Thursday, June 5, 2014

Influential power vs authorized power

ဒေါ်အောင်ဆန်းစုကြည်ကို အသက် (၇၀) ရှိတဲ့အဖိုးကြီး
တစ်ယောက်ကစော်ကားလိုက်တာကို ကြည့်ပြီး ဒီဆောင်းပါးတိုလေးကို
ရေးဖြစ်သွားတာပါ၊ Video တင်သူတွေက ကိုယ့်ဘက်ကသာတယ်လို့
ထင်ကြတယ်၊ ကျနော်အထင်က ကိုယ့်ဘက်ကဆုံးရှူံးသွားတာ၊
အတိုက်အခံခေါင်းဆောင်တစ်ယောက်ကို လူတစ်ယောက် ဒီလို
နင်ဘဲငဆပြောတာကို ကမ္ဘာကသိသွားတာအဖတ်တင်တယ်၊
ပြောရမယ်ဆိုရင် Influential power အများကြီးထိခိုက်ကျဆင်းရတယ်၊


---------
Influential power ရှိပြီး authorized power မရှိတဲ့ မြန်မာ့အတိုက်အခံ
authorized power ရှိပြီး Influential power မရှိတဲ့ မြန်မာအစိုးရ
သြဇာရှိသူက အာဏာမရှိဘူး၊ အာဏာရှိသူကသြဇာမရှိဘူး၊
အာဏာရှိသူက သြဇာတည်ဆောက်ချင်တယ်၊ မအောင်မြင်ဘူး၊
သြဇာရှိသူတွေက အာဏာကိုရယူချင်တယ်၊ မအောင်မြင်ဘူး၊
သြဇာနဲ့အာဏာပေါင်းလို့မရသေးတဲ့ မြန်မာနိုင်ငံ တယ်ကံဆိုးလှသကိုး၊
ဒလိုင်လားမားဟာ ကမ္ဘာ့သြဇာရှိသူတစ်ဦးပါ၊ ဒါပေမဲ့ ဘန်ကီမွန်းလို့တော့
လုပ်ပိုင်ခွင့်မရှိဘူး၊ ဒါကြောင့် ဒီနေ့မြန်မာနိုင်ငံမှာ သြဇာအာဏာနဲ့
ပြည့်ဝသူတစ်ယောက်မှ မရှိသေးဘူးလို့ ပြောရင် လွန်မလား၊
သဲကုန်းဆရာတော် သြဇာရှိတယ် အာဏာမရှိဘူး၊
ရွှေည၀ါဆရာတော် သြဇာရှိတယ် အာဏာမရှိဘူး၊
ဒေါ်အောင်ဆန်းစုကြည် သြဇာရှိတယ် အာဏာမရှိဘူး၊
ငြိမ်းပွင့်ခေါင်းဆောင် မင်းကိုနိုင် သြဇာရှိတယ် အာဏာမရှိဘူး၊
ငြိမ်းပွင့်ခေါင်းဆောင် ကိုကိုကြီ်း သြဇာရှိတယ် အာဏာမရှိဘူး၊
ဦးသိန်းစိန် အာဏာရှိတယ် သြဇာမရှိဘူး၊
မင်းအောင်လှိုင် အာဏာရှိတယ် သြဇာမရှိဘူး၊
သူရရွှေမန်း အာဏာရှိတယ် သြဇာမရှိဘူး၊
ပြီးတော့ပြီးခဲ့ပါပြီ။ ပြန်အမှတ်ရအောင်လို့ပါ၊ ဥပမာ
ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေစိုးမိုးရေး ဥက္ကဌပေးလိုက်တယ်၊
ဘာလုပ်လုပ်ပိုင့်အာဏာကိုမှတွဲမပေးလိုက်ဘူး၊
အနည်းဆုံး ပြည်ထဲရေးဝန်ကြီးကအစရဲချုပ်ကြီးတွေကို
ခန့်ပိုင်ခွင့် ဖြုတ်ချပိုင့်ခွင့်၊ တရားသူကြီးချုပ်တွေကို ခန့်ပိုင်ခွင့် ဖြုတ်ချပိုင့်ခွင့်၊
မြို့နယ်အဆင့် ခရိုင်အဆင့်ဆင့် ထွေအုပ်တွေကို အရေးယူတားဆီးပိုင်ခွင့်
စတဲ့ လုပ်ပိုင်ခွင့်တွေမရှိဘဲနဲ့ ဒီ တရားဥပဒေစိုးမိုးရေး ဥက္ကဌဆိုတဲ့ တာဝန်ယူ
ခဲ့ရင် ယူသူရဲ့အမှားဘဲဖြစ်လိမ့်မယ်၊
Influential power နဲ့ လူတွေကိုအုပ်ချုပ်လို့မရနိုင်ဘူး၊ တရားဥပဒေ
စိုးမိုးအောင်လုပ်လို့မရဘူး၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်
အုပ်ချုပ်ရေးယန္တယားတွေကို ပြုပြင်ဘို့အတွက် တာဝန်မယူခင်မှာ
authorized power ကို အရင်ဦးဆုံးတောင်းဆိုရယူသင့်တယ်၊
Influential power ဟာ နေရာတိုင်းမှာ အသုံးမတည့်ဘူး၊
နေရာမှားပြီးသုံးရင် ကိုယ် Influential power ပါဝါ ပါကျဆင်းတတ်တယ်၊
ဥပမာ..လက်ပန်းတောင်းတောင်လို့ အရေးမျိုးမှာ
၈၈မျိုးဆက်ရော ဒေါ်အောင်ဆန်းစုကြည်ရော Influential power
သုံးခဲ့ပေမဲ့ အသုံးမတည့်ခဲ့ဘူးဆိုတာ သိသာလွန်းတယ်၊
လက်ပန်းတောင်အစီရင်ခံစာကိုအစိုးရဆီတင်တယ်၊
အစီခံစာအတိုင်းဦးသိန်းစိန်အစိုးရကမလုပ်တော့
ဘာနဲ့မှမတားဆီးနိုင် မပြောနိုင်ပဲငြိမ်ခံနေရတာ လက်တွေ့ပါဘဲ၊
တကယ်ဆိုရင် လွတ်တော်ရေးရာအဖွဲ့ကို အစိုးရကသူရဲ့အုပ်ချုပ်မှု
အာဏာကိုလုပ်ပိုင်ခွင့်ပေးပြီးရင် အစီရင်ခံစာအတိုင်းကို လုပ်ပေးရမယ်၊
မလုပ်ရင် အဲဒီအစိုးရကို ဦးရွှေမန်းဦးဆောင်တဲ့လွှတ်တော်က
impeachment လုပ်ပြီး ဖြုတ်ချကိုပြစ်ရမယ်၊ ဒါပေမဲ့ ဦးရွှေမန်းက
ဘာမှမလုပ်ခဲ့ဘူးလေ၊
ကျနော်ကတော့ ဒီမိုဘက်တော်သားဆိုတော့ ကိုယ့်လူတွေကိုဘဲ
သတိပေးချင်တယ်၊ ကိုယ့်မှာရှိတဲ့ Influential power တွေကို
နေရာမှန်မှန် အသုံးချနိုင်ပါစေဗျာ၊

ကိုကိုဦး (သူပုန်မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...