Wednesday, July 16, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၇)

သစ်ထူးလွင်


Posted: 15 Jul 2014 07:07 AM PDT
 ဂျာမနီ နိုင်ငံ မြို့တော် ဘာလင်မှာ ဘရာဇီး ကမ္ဘာ့ ဖလား အောင်ပွဲရ ဂျာမနီ အသင်းကို ထောင်သောင်း ချီတဲ့ လူထု ပရိသတ်က ဂုဏ်ပြု ကြိုဆို ခဲ့ကြပါတယ်။ ဘာလင် မြို့လယ်က ဘရန်ဒင်ဘာ့ဂ် မုခ်ဦးကြီး ရှေ့မှာ ဆောက်ထားတဲ့ စင်ကြီး ပေါ်ကနေ ဘောလုံး သမား တွေက ပရိသတ်နဲ့ အတူ အောင်ပွဲခံပြီး သီချင်း သံပြိုင် ဆိုခဲ့ကြပါတယ်။ မြို့ထဲ ဝင်တဲ့ လမ်းတလျှောက်မှာလဲ အမိုးဖွင့် ကားပေါ်ကနေ ကမ္ဘာ့ ဖလား ရွှေဆုကို ကိုင်မြှောက်လာကြတဲ့ ဘောလုံး
Posted: 15 Jul 2014 07:02 AM PDT
 ရုရှ နိုင်ငံ မော်စကို မြို့တော်မှာ မနက်ခင်း လူစည်းကားတဲ့ အချိန် မြေအောက် ရထား တစီး လမ်းချော် တိမ်းမှောက် သွားလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံး ခဲ့ရပါတယ်။ လူ တစ်ရာကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပြီး လူ ၅၀ လောက်က စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။ သူနာပြုကားတွေ၊ ရဟတ်ယာဉ် တွေနဲ့ ဒဏ်ရာပြင်းတဲ့ လူနာတွေကို မော်စကို ဆေးရုံတွေဆီ ပို့ဆောင် ပေးနေပါတယ်။ လျှပ်စစ် ဓာတ်အား ထိုးတက်သွားလို့ ရထား ရုတ်တရက်
Posted: 15 Jul 2014 04:58 AM PDT
 ၂၀၁၄ ခုနှစ်၊ ဇွန်လအကုန်က အစပြုပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေ အတွင်းမှာ  နိုင်ငံရေး အကျဉ်းသား ၆၅ ဦး ဖမ်းဆီး ထိန်းသိမ်း ခံနေရပါတယ်။ ဒါ့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၂ ဦးဟာ  နိုင်ငံရေး လှုပ်ရှားမှု တွေ ကြောင့် တရားရင်ဆိုင် နေရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အစိုးရက  နိုင်ငံရေးအကျဉ်းသား မရှိစေရန်  
Posted: 15 Jul 2014 04:55 AM PDT
 သြဂုတ် ၁၃ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ဆက်လက် နေထိုင်ဖို့ နယ်စပ်ဖြတ်ပြီး ဗီဇာသက်တမ်း တိုးသူတွေ ကို ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရက ထုတ်ပြန်ထားကြောင်း ဒီနေ့ထုတ် သည်နေးရှင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ သက်ညှာမှုအနေနဲ့ သြဂုဏ် ၁၂ ရက်နေ့ နောက်ထားပြီး လေယာဉ်နဲ့ ရောက်လာသူတွေကို ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ အခု ဗီဇာ သက်တမ်းတိုးသူတွေဟာ  နောက်ဆုံးထုတဲ့ တံဆိပ်နားမှာ
Posted: 15 Jul 2014 04:48 AM PDT
တာချီလိတ် ၊ ၁၅-၇-၂၀၁၄  ရှမ်းပြည်နယ် ( အရှေ့ပိုင်း) တာချီလိတ်မြို့ ၌ ဇူလိုင်လ ၁၂ ရက် ညနေ ၄ နာရီက တာချီလိတ် လေဆိပ် တာဝန်ကျ တပ်ကြပ် ကျော်သိန်း မှ အမျိုးသမီးငယ် သုံးဦးအား မသင်္ကာဖွယ် တွေ့ရှိရ သဖြင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံး သို့ ခေါ်ယူ ခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ ၄င်းတို့ သုံးဦး တာချီလိတ်သို့ ရောက်ရှိပါက ထိုင်းနိုင်ငံသို့ ဆက်လက် သွားရောက်ရန် ဂိုးလ်ပါး (လူမမြင်ဖူး) ဖုန်း ၀၉-
Posted: 15 Jul 2014 04:37 AM PDT
 စစ်ကိုင်း ၊ ၁၅-၇-၂၀၁၄  စစ်ကိုင်းမြို့နယ် လင်းတလူး ကျေးရွာ အနီးတွင် ရတနာပုံခေတ် က သံရည်ကျို လုပ်ငန်း လုပ်ကိုင်ခဲ့သည့် နေရာ တစ်ခုကို တွေ့ရသည်။ ထို သံရည်ကျို လုပ်ငန်းမှာ လင်းတလူး ကျေးရွာ အနောက် တောင်ဘက် တစ်မိုင်ခွဲခန့် အကွာတွင် ရှိပြီး ကနောင်မင်းသားကြီး ၏ စီစဉ်မှုဖြင့် ဆောင်ရွက် ခဲ့သောကြောင့် " ကနောင်မင်းသား သံဖို " ဟု ဒေသခံ များက ခေါ်ဝေါ်လျက် ရှိကြောင်း သိရသည်။ ၄င်း ကနောင်မင်းသား သံဖို ဟု ဒေသခံများ
Posted: 15 Jul 2014 04:33 AM PDT
 ပြီးခဲ့တဲ့ ရက်တွေ အတွင်း လစ်ဗျားနိုင်ငံရဲ့ အဓိကလေဆိပ် ဖြစ်တဲ့ ထရီပိုလီလေဆိပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့မှုတွေအတွင်း လေဆိပ်မှာ ရပ်နားထားတဲ့ လေယာဉ်တွေ ၉၀ ရာခိုင်နှုန်း လောက် ပျက်စီးကုန်တယ်လို့ လစ်ဗျားအစိုးရ ပြောခွင့်ရက ဒီနေ့ ပြောဆို လိုက်ပါတယ်။ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ အမိန့်ထုတ်ထားပြီး မလိုက်နာသူတွေကို အရေးယူမယ်လို့ ပြောခွင့်ရက ဆိုပါတယ်။ လေကြောင်းထိန်းသိမ်းရေးမျှော်စင်၊ ဆီတိုင်ကီတွေ၊ ကားတွေနဲ့
Posted: 15 Jul 2014 04:27 AM PDT
မော်လမြိုင် ဇူလိုင် ၁၄  မွန်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေဝင်း အနီးကပ်ကြီးကြပ်၍ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းတင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒေသခံတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ဇွန် ၂၇ ရက်မှ ဇူလိုင် ၇ ရက်အထိ မော်လမြိုင်မြို့နယ် အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု များပြုလုပ်ခဲ့ရာ
Posted: 15 Jul 2014 04:23 AM PDT
ဗန်းမောက် ဇူလိုင် ၁၄ စစ်ကိုင်တိုင်း ဒေသကြီး ဗန်းမောက် မြို့နယ် နောင်ပတ်ကျေးရွာနေ အမျိုးသားနှစ်ဦးသည် သောက်စား မူးယစ်ပြီး တောလည်သွားရာမှ ပြန်လည်ရောက်ရှိခြင်း မရှိသဖြင့် လိုက်လံရှာဖွေခဲ့ကြရာ ကမ်းပါးမြေစာပုံ ဘေး၌ မြေများဖုံးပိ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဗန်းမောက်မြို့နယ် နောင်ပတ်ကျေးရွာနေ အိုက်စံ(ခ)စိုင်းအိုက်စံ(၄၅)နှစ်နှင့် အဲ့တိုး(၃၈)နှစ်တို့နှစ်ဦးသည် ဇူလိုင် ၇ ရက် ည ၁၁
Posted: 15 Jul 2014 04:17 AM PDT
 ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ တရားဝင် အထောက်အထားမရှိဘဲ ဘန်ကောက်ကို သွားဖို့ ပြင်ဆင်နေတဲ့ မြန်မာ ၃၄ ဦးနဲ့ သူတို့ကို ခေါ်ဆောင်လာသူ လူကုန်ကူး ဂိုဏ်းတခုကို ဖမ်းဆီးရမိ တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ကြိုတင်သတင်း ရထား ချက်အရ ထိုင်းစစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး ဇူလိုင် ၁၅ ရက်နေ့ မနက်မှာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် အိမ်အမှတ် ၃၉၄ / ၆ ကို
Posted: 14 Jul 2014 09:37 PM PDT
 ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ တောင်းဆိုထားတဲ့ စာပေ ဟောပြောပွဲ ပြုလုပ်ဖို့အတွက် ခွင့်ပြုလိုက်တယ်လို့ ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ အပါအ၀င် အမှုဆောင် အဖွဲ့ဝင်တွေ မနေ့ ညနေက တွေ့ဆုံရာမှာ အခုလို ပြောလိုက်တာပါ။ “ကျနော်တို့ တောင်းဆိုထားတာက စာပေဟောပြောပွဲနဲ့ လူ့အခွင့်အရေး ရုပ်ရှင် ပွဲတော်ပြခွင့်ပါ။ ဒါပေမယ့် စာပေဟောပြောပွဲကိုပဲ ခွင့်ပြုခဲ့တယ်” လို့ သမဂ္ဂ ဥက္ကဋ္ဌ
Posted: 14 Jul 2014 09:11 PM PDT
 အရှိန်မထိန်းနိုင်သောကား တစ်ဖက်ယာဉ်ကြောမှ ကားအားတိုက်မိ ကော့ကရိတ် ဇူလိုင် ၁၃ ၂၀၁၄ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ ၁၇း၄၅မိနစ် အချိန်ခန့်တွင် ကော့ကရိတ်-ကျိုက်ဒုံကားလမ်း မိုင်တိုင်အမှတ် ၆၂/၀ နှင့် ၆၂/၁အကြား နတ်စင်ကုန်းကွေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကော့ကရိတ်မြို့မ ဒုတိယစခန်းမှူး ရဲအုပ် ထွန်းထွန်း၊ (ကူ/ရေး)တပ်သား ကျော်ကျော်လွင်၊ ယာဉ်/စည်းတပ်ဖွဲ့မှ ရဲအုပ်ဇော်မျိုးဝင်း၊ ယာဉ်လမ်းရှင်း တပ်ကြပ်ေ
Posted: 14 Jul 2014 08:53 PM PDT
 ဒီနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်တချို့ကို ငွေကြေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုမယ် လို့ ကြေညာ ထားတဲ့အတိုင်း၊ လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ နိုင်ငံခြား ဘဏ်တွေ အများ အပြားရှိ နေကြောင်း Banking Business Review သတင်းက ဖော်ပြပါတယ်။ လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ နောက်ဆုံးရက်ဖြစ်တဲ့ မနေ့ကအထိ မြန်မာနိုင်ငံတွင်းမှာ ကိုယ်စားလှယ်ရုံးတွေ လာရောက်ဖွင့်လှစ်ထားကြတဲ့ နိုင်ငံခြားဘဏ်ပေါင်း
Posted: 14 Jul 2014 08:52 PM PDT
 စင်္ကာပူနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာ အစိုးရ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဟာ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး၊ ဂုဏ်ထူးဆောင် အကြီးတန်း ဝန်ကြီး ဂိုချောက်ထောင် တို့နဲ့ တနင်္လာနေ့ က တွေ့ဆုံခဲ့ပါတယ်။ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး နဲ့တွေ့ဆုံခဲ့ရာမှာ စင်္ကာပူရဲ့ ပညာရေး နဲ့ကျန်းမာရေး ဆိုင်ရာ မူဝါဒတွေကို အလွန်တရာ စိတ်ဝဝင်စားကြောင်း ဒေါက်တာစိုင်းမောက်ခမ်း ကပြောကြားခဲ့ပြီး၊ ကျယ်ကျယ်ပြန့်ပြန့်ေ
Posted: 14 Jul 2014 08:15 PM PDT
 လစ်ဗျား နိုင်ငံမြို့တော် ထရစ်ပိုလီမှာ ရှိတဲ့၊ နိုင်ငံတကာ လေဆိပ်ကို သိမ်းပိုက်နိုင် ဖို့၊ ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့တွေကြား၊ ဆက်လက် တိုက်ခိုက် နေကြပါ တယ်။ အခု၊ လေဆိပ်ကို ဇင်ထန်းဒေသ က လက်နက်ကိုင် အုပ်စုက၊ ထိန်းချူပ် ထားတယ်လို့ အဲဒီ့ လေယာဉ်ကွင်းမှာ ရှိတဲ့ သူတစ်ဦးက ဆိုပါတယ်။ တိုက်ခိုက်မှုတွေ ကြောင့်၊ လူ တစ်ယောက် သေဆုံးခဲ့ ပြီး၊ လေယာဉ် ထိန်းချူပ်ရေး မျှော်စင်ကိုလည်း ဒုံးကျည် ထိမှန်ခဲ့တယ် လို့
Posted: 14 Jul 2014 08:13 PM PDT
 အခု မိုးတွင်းကာလ ၃ပတ် အတွင်း၊ ရန်ကုန်မြို့ အများသွားလာနေတဲ့ နေရာတွေမှာ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျတဲ့ အတွက်၊ သေဆုံးရသူ ၇ -ဦး ထက်မနည်း ရှိခဲ့တာ မှာ၊ ကျန်ရစ်သူ မိသားစုတွေ ကို နစ်နာကြေး သဘော မဟုတ် ပဲ၊ လူမှုရေး ကိစ္စတွေကို အားလုံး တာဝန် ယူပေးမယ် လို့ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောပါတယ်။ ဒီလို မတော်တဆမှု တွေ ဖြစ်နေတာ အပါအဝင်၊ လျှပ်စစ်ဝန်ကြီးဌာန အနေနဲ့ ကြုံတွေ့နေရ တဲ့ အဓိက ပြဿနာ ကတော့၊
Posted: 14 Jul 2014 08:12 PM PDT
 ဂါဇာကမ်းမြောင် ဒေသမှာ နယ်စပ်ကို ဖြတ်ပြီး သီတင်း တပတ်ကြာ အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတွေ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ အပစ်ရပ်စဲရေး အစီအစဉ်တခုကို အီဂျစ်နိုင်ငံက အဆိုပြုလိုက်ပါတယ်။ တိုက်ပွဲတွေ အတွင်း လူတွေ အများအပြား သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့အဆိုပြုချက်ကို တနင်္လာနေ့မှာ ချပြလိုက်တာဖြစ်ပါတယ်။ အဲဒီအထဲမှာ အင်္ဂါနေ့က စတင်ပြီး ယာယီ အပစ်ခတ် ရပ်စဲထားဖို့ပါဝင်ပါတယ်။
Posted: 14 Jul 2014 07:53 PM PDT
မန္တလေး ၊ ၁၅-၇-၂၀၁၄ မန္တလေးတိုင်း ဒေသကြီး ၊ ပြင်ဦးလွင် မြို့နယ် ၊ ၀က်နက်ရွာ အနီးတွင် ဒီးဒုတ် ရေတံခွန်သွား ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ပြင်ဦးလွင် မြို့နယ် ၊ ၀က်နက်ရွာ အနီး ဒီးဒုတ် ရေတံခွန်သွား ကားလမ်းတွင် သန်းနိုင်ဦး ၃၀ နှစ် ( ချမ်းအေးသာစံ မြို့နယ် နေသူ ) မောင်းနှင်သည့် လိုက်ထရပ် ယာဉ်သည် အရှိန်လွန်
Posted: 14 Jul 2014 05:35 PM PDT
 တက္ကသိုလ် ဆရာ ဆရာမများ သမဂ္ဂနဲ့ အခြေခံ ပညာ ဆရာ ဆရာမများ သမဂ္ဂ ဖွဲ့တာကို ပညာရေး ဝန်ကြီး ဌာနက ဖိအားတွေ အမျိုးမျိုး ပေးနေတယ်လို့ သိရပါတယ်။ သမဂ္ဂထဲကနေ ထွက်ဖို့ တရားဝင် အမိန့်ပေးတာမျိုး မရှိပေမယ့် ကျူရှင် မပေးရဘူး၊ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ရဘူး ဆိုပြီး လက်မှတ် လိုက်ထိုးခိုင်း တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် (ယာယီ) ရဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာဦးသန်းထိုက်အောင်ကြေ
Posted: 14 Jul 2014 05:33 PM PDT
 မြန်မာနိုင်ငံမှာ သတင်းမီဒီယာ သမားတွေအပေါ် ဖိနှိပ်နေတာတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရကို နိုင်ငံတကာရဲ့ယုံကြည်မှု လျော့ကျ သွားစေတယ်လို့ CPJ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ ကပြောဆို လိုက်ပါတယ်။  သမ္မတဦးသိန်းစိန်ကို အသံတိတ်ဆန္ဒပြ ခဲ့ကြတဲ့ သတင်းထောက်တွေရော၊ သတင်းယူနေတဲ့ သတင်းသမားတွေပါ စုစုပေါင်း အယောက် (၅၀) နီးပါးကို ပုဒ်မ (၁၈) အစုအဝေးနဲ့ စီတန်းလှည့်လည် ဆန္ဒပြမှုနဲ့
Posted: 14 Jul 2014 04:17 PM PDT
 မြန်မာနိုင်ငံ၌ တယ်လီဖုန်းများ တိုးတက် များပြားလာသည်နှင့် အမျှ မကြာမီမှာပင် မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲသူဦးရေ သုံးသန်းအထိ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။ အင်တာနက် သုံးစွဲမှု အပိုင်းတွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၂၅၁၃၂ဝ၅ ရှိခဲ့ရာမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် မေလကုန်ထိ အင်တာနက် သုံးစွဲသူ ၂၉၁၉၆၁၈ ဦးအထိ တိုးတက်
Posted: 14 Jul 2014 01:47 PM PDT
 အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ် ခံခဲ့ရတဲ့ ယူနတီ ဂျာနယ် သတင်းထောက် ၅ဦးအတွက် ရန်ကုန်နဲ့ စစ်တွေမြို့မှာ ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ဇူလိုင်လ ၁၂ရက်နေ့တုန်းက ယူနတီ ဂျာနယ် ကိစ္စအကြောင်း သမ္မတကို ဆန္ဒ ထုတ်ဖော်ခဲ့သူ သတင်းထောက် ၅၀ကို တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့အပြီးမှာ သတင်းသမားတွေက အခုလို ဆုတောင်းပွဲတွေ ထပ်လုပ်ခဲ့ကြတာပါ။ ယူနတီ ဂျာနယ် သတင်းသမား ၅ ဦးဟာ မကွေးတိုင်းေ
Posted: 14 Jul 2014 01:49 PM PDT
 မနေ့က ကျင်းပတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာမနီက အာဂျင်တီးနားကို ၁ ဂိုး ဂိုးမရှိနဲ့ အချိန်ပို ကစားပြီး အနိုင်ရရှိ သွားပါတယ်။ အချိန်ပို ၁၁၃ မှာ ဒုတိယပိုင်းကျမှ လူစားဝင်လာတဲ့ ဂျာမနီရှေ့တန်းလူ Gotze က ရင်ဘတ်နဲ့ ထိန်းပြီး မြေမကျဘောလုံးကို ကန်သွင်းသွားတဲ့ အတွက် ဂျာမနီက အနိုင်ရ သွားတာပါ။ ဂျာမနီပရိသတ်တွေ ပျော်ရွှင်ပြီး အောင်ပွဲခံနေပေမဲ့ အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် ဘူနို အဲ(Buenos Aires) မှာတော့ေ
Posted: 14 Jul 2014 01:39 PM PDT
 မြောက်ကိုရီးယားနိုင်ငံဟာ အရှေ့ပင်လယ်ပြင်ထဲကို ဒီကနေ့ အစောပိုင်း လက်နက်ကြီးကျည် အတော်များများနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာက ပြောခွင့်ရသူက မြောက်ကိုရီးယားက ဂမ်ဝန်းပြည်နယ်၊ ကမ်မန်းတောင်ရဲ့ကမ်းရိုးတန်းကနေ မြောက်ပိုင်း နယ်နိမိတ်စည်းအနီးက ရေပြင်ထဲကို ဒုံးကျည်အတော်များများ အပါအဝင် လက်နက်ကြီးကျည် ၁၀၀ လောက် ဒီကနေ့ နေ့လည်ပိုင်းမှာ
Posted: 14 Jul 2014 01:31 PM PDT
 ထိုင်းမြန်မာနယ်စပ် မဲဆောက် ဒေသ အတွင်းက ရွှေ့ပြောင်း မြန်မာ ကျောင်းတွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေး ကွန်ရက်ရဲ့ ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို မြဝတီမြို့ NLD ရုံးမှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုဂျေက တင်ပြထားပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...