Thursday, July 10, 2014

၂၀၁၅ အတွက်​ အန်​လ်​ဒီပြင်​ဆင်​ပြီးပြီလား

ဒီက​နေ့ပြည်​သူ​တွေအားလုံးနီးပါးက​တော့ ဒီမိုက​​ရေစီဘက်​​တော်​သား​တွေပါ အန်​လယ်​ဒီပါတီ​ခေါင်း​ဆောင်​ ​ဒေါ်စု​ခေါ်​ဆောင်​ရာ လမ်း​ကြောင်းကို လိုက်​ပါစီးနင်းဖို့အသင့်​ပါဘဲဆိုတာကို​တော့ပြည်​သူအားလုံးလက်​ခံပြီးသားပါ။ ​သို့​သော်
ဒီက​နေ့အနယ်​နယ်​အရပ်​ရပ်​ရှိအန်​လယ်​ဒီ ပါတီဝင်​​တွေရဲ့ တက်​ကြွလှုပ်​ရှားမှု စည်းလုံးညီညွှတ်​မှု တို့သည်​ကြားဖြတ်​​ရွေး​ကောက်​ပွဲအလွန်​မှာ​​တော့သိသိသာသာ​လျော့နည်းလာတာကို​တွေမြင်​​နေရပါသည်​ထို့အပြင်
ပြည်​သူနဲ့တသားထဲမဖြစ်​မှု ပြည်​သူအ​ရေးကို​ဆောင်​ရွက်​ရာတွင်​အထက်​​ခေါ်ဗဟိုက​ပြောမှာဆိုမှာအပြစ်​တင်​ခံရမည်​ကိုစိုးရိမ်​​ကြောက်​ကြမှု လူထုလှုပ်​ရှားမှု​ဆောင်​ရွက်​ရာတွင်​လည်း အစိုးရနဲ့အန်​အယ်​ဒီ ​ခေါင်း​ဆောင်​အကြားမျက်​နှာပျက်​ရမှာ​ကြောက်​သလိုလိုဖြစ်​​နေတာကို​တွေမြင်​​နေရပါသည်​။

လတ်​တ​လော အန်​အယ်​ဒီလှုပ်​ရှားမှုဖြစ်​တဲ့၂၀၀၈ ဖွဲ့စည်းပုံကိုပြင်​ဆင်​​ရေးအတွက်​ ပြင်​ဆင်​ခွင့်​ ရရှိနိုင်​သည့်​လမ်း​ကြောင်းသို့မဟုတ်​တံခါး​ပေါက်​ဖြစ်​သည့်၄၃၆ ကိုပြင်
ဆင်​​ရေးလှုပ်​ရှားမှုကို ပညာတတ်​လစ်​ဘရယ်​များရှိသည့်​မြို့ပြများတွင်​သာ​ဟော​ပြောလှုံ​ဆော်​မှုများလုပ်​နိုင်​တာကိုဘဲ​တွေ့ရသည်​။
တစ်​နိုင်​ငံလုံးနီးပါးမ​ဆောင်​​ရွှက်​နိုင်​ခဲ့ပါ။
တကယ်​​တော့ နိုင်​ငံရဲ့ ၈၀% ​ကျော်​ရှိအ​ခြေခံလူတန်းစားများဖြစ်​သည့်​လယ်သမား   ​ယာသမားများ အ​ပေါ်သက်​​ရောက်​​အောင်​ထိ​ရောက်​တဲ့လှုပ်​ရှာရမှုမေ​ဆာင်​ရွက်​နိုင်​​သေးပါယင်းအားနည်းချက်​အ​ပေါ်ပြိုင်​ဘက်​ကြံဖွတ်​ပါတီကအခွင့်​​ကောင်းယူလျက်​​ကျေးရွာများကို ကွင်​ဆင်းပြီးရွာရဲ့သြဇာအာဏာအရှိဆုံးပုဂ္ဂွိုလ်​များဖြစ်​တဲ့ဘုန်းကြီး ရွာလူကြီးများနှင့်​ပူး​ပေါင်းပြီး ဘာသာ​ရေးကိုအ​ခြေပြုအ​ကြောက်းပြကာ အန်​အယ်​ဒီကို လုပ်​ကြံတိုက်​ခိုက်​ပြီးစည်းရုံး​ရေးဆင်း​နေတာကို​တွေ့ရပါသည်​။
 ဒီ​က​နေ့အစိုးရနဲ့အတိုက်​အခံကြားနိုင်​ငံ​ရေးအခင်းအကျင်းမှာ​တော့ ကြံဖွတ်​ပါတီရဲ့ တကွက်​ချန်​အခင်း အကျင်းကစားကွက်​မှာ ​ဒေါ်စုလိုက်​ကစားတဲ့အခါ ကြံဖွတ်​ပါတီက လူကျွံ​ဘော ဖမ်းကစား​နေတာကို​တွေ့ ရသည် တကွက်​မှားတကွက်​​ထောက်​နဲ့ပြည်​သူနဲ့အန်​လယ်​ဒီကြား​သွေးခွဲ သပ်​လျိုလုပ်​ရပ်​များလုပ်​​​နေတာကို​တွေ့မြင်​​နေရသည်​။
ဒါအပြင်​ကြံ ဖွတ်​ပါတီမှဖွတ်​ကြီးသုံး​ကောင်​ဖြစ်​သည့်​ ဗိုလ်​​​ရွှေမန်း​​၊ ဗိုလ်​​ဌေးဦး၊ ​ဗိုလ်​​အောင်​​သောင်းတို့သည်​ ဇူလှိုင်​ ၃ ရက်​​နေ့က လွှတ်​​တော်​ခန်းမတွင်
(1) Nld လုပ်​​ဆောင်​​နေသည့်​ ၄၃၆ ပြင်​ဆင်​​ရေးသည်​ လွှတ်​​တော်​​ပေါ်သက်​​ရောက်​မှုမရှိနိုင်
(2) Nld ကကန့်​ကွက်​​နေသည့်​ PR စနစ်​သည်​လည်း ပြည်​သူ​တွေအတွက်​ အကျိုးရှိမည်​ဆိုရင်​ ကျ​နော်​တို့အ​နေနဲ့ အသုံးပြုသွားမည်​ဖြစ်​​ကြောင်း
(3) ၂၀၁၅ တွင်​လည်းမိမိတို့ပါတီသည်​​သေချာ​ပေါက်​အနိုင်​ရလိမ့်​မည်​ဖြစ်​​ကြောင်းတို့ကိုသတင်းမီဒီယာများ​ရှေ့​မှောက်​တွင်​ ပူးတွဲသတင်းထုတ်​ပြန်​လိုက်​ခြင်းသည်​လည်း အန်​လ်​ဒီပါတီကို​ပေါ်တင်​စိန်​​ခေါ်လိုက်​ခြင်းဖြစ်​သည်
အဲဒီလိုသိသိသာသာစိန်​ခေါ်မှုများရှိသလို​အောက်​လုံးညစ်​လုံးများကို​ငွေ​ပေါ​ပေါသုံးကာလုပ်​​ဆောင်​မှုများကလည်းရှိ​နေသည်​ထို​ကြောင့်​အန်​လယ်​ဒီအ​နေနဲ့သန်​မန်​ရိုးကျ လှုပ်​ရှားမှု သို့မဟုတ်​ မိမိပါတီရဲ့အားနည်းချက်​များကိုအချိန်​မီမပြုပြင်​ဘဲ ၂၀၁၅ ကိုဝင်​ပြိုင်​ခဲ့မည်​ဆိုပါကဘရာဇီး​ဘောလုံးအသင်းကဲ့သို့အိမ်​ရှင်​အားသားချက်​​ အစဉ်​အလာရှိမှု ရာသီဥတုအသားကျမှု ​ဘောလုံးသမား​ကောင်းများစုဖွဲ့မှုများအားသာ​နေပါ​သော်​လည်း ခံစစ်​မလုံ တိုက်​စစ်​မစုံတဲ့အတွက်​ သမိုင်းဝင်​စံချိန်​အရူံးနဲ့ကြုံရသလိုကြုံ​တွေရနိုင်​​ပေသည်
ဒါ​ကြောင့်​အန်​လယ်​ဒီအ​နေဖြင့်​မိမိပါတီရဲ့အားနည်းချက်​လိုအပ်​ချက်​များကိုအချိန်​မီပြုပြင်​ဖြည့်​စွက်​ဖို့အတွက်​အ​ရေးကြီးလှပါပြီ
အန်​လ်​ဒီရဲ့အဓိကအားနည်းချက်​က​တော့
(1) ​ဒေါ်စုမရှိခဲ့ရင်​​​ဒေါ်စုလိုအရည်​အချင်းရှိတဲ့ဒေါ်ပုဆိုတာမရှိခြင်း
(2) လယ်​သမားအ​ရေးအလုပ်​သမားအ​ရေး​စတဲ့လူထုလှုပ်​ရှားမှုအားနည်းခြင်း
(3) တိုင်းရင်းသားပါတီငယ်​များကိုမစည်းရုံးနိုင်​ခြင်း
(4) လက်​နက်​ကိုင်​အဖွဲ့များအတွက်​ငြိမ်းချမ်း​ရေးလုပ်​​ဆောင်​မှုမရှိခြင်း
(5) ​ဒေါ်စုအ​နေနှင့်​တပ်​မ​တော်​ကိုနားချရလိမ့်​မည်​ဟု အထင်​​ရောက်​​နေခြင်း
(6) ၄၃၆ ပြင်​ဆင်​​ရေးလှုပ်​ရှားမှုမ​အောင်​မြင်​ခဲ့ရင်​ လူထုလှုပ်​ရှားမှု လုပ်​​ဆောင်​သွားမည်​ဟုမလှုံဆော်​ရဲခြင်း
(7)​အောက်​​ခြေပါတီဝင်​များသည်​လူထုနဲ့ကင်းကွာ​နေခြင်းတသားတည်းမဖြစ်​ခြင်း
(8) နိုင်​ငံတကာစံနူန်းများကိုဆုပ်​ကိုင်​ထားပြီးလက်​​တွေ့ပြည်​သူများဘဝနှင့့်​အစပ်​အဟပ်​တည့်​​အောက်​မစီမံနိုင်​ခြင်း
(9) ဗဟိုနှင့်​​အောက်​​ခြေ ထက်​​အောက်​ဖြစ်​​နေပြီး ​အောက်​​ခြေသည်​ဗဟိုကြည့်​၍မီးစင်​ကြည့်​လိုက်​က​နေရခြင်း
(10) ​ပါတီလှုပ်​ရှားမှုအတွက်​​အောက်​​ခြေအဆင့်​တွင်​ရန်​ပုံ​ငွေတပြားမှမရှိခြင်း
 မည်​သို့ပင်​ဖြစ်​​စေ​ဒေါ်စုအ​ပေါ်လူထုကယုံကြည်​မှု
ဗိုလ်​ချုပ်​သမီးဖြစ်​မှု နိုင်​ငံတကာမိနိုင်​ငံတကာဖ ဖြစ်​မှု ​တို့နှင့်​ခေတ်​ပညာတတ်​လစ်​ဘရယ်​ဒီမိုကရက်​တစ်​ဖြစ်​လို့ ပြည်​သူအများစုကချစ်​ခင်​ယုံကြည်​အားကိုးပြီးသားပါ
သို့​သော်​​ခေါင်း​ဆောင်​​ကောင်းတစ်​​ယောက်​တည်းနဲ့တင်​အလုပ်​မဖြစ်​​သေးပါ
တစ်​ဦးတည်းတိုက်​စစ်​​ကောင်းနှင့်​လည်းမပြီးပါ​တိုက်​စစ်​ ခံစစ်​ တွဲလုံးညီညီနှင့်​ သင်းလုံးညီညွှတ်​စွာ့ဖြင့်​လှုပ်​ရှားနိုင်​မှသာဖြစ်​နိုင်​​ပေလိမ့်​မည်
ပါတီဝင်​များအ​နေဖြင့်​လည်း​ခေါင်း​ဆောင်​ရဲ့လမ်းညွှန်​မှုဖြင့်​ အားလုံး​ခေါင်း​ဆောင်​ အားလုံးဘုံကျွန်​ဆိုတဲ့စိတ်​ဓာတ်​ပါတီအ​ပေါ်သစ္စာရှိမှု လိုက်​နာမှုပါတီရည်​ရွှယ်​ချက်​ကိုယုံကြည်​မှု တို့အမှန်​တကယ်​ရှိဖို့လိုအပ်​ပါသည်​ မိမိ​နေရာအာဏာရ​ရေးအတွက်​ခါ​တော်​မှီ ပါတီဝင်​များမဖြစ်​ဖို့အ​ရေးကြီးလှပါသည်​။
အချုပ်​ဆိုရ​သော်
၂၀၁၅ သည်​ပြည်​သူလူထုအတွက်​ ဒီမိုက​ရေစီစံနှုန်းများပြည့်​ဝသည့်​နိုင်​ငံသစ်​ကိုတည်​​ဆောက်​ဖို့အ​ရေးသည်​ ​ဒေါ်စုအ​ပေါ် မီခို​နေတာထက်​ပြည်​သူလူထုတွင်​လည်းများစွာတာဝန်​ရှိပါ​ကြောင်းကို ဒီမိုက​ရေစီဘက်​​တော်​သားတစ်​ယောက်​အ​နေဖြင့်​ ဒမိုက​ရေစီအ​ရေးကိုအကျိုး​မျှော်​၍ သတိ​ပေးနိုး​ဆော်​လိုက်​ရပါသည်​ခင်​ဗျာ။

မောင်​သာမြား

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...