Friday, July 25, 2014

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဘသုံးလုံး

Kyaw Naing's photo.

Photo: ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဘသုံးလုံး

 မြတ်ဆွေ
 

ဆရာကြီး သခင်ကိုယ်တောမှိုင်းကို ပြည်သူ့စာဆိုကြီး၊ မျိုးချစ်စာဆိုကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီး စသည်ဖြင့် သူ့ခေတ်သူ့အခါ ပြည်သူအများက အသိအမှတ် ပြုခဲ့ကြသည်။ ဆရာကြီးကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်တွင် ဖွားမြင်ရာ သီပေါဘုရင် ကိုယ့်ထီး ကိုယ့်နန်းနှင့် ရှိစဉ်က ဖြစ်သည်။ ဆရာကြီး ၁၀ နှစ်သား အရွယ်၌ သီပေါဘုရင် ပါတော်မူသွားရာ ဆရာကြီးနှင့် မြန်မာပြည်သူအပေါင်း နယ်ချဲ့သမား လက်အောက် ရောက်ခဲ့ရသည်။

 

ထိုအချိန်ကစ၍ ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ကိန်းအောင်းခဲ့သည်။ သခင် လူငယ်များနှင့် အတူ တိုင်းပြည် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေး ရပြီးသော အခါတွင်ကား ပါတီ အဖွဲ့အစည်းများ အကွဲကွဲဖြစ်ကာ နေရာအနှံ့ စစ်မီး တောက်လောင်ခဲ့သည်။

 

ဤတွင် ဆရာကြီးသည် ပြည်တွင်း ငြိမ်းချမ်းရေး ရရာရကြောင်း ဆောင်ရွက်ခဲ့သည်။ ဆရာကြီးသည် အသက် ၉၀ အရွယ်၌ လူကြီးရောဂါဖြင့် ကွယ်လွန် သွားရှာသည်။ တိုင်းပြည် ငြိမ်းချမ်းရေးကို မြင်တွေ့မသွားရ။ ဆရာကြီးသည် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အနိစ္စရောက်ခြင်း ဖြစ်ရာ ဆရာကြီး ကွယ်လွန်ခဲ့သည်မှာ နှစ် ၅၀ ကျော် ရှိလေပြီ။

 

၁၉၆၃ ခုနှစ် ကျွန်တော်သည် သတင်းထောက်ကြီးများနောက်လိုက်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား နှစ်ကြိမ်မျှ တွေ့ရှိရပြီး ဂါရ၀ပြု ကန်တော့ဖူးပါ၏။ တော်လှန်ရေး ကောင်စီက တောတွင်း အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးခေါ်ရာ ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်ဌေးနှင့်အဖွဲ့ ရောက်ရှိလာပြီး ဆရာကြီးကို လာရောက် ဂါရ၀ပြုကြစဉ်က တစ်ကြိမ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးနောက် စာရေးဆရာ အသင်းမှ စာရေးဆရာ အချို့နှင့်အတူ သွားရောက် ကန်တော့စဉ်က တစ်ကြိမ် အနီးကပ် ဂါရ၀ပြုခဲ့ရပါသည်။

 

ယခုအခါမှာတော့ ကျွန်တော်တို့သည် ဆရာကြီး၏ ခံယူချက်၊ လုပ်ဆောင်ချက်၊ မိန့်မှာချက်၊ သြ၀ါဒ စကားများကို ပြန်လည် လေ့လာကြည့်ရာ မကုန်ခမ်းနိုင်သော အဖိုးတန် ရေကြည်ရေတွင်းကြီးကို ခပ်ယူ သုံးစွဲရသကဲ့သို့ ရှိပါတော့သည်။

 

ဖဆပလ အစိုးရခေတ်က စာရေးဆရာအသင်း အစည်းအဝေးတစ်ခုသို့ နာယကအဖြစ် ဆရာကြီး သခင် ကိုယ်တော်မှိုင်း တက်ရောက်လာသည်။ စာရေးဆရာများကို ဆရာကြီးက ရင်းနှီးစွာ သြ၀ါဒစကား ပြောကြားပုံ အချို့ကို တင်ပြလိုပါသည်။

 

ဆရာကြီးက ''မင်းတို့ခေတ်က အများကြီး တော်သေးတယ်။ ဆရာတို့ခေတ်က စာတစ်ပုဒ်ကို ငွေတစ်ဆယ်လောက် ရတယ်။ ဒါတောင် ငါးကျပ်နဲ့လျော့ပြီး ၀င်ရေးကြသူတွေ ရှိတော့ တစ်ပုဒ်ငါးကျပ်ဈေး ဖြစ်သွားတယ်။ ဒါလောက်ရှိလှ မရေးတော့ဘူးဆိုပြီး ပေခံနေလိုက်တယ်။ ကျန်တဲ့သူတွေက ငါးကျပ်နဲ့ ရေးနေရာက စာတော်ပြန် ၀န်ထောက်မင်းရုံးမှာ အလုပ်ရသွားကြတယ် ကြားတယ်။

 

အကြောင်းမသိခင်က အထင်ကြီးမိတယ်။ နောက်မှသိရတာက စာတော်ပြန် ၀န်ထောက်မင်း ဆိုတာ အင်္ဂလိပ်မျက်နှာဖြူ ၀န်ထောက်၊ သူက ခေါင်းလောင်းလေးတီး ခေါ်ရင် စောစောကပြောတဲ့ ဆရာတွေက ရုံးခန်းဝမှာ ဖိနပ်ချွတ်ပြီး ၀င်ရတယ်။ ၀န်ထောက်က သူသိချင်တာမေးပြီး သွားတော့ဆိုမှ ပြန်ထွက်လာရတယ်။ ၀န်ထောက်ကို အရိုအသေပေး ၀င်ရထွက်ရတာ။ သြော် ဒီလောက်အောက်ကျတဲ့ အလုပ်တော့ မလုပ်ဖူး၊ ငတ်သေပါရစေ ဆိုပြီး ဆရာ စိတ်ဆုံးဖြတ်လိုက်တယ်။''

 

ဆရာကြီးက သူငယ်စဉ်က အတွေ့အကြုံများကို ပြောကြားပြီးနောက် ယနေ့ စာရေးဆရာများကိုလည်း မည်သို့ ကျင့်ကြံရမည်ကို မှာကြားခြင်း ပြုပါလေတော့သည်။

 

မင်းတို့ စာရေးဆရာတွေဟာ 'ဘ'သုံးလုံး ကျေဖို့လိုတယ်။

 

'ဘ'သုံးလုံး အက္ခရာ ဘယ်လို ကျေရမလဲ ဆိုတော့၊

 

၁ က ဘိုင်ကျရဲရမယ်။

 

၂ က ဘုပြောရဲရမယ်။

 

၃ က ဘာမဆို မှန်တဲ့အတိုင်း ရေးရဲရမယ်'ဟူ၍ ဖြစ်၏။

 

စာရေးဆရာများသည် ဆရာကြီး သြ၀ါဒကို သဘောကျကြသည်။ ဆရာကြီးက ဆက်လက်၍ သူကိုယ်တိုင် လစာမှန်မှန် ရသော သူရိယ သတင်းစာတိုက်က ထွက်ပြီး လခမမှန်သော ဗဟန်း ကောလိပ်ခေါ် အမျိုးသားကောလိပ်သို့ သွား၍ ရာဇ၀င်နှင့် မြန်မာစာ ပါမောက္ခ လုပ်ခဲ့ပုံ ပြောပြသည်။ ဘုန်းကြီးကျောင်းက ဆွမ်းကျန်၊ ဟင်းကျန် စားခဲ့ရသည်။

 

ဘုပြောရဲသည့် နေရာတွင် ဘုရင်ခံ ဆာဂျေအေမောင်ကြီးကိုပင် ဆရာကြီး ဘုတောဘုပြောခဲ့ဖူးသည်ဟု ဆိုသည်။ ဘာမဆို အမှန်အတိုင်း ရေးရဲရမည် ဆိုသည့်အတိုင်း ဆရာကြီးသည် ထိုခေတ်က ငါးထောင်စား၊ ခြောက်ထောင်စား ရာထူးကြီးများ ရရန် အင်္ဂလိပ်အစိုးရကို ကပ်ပါးရပ်ပါး လုပ်သူများအား 'မသာဈာပနဘွဲ့' လေးချိုးကြီးဖြင့် အုပ်ထည့်ခဲ့လေသည်။

 

ဆရာကြီးသည် ငွေကြေးကိုမမက်။ သူက မှန်ကန်သည်ဟု မထင်လျှင် ငွေများစွာရသော်လည်း မရေးခဲ့။ ဝေလမင်းသား မြန်မာပြည်လာစဉ်က ဘုန်းတော်ဘွဲ့တစ်ပုဒ် ရေးပေးပါ။ ငွေကျပ်တစ်ထောင် ဉာဏ်ပူဇော်ခ ပေးပါမည်ဟု တောင်းပန်သော်လည်း ဆရာကြီးက မရေးခဲ့ပေ။ အခြား ပုဂ္ဂိုလ်များက မျက်နှာလိုမျက်နှာရလုပ်ပြီး ရေးပေးကြသည်။

 

ဆရာကြီး သခင်ကိုယ်တောမှိုင်းက ထိုစာရေးဆရာများ အစည်းအဝေး၌ သူပြောသလို လုပ်ခဲ့ပုံများကို ဘသုံးလုံးဖြင့် ပွဲကျအောင် ဟောပြောသွားလေသည်။ ထိုစဉ်က ဆရာကြီးအသက် ၈၀ ကျော်ခန့် ရှိပြီ။
 မြတ်ဆွေ

 

ယခုသတင်းအား weeklyeleven မှကူးယူဖော်ပြသည်။

Credit;  တို့ဗမာအစည်းအရုံး Dobama Asiayone
Photo;  ကို ဘုန်းဆွေ
  
 Kyaw Naing
01.02.2014

ဆရာကြီး သခင်ကိုယ်တောမှိုင်းကို ပြည်သူ့စာဆိုကြီး၊ မျိုးချစ်စာဆိုကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီး စသည်ဖြင့် သူ့ခေတ်သူ့အခါ ပြည်သူအများက အသိအမှတ် ပြုခဲ့ကြသည်။ ဆရာကြီးကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်တွင် ဖွားမြင်ရာ သီပေါဘုရင် ကိုယ့်ထီး ကိုယ့်နန်းနှင့် ရှိစဉ်က ဖြစ်သည်။
ဆရာကြီး ၁၀ နှစ်သား အရွယ်၌ သီပေါဘုရင် ပါတော်မူသွားရာ ဆရာကြီးနှင့် မြန်မာပြည်သူအပေါင်း နယ်ချဲ့သမား လက်အောက် ရောက်ခဲ့ရသည်။

ထိုအချိန်ကစ၍ ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ကိန်းအောင်းခဲ့သည်။ သခင် လူငယ်များနှင့် အတူ တိုင်းပြည် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေး ရပြီးသော အခါတွင်ကား ပါတီ အဖွဲ့အစည်းများ အကွဲကွဲဖြစ်ကာ နေရာအနှံ့ စစ်မီး တောက်လောင်ခဲ့သည်။

ဤတွင် ဆရာကြီးသည် ပြည်တွင်း ငြိမ်းချမ်းရေး ရရာရကြောင်း ဆောင်ရွက်ခဲ့သည်။ ဆရာကြီးသည် အသက် ၉၀ အရွယ်၌ လူကြီးရောဂါဖြင့် ကွယ်လွန် သွားရှာသည်။ တိုင်းပြည် ငြိမ်းချမ်းရေးကို မြင်တွေ့မသွားရ။ ဆရာကြီးသည် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အနိစ္စရောက်ခြင်း ဖြစ်ရာ ဆရာကြီး ကွယ်လွန်ခဲ့သည်မှာ နှစ် ၅၀ ကျော် ရှိလေပြီ။

၁၉၆၃ ခုနှစ် ကျွန်တော်သည် သတင်းထောက်ကြီးများနောက်လိုက်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား နှစ်ကြိမ်မျှ တွေ့ရှိရပြီး ဂါရ၀ပြု ကန်တော့ဖူးပါ၏။ တော်လှန်ရေး ကောင်စီက တောတွင်း အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးခေါ်ရာ ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်ဌေးနှင့်အဖွဲ့ ရောက်ရှိလာပြီး ဆရာကြီးကို လာရောက် ဂါရ၀ပြုကြစဉ်က တစ်ကြိမ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးနောက် စာရေးဆရာ အသင်းမှ စာရေးဆရာ အချို့နှင့်အတူ သွားရောက် ကန်တော့စဉ်က တစ်ကြိမ် အနီးကပ် ဂါရ၀ပြုခဲ့ရပါသည်။

ယခုအခါမှာတော့ ကျွန်တော်တို့သည် ဆရာကြီး၏ ခံယူချက်၊ လုပ်ဆောင်ချက်၊ မိန့်မှာချက်၊ သြ၀ါဒ စကားများကို ပြန်လည် လေ့လာကြည့်ရာ မကုန်ခမ်းနိုင်သော အဖိုးတန် ရေကြည်ရေတွင်းကြီးကို ခပ်ယူ သုံးစွဲရသကဲ့သို့ ရှိပါတော့သည်။

ဖဆပလ အစိုးရခေတ်က စာရေးဆရာအသင်း အစည်းအဝေးတစ်ခုသို့ နာယကအဖြစ် ဆရာကြီး သခင် ကိုယ်တော်မှိုင်း တက်ရောက်လာသည်။ စာရေးဆရာများကို ဆရာကြီးက ရင်းနှီးစွာ သြ၀ါဒစကား ပြောကြားပုံ အချို့ကို တင်ပြလိုပါသည်။

ဆရာကြီးက ''မင်းတို့ခေတ်က အများကြီး တော်သေးတယ်။ ဆရာတို့ခေတ်က စာတစ်ပုဒ်ကို ငွေတစ်ဆယ်လောက် ရတယ်။ ဒါတောင် ငါးကျပ်နဲ့လျော့ပြီး ၀င်ရေးကြသူတွေ ရှိတော့ တစ်ပုဒ်ငါးကျပ်ဈေး ဖြစ်သွားတယ်။ ဒါလောက်ရှိလှ မရေးတော့ဘူးဆိုပြီး ပေခံနေလိုက်တယ်။ ကျန်တဲ့သူတွေက ငါးကျပ်နဲ့ ရေးနေရာက စာတော်ပြန် ၀န်ထောက်မင်းရုံးမှာ အလုပ်ရသွားကြတယ် ကြားတယ်။

အကြောင်းမသိခင်က အထင်ကြီးမိတယ်။ နောက်မှသိရတာက စာတော်ပြန် ၀န်ထောက်မင်း ဆိုတာ အင်္ဂလိပ်မျက်နှာဖြူ ၀န်ထောက်၊ သူက ခေါင်းလောင်းလေးတီး ခေါ်ရင် စောစောကပြောတဲ့ ဆရာတွေက ရုံးခန်းဝမှာ ဖိနပ်ချွတ်ပြီး ၀င်ရတယ်။ ၀န်ထောက်က သူသိချင်တာမေးပြီး သွားတော့ဆိုမှ ပြန်ထွက်လာရတယ်။ ၀န်ထောက်ကို အရိုအသေပေး ၀င်ရထွက်ရတာ။ သြော် ဒီလောက်အောက်ကျတဲ့ အလုပ်တော့ မလုပ်ဖူး၊ ငတ်သေပါရစေ ဆိုပြီး ဆရာ စိတ်ဆုံးဖြတ်လိုက်တယ်။''

ဆရာကြီးက သူငယ်စဉ်က အတွေ့အကြုံများကို ပြောကြားပြီးနောက် ယနေ့ စာရေးဆရာများကိုလည်း မည်သို့ ကျင့်ကြံရမည်ကို မှာကြားခြင်း ပြုပါလေတော့သည်။

မင်းတို့ စာရေးဆရာတွေဟာ 'ဘ'သုံးလုံး ကျေဖို့လိုတယ်။

'ဘ'သုံးလုံး အက္ခရာ ဘယ်လို ကျေရမလဲ ဆိုတော့၊

၁ က ဘိုင်ကျရဲရမယ်။

၂ က ဘုပြောရဲရမယ်။

၃ က ဘာမဆို မှန်တဲ့အတိုင်း ရေးရဲရမယ်'ဟူ၍ ဖြစ်၏။

စာရေးဆရာများသည် ဆရာကြီး သြ၀ါဒကို သဘောကျကြသည်။ ဆရာကြီးက ဆက်လက်၍ သူကိုယ်တိုင် လစာမှန်မှန် ရသော သူရိယ သတင်းစာတိုက်က ထွက်ပြီး လခမမှန်သော ဗဟန်း ကောလိပ်ခေါ် အမျိုးသားကောလိပ်သို့ သွား၍ ရာဇ၀င်နှင့် မြန်မာစာ ပါမောက္ခ လုပ်ခဲ့ပုံ ပြောပြသည်။ ဘုန်းကြီးကျောင်းက ဆွမ်းကျန်၊ ဟင်းကျန် စားခဲ့ရသည်။

ဘုပြောရဲသည့် နေရာတွင် ဘုရင်ခံ ဆာဂျေအေမောင်ကြီးကိုပင် ဆရာကြီး ဘုတောဘုပြောခဲ့ဖူးသည်ဟု ဆိုသည်။ ဘာမဆို အမှန်အတိုင်း ရေးရဲရမည် ဆိုသည့်အတိုင်း ဆရာကြီးသည် ထိုခေတ်က ငါးထောင်စား၊ ခြောက်ထောင်စား ရာထူးကြီးများ ရရန် အင်္ဂလိပ်အစိုးရကို ကပ်ပါးရပ်ပါး လုပ်သူများအား 'မသာဈာပနဘွဲ့' လေးချိုးကြီးဖြင့် အုပ်ထည့်ခဲ့လေသည်။

ဆရာကြီးသည် ငွေကြေးကိုမမက်။ သူက မှန်ကန်သည်ဟု မထင်လျှင် ငွေများစွာရသော်လည်း မရေးခဲ့။ ဝေလမင်းသား မြန်မာပြည်လာစဉ်က ဘုန်းတော်ဘွဲ့တစ်ပုဒ် ရေးပေးပါ။ ငွေကျပ်တစ်ထောင် ဉာဏ်ပူဇော်ခ ပေးပါမည်ဟု တောင်းပန်သော်လည်း ဆရာကြီးက မရေးခဲ့ပေ။ အခြား ပုဂ္ဂိုလ်များက မျက်နှာလိုမျက်နှာရလုပ်ပြီး ရေးပေးကြသည်။

ဆရာကြီး သခင်ကိုယ်တောမှိုင်းက ထိုစာရေးဆရာများ အစည်းအဝေး၌ သူပြောသလို လုပ်ခဲ့ပုံများကို ဘသုံးလုံးဖြင့် ပွဲကျအောင် ဟောပြောသွားလေသည်။ ထိုစဉ်က ဆရာကြီးအသက် ၈၀ ကျော်ခန့် ရှိပြီ။
မြတ်ဆွေ

ယခုသတင်းအား weeklyeleven မှကူးယူဖော်ပြသည်။

Credit; တို့ဗမာအစည်းအရုံး Dobama Asiayone
Photo; ကို ဘုန်းဆွေ

Kyaw Naing
01.02.2014

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...