Sunday, July 13, 2014

မျှော်တိုင်းဝေးတဲ့ရွှေပြည်တော်..


နိုင်ငံခြားတွင်ဘွဲ့ရပြီး အသက်၃၅-၄၀ တန်း မြန်မာနိုင်ငံသားတချို့ အမိမြေကို ပြန်လာချင်ကြောင်း၊ အမိမြေတွင် အိုးမကွာအိမ်မကွာ ခေါင်းချလုပ်စားလိုကြောင်း ရင်ဖွင့်ကြသည်။ တချို့အရာများသည် အမှန်အတိုင်းပြောရလျှင် နားထောင်မကောင်းတတ်ပါ။ နားထောင်ရွေ့မကောင်းတတ်ပါ။ သို့သော် အမှန်တွေသာဖြစ်ပါသည်။


၁၉၉၆ အရေးတော်ပုံအပြီး ကျောင်းတွေပိတ်သည်။ တချို့မော်စကို၊ တချို့ကျောင်းဖွင့်စောင့်၊ တချို့မွေးမြူရေးလုပ် (အိမ်ထောင်ပြုကလေးမွေး)၊ တချို့ နိုင်ခြံဂါးသို့ လေယဉ်ပျံကြီးနှင့် ဘွတ်နှင့်ရွှတ်နှင့် ဂိုးကြသည်။

သီချင်းရေးဆရာ "အရိုး" ရေးစပ်သီဆိုခဲ့သည့် လူလည်အာရှသား သီချင်းထဲကကဲ့သို့ပင်ဖြစ်သည်။ အိမ်ခြံဝိုင်းရောင်း၊ ကားရောင်း၊ ရှိတာရောင်းလို့ နိုင်ငံခြားကျောင်းသွားတက်ကြသည်။ မနက်မှညနေထိကျောင်းတက်၊ ကျောင်းဆင်း စားပွဲထိုးလုပ်၊ ရှိသမျှချွေတာစား၊ အောက်အီးသည်းခံနေ၊ ကြိုးစား၊ အံကြိတ်၊ ရွှေတိဂုံပုံချိတ်၊ မိဘပုံတွေချိတ်၊ "ဘာကြီးဖြစ်ရမည်၊ ညာကြီးဖြစ်ရမည်" စသည်ဖြင့် ဗေဒင်ဆရာလက်ရေးဖြင့် ရေး အိပ်ယာထိပ်တွင်ကပ်၊ တခါတရံကလပ်တက်၊ ဟိုနားဒီနားသွားလျှင် ဒါတ်ပုံတွေပြုံးပြုံးကြီးရိုက် အမိမြေပြန်ပို့။ စသည်ဖြင့် ပြန်လမ်းနှင့်ဝေးသော ဆင်သေကောင်ထက်ငှက်ကြီးများ ၁၀နှစ် ၁၅နှစ် ၂၀နှစ် အချိန်ဖြုန်း။

ယခု ဘပြောင်လက်ထက် "သစ်ပင်ဘယ်လောက်ကြီးကြီး၊ အချိန်တန်ရင် သစ်ရွက်လေးတွေ ပင်ခြေရင်းကိုတော့ ပြန်လာရတာပဲလေ" ဆိုသော တရုတ်သမ္မတမိန်ခွန်းအတိုင်း မြန်မာပညာတတ်ဘွဲ့ရများ အမိမြေပြန်လာချင်ကြသည်။ စိတ်ကူးလိုက်လျှင် ယောကျာ်းကြီးတန်မဲ့ မျက်ရည်ပင်ဝဲမိသည်ဟု ဆိုသည်။ အားလပ်ရက်တွင် အမိမြေသို့ ပြန်လာကြသည်။ ပျော်ကြပါသည်။ အမိမြေတွင် အခြေချနေထိုင်လုပ်ကိုင်စားသောက်ဖို့ လာကြည့်ကြခြင်းသည် အဒိက အကြောင်းဖြစ်သည်။ စိတ်ကူးနှင့် လက်တွေ့ ကွာခြားလွန်းသည်။ ထောက်ခံစာသွားတောင်းလျှင် လက်ေ၇းတုန်တုန်ရီရီဖြင့် ထောက်ခံစားရေးပေးသူကို ပြုံးပြရမည်ကို မခံစားနိုင်။ စည်းကမ်းမဲ့ အမှိုက်ပြစ်ခြင်းကိုလည်း မခံစားနိုင်၊ တန်းစီခြင်းအလေ့အထ မရှိသည်ကိုလည်း မခံစားနိုင်၊ အင်တာနက်မကောင်းသည်ကိုလည်း နားလည်မပေးနိုင်၊ "အာရ်ကေ ပါတီ မြန်မာပြည်" ဆိုသော ပုဒ်မလေး-ပေးမှလုပ် ကိုလည်း လက်မခံနိုင်၊ အကြောင်းမဲ့ မီးပျက်လျှင် ပခုံးတွန့်ပြပြီး "၀ှိုင်း why why" လုပ်ပြသည်ကို မကျေနပ်၊ ပိုက်ဆံအအမ်း မပေးသည်ကို မကျေနပ်၊ ယဉ်ရပ်နားခ မပေးချင်၊ သင်လာခဲ့သော ဘာသာရပ်နှင့်သက်ဆိုင်သည့် အလုပ်မရှိ၊ ကုန်ပနီ ဟူဆိုသည်နှင့် ဘွတ်နှင့် ရွှတ် မဆိုဘိ ပိုင်ရှင်သဌေးဆိုသူပင်လျှင် စွပ်ကျယ်ဖြင့် မီးစက်နှိုက်နေရသေးသည်၊ ဘာသာရေးအကြောင်းပြ လော်စပီကာသံများ မခံစားနိင်၊ ဘယ်ဆိုင်ရောက်ရောက် ၀န်ဆောင်မှုညံဖျင်းသည့် ၀န်ထမ်းများနှင့် တွေ့ရသည်ကို မကျေနပ်နိင်သောကြောင့် ကျနော်စားပွဲထိုးလုပ်တုန်းက ဘယ်ပုံ ဘယ်ကဲ့သို့ စသည်ဖြင့် စားပွဲထိုးတိုင်းကို ဆရာဝင်လုပ်တတ်၊ ပြောင်လက်မနေသော စားပွဲများတွေ့ရတိုင်း စားပွဲထိုးလက်ဆင် ပေးတတ်၊ စသည်ဖြင့် အမိမြေတွင် ဘောင်မ၀င်သော လူတန်းစားများဖြစ်မှန်းမသိ ဖြစ်နေကြပြီး စိတ်ကူးနှင့် လက်တွေ့ ဝေးလွန်းလှသည်။

ထို့ထက်ပိုဆိုးသည်မှာ ရည်ရွယ်ထားသည့် ရည်းစားများ အိမ်ထောင်ကိုယ်စီ ရှိနေနှင့်ကြပြီးခြင်းဖြစ်သည်။ ငယ်စဉ်အိပ်မက်များသည် ရုပ်ရှင်ထဲကကဲ့သို့ ဖြစ်မလာတတ်ကြောင်း သဘောပေါက်လာကြသည်။ ထို့ထက်ပိုဆိုးသည်မှာကား ၄င်းတို့ နိုင်ငံခြားတွင် အောက်ခြေသိမ်းလုပ်ရင်းကျောင်းးတက်နေစဉ် ကားပွဲစားလိုလို၊ ကျောက်ပွဲစားလိုလို သူငယ်ချင်းများက ယခုအချိန်တွင် ပညာရေး မပြီးဆုံးးသေးပဲ အိမ်ခြံမြေများစွာပိုင်ဆိုင်ပြီး သိန်းထောင်သောင်းဂဏန်းကို ကလေးဂေါ်လီပစ်သကဲ့သို့ ပြောဆိုနေနိုင်ခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကားခေတ်၊ ရွှေခေတ်၊ မြေခတ်၊နေပြည်တော်ခေတ် စသည့် ခေတ်လေးခေတ်ထဲမှ တခေတ်ခေတ်ကို မီလိုက်သူသည် မိုးနှင့်မြေကဲ့သို့ ကွာသွားသည်။ လုပ်ငန်းလုပ်သူသည် မည်သည့်လုပ်ငန်းပဲလုပ်လုပ် ယခုအချိန်တွင် မြေသမားကို လိုက်မမှီ ဖြစ်နေသည်။ အီအချက်သည် နိုင်ငံခြားပြန်ဘွဲ့ရများ အခံရအခက်ဆုံးအချက်ဖြစ်နေသည်။ ဘ၀ပေါင်းများစွာ ရှာမှ ရမည့် မြေကွက်များ ကျောင်းမပြီးသောာ ကိုယ့်သူငယ်ချင်းများ ပိုင်ဆိုင်နေကြသည်ကို ကြားရလျှင် ၀မ်းနည်းဝမ်းသာာဖြစ်ကြရသည်။

ကျောင်းးသွားတက်ဖို့ ရောင်းခဲ့ရသော အိမ်မြေများ ကျောင်းမတက်ဖြစ်လို့ မရောင်းဖြစ်ခဲ့လျှင် သူလည်း ထွီလျံနာ (တံတွေးပေါင်း တသန်း)ကြီး ဖြစ်တောာ့ မယောင်ယောင် နောင်တရမိကြောင်းပြောသည်။ မတတ်နိုင် အမှန်တရားသည် နားထောင်ရသည်မှာ နားခါးသော်လည်း အမှန်တရားသာဖြစ်သည်။ ပတ်ဝန်းကျင်တွင် ဆယ်သိန်းကျပ် ရှိပါက ဆယ်သိန်းတန်မြေကွက် ရှာဝယ်သည်။ နားလည်သူများက တရားမ၀င်ကြောင်း၊ မ၀ယ်သင့်ကြောင်း၊ ဆယ်သိန်းနှင့် တရားဝင်မြေကွက်မရနိုင်ကြောင်းပြောလည်း ကိုယ့်တန်ရာတန်ရာ ကိုယ်တတ်နိုင်တာလေးနှင့် ၀ယ်တာပဲလေ ဆိုတော့ တားရ ခက်သည်။ ၄င်းတို့မှ ၁၀ သိန်းနှင့်ဝယ်ပြီး ၄င်းတို့ကဲ့သို့သောာ လူတန်းစားများကို ၁၅သိန်းနှင့်ပြန်ရောင်း၊ ၁၅သိန်းနှင့်ဝယ်သူက ၂၀သိန်းဖြင့် ပြန်ရောာင်း၊ ၁၅သိန်းနှင့် ရောင်းသူမှ ဆယ်သိန်းတန်ပြန်ရှာဝယ် စသည်ဖြင့် မြေရောင်းဝယ်ဈေးကွက်ကြီးထွားခဲ့သည်။

ယခုအချိန်တွင် လုပ်ငန်းရှင်ဆိုသူများလက်ထဲတွင်သာာ ပိုက်ဆံ သိန်း ၁၅၀ ထွက်ဖို့ မလွယ်။ သိန်း၁၅၀ဆိုသည်မှာ ၂နှစ်စုဆောင်းမှ ရမည့်ငွေကြေးပမာဏ ဖြစ်သည်။ သို့သော် မြို့ပတ်ဝန်းကျင် လယ်သမားများ သိန်းထောင်ချီကိုင်နိုင်ကြပြီဖြစ်သည်။ လယ်တဧက တနှစ်ကို ၃သိန်းမရှာနိုင်။ ရှာနိုင်သည်ပဲထားတော့ တဘ၀လုံးရှာလျှင် လယ်တဧက သိန်း၁၂၀ပဲ ရှာနိုင်မည်။ သို့သော် ယခုလယ်တဧက သိန်း ၁၅၀ ဆိုလျှင် ၀ယ်မည့်သူတပုံကြီး။ တချို့နေရာတွေ လယ်တဧက သိန်း ၆၀၀၀ (သိန်းခြောက်ထောင်- သုညများမှားမရေးထားပါ)။ လယ်သမားဖြစ်ဖို့ပင် မလွယ်ကူ၊ လယ်သမားထက်နိမ့်ကျသည့်လူတန်းစားလို့ မရှိတော့၊ လယ်သမားပြီးလျှင် နွားပဲရှိတော့တယ်ဆိုတာ ယခင်တုန်းကဖြစ်သည်။ ယခုလယ်သမားများ လယ်တွေရောင်းကြသည် လှူကြသည်၊ Express ကားများထောာင်ကြသည်။ ၀မ်းသာမိပါသည်။

ရေးရင်းနှင့် မူလအကြောင်းအရာ လွဲသွားပါသည်။ ဆောရီးပါ။ ထိုနိုင်ငံခြားပြန်များကို ဘာမှပြောစရာ မရှိပါ။ ပုံမှန်တိုင်း နိုင်ငံခြားမှာပဲ ၀န်ထမ်းလုပ် စားရင်စား။ သို့မဟုတ် အမိမြေကို မာတီနေရှင်နယ် ကော်ပိုရေးရှင်းကြီးတွေလာမယ့် အချိန်ရောက်အောင်စောင့် ဒါပဲ ရှိတော့သည်။ အင်တာပရက်တာ (စွန့်ဦးတီထွင်သူ) လုပ်စားရအောင်လဲ ခင်ဗျားလက်ထဲ စုလာခဲ့တာလေးက တနှစ်စာ ငှါးခနဲ့ မီးစက်ဝယ်ဖို့လောက်သာ ရမည်။ ဒါတောင် ကားဈေး ကျသွားလို့။ ကျနော်တော့ ဘာအကြံမှ မပေးတတ်တော့ ပါ။ မြန်မာပြည်မှ လုပ်ငန်းတိုင်းကလည်း ဘယ်တော့ရပ်သွားမလဲဆိုတာကိုပဲ ကြောက်နေရတဲ့ အနေအထားပါ။ ထုံးးစံအတိုင်း ရုပ်လမ်း၊မှုတ်လမ်း၊စုတ်လမ်း ရမ်းလုပ်၊မှန်းလုပ်၊စမ်းလုပ်ကြရုံပေါ့

(စာရှည်သွားသဖြင့် ဆဲ နိုင်ကြပါသည်)
by Htay Win Kyi

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...