Wednesday, July 23, 2014

၂၀၁၄-၂၀၁၅ ကြံ့ဖွတ်​ရဲ့​လှည့်​ကွက်​များ​လား

၂၀၁၄ ဒုတိယအကြိမ်​ကြားဖြတ်​​ရွေး​ကောက်​ပွဲရဲ့လွတ်​လပ်​မဲဆန္ဒနယ်
နေရာ ၃၀ လုံးတွင်​​ ဒီချုပ်​အ​နေနဲ့ဝင်​​ရောက်​ယှဉ်​ပြိုင်မည်​ဆိုပါက
ဒီချုပ်အ​နေနဲ့ကြံ့ဖွံ့ကို၂၀၁၂ပထမအကြိမ်​ကြားဖြတ်​​ရွေး​ကောက်​ပွဲလို
ပြတ်​ပြတ်​သားသားအနိုင်​ရနိုင်​ဦးမလား။
မရနိုင်​ဘူးလားဆိုတာထက်​အထက်​လမ်း​အောက်​လမ်းနည်းတို့အပြင်​ညဏ်​​ရောင်​စုံတတ်​တဲ့ကြံ့ဖွံ့ဘယ်​လိုကစားကွက်​​တွေနဲ့​ရွေ့​နေလည်းဆိုတာပိုပြီးစိတ်​ဝင်​စားစရာ​ကောင်းလှပါတယ်​။
ဒါ့အပြင်​၂၀၁၅ အ​ထွေ​ထွေ​ရွေးကောက်​ပွဲကလည်းအလွန်​နီးကပ်​လာတဲ့အချိန်​မှာ
ကပ်​ပြီးကြားဖြတ်​​ရွေး​ကောက်​ပွဲကိုပြုလုပ်​လာခြင်းသည်​ကြံ့ဖွံ့အ​နေနဲ့ဒီချုပ်​ကိုရိုးလိုက်​ခြင်းလား။၂၀၁၅ပွဲကိုဒီချုပ်​အားကိုစမ်းသပ်​လိုက်​ခြင်းလား။
သို့တည်းမဟုတ်​ဒီချုပ်​အားကုန်​​အောင်​တမင်​ပြုလုပ်​လိုက်​ခြင်းလား။အကယ်​၍ကြားဖြတ်​မှာဒီချုပ်​အ​ပေါ်ပြည်​သူ့​ထောက်​ခံအားအ​ခြေအ​နေကိုကြည့်​ပြီး၂၀၁၅အတွက်​ပလီပလာနဲ့ ပီအာရ်​ ထုတ်သုံးသင့်​။မသုံးသင့်​စမ်းသပ်​လိုက်​တာလား။
ဆိုတဲ့လား​ပေါင်းများစွာနဲ့ ရင်​ထိတ်​စရာပါ။ ဘာလို့ရင်​ထိတ်​ရသလဲဆိုရင်​​တော့
ဒီချုပ်​ပါတီဆက်​လက်​အသက်​ဆက်​နိုင်​ဖို့နဲ့၊ဒီမိုစစ်​စစ်​လိုလားတဲ့ပြည်​သူလူထုကြီးရဲ့အနာဂါတ်​ကံကြမ္မာကိုဖန်​တီးတည်​​ဆောက်​​ပေးဖို့အတွက်
ဒေါ်စုရဲ့အသက်​အရွယ်​အရ အချိန်​ပိုကန်​ဖို့ အခွင့်​အ​ရေးမရှိ​တော့လိုပါ။ဒေါ်စုအ​နေနဲ့ဆက်​ကန်​နိုင်​​သေးလို့ကန်​ဦးမည်​ဆိုပါကလည်းနံမည်​ပျက်​ချင်​ပျက်​ပါ​စေငါတို့ဘဝ​တွေ​တော့အပျက်​မခံနိုင်​ဘူးဆိုတဲ့စိတ်​ဓာတ်​ရှိတဲ့ကြံ့ဖွံ့အ​နေနဲ့
တော့လွယ်​လွယ်​နဲ့​တော့ဘယ်​​တော့မှအရူံးမခံတာက​တော့​သေချာသည်​။
အကယ်​၍ကြံ့ဖွတ်​အစိုးရအ​နေဖြင်
နည်းလမ်းမျိုးစုံသုံး​သော်​လည်းဘယ်​လိုလုပ်​လုပ်​ရူံး​တော့မည့်​အ​ခြေအ​နေဆိုက်​​ရောက်​ခဲ့ပြီဆိုရင်​လည်း
Win-Win solution နည်းဖြင့်​ ​ဒေါ်စု​တောင်းဆိုထားသည့်​​လေးပွင့်​ဆိုင်​​တွေ့ဆုံ​ရေးကို​ခေါ်​ပေး၍သူတို့ဘဝ​တွေအတွက်​အာမခံချက်​ရ​အောင်​ဒီချုပ်​ကိုပါးစပ်​ပိတ်​၊​ခြေချုပ်​ထုတ်​။ဘွန်းထိုးတဲ့နည်းသုံးကာမူဂါဘီနဲ့​မော်​ဂန်​ရိုင်​ကရိုင်းတို့လို့Power sharingစနစ်​ ဖြင့်​ ​ဒေါ်စုကိုသမ္မတ ​ပေးလုပ်​မည့်​နည်းလမ်းလည်းသုံးလာနိုင်​ပါသည်​။
တကယ်​​တော့ဒီချုပ်​ရဲ့လက်​ရှိအ​ခြေအ​နေသည်
ဖဲသမားစကားနဲ့​ပြောရင်​တန်​ဖိုးကြီးတဲ့​ငွေစက္ကူ​တွေကိုအနိုင်​ရထားတဲ့သူ(ကြံ့ဖွံ့)ကအကုန်​သိမ်းပြီးဖဲဝိုင်းကထပြန်​သွားပြီး​နောက်​ဖဲ
ဝိုင်းထဲမှာကျန်​​နေတဲ့အ​ကြွေအနူတ်​များသို့မဟုတ်​မကျီးရွက်​ဖား​ခြေ​ထောက်​များနဲ့သာမကစားချင်​ကစားချင်​နဲ့ဒီချုပ်​ဆက်​ကစားပြီးမိုးလင်း​အောင်​​(၂၀၁၅​ရောက်​​အောင်​)စောင့်​ရမည်​ကိန်းသို့ဆိုက်​​ရောက်​​နေပါပြီ။
ကြံ့ဖွံ့အ​နေနဲ့​နေရာ၃၀လုံးရူံးသွားလည်းပြဿနာမရှိ​သေးပါ။
ပြဿနာရှိနိုင်​တာကဒီချုပ်​ပါ။
ဒီချုပ်​အတွက်​အကျိုးရလဒ်​ထက်​​ဘေးထွက်​ဆိုးကျိုးကပိုများ​နေမလား။
အကယ်​၍ဒီချုပ်​ထင်​တိုင်းမ​ပေါက်​ခဲ့ရင်
ထိုင်​​နေရင်​အ​ကောင်းသားထသွားမှအကျိုးမှန်းလူသိဆိုသလိုမျိုးလည်းဖြစ်​သွားနိုင်​သည်​။
အကယ်​၍ဒီချုပ်​လုပ်​တိုင်းဖြစ်​ခဲ့ရင်​လည်း
ပွန်းသုံးကောင်​​တော့စားလိုက်​ရပါရဲ့ဘုရင်​မကြီး​ပေးလိုက်​ရလို့ပွဲပြီးသွားတဲ့
အ​ခြေအ​နေလည်း​ရောက်​သွားနိုင်​တယ်​ဆိုတာကိုလည်း​လျော့မတွက်​မိဖို့ပါဘဲ။
ဘာဘဲ​ပြော​ပြော ​သေချာ​ပေါက်​​ပြောနိုင်​တာတစ်​ခု​တော့ရှိသည်
၂၀၁၄ ကြားဖြတ်​​ရွေး​ကောက်​ပွဲသည်​ကြံ့ဖွတ်​ရဲ့ချစ်​ကြည်​​ရေး​ခြေစမ်းပွဲမဟုတ်​တာ​တော့​သေချာသည်​။သူတို့ရဲ့အသက်​ဗူးဖြစ်​တဲ့၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲအတွက်​ညဏ်​နီညဏ်​နက်​သုံး၍ချက်​လုပ်​လိုက်​ခြင်းပင်​ဖြစ်​သည်​။
အခုလိုကျ​နော်​အမြင်​တင်​ပြရခြင်းသည်​လည်းဒီမိုက​ရေစီဘက်​​တော်​သားတစ်​​ယောက်​အ​နေနဲ့ ဒီချုပ်​ကိုဝိုင်းဝန်း​ပေးခြင်းသာဖြစ်​ပါသည်​။
ရိုးသားစွာဝန်​ခံရရင်​​တော့
နိုင်​ငံ​ရေးမှာရိုးသားလွန်းတဲ့​ဒေါ်စုအတွက်​စိုးရိမ်​မိပါ​ကြောင်း။
မောင်​သာမြား

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...