Tuesday, July 29, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၇)

သစ်ထူးလွင်


Posted: 28 Jul 2014 06:00 AM PDT
 မိုးစပါးစိုက်ဖို့အတွက် အစိုးရက ချေးလေ့ရှိတဲ့ အမတော်ကြေးတွေ မရသေးလို့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်က လယ်သမားတွေ အခက်အခဲဖြစ်နေကြပါတယ်။ ဒီနှစ်မှာ ကျပ်သန်း ၇ ထောင်အထိ ချေးမယ် လို့ လျာထားတယ်ဆိုပေမယ့် အခုအချိန်ထိ စိုက်စရိတ်ချေးငွေ မရသေးတဲ့ မင်းလှမြို့နယ်ထဲက လယ်သမားတွေ အခက်တွေ့နေကြ တယ်လို့ ၀က်လှကလေးကျေးရွာအုပ်စု လယ်သမားတဦးက ပြောပါတယ်။ “ကျနော်တို့ စပါးစရိတ်ချေးပြီး လုပ်နေရတယ်။ ၂၀ နှုန်းလောက်ယူပြီး
Posted: 28 Jul 2014 05:58 AM PDT
 သြစတြေးလျ နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံဖို့ အလာ ဖမ်းဆီးမိခဲ့ပြီး ပင်လယ်ပြင်မှာ တစ်လကြာ ထိန်းသိမ်းခံ ထားရတဲ့ တမီလ် လူမျိုး ၁၅၀ ကျော်ကို သြစတြေးလျ နိုင်ငံက ထိန်းသိမ်းရေး စခန်း တခုမှာ လွှဲပြောင်း ထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ လူတွေဟာ တကယ်တမ်းမှာ နှိပ်ကွပ်မှုတွေကြောင့် ပြည်ပကို ထွက်ပြေး လာကြသူတွေ မဟုတ်ဘဲ စီးပွားရေး အရ နိုင်ငံ ရွှေ့ပြောင်း အခြေစိုက်ဖို့ ပြီးခဲ့တဲ့ လတုန်းက အိန္ဒိယ ကနေ တဆင့်
Posted: 28 Jul 2014 05:57 AM PDT
 မနေ့ညက ​Cocos ​ကျွန်းကနေ ​သြစတြေးလျ ​ပြည်မထဲကို ​လွှဲပြောင်းခံရတဲ့ ​ခိုလှုံခွင့်ခွင့်တောင်းခံသူ ​တာမေးလ် ​လူမျိုးတွေကို ​ဒီမနက်မှာပဲ ​သြစတြေးလျနိုင်ငံ ​အိန္ဒိယ ​ကောင်စစ်ဝန်ရုံးက ​၀န်ထမ်းတွေက ​စတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။ သြစတြေးလျ ​အာဏာပိုင်တွေက ​အဆိုပါ ​ခိုလှုံခွင့် ​တောင်းခံသူ ​၁၅၇ ​ယောက်ကို ​လမ်းခုလပ်မှာပဲ ​ရက်သတ္တပတ် ​အတော်ကြာ ​ထိန်းသိမ်းခဲ့တာ ​ဖြစ်ပါတယ်။ သူတို့တွေကို ​ပြန်ပို့မယ် ​မပို့ဘူး 
Posted: 28 Jul 2014 05:31 AM PDT
 တရုတ်မြန်မာနယ်စပ်မှာ မြန်မာပိုင်နယ်မြေတွေ ဧက ရာနဲ့ချီပြီး ကျူးကျော် ခံနေရတယ်လို့ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောဆို လိုက်တယ်။ ဒီ သတင်းကို ဦးမျိုးမင်းဦးက ပေးပို့ထားပါတယ်။ DVB TV - 28.07.2014
Posted: 28 Jul 2014 03:30 AM PDT
 နံနက် မိုးလင်းပြီ ဆိုတော့ ဘုရားရှိခိုး ပြီးသည်နှင့် လုပ်နေကျ အလုပ်တစ်ခုက အိမ်ရှင်မ ပီပီ မီးဖိုခန်းသို့ ဝင်ရခြင်း ပါပဲ။ လုပ်နေကျ အလုပ်ထက် အိမ်ရှင်မ တစ်ယောက်ရဲ့ တာဝန်ဆိုလျှင် ပိုမှန်မှာပါ။ အလုပ်တစ်ခုက လုပ်နေကျ ဆိုလျှင် ပုံမှန် ဘယ်အချိန်မှာ ဘာလုပ်မည် ဘယ်လို လုပ်မည်၊ စီစဉ်ထား၍ ရသည်။ သည် အချက်အပြုတ် ဆိုသည့် တာဝန်မှာ ပုံမှန် စီစဉ် ထားလို့မရ။ ယနေ့ ဝယ်ထားသော အသီးအနှံများ မနက်ဖြန် ကောင်းချင်မှ ကောင်းမည်။
Posted: 28 Jul 2014 03:21 AM PDT
 ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ထိုင်းစစ်တပ်မှု လူဦးရေ စာရင်းစစ်ဆေးမှုကို ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၅ရက်နေ့နှင့် ၂၆ရက်နေ့ နှစ်ရက်တွင် လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ “ထူးထူးခြားခြားတော့ ဘာမှမရှိပါဘူး။ သူတို့လာလုပ်တာက လူဦးရေ ဘယ်လောက်ရှိလဲ ဆိုတာတွေကိုပေါ့” ဟု ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မတီ ဥက္ကဌ မိုးဘူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။ စခန်းအတွင်း နေထိုင် သူများကို စာရင်းကောက်ယူရာတွင်
Posted: 28 Jul 2014 03:11 AM PDT
 အစာမကြေရောဂါသည် အဖြစ်အများဆုံးရောဂါဖြစ်ပြီး လူတိုင်းလူတိုင်း တစ်နေ့မဟုတ်တစ်နေ့ တစ်ကြိမ်မဟုတ်တစ်ကြိမ်တွင် ဖြစ်ပွားကြမည်ဖြစ်လေသည်။ သို့မဟုတ် ဖြစ်ဖူးခဲ့ကြမည်ဖြစ်လေသည်။ အစာမကြေရောဂါသည် အစာအိမ်ရောဂါများထဲတွင် အစဦးရောဂါဖြစ်လေသည်။ မြို့ကြီးပြကြီးတွင် နေထိုင်ကြသူများသည် တောလက်ကျေးရွာတွင် နေထိုင်သူများထက် အစာအိမ်ရောဂါများ ပို၍ဖြစ်ပွားလေ့ရှိသည်။ လူဦးရေထူထပ်ခြင်း၊ စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှု၊ေ
Posted: 28 Jul 2014 02:47 AM PDT
 ရေတာရှည် ဇူလိုင် ၂၈  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဇူလိုင်လ (၂၁) ရက်နေ့က ရေနီမြို့၊ ဇေယျသိမ်ကျေးရွာ အလယ်တန်း ကျောင်းခွဲ၌ အာဟာရ ထမင်းဟင်းစားခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ၊ ကျေးရွာ ဒေသခံ (၁၁၃) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် (၅)ရက်အကြာ ဇူလိုင်လ (၂၅) ရက်နေ့ ညနေပိုင်းက ရေနီမြို့၊ ဂွေးသုံးပင် ရပ်ကွက်တွင် ဝတ်အသင်းလှည့်သူ များကို ကုသိုလ်ရှင်များ ကျွေးသည့်ေ
Posted: 28 Jul 2014 02:37 AM PDT
 မြီးကောက်ပေါက် ၁၅ နှစ် အရွယ် ကျောင်းသူလေးတယောက်ကို လူသတ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် ရဲကဖမ်းစီးလိုက်ပါတယ်။ ဂျပန်နိုင်ငံ တောင်ပိုင်း ဆာစီဘိုမြို့မှာ အဖမ်းခံရတဲ့ ဂျပန်ကျောင်းသူလေးက သက်တူရွယ်တူ အတန်းဖော်ကျောင်းသူကို လည်မျိုညစ်၊ ရိုက်နှက်သတ်ဖြတ်လိုက်ပြီး၊ ဦးခေါင်းနဲ့ လက်တဖက်ကိုဖြတ်တောက်လှီး ဖြတ်ပစ်လိုက်ပါတယ်။ အသတ်ခံရတဲ့ ကျောင်းသူရဲ့ အလောင်းကိုသူနေတဲ့တိုက်ခန်းမှာ တွေ့ရှိပါတယ်။ သူဟာမိဘနဲ့
Posted: 28 Jul 2014 02:36 AM PDT
 အရှေ့ယူကရိန်းမှာ မလေးရှားလေယာဉ် MH17 ကို ပစ်ချခဲ့တာဟာ "စစ်ရာဇဝတ်မှု" ဖြစ်တယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိချုပ် Navi Pillay က ဆိုပါတယ်။ MH17 လေယာဉ်ကို ရုရှားထောက်ခံသူ သူပုန်တွေက ပစ်ချခဲ့တယ် လို့ ယူကရိန်းအစိုးရ နဲ့ အနောက်နိုင်ငံ အစိုးရတွေက ယုံကြည်ကြပါတယ်။ လူပေါင်း ၂၉၈ ဦး သေဆုံးပြီး အများစုဟာ ဒတ်ရှ် လူမျိုးတွေ ဖြစ်ကြပါတယ်။ ရုရှားအစိုးရ နဲ့ သူပုန်တွေကတော့ လေယာဉ်ပျက်ကျတဲ့ကိစ္စအတွက်
Posted: 28 Jul 2014 02:51 AM PDT
 ယူကရိန်း နိုင်ငံအရှေ့ပိုင်းက ပစ်ချခံရတဲ့ မလေးရှား လေယာဉ် ပျက်ကျ နေရာ ပတ်ဝန်း ကျင်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ က တိုက်ပွဲ တွေ ပြင်းထန် နေလို့ နိုင်ငံ တကာ စောင့်ကြည့် လေ့လာသူတွေရဲ့ စုံစမ်း စစ် ဆေး ရေး လုပ်ငန်းတွေ ရှုပ်ထွေး ကုန်ပါတယ်။ အကျပ်အတည်း ကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရုရှားအပေါ် စီးပွားရေးဒဏ် ခတ်ဖို့ ပြင်ဆင်နေ ပါတယ်။ တိုက်ပွဲတွေကြောင့် မလေးရှားလေယာဉ် MH17 ကို
Posted: 28 Jul 2014 02:30 AM PDT
 မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ၄၀၀ ကျော် မှတ်ပုံတင်ထားတဲ့အထဲက ၄ ပုံ ၁ ပုံ ဖြစ်တဲ့ လုပ်ငန်း ၁၀၀ ကျော်ဟာ လုံးဝ အခွန်မဆောင်ပဲ အခွန်ရှောင်နေတဲ့အတွက် စိစစ်မှုတွေ စပြီး လုပ်နေပြီလို့ ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးရဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။ လက်ရှိ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည် သာ၊ မင်္ဂလာဒုံ၊ သာကေတနဲ့ တောင်ဒ ဂုံ စက်မှု ဇုန်တွေမှာတော့ စာရင်းကောက် တာတွေ စ လုပ်နေပြီလို့
Posted: 28 Jul 2014 02:24 AM PDT
 ရန်ကုန်၊ ဇူလိုင် ၂၈  ၂၇.၇.၂၀၁၄ရက်နေ့ ၁၀၁၅အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကွမ်းခြံကုန်းမြို့နယ်၊ သပြုစမ်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သပြုစမ်း ကျေးရွာနေ ဦးမောင်းဌေး(ခ)ဦးမောင်တင်ဌေး (၄၇)နှစ်အား ဦးခေါင်းနောက်စေ့နှင့် ၀ဲချိုစောင်းတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ယင်းနေ့ ၀၉၃၀ အချိန်ခန့်တွင်ေ
Posted: 28 Jul 2014 02:22 AM PDT
 ရန်ကုန်၊ ဇူလိုင် ၂၈  လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် နေအိမ်မှအပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ၎င်း၏လက်ကိုင်ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့လာရောက်ရန်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)
Posted: 27 Jul 2014 07:44 PM PDT
 မိုးရွာသွန်းမူများပြီး မြေပြိုမူကြောင့် ကချင်ပြည်နယ် ဂျေရန်းဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က မိုးရွာသွန်းမှုဖြစ်ပြီး မြေပြိုမူကြောင့် ဂျာယန်းဒုက္ခသည်စခန်းက တောင်ခြေနဲ့နီးတဲ့ အိမ်ခြေ ၁၂၃ လုံးကို လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားရတာပါ။ ဒီမြေပြိုမှုကြောင့် ကလေး ၃ ဦးနဲ့ လူကြီး ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။ ဂျာယန်းဒုက္ခသည်စခန်း တာဝန်ခံဦးဇော်ဒွဲက
Posted: 27 Jul 2014 07:31 PM PDT
 နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF လို နိုင်ငံတကာ ပရဟိတ အသင်းတွေ ကို အာဏာပိုင်တွေက ရခိုင်ပြည်နယ်မှာ ပြန်လည်လာရောက် ဆေးခန်းတွေဖွင့် လှုပ်ရှားခွင့်ပေးခဲ့တဲ့ အပေါ်၊ ဒေသတွင်း နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ် လာနိုင်တဲ့ အတွက်၊ လက်မခံနိုင်ကြောင်း စစ်တွေ မြို့မိမြို့ဖ တချို့က ပြောနေကြပါ တယ်။ ဒီလို ပြောဆိုမှု ကို၊ စစ်တွေမြို့ ရဲ့ ရခိုင်အသိုင်းအဝိုင်း နဲ့ အဲဒီ့ကို ရောက်ရှိနေကြတဲ့ ပြည်ထောင်စု သမ္မတရုံး ဝန်ကြီး
Posted: 27 Jul 2014 07:27 PM PDT
 ရှမ်းပြည် မြောက်ပိုင်း တရုတ်ပြည် နယ်စပ်က မူဆယ် နမ့်ခမ်း မြို့နယ် တွေမှာ နမ့်ဆီလီ ချောင်း ရေလျှံတဲ့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေ မှာ ချောင်းဘေး ရွာတွေ ရေကြီးခဲ့ပြီး၊ စိုက်ပျိုး ထားခဲ့တဲ့ လယ်မြေတွေ ပျက်စီးခဲ့ပါ တယ်။ မူဆယ်နဲ့ နမ့်ခမ်းကြား က ပန်ခမ်းမှာ လူအသေ အပျောက် ရှိခဲ့ပြီး၊ အခု ရေကျသွားတဲ့ အချိန်မှာ ပျက်စီး ဆုံးရှုံးမှုတွေ ကို ဒေသခံ လူမှု အထောက်အကူပြု အဖွဲ့တွေက စာရင်း ရယူနေဆဲ လို့ သိရပါတယ်။
Posted: 27 Jul 2014 07:25 PM PDT
 ဖိလစ်ပိုင်နိုင်ငံမှာ သန်း ၁၀၀ မြောက် နိုင်ငံသားအဖြစ် မွေးဖွားတဲ့ ကလေးငယ်လေးကို အစိုးရအရာရှိတွေက ကိတ်မုန့်နဲ့ ကြိုဆိုလိုက်တဲ့ တချိန်တည်းမှာပဲ တဖြည်းဖြည်း တိုးပွားလာနေတဲ့ တိုင်းပြည်လူဦးရေကြောင့် ဆင်းရဲနွမ်းပါးတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အခု မွေးဖွားလာတဲ့ ကလေးငယ်ကို သင့်တော်တဲ့ လူနေမှု အဆင့်အတန်း ရရှိအောင် ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲဆိုတဲ့အပေါ် စိုးရိမ် ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။ Chonalyn လို့
Posted: 27 Jul 2014 07:22 PM PDT
 အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနရဲ့အဆိုအရ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒေသကို ရုရှားနိုင်ငံ ဘက်က နယ်စပ်ဖြတ် ကျော်ပြီး ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ် နေတာကို ဆက်သွယ်ရေး ဂြိုဟ်တုက ရိုက်ယူ ထားတဲ့ သက်သေအထောက်အထား ဓါတ်ပုံတွေလို့ဆိုတဲ့ ပုံတွေကို နိုင်ငံခြားရေး ဌာနက ထုတ်ပြန်လိုက်ပါတယ်။ ရုရှားနိုင်ငံအတွင်းကနေ ဒုံးကျည်နဲ့ အမြောက်တွေ ယူကရိန်းနိုင်ငံထဲကို အကြိမ်ကြိမ် ပစ်လွှတ်နေတဲ့ပုံတွေလို့ အမေရိကန်
Posted: 27 Jul 2014 07:13 PM PDT
 အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့တွေ ၂ ဘက် စလုံး၊ ဆက်လက် တိုက်ခိုက်မှု တွေ ပြုလုပ် နေကြပြီး၊ ယာယီ အပစ်ရပ် သဘောတူမှု ကို တခြား တစ်ဘက်က စတင် ဖောက်ဖျက်တဲ့ အကြောင်း၊ အပြန်အလှန် စွပ်စွဲ နေကြပါ တယ်။ အ္စရေး ရဲ့ ဗုံးဆန်တချို့ ဂါဇာထဲ ကို ကျရောက် နေသလို၊ အစ္စရေးဘက်ကို လည်း ဟားမတ်စ် အဖွဲ့က၊ ဒုံးကျည်တွေ နဲ့ ပစ်ခတ် နေကြပါ တယ်။ တစ်ဘက်က မပစ်ခတ်တော့ဘူးဆိုရင် သူတို့လည်း အပစ်ရပ်ပေးမယ် ဆိုတဲ့ သဘောတူမှု၊ အဲဒီ့ ၂
Posted: 27 Jul 2014 07:11 PM PDT
 မလေးရှား လေယာဉ်ပျက်ကျခဲ့ တဲ့၊ ယူကရိန်း နိုင်ငံ အရှေ့ခြမ်းက ဒေသကို၊ ထိန်းချူပ်နိုင်ဖို့ အတွက်လို့ ဆိုကာ၊ ယူကရိန်း အစိုးရ စစ်တပ်တွေ ဟာ၊ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ ကို၊ ပြင်းပြင်း ထန်ထန် တိုက်ခိုက် လာနေပါ တယ်။ နိုင်ငံတကာက စုံစမ်းရေး သမားတွေ အနေနဲ့၊ လေယာဉ် ပျက်ကျခဲ့ရာ ဒေသမှာ၊ အသေးစိတ် စုံစမ်းမှုတွေ ပြုလုပ်လို့ ရအောင်၊ ဒီလို ထိုးစစ်ဆင်မှုတွေ စတင်ရတာ ဖြစ်တယ် လို့၊ ယူကရိန်း အစိုးရ ရဲ့ြေ
Posted: 27 Jul 2014 04:46 PM PDT
 စတုတ္ထမြောက် ကုန်သွယ်ရေးနှင့် စစ်ဆေးရေးစခန်းအဖြစ် အိန္ဒိယ – မြန်မာနှစ်နိုင်ငံ အစိုးရက နယ်စပ်ကုန် သွယ်ရေး စခန်း နှင့် ကုန်ပစ္စည်း စစ်ဆေးရေးစခန်းကို ချင်းပြည်နယ်၊ ပလက်ဝမြို့ နှင့် မြိတ်ဝတို့ တွင် ဖွင့်လှစ် ရန် ဆောင် ရွက်လျက် ရှိသည်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်ကိုင်းတိုင်းအတွင်း တမူး၊ ချင်းပြည်နယ် အတွင်း ရိဒ်ခေါ်ဒါရ် နှင့် ထန် တလန်မြို့  များတွင်ဖွင့်လှစ်ထားပြီး ယခု စတုတ္ထမြောက် စခန်းကို
Posted: 27 Jul 2014 04:37 PM PDT
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စား လှယ်သစ် မစ္စ ယန်ဟီလီရဲ့ ဆယ်ရက်တာ မြန်မာပြည် ခရီးစဉ်အပြီးမှာ မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်လှည့်ချင်တဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောသွားပါတယ်။ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက် တွေရော လွှတ်တော်တွင်းက ဆောင်ရွက်ချက် တွေမှာပါ လက်ရှိ ဖြစ်ထွန်းမှုတွေကို ကြည့်ရင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မှတ်ချက်က ငြင်းချက်ထုတ်စရာ မရှိပါဘူးလို့ မြန်မာ့ နိုင်ငံရေး
Posted: 27 Jul 2014 03:41 PM PDT
 ကလော ဇူလိုင် ၂၆  ၂၅.၇.၂၀၁၄ ၂၃၀၀ အချိန် အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက် ပြည်သာယာ ဈေးသွားလမ်း ပြည် သာယာ ဈေးအရှေ့ဘက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (စာတိုက်)အတွင်းရှိ ခန့်မှန်း မပည ကေစီ-၅၃၆၅၈၄၉၅ ရှိ ၂၀၀ ကေဗွီအေ အတွက် ၁၁ကေဗွီ ၁ တန်ခန့် ထရန်စဖော်မာ အား ထားရှိသော အောက်ခြေ အမြင့် (၇)ပေခန့်ရှိ အောက်ခံ အုတ်ခုံမှာ ပတ်ဝန်းကျင်ရှိ ရေမြောင်းအတွင်း ရေ၀ပ် နေမှုကြောင့် အောက်ခြေမြေသား အစိုဓါတ်ရှိ နေသဖြင့်ြေ
Posted: 27 Jul 2014 03:41 PM PDT
 Libya နိုင်ငံ အရှေ့ပိုင်းက Benghazi မြို့မှာ စနေ့နဲ့ တနင်္ဂနွေ နေ့တွေက အစိုးရ တပ်ဖွဲ့တွေနဲ့ လက်နက် ကိုင် Islam စစ်သွေးကြွတွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး လူ ၃၈ ဦးမက သေဆုံး သွားရပါတယ်။ ထရီပိုလီ မြို့်တော်မှာလည်း မတည့်ကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်နေတဲ့ လေဆိပ်နားက နေအိမ်တအိမ် ဒုံးကျည်ထိမှန်ပြီး အီဂျစ်နွယ်ဖွား၂၃ ဦးသေဆုံး သွားရ တယ်လို့ အီဂျစ်အစိုးရ သတင်းဌာနကြေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...