Tuesday, June 17, 2014

ဒီတစ်ခါလည်း ကျနော်မှားပါလိမ့်ဦးမယ်၊

ဒီတစ်ခါလည်း ကျနော်မှားပါလိမ့်ဦးမယ်၊
ကိုကိုဦး(သူပုန်မျိုးဆက်)

ကျနော်အမြင်အမြဲတန်းမှားနေတာများလား၊
ကျနော်အမြင်တွေက ဒီနေ့ဒီမိုခေါင်းဆောင်တွေ
လုပ်နေတာနဲ့ပြောင်းပြန်ကြီးဘဲဖြစ်နေလို့ဗျာ၊

ကျနော်မြင်ခဲ့တာတွေကတော့
(၁)NLD ဟာ ၂၀၁၀ ရွေးကောက်ပွဲကြီးကို သပိတ်မှောက်ခဲ့ပြီးမှတော့
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတော့ မ၀င်သင့်တော့ဘူး၊
(၂) sanction မဖွင့်သင့်သေးဘူး၊ Target Sanction ဆက်ရှိနေရမယ်၊
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မအောင်မြင်နိုင်ဘူး၊
(၄) Vote No အစား No Vote ကို အားပေးခဲ့တယ်၊
(၅) ၈၈ တုန်းက ကြားဖြတ်အစိုးရဖြစ်ရေးကိုဘဲယုံကြည်ခဲ့တယ်၊
(၆) ၁၉၉၀ မှာ စစ်အစိုးရလုပ်ပေးမဲ့ ရွေးကောက်ပွဲကိုမယုံကြည်ခဲ့ဘူး၊
(ရ) လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လုံးဝအယုံအကြည်မရှိဘူး၊
(၈) ၈၈မျိုးဆက်တွေ NGOs တစ်ခုအနေနဲ့ လုံးဝမရပ်တည်သင့်ဘူး၊
(၉) ရှစ်လေးလုံးငွေရတုဆိုတဲ့ အတွေးအခေါ်ကို ကျနော်ဆန့်ကျင်ခဲ့တယ်၊
လို့ကျနော်ရိုးရိုးလေးမြင်ခဲ့မိတယ်၊ စတေးတပ်စ်တွေအားလုံးပြန်ဖတ်ကြည့်လို့ရတယ်၊

ရွှေးကောက်ပွဲကြီးကိုမ၀င်ဘဲ ကြားဖြတ်ဝင်ဘို့လုပ်ခဲ့တာဟာ လုံးဝမလုပ်သင့်တဲ့
နိုင်ငံရေးအမှားတစ်ခုအဖြစ်ယူဆမိသလို sanction ဖွင့်ပေးလိုက်တာကလည်း
စစ်အစိုးရဆီက ဘာမှမရဘဲ ဒီမိုဘက်ကရှိတဲ့ လက်ကျန်ဖိအားကိုစွန့်လွတ်လိုက်ရ
တယ်လို့ယူဆမိခဲ့ပါတယ်ဗျာ၊

၂၀၀၈ ဟာ တဖက်သတ်ရေးဆွဲထားတာဖြစ်ပြီး ပြင်လို့မလွယ်အောင်လုပ်ထားတဲ့အတွက်
 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာ လေထဲတိုက်အိမ်ဆောက်တဲ့အလား
အင်မတန်မှစိတ်ကူးယဉ်လွန်းတဲ့ ဒီမိုကရက်တစ်အမြင်သက်သက်မျှသာဖြစ်တယ်လို့
ယူဆမိပြန်ရောဗျာ။

ကဲ ဒီနေ့တော့ ကျနော်တို့ ဒီမိုတွေနိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာအမှန်ဘဲ၊
၄၃၆ ကို လူထုအင်အားပြပွဲ(လူထုတိုက်ပွဲမဟုတ်) လုပ်နေတယ်၊ မထိတထိဆိုပါတော့၊
မထိတထိလုပ်ဖန်များရင် လိုချင်တာမရဘဲ ခြင်္သေ့လည်ပြန်ဖြစ်သွားနိုင်တယ်နော်၊
အချိန်တွေကိုနှမြောတာကလွဲလို့ မလုပ်နဲ့လို့မပြောတော့ပါဘူး၊ 

ကာလုံကသာ လက်ရှိအစိုးရဖြစ်ပြီး ဦးသိန်းစိန်အစိုးရကရုပ်သေးဖြစ်နေတာကို
ဒီမိုကရေစီခေါင်းဆောင်တွေပိုပြီးသိသင့်တယ်၊ ဒီနေ့ မြန်မာပြည်ဒီမိုမရှိသေးဘူး၊
ဒီမိုကရေစီနိုင်ငံလို့ ကျင့်ကြံလို့မရနိုင်သေးဘဲ၊ တော်လှန်ရေးကာလ 
တိုက်ပွဲပုံသဏ္ဍန်ပြောင်းသွားတာဘဲရှိတယ်၊

ဒီမိုကရက်တစ်ခေါင်းဆောင်တွေမှာ အာဏာရှင်အမြင်လုံးဝမရှိခဲ့ကြလို့
အာဏာရှင်ဘာလုပ်မလည်းဆိုတာကို မခန့်မှန်းနိုင်ဘဲ
အမြဲတန်းလိုလို အနာဘက်ခံဘက်ကချည်းဖြစ်နေတာများပြီ၊
အာဏာရှင်ကို တိုက်မယ်ဆိုရင် အာဏာရှင်အမြင်လေးလည်း
ရှိထားသင့်တယ်လို့ထင်ပါတယ်၊ အာဏာရှင်လုပ်ဖို့မဟုတ်ဘူး၊
အာဏာရှင်ဘာကိုကြောက်သလဲဆိုတာ 
သူကိုယ်ထဲကိုယ့်စိတ်ထဲ့ကြည့်ပြီးတွေးနိုင်ဘို့ပါ၊
 
အာဏာရှင်ကြောက်တာ အာဏာစွန့်လွတ်ရေးပါ၊
အာဏာရှင်ကြောက်တာ လူထုတိုက်ပွဲကြီးပါ၊
အာဏာရှင်လိုချင်တာ ပေါင်းစားမဲ့အချောင်သမားတွေပါ၊
အာဏာရှင်လိုချင်တာ အာဏာကိုအနည်းငယ်စွန့်ကျဲရေးမျှသာဖြစ်တယ်၊

အာဏာရှင်ကြီးစိုးထားသာ စစ်တပ်တစ်ခုတည်းမဟုတ်ဘူး၊
အာဏာရှင်ကြီးစိုးထားသာ ဌါနဆိုင်ရာအရာရှိနေရာတွေ
ရဲမှူးကြီးတွေ၊ ထွေအုပ်ကြီးတွေ၊ တရားရေးဌါနသာမက
လူ့အဖွဲ့အစည်းနေရာတိုင်းကို ကြီးစိုးဘို့စနစ်တကျလုပ်နေတယ်၊
အခုနောက်ဆုံး သံဃာလောကကိုပါ ကြီးစိုးထားကြပြီ၊ အခုဆို
သံဃာလောကထဲမှာတောင် အာဏာရှင်လူတွေ ဘယ်လောက်များနေပြီလဲ၊

လွတ်တော်ထဲကဘဲ ပြင်မယ်ပြောပြောနေတာ အချိန်ဖြုန်းနေတာနဲ့အတူတူဘဲ၊
ဖြစ်မှမဖြစ်နိုင်ဘဲကိုး၊ ပြင်ပေးမယ်ဆိုရင်လည်း မဖြစ်စလောက်ပါ၊
အာဏာကိုစွန့်လွတ်ရေးအထိမဖြစ်နိုင်ဘူး၊

တကယ်လို့ အာဏာရှင်တွေဘက်က အာဏာကိုအမှန်တကယ်စွန့်လွှတ်ပြီး
လူထုနဲ့ပြန်လည်လက်တွဲလိုလျှင် Time frame နဲ့ လူထုကိုချပြရမှာဖြစ်တယ်၊
တပ်မတော်ပြုပြင်ပြောင်းလဲရေးလမ်းစကို ဖေါ်ဆောင်ပြရမယ်၊ ဘာတစ်ခုမှ
အရိပ်အယောင်မပြသေးဘူး၊ မပြသေးဘူးဆိုတော့ မရသေးဘူးဆိုတဲ့သဘောပါဘဲ၊

ဒီနေ့ ဒီမိုခေါင်းဆောင်တွေက လူထုတိုက်ပွဲနဲ့ ခပ်ဝေးဝေးမှာနေချင်ကြတယ်၊
ဘာဖြစ်လို့လဲ............????????????????????????
ရန်သူစစ်အစိုးရက လူထုတိုက်ပွဲကိုကြောက်သလို
ဒီမိုခေါင်းဆောင်တွေကလည်း လူထုတိုက်ပွဲကိုကြောက်တယ်၊
အင်း..ဘာဖြစ်လို့ ကြောက်တာချင်းတူနေပါလိမ့်။
ဂရိရာဇ၀င်ထဲက Pandora’s box ကို ဖွင့်ရမှာကြောက်နေကြသလိုပါဘဲ၊
Nobody free from fear now............

ဒီတစ်ခါလည်း ကျနော်မှားပါလိမ့်ဦးမယ်၊

ကျနော်အမြင်အမြဲတန်းမှားနေတာများလား၊
ကျနော်အမြင်တွေက ဒီနေ့ဒီမိုခေါင်းဆောင်တွေ
လုပ်နေတာနဲ့ပြောင်းပြန်ကြီးဘဲဖြစ်နေလို့ဗျာ၊
ကျနော်မြင်ခဲ့တာတွေကတော့
(၁) NLD ဟာ ၂၀၁၀ ရွေးကောက်ပွဲကြီးကို သပိတ်မှောက်ခဲ့ပြီးမှတော့

ကိုကိုဦး (သူပုန်မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...