိုဦးစီးမှုဖြေလျှော့ရေး (Decentralization)လား...(အပိုင်း-၃)

လင်း သက် July 11, 2014 at 5:02am
တိုင်းဒေသကြီးများကို ကိုယ်စားပြုသော ကိုယ်စားလှယ်(၈၄)ဦးကို တပေါင်းတည်းသတ်မှတ်ရသည်
မှာ အကြောင်းရှိပါသည်။

ယင်းတိုင်းဒေသကြီးများတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများထဲတွင် လူမျိုးစုကြီးဖြစ်သော ဗမာ
လူမျိုးစုကို ကိုယ်စားပြုသော ပါတီကြီးများသာလျှင် အင်အားအကောင်းဆုံးဖြစ်ရာ တိုင်းရင်းသားပါတီ
များအနေဖြင့် တိုင်းဒေသကြီးများတွင် မဲရဖို့ဆိုသည်မှာ အလှမ်းဝေးလွန်းလှပါသည်။

သို့ဖြစ်၍ တိုင်းဒေသကြီးများတွင် ဗမာလူမျိုးစုကို ကိုယ်စားပြုသော ပါတီကြီးများသာလျှင် မဲအများဆုံး
အနိုင်၍ အမျိုးသားလွှတ်တော်သို့ ရောက်ရှိနိုင်ပါသည်။ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတလောင်း
(၃)ဦး၏ အမည်စာရင်းတင်သွင်းရသည်ဖြစ်ရာ အမျိုးသားလွှတ်တော်မှ (၁)ဦး၊ ပြည်သူ့လွှတ်တော်မှ
(၁)ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်များမှ(၁)ဦးကျဖြင့် တင်သွင်းရခြင်း ဖြစ်ပါသည်။
ထို့ကြောင့်
အမျိုးသားလွှတ်တော်တွင်သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်တွင်သော်လည်းကောင်း မဲအများ
ဆုံး ရရှိသည့်ပါတီများမှ တင်သွင်းသည့် သမ္မတလောင်းသည် အနည်းဆုံး ဒုသမ္မတဖြစ်ခွင့်ရှိသည်ဟု
ယေဘုယျအားဖြင့် ပြောနိုင်ပါသည်။

ထို့ကြောင့် အနည်းစုဖြစ်သော လူမျိုးစုများမှ သမ္မတဖြစ်ခွင့်မှာ ရာခိုင်နှုန်း နည်းပါးသွားသည်ဟုလည်း
ယူဆနိုင်လေသည်။ ယခုအခါတွင်မူ အမျိုးသားလွှတ်တော်တွင် တိုင်းဒေသကြီးများ၌ အချိုးကျကိုယ်စား
ပြုမှု (PR) ရွေးကောက်ပွဲစနစ်အရ၊ တိုင်းဒေသကြီးများတွင် မည်သည့် အင်အားကြီး ဗမာပါတီကမှ
ကိုယ်စားပြုခွင့်အပြတ်အသတ်ရရှိတော့မည်မဟုတ်ရာ ယင်းအခြေအနေတစ်ရပ်မှ ရှောင်လွှဲနိုင်ခဲ့ပြီဟု
ဆိုနိုင်ပါသည်။

ထို့အပြင် အမျိုးသားလွှတ်တော်ရှိ တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်များ၏ (၈၄)မဲကသာ ညီညွတ်
ပါလျှင် ပြည်နယ်(၇)ခုမှ အလှည့်ကျစနစ်ဖြင့် ဒုတိယသမ္မတတစ်ဦးကျပင် တက်လုပ်နိုင်သေးသည်ဟု
ဆိုနိုင်ပါသေးသည်။

အကယ်၍သာ ယခု ရွေးကောက်ပွဲစနစ်အတိုင်း သွားမည်ဆိုလျှင် ၂၀၁၅ ခုနှစ်၏ လွှတ်တော်နိုင်ငံရေး
အခြေအနေမှာ တပ်မတော်သား ၂၅ % ၏ မဲဆန္ဒအပေါ်တွင် မူတည်တော့မည်ဖြစ်ပါသည်။ အမျိုးသား
လွှတ်တော်အဆင့်တွင် အဆိုတစ်ခု သို့တည်းမဟုတ် ဥပဒေတစ်ခုပြုတိုင်းတွင် တပ်မတော်သား ၂၅%
မှ သဘောတူသည့်ဘက်သည် အောင်မြင်နိုင်မည်/အတည်ပြုနိုင်မည်ဟု မှတ်ချက်ပြု၍ ရပါသည်။


ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၏ နောက်ထပ်အားနည်းချက်တစ်ခုမှာ အမျိုးသားလွှတ်တော်
နှင့် ပြည်သူ့လွှတ်တော်တို့အား အာဏာတူညီစွာပေးအပ်ထားမှုပင် ဖြစ်ပါသည်။


ဖက်ဒရယ်နိုင်ငံများ၏နှုန်းစံအရ လွှတ်တော်နှစ်ရပ်ရှိရမည်ဖြစ်ရာ၊ အထက်လွှတ်တော်(Upper Congress)
(မြန်မာနိုင်ငံတွင် အမျိုးသားလွှတ်တော်)သည် ပြည်နယ်များ သို့တည်းမဟုတ် လူမျိုးစုများကို ကိုယ်စား
ပြုထားခြင်း ဖြစ်ပါသည်။


ယင်းလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်များ သို့တည်းမဟုတ် လူမျိုးစုများအား ပေး
အပ်ထားသော အခွင့်အာဏာများကို မထိပါးစေရန်အတွက်သော်လည်းကောင်း၊ ပြည်နယ်များ သို့တည်း
မဟုတ် လူမျိုးစုများ၏ အကျိုးစီးပွါးများကို ကာကွယ်ရန်အလို့ငှာ သော်လည်းကောင်း ဖွဲ့စည်းထားရှိခြင်း
လည်း ဖြစ်ပါသည်။


ထို့ကြောင့်ပင်လျှင် ဖက်ဒရယ်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင်
အထက်လွှတ်တော်၏ သုံးပုံ၊ နှစ်ပုံ (၇၅%)သော ထောက်ခံအတည်ပြုချက်ပါရမည်ဟု ထည့်သွင်းပြဌာန်း
လေ့ရှိတတ်ကြပါသည်။


သို့ရာတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ လွှတ်တော်နှစ်ရပ်အား အာဏာတူညီစွာ အပ်နှင်း
ထားမှုသည် ကိုယ်စားလှယ်အရေအတွက် ၄၄၀ ဦးရှိသော ပြည်သူ့လွှတ်တော်၏ လွှမ်းမိုးမှုအောက်သို့
အမျိုးသားလွှတ်တော်ကို ကျရောက်သွားစေပါတော့သည်။

အကြောင်းရင်းမှာ အမျိုးသားလွှတ်တော်၏ ဦးရေ စုစုပေါင်းမှာ (၂၂၄) ဦးသာ ရှိနေပြီး၊ ယင်းထဲမှ ယခု
ဆောင်းပါး၏ ရှေ့ပိုင်းမှာ ဖေါ်ပြထားသကဲ့သို့ မဲ ကွဲပြားနေသည်ဖြစ်ရာ အမျိုးသားလွှတ်တော်သည် ဥပ
ဒေပြုခြင်း၊ ပြင်ခြင်းနှင့် အဆိုတင်သွင်းဆုံးဖြတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၌  ပြည်ထောင်စုလွှတ်တော်
တွင် မဲခွဲဆုံးဖြတ်ပါက ပြည်သူ့လွှတ်တော်ကို သင်္ချာနည်းအရ တွက်ချက်လျှင် အမြဲတစေအရေးနိမ့်နိုင်ပါ
သည်။


ဤနေရာတွင် ပြည်သူ့လွှတ်တော်တွင်လည်း ပြည်နယ်များမှ တစ်မြို့လျှင် (၁)ဦးကျစီ ပါဝင်နေသည်ဟု
စောဒက တက်နိုင်ပါသည်။ သို့သော် တိုင်းဒေသကြီး (၇)ခုတွင် ရှိသော မြို့အရေအတွက်မှာ (၂၀၇)ရှိ
သည်ဖြစ်ရာ ကိုယ်စားလှယ်အရေအတွက် (၂၀၇)ဦး ဖြစ်နေပြီး၊  ပြည်နယ်များရှိ မြို့အရေအတွက်မှာမူ
(၁၂၃)မြို့သာ ဖြစ်သည့်အတွက် ကိုယ်စားလှယ်ဦးရေ(၈၄)ဦး ကွာဟနေမည် ဖြစ်သည်။


ယင်း (၈၄)ဦးသောအရေအတွက်သည် အမျိုးသားလွှတ်တော်ရှိ ပြည်နယ်များကို ကိုယ်စားပြုသော ကိုယ်
စားလှယ်အရေအတွက်ဖြစ်သည့် (၈၄)ဦးနှင့် အရေအတွက်တူညီသည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်
တွင် မဲခွဲဆုံးဖြတ်လျှင် ပြည်နယ်ကိုယ်စားပြုသော (၈၄)မဲကို ပြည်သူ့လွှတ်တော်မှ တိုင်းဒေသကြီးများရှိ
မြို့နယ်များကို ကိုယ်စားပြုသော (၈၄)မဲနှင့်ပင် ချေပစ်၍ ရနေပါသည်။

ပိုမိုရှင်းလင်းစေရန် တွက်ပြပါမည်။

ပြည်နယ်(၇)ခုတွင် (၁၂၃)မြို့ရှိသည့်အတွက် တစ်မြို့လျှင် ကိုယ်စားလှယ်တစ်ဦးကျနှုန်းဖြင့် ကိုယ်စားလှယ်
စုစုပေါင်း-(၁၂၃)ဦး။


တိုင်းဒေသကြီး(၇)ခုတွင် (၂၀၇)မြို့ရှိသည့်အတွက် တစ်မြို့လျှင် ကိုယ်စားလှယ်တစ်ဦးကျနှုန်းဖြင့်၊ ကိုယ်စား
လှယ် စုစုပေါင်း-(၂၀၇)ဦး။


တပ်မတော်သားကိုယ်စားလှယ်၂၅%ဖြစ်သည့်အတွက် တပ်မတော်သားကိုယ်စားလှယ် စုစုပေါင်း(၁၁၀)ဦး။

သို့ဖြစ်၍-

ပြည်နယ် (၁၂၃)ဦး + တိုင်းဒေသကြီး (၂၀၇)ဦး + တပ်မတော်သား (၁၁၀) = ၃၃၀ ဦး

ပြည်ထောင်စုလွှတ်တော်ရှိ ပြည်နယ်များကို ကိုယ်စားပြုသော ကိုယ်စားလှယ်အရေအတွက် အားလုံး စုစု
ပေါင်းမှာ -

အမျိုးသားလွှတ်တော် (၈၄)ဦး + ပြည်သူ့လွှတ်တော် (၁၂၃)ဦး = ၂၀၇ ဦး

ပြည်ထောင်စုလွှတ်တော်ရှိ တိုင်းဒေသကြီးများကို ကိုယ်စားပြုသော ကိုယ်စားလှယ်အရေအတွက် အားလုံး
စုစုပေါင်းမှာ -

အမျိုးသားလွှတ်တော် (၈၄)ဦး + ပြည်သူ့လွှတ်တော် (၂၀၇)ဦး = ၂၉၁ ဦး

ပြည်ထောင်စုလွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်အရေအတွက် အားလုံးစုစုပေါင်းမှာ -

အမျိုးသားလွှတ်တော် (၅၆)ဦး + ပြည်သူ့လွှတ်တော် (၁၁၀)ဦး = ၁၆၆ ဦး

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်းမှာ-

ပြည်နယ် (၂၀၇) + တိုင်းဒေသကြီး (၂၉၁) + တပ်မတော်သား (၁၆၆) = ၆၆၄ ဦး ဖြစ်ပါသည်။

ရွေးကောက်ပွဲများတွင် တိုင်းဒေသကြီးများကို အခြေခံသော ဗမာပါတီကြီးများကသာ လွှမ်းမိုးအနိုင်ယူသွား
မည်ဖြစ်ရာ လွှတ်တော်ထဲတွင်လည်း ထိုပါတီကြီး၏လွှမ်းမိုးမှုသာ ပိုမိုအားကောင်းနေဦးမည် ဖြစ်ပါသည်။


ဖြစ်လာမည့်နောက်ဆက်တွဲပြဿနာမှာ တိုင်းဒေသကြီးများကိုလွှမ်းမိုးနိုင်သည့် ကိုယ်စားလှယ်အများဆုံးရသည့်
ပါတီကြီးမှ ပြည်နယ်များ၏ ဥပဒေပြုခွင့် အာဏာကို ကန့်သတ်လာလျှင်သော်လည်းကောင်း၊ လျှော့ချလိုလျှင်

သော်လည်းကောင်း ပြည်နယ်များမှာ လည်စင်းခံရမည်သာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပြည်နယ်များသည်
မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ခြင်းမရှိဟူ၍ပင် ဖြစ်သည်။

ဥပမာအားဖြင့်- ယခု အစိုးရသက်တမ်းတွင် တိုင်းဒေသကြီးများကို ကိုယ်စားပြု၍ ကိုယ်စားလှယ်သည့် ဗမာ
အင်အားကြီးပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်ပါသည်။ ယခု PR စနစ်ကို
တိုင်းဒေသကြီး(၇)ခုတွင် အသုံးပြုရန် NDF ပါတီမှ စတင်တင်သွင်းရာ လွှတ်တော်မှ အတည်ပြုခဲ့ပြီ ဖြစ်ပါ
သည်။

နောက်ခံအကြောင်းရင်းမှာ ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲတွင် ဗမာလူမျိုးစုတို့အများဆုံးနေထိုင်ရာ တိုင်းဒေသ
ကြီး(၇)ခုတွင် NLD ပါတီမှသာ အပြတ်အသတ် အနိုင်ရမည်ဖြစ်ရာ၊ ကျန်ဗမာပါတီအားလုံး ကိုယ်စားလှယ်
တစ်ဦး တစ်လေပင် ရရှိရန် ခက်ခဲမည့် အနေအထားဖြစ်ပါသည်။

ဤအခြေအနေမျိုးတွင် PR စနစ်ကျင့်သုံးခြင်းဖြင့် NLD ပါတီရရှိမည့် ကိုယ်စားလှယ်ခွဲတမ်းနေရာတစ်ချို့ကို
ကျန်ဗမာပါတီများမှ ရရှိနိုင်တော့မည်ဖြစ်ပါသည်။ ထို့ကြောင့်ပင်လျှင် PR စနစ်ကို NLD ပါတီက ငြင်းဆန်
ကန့်ကွက်နေခြင်း ဖြစ်ပါသည်။


သို့ရာတွင် စာရေးသူ နားမလည်နိုင်သည့်ကိစ္စမှာ PR စနစ်ကို ပြည်နယ်များတွင်အသုံးမပြုပါပဲနှင့် ပြည်နယ်
များမှ ကိုယ်စားလှယ်များက NLD ပါတီနှင့်ပေါင်းပြီး အဘယ့်ကြောင့် ကန့်ကွက်နေကြသနည်း ဆိုသည်ကို
ဖြစ်ပါသည်။


အမှန်တစ်ကယ်တွင် တိုင်းဒေသကြီးများတွင် PR စနစ် အသုံးပြုမည့် အရေးသည် ပြည်နယ်များအတွက်
အားသာချက်ဖြစ်မည့်အရေးပင် ဖြစ်သည်။


အကယ်၍ PR စနစ်ကို တိုင်းဒေသကြီးများတွင်သာမက ပြည်နယ်များတွင်ပါ ကျင့်သုံးမည်ဆိုပါက ပြည်နယ်
များအတွက် နစ်နာမည် ဖြစ်လေသည်။ သို့ဆိုလျှင် ပြည်နယ်များမှ ကန့်ကွက်ရမည် ဖြစ်သည်။ ယခု အခြေ
အနေမျိုးတွင်မူ ပြည်နယ်များအနေဖြင့် လက်ပိုက်ကြည့်ပြီး အေးအေးဆေးဆေးနေရုံသာ ရှိပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နောက်ထပ်အားနည်းချက်တစ်ခုကို တင်ပြလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေများ
တွင် ပြင်ဆင်ရန် လွယ်ကူသော ဖွဲ့စည်းပုံ (Flexible Constitution)နှင့် ပြင်ဆင်ရန် ခက်ခဲသော  (Rigid
Constitution)ဟူ၍ နှစ်မျိုးရှိရာ ဖက်ဒရယ်နိုင်ငံများတွင် ပြင်ဆင်ရန်ခက်ခဲသော  (Rigid Constitution)ကို
အသုံးပြုခြင်းသည် ဓမ္မတာပင် ဖြစ်သည်။


သို့ရာတွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် လိုအပ်သည်ထက်ပို၍ Rigid ဖြစ်လွန်းခြင်း၊ အလွန်အသေး
စိတ် တိကျလွန်းခြင်းတို့ဖြင့် ပြီးပြည့်စုံပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေသည် ဖေါင်းပွလွန်းသည့်ဥပဒေဟု ဆိုရမည်ဖြစ်ပေသည်။ ယင်းအချက်များကပင်လျှင် မြန်မာ့
နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ကို ပိုမိုရှုပ်ထွေးစေသည်ဟု ယူဆမိပါသည်။

တစ်ကယ်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ပြဌာန်းချက်များသည် လွန်စွာအသေးစိတ်တိကျနေရန်
မလိုပါ။ အခြေအနေအပေါ်မူတည်၍ ဥပဒေဘောင်အတွင်းမှ လိုအပ်သလို လှုပ်ရှားကစားနိုင်ရန် ရေးသား
ထားသင့်ပါသည်။

ဥပမာအားဖြင့် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာခွဲဝေရေးကဏ္ဍ၌ အသေးစိတ်
တိကျစွာ ပြဌာန်းမထားသဖြင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေအပေါ်မူတည်ကာ ဖက်ဒရယ်စနစ်
အမျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးသွားနိုင်သည်ကို တွေ့နိုင်ပါသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖက်ဒရယ်နိုင်ငံဖြစ်စေမှုမှ လမ်းချော်နေသည့် အဓိကအချက်
နှစ်ခုမှာ သဘာဝသယံဇာတခွဲဝေရေး (Resource Sharing)နှင့် အခွန်ကောက်ခံမှုစနစ်တို့ပင် ဖြစ်သည်။


၂၀၀၈ဖွဲ့စည်းပုံအရ အာဏာခွဲဝေရာတွင် ဥပဒေပြုခွင့်အာဏာအများစုကို ဗဟိုမှချုပ်ကိုင်ထားသည့်အပြင်
သဘာဝသယံဇာတခွဲဝေရေး (Resource Sharing)အပိုင်းကိုလည်း ဗဟိုမှပင် အလုံးစုံချုပ်ကိုင်ထားသည်
ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအတွက် ကြပ်တည်းသည့်အခြေအနေကို ကြုံတွေ့ နေ
ရသည်မှာ အဆန်းတကြယ် မဟုတ်တော့ချေ။

ထို့အပြင် အခွန်ကောက်ခံရာတွင်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ အခွန်ကောက်ခံပိုင်ခွင့် ဇယား
(၅)အရ အခွန်ရပိုင်ခွင့်မှာ နည်းပါးလွန်းနေပြန်ရာ ယင်းဒေသများ၏အစိုးရများသည် မိမိတို့ဒေသများ ဖွံ့ဖြိုး
တိုးတက်စေရေးအတွက် စီမံကိန်းများ အကောင်အထည်ဖေါ်ဆောင်ရန် ဘတ်ဂျက်ကို ဗဟိုအစိုးရထံမှ
လက်ဖြန့်တောင်းခံရန်သာ ရှိပေတော့သည်။


အင်ဒိုနီးရှားနိုင်ငံတွင်လည်း ယင်းကဲ့သို့ ဖြစ်စဉ်မျိုးကို ကြုံတွေ့ဖူးပါသည်။ ၁၉၉၉ခုနှစ်၊ ဥပဒေအမှတ် (၂၂)
ကို အကောင်အထည်ဖေါ်စဉ်က ဒေသန္တရအစိုးများသည် အခွန်အကောက်များ မရရှိသည့်အတွက် လုပ်ငန်း
တာဝန်များ၊ စီမံကိန်းများကို အကောင်အထည်ဖေါ်ဆောင်ရန် များစွာနှောင့်နှေးတုန့်ဆိုင်းခဲ့ရသည်ကို တွေ့
ရပါသည်။


ဒေသန္တရအစိုးရများအနေဖြင့်လည်း ယင်းတို့အတွက် အခွန်ရရှိနိုင်မည့် လုပ်ငန်းများကိုသာ စိတ်ဝင်စား
တတ်ပြီး၊ မိမိတို့ အစိုးရအသုံးစရိတ်ထဲမှ ကျခံကုန်ကျရမည့် လုပ်ငန်းမျိုးဆိုလျှင် မျက်ကွယ်ပြုလေ့ရှိတတ်ကြ
သည်။

Decentralization ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရှိသည့်ပြဿနာတစ်ချို့မှာ လုပ်ငန်းတာဝန်ခွဲဝေမှုအပိုင်းတွင် မူလ
က အာဏာချုပ်ကိုင်ထားသည့် ဗဟိုဝန်ကြီးဌာနများက ဒေသန္တရအစိုးရများက ဒေသန္တရအစိုးရများကို အာ
ဏာ ခွဲဝေပေးရန် လွန်စွာတွန့်တိုဝေလေးနေတတ်ခြင်း၊ ဒေသန္တရအစိုးရများကို ဗဟိုမှ လုပ်ငန်းလမ်းညွှန်၊
စံနှုန်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရာတွင် အချိန်ကြန့်ကြာလွန်းသဖြင့် ဒေသန္တရအစိုးရများအတွက်
အကောင်အထည်ဖေါ်ရန် အခက်တွေ့စေနိုင်ခြင်း၊ဒေသန္တရအစိုးရများတွင်လည်း လုပ်ငန်းများ အကောင်
အထည်ဖေါ်ဆောင်ရန် စွမ်းရည် (Capacity) ချို့တဲ့ခြင်း၊ စသည့်အချက်များ ဖြစ်ကြပါသည်။


မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော်မှ ပြုလိုက်သည့်ဥပဒေများသည် သက်ဆိုင်ရာဝန်ကြီးဌာနများမှ
နည်းဥပဒေ မရေးဆွဲပေးပါက အသုံးပြုနိုင်ခြင်းမရှိသေးချေ။ ယင်းအချက်သည်လည်း Decentralization
ပြုလုပ်ရာတွင် အတားအဆီးဖြစ်နေပါသည်။


အကယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်သာ ဥပဒေပြုခွင့်အာဏာပိုမိုရှိထားပါက၊ သို့တည်းမဟုတ်
Reserved Power ရှိထားပါက၊ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေးစိတ်တိကျလွန်းစွာ ရေးဆွဲ
မထားပါက ဗဟိုအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများမှ နည်းဥပဒေများရေးဆွဲခြင်း၊ မရေးဆွဲခြင်းသည်
ပြည်နယ်များကို များစွာအနှောက်အယှက်ပေးနိုင်လိမ့်မည် မဟုတ်ချေ။


နောက်ဆုံးတစ်ချက်အနေဖြင့် ထောက်ပြလိုသည်မှာ ဖက်ဒရယ်နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏
ကြီးစိုးလွှမ်းမိုးမှု(Supremacy of Constitution)စေရန် အကောင်အထည်ဖေါ်ပေးရသော ဖွဲ့စည်းပုံအခြေခံ
ဥပဒေခုံရုံး(Constitutional Tribunal)၏ အရေးပါမှုပင် ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ဖက်ဒရယ်နိုင်ငံများတွင် မရှိမဖြစ် ပါရှိရသည့် ဗဟိုအစိုးရနှင့် ပြည်နယ်
အစိုးရအကြားတွင်သော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းကြားတွင်သော်လည်းကောင်း၊ အငြင်း
ပွားမှုများ၊ ပဋိပက္ခများဖြစ်ပေါ်လာခဲ့ပါက ဖြေရှင်းဆုံးဖြတ်ပေးနိုင်သည့် ဗဟိုတရားစီရင်ရေးဋ္ဌာန ပင် ဖြစ်
လေသည်။

ယင်း ဗဟိုတရားစီရင်ရေးဋ္ဌာနဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တချို့သော ဖက်ဒရယ်နိုင်ငံများတွင်
အခြေခံဥပဒေဆိုင်ရာတရားရုံး (Constitutional Court)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကောင်စီ
(Constitutional Council)၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခန်းမ(Constitutional Chamber)ဟု ခေါ်ဆို
လေ့ရှိပြီး၊ အမေရိကန်နိုင်ငံတွင်မူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး (Supreme Court)ဟု ခေါ်တွင်
သည်။


ဖက်ဒရယ်နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး သို့တည်းမဟုတ် တရားလွှတ်တော်ရုံး (Supreme
Court)ဟု ခေါ်တွင်သည်။


ဖက်ဒရယ်နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး သို့တည်းမဟုတ် တရားလွှတ်တော်ချုပ်ရုံးသည် နိုင်ငံ
တော်၏ အမြင့်ဆုံးဖြစ်ပြီး၊ ယင်းတရားရုံး၏ ဆုံးဖြတ်ချက်သည်သာ နောက်ဆုံးအတည်ဖြစ်ပါသည်။


အမေရိကန်နိုင်ငံ၏ တရားလွှတ်တော်ချုပ်ရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပါယ်ဖွင့်ဆိုခြင်း
ဖြင့် ဖက်ဒရယ်စနစ်ကို အပြောင်းအလဲဖြစ်စေခြင်း၊ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ လူမျိုးရေးဆိုင်ရာကိစ္စ
ရပ်များကို ဆုံးဖြတ်ချက်ချနိုင်ခြင်း စသည့် ထူးခြားသောအခွင့်အာဏာများကို တခြားနိုင်ငံများထက် ပိုင်စိုး
မှုရှိသည်။


မြန်မာနိုင်ငံတွင် ပြည်ထောင်စုတရားလွှတ်တော်ရုံးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဟူ၍
အမြင့်ဆုံးသော တရားရုံးနှစ်ရုံးရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျင်းသည့်
ကိစ္စရပ်များကို ဆုံးဖြတ်နိုင်ပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကမူ ခုံရုံး၏စီရင်ပိုင်ခွင့်များကိုမထိခိုက်
စေပဲ တခြားသောပြစ်မှုဆိုင်ရာဥပဒေများ၊ တရားမမှုများကို ကိုင်တွယ်ဖြေရှင်းခွင့်ရှိပါသည်။

ယင်းသို့သော မြန်မာနိုင်ငံ၏ အမြင့်ဆုံးသောတရားစီရင်ရေးဌာနနှစ်ခုရှိသည့် ပုံသဏ္ဍာန်မှာ သြစတြီးနိုင်ငံ
နှင့် စနစ်တူညီပါသည်။


မတူညီသည့်အချက်မှာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အာဏာမှာ ကန့်သတ်ချက်များ
ရှိနေခြင်းပင် ဖြစ်လေသည်။ အားနည်းဖျော့တော့လွန်းသည့် အခြေခံဥပဒေခုံရုံးအနေဖြင့် ဗဟိုအစိုးရနှင့်
ပြည်နယ်အစိုးရများအကြားသော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းကြားတွင်သော်လည်းကောင်း အာ
ဏာ ခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေအတင်များ ဖြစ်ပေါ်လာပါက
ကြားဝင်ဖြေရှင်းပေးနိုင်သည့် အခြေအနေတွင် မရှိချေ။


အဆိုပါအချက်ကပင်လျှင် နှုတ်ခမ်းမွှေးမနိုင်ဘဲ၊ ပဲကြီးဟင်း စားချင်သကဲ့သို့ ကြားဝင်ဖြေရှင်းပေးမည့်
လွတ်လပ် မျှတသော အဖွဲ့အစည်းမရှိပဲနှင့် အာဏာခွဲဝေရေးချင်ခြင်းတက်နေသလို ဖြစ်နေပါသည်။


ထို့အပြင် ဗဟိုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှုတွင် တရားစီရင်ရေးအာဏာကို ဗဟိုမှသာ ချုပ်
ကိုင်ထားဆဲဖြစ်ရာ၊ ပြည်နယ်များတွင် ပြစ်မှုဆိုင်ရာ ဥပဒေများ ပြုနိုင်လျှင်ပင် ယင်း ဥပဒေအတိုင်း စီရင်
ဆုံးဖြတ်နိုင်သည့် ပြည်နယ်တရားရုံးများ ရှိမနေတော့ပေ။ ယခုပြည်နယ်တရားများသည် ဗဟိုအစိုးရ၏
အမိန့်ညွှန်ကြားချက်အောက်တွင်သာ ဆက်လက်တည်ရှိဆဲဖြစ်ပါသည်။


ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေး(Rule of Law)သည် အသက်ဖြစ်ပြီး၊ ဒီမိုကရေစီမပါသော
ဖက်ဒရယ်သည်လည်း အနှစ်သာရကင်းမဲ့နေပါလိမ့်မည်။

တရားစီရင်ရေးနှင့် ငွေကြေးဆိုင်ရာ ဖြေလျှော့မှုမပါသော မြန်မာနိုင်ငံ၏ Decentraliation Process
သည် ကိုယ်ပိုင်အုပ်ချုပ်ရေး (Self-Administered power) ပိုမိုကျယ်ပြန့်စေရေးကိုသာ ဦးတည်နေပြီး၊
ကိုယ်ပိုင်ပြဌာန်းခွင့် (Self-Determination)မှာမူ အလှမ်းဝေးနေဆဲဟု သုံးသပ်၍ ရနိုင်ပါသည်။

သို့ဆိုလျှင် ပြည်ထောင်စု၏ဥပဒေပြုစာရင်း၊ ဇယား(၂)ထဲတွင်ပါသည့် ပြည်ထောင်စုအစိုးရ၏ဥပဒေပြုခွင့်
အာဏာများထဲမှတစ်ချို့ တစ်ဝက်ကို  ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရများ၏ဥပဒေပြုစာရင်း၊
ဇယား(၂)ထဲသို့ ရွှေ့ပြောင်းလိုက်လျှင် ဖက်ဒရယ်ဖြစ်ပြီဟု ပြောဆိုနေမှုများသည် မှန်ကန်ပါဦးမည်လော။

တစ်နည်းအားဖြင့် Decentralization ပြုလုပ်ခြင်းဖြင့် ဖက်ဒရယ်၏အနှစ်သာရကို ပုံပေါ်စေနိုင်မည်လော
ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါတော့သည်။



-လင်းသက်-

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...